Htet Oo Eain - Fortune Teller With Tarot

Htet Oo Eain - Fortune Teller With Tarot

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Htet Oo Eain - Fortune Teller With Tarot, Yangon.

20/05/2026

အခက်ခဲများအားလုံးအဆင်ပြေစေရန်
မာလာရေစင် ကပ်လှူနည်း အဆင့်ဆင့်
=================

#မာလာရေစင်ကပ်လှူခြင်း🌸🌸🌸

နှစ်သက်ရာ ပန်းပွင့် ပန်းရွက် များကို ရေဆေးပါ။

ဖန်ထည် ကြွေထည်၊ ဖန်ခွက် စသဖြင့် ( bowl )ဇလုံ ပန်းကန်လုံး ထဲကို
(က) မွှေးပျံ့သော ပန်းပွင့်များထည့်ပါ။

(ခ) ရေအေးအေး ဖြည့်ပါ။

(ဂ)ပန်းပွင့်များကိုလှပစွာပုံဖော်၍လှူဒါန်းနိုင်ပါသည်။

လှူဒါန်းရာတွင်
^^^^^^^^^^^^^^
ဂင်္ဂါဝါဠု သဲစုအမျှ ပွင့်လေပြီးသော
ဘုရားရှင်များအား အမှူးထား၍ သံသရာအဆက်ဆက်က တော်စပ်ခဲ့ဘူးသောဘိုးဟောင်းဘွားဟောင်း ၊မိဟောင်းဖဟောင်၊ဆွေဟောင်းမျိုးဟောင်း ဘဝဆက် ပဋ္ဌာန်းဆက်ရှိသည့်ပုဂ္ဂိုလ်အပေါင်းတို့ကိုပါ ရည်စူး၍လှူဒါန်း နိုင်ပါတယ်။

- မနက်၊ညနေ ၊ည ကြိုက်တဲ့အချိန် ကပ်ပါ။

သိုက်နန်းရှင်တွေအင်မတန်နှစ်သက်သော
မာလာရေစင်ဖြစ်ပါတယ်။
ဘာကြောင့်လဲဆိုတော့ မမြင်ရသောသူတွေဟာကျွန်တော် တို့လို လူ ခန္ဓာကိုယ် အမာထည် အကြမ်းစားတွေမဟုတ်ပါဘူး။ပျော့ပျောင်းနူးညံ့ပြီး မွှေးကြိုင်သောအရာတွေနဲ့သာ
အဓိကထား ဆက်သွယ်နိုင်တဲ့သူတွေဖြစ်ပါတယ်။
ဒါကြောင့် မာလာရေစင် ကို နှစ်သက်ကြတာဖြစ်ပါတယ်။

** #မာလာရေစင်အသုံးဝင်ပုံအကျိုးထူးသည့်နည်းလမ်း**

*မာလာရေစင် လှူဒါန်းခြင်းကြောင့်
ပျက်စီးဆုံးရှုံးနေတဲ့အရာတွေ
ပြတ်တောက် ပြိုကွဲသွားတဲ့အရာတွေ ပြန်လည်ထူထောင်ဖို့
အဓိဌာန် တည်တဲ့အခါ အသုံးဝင်ပါတယ်။

မာလာရေစင်ကို တစ်ကြိမ်လှူဒါန်းလျှင် တစ်ခွက်နှုန်းဖြင့်
၇ ခွက် ၇ကြိမ်ကပ်လှူပေးပါက

လက်ရှိကြုံနေတဲ့ ပျက်စီးရာ ပျက်စီးကြောင်း
ကိစ္စတွေ ရပ်ဆိုင်းသွားပြီး အဆင်ပြေချောမွေ့တယ်လို့
ဆိုပါတယ်။

*အရေးအကြီးဆုံးကတော့ မမြင်အပ်တဲ့ပုဂ္ဂိုလ်တွေကို
မိမိဘက်မှ မသိနားမလည်ဘဲ ပြစ်မှား မိတာအမှားလုပ်မိတာ ရှိခဲ့ရင် အပြစ်မယူဖို့ ဝန်ချကန်တော့တဲ့အခါမှာ
အရေးပါတဲ့ လှူဖွယ်ပစ္စည်းတစ်ခု ဖြစ်ပါတယ်။

မာလာရေစင်ကပ်သူက
လောဘမကြီးဖို့ နဲ့ အကျိုးလိုလားလို့ အတင်းပြီးလျှင်ပြီးရောစိတ်ဖြင်မကပ်လှူမိဖို့လိုအပ်ပါတယ် ။

*မာလာရေစင် ကပ်လှူတဲ့အခါ
သဒ္ဓါတရား အပြည့်အဝဖြင့်လုပ်ဆောင်ပါ။
ပန်းဝယ်ယူတာကအစ
ချွေယူခင်းကျင်း တဲ့အထိ
ရေဖြည့်တာအဆုံး
ကိုယ့်လက်နဲ့ သဒ္ဓါတရားအားထည့်ပြီး
ပျော်ရွှင်ကြည်နူးစွာ လှူဒါန်းပါ။

#မာလာရေစင်လှူတဲ့အခါရွတ်ဖတ်ပူဇော်ခြင်း
***********************************
အရဟံအစ ဘဂဝါအဆုံးရှိသော ကိုးပါးသော
ဂုဏ်တော်တို့နှင့် ပြည့်စုံသော် မူသော ဗုဒ္ဓမြတ်စွာဘုရား ကိုယ်တော်မြတ်ကြီးအား တပည့်တော်မ အဆင်းအနံ့ဖြင့်
ပြည့်စုံသော ဤမာလာရေစင်ကို ကပ်လှူပူဇော်ပါ၏ အရှင်ဘုရား🙏🙏🙏

ဘဝဘဝဟောင်းများစွာကတော်စပ်ခဲ့ဖူးသော
🍁ဘိုးဟောင်းဘွားဟောင်းများနှင့် တကွ
🍁ပဌာန်းဆက်ရှိခဲ့ဖူးသော ဆွေတော်မျိုးတော် အပေါင်း၊
🍁မမြင်အပ်တဲ့ပုဂ္ဂိုလ်တို့ အား

ကျွန်ုပ်မှ အပြစ်များရှိပါက
♥️ကြေအေးပေးပါ
♥️ကျေနပ်ပေးပါ
♥️ခွင့်လွှတ်ပေးပါ

သင်တို့အားလုံးရဲ့ကိုယ်စားကျွန်ုပ်မှ နေ၍ မြတ်စွာဘုရားရှင်အား ဤမာလာရေစင်ဖြင့် ကပ်လှူပူဇော်ပါသည်
🙏🙏🙏

🪷ဘုန်းတော်အနန္တ၊
🪷ကံတော်အနန္တ၊
🪷ဥာဏ်တော်အနန္တ၊
🪷တန်ခိုးတော်အနန္တ၊
🪷မေတ္တာတော်အနန္တ၊
🪷သစ္စာတော် အနန္တ၊
🪷ပါရမီတော် အနန္တ တို့ နှင့် ပြည့်စုံတော်မူသော

🙏သက်တော်ထင်ရှား အရှင်မြတ်စွာဘုရားအားဥဒ္ဒိသ ရည်မှတ်သမှု အာရုံပြု၍

အကျွန်ုပ်ကို စောင့်ရှောက်သော
🍀ကိုယ်စောင့်နတ်၊
အကျွန်ုပ်ကိုစောင့်ရှောက်သော
🍀အစောင့်အရှောက်များနှင့်တကွ
🍀ဆွေဆက်၊ မျိုးဆက်၊ပဌာန်းဆက်၊ ဆွေတော်၊ မျိုးတော်အပေါင်း၊

🍀မမြင်အပ်တဲ့ပုဂ္ဂိုလ်များနှင့်တကွ
🍀သိုက်နန်းရှင် အားလုံး တို့အားရည်စူး၍

၄င်းတို့နှင့်ပေါင်းစု၍ ၄င်းတို့နှင့် အတူတကွ
ဤ မာလာ ရေစင်ကို

🙏💜🙏အရှင်မြတ်စွာဘုရားထံ သဒ္ဒါကြည်ဖြူစွာဖြင့် မွန်မြတ်သန့်စင်စွာ ကပ်လှူပူဇော်ပါ၏။
(အလှူခံတော်မှူပါဘုရား)(သုံးကြိမ်)

အစအဆုံး(သုံးကြိမ်) ရွတ်ဆိုရပါမည်။

#ရေစင်ကပ်လှူပြီးသည့်အခါဆုတောင်းရန်
*********************************
ဤရက် ဤအချိန် ဤစက္ကန့်မိနစ်မှစ၍
🙏🏼ကျွန်ုပ်တို့မိသားစုသည် လှိုင်းကြီးလှေအောက်၊
🙏🏼တောင်ကြီးဖဝါအောက်၊
🙏🏼ကျွန်ုပ်တို့မိသားစုကံကြမ္မအပေါ်ရောက်စေသော်၊
🙏🏼တောင်ထိပ်ကြာပွင့် နောက်နေထွက်
🙏🏼ကပ်ကြီးသုံးပါးမရှိစေသော်၊
🙏🏼နေထွက်ရွှေခွက်
🙏🏼နေဝင်ငွေထမ်းပြန်စေသော်
🙏🏼မင်းခေါင်စကားပြောကြားများ
ပါရမီရှိသူရစေသော်

🌟ယနေ့မှစ၍ ကျွန်ုပ်တို့မိသားစုသည်
ဘယ်ခြေလှမ်းတိုင်အောင်၊
ညာခြေလှမ်းတိုင်အောင်၊
အောင်ဓါတ်တွေပြည့်စေ
မရှိ၊ မသိ၊ မဝ၊ မရ၊ မလှ
“မ” ငါးလုံးဖယ်စေသတည်း။

🌟ဤရေစင်ကိုလှူဒါန်းပြီးအချိန်မှစ၍
ကျွန်ုပ်တို့မိသားစုတို့သည်
🙏🏼အညံ့တွေကျော်ပါစေ
🙏🏼ကပ်ဆိုးတွေကျော်ပါစေ
🙏🏼ဝမ်းနည်းမှုတွေကျော်ပါစေ
🙏🏼ကျပ်တည်းမှုတွေကျော်ပါစေ
🙏🏼ခွဲခွါခြင်းတွေကျော်ပါစေ
🙏🏼ပြိုကွဲခြင်းတွေကျော်ပါစေ
🙏🏼ငတ်မွတ်ဘေးမှကျော်ပါစေသတည်း။

⭐️(ဥုံ သိဒ္ဓိ..သိဒ္ဓိ..သိဒ္ဓိ.. မဟာသိဒ္ဓိ အပေါင်း
ထောင်သောင်းမက တည်စေသတည်း)
၃ခေါက် ရွတ်ဆိုရပါမည်။

မာလာရေစင် ကပ်လှူနေတဲ့အချိန်မှာ
*လေပြည်အေးကနဲ တိုက်သွားတာ
*ငှက်မွှေးလေးတွေ ကိုယ့်အနားရောက်လာတာ
*ကိုယ်ကပ်လှူထားတဲ့ပန်းရနံ့ အပြင် အခြားရနံ့တွေပါ
ရရှိနေတာ
*သစ်ပင်တွေလေတိုက်လို့ အရွက်အချင်းချင်းပွတ်တိုက်သလို အသံတွေ ကြားရတာ
*လိပ်ပြာလေးတွေ လာနားတာ
*ဒီလိုဖြစ်ရပ်ကလေးတွေ ကြုံလာရ တဲ့အခါ အထူးဝမ်းမြောက်ပါ။မိမိ၏လှူဒါန်းမှု ကို အသိအမှတ်ပြုသူတွေ ထူးခြားစွာ ရှိနေလို့ပါပဲ ။

#မာလာရေစင်စွန့်တဲ့အချိန်
🍃🌸🌿🌺🍂🌼🌿
ပန်းနွမ်းတဲ့အချိန်စွန့်ပါ။

*စွန့်ပြီးမာလာရေစင်ကို ဘယ်လို ပန်သုံးလို့ရလဲ ဆိုရင်တော့ အတော်လေး နေရာစုံသုံးလို့ရပါတယ်။

*Pink salt ဆိုတဲ့ ပန်းရောင်ဆား[ ဟိမဝန္တာဆား] လို့လဲ ခေါ်ပါတယ်။
၎င်းဆားကို မာလာရေစင်နဲ့ရောပါ။
ဘူးထဲထည့်ပါ။ ရေဘူးအပြည့်။
ဘူးထဲကို ခရုခွံ ထည့်ပါ။
ဘယ်ခရုခွံဖြစ်ဖြစ် ရပါတယ်။ အရေအတွက် မဂဏန်း 1 3 5 7 ဖြစ်ရပါတယ်။ ရေမွှေးနဲနဲထည့်ပါ။

အဲဒီရေနဲ့ အိမ်ကို နေရာအစုံ ပက်ဖြန်းပါ။
အောက်လမ်းအတိုက် [လူတိုက်] စုန်းတိုက် နတ်တိုက်
လုပ်လို့မရပါဘူး။

လုပ်ထားရင်လဲ ချက်ချင်းပေါ်ပါတယ်။
Negative Energy ကို နှင်နိုင်စွမ်းရှိပါတယ်။

ဘာကြောင့် Pink salt ကို သုံးခိုင်းသလဲဆိုရင် salt အမျိုးအစားထဲမှာ မမြင်ရတဲ့နာမ်လောကကို Get out အလုပ်နိုင်ဆုံး အမျိုးအစားတစ်ခုမို့လို့ပါ။
အိမ်စောင့်နတ် ရိုးရာနတ်တောင် ယာယီဖယ်ပေးရတာမျိုး အထိ အဲဒီဆား crystal တည်ဆောက်မှုက အစွမ်းသတ္တိတစ်ခုရှိပါတယ်။

* ဆေးကုသတဲ့ ဆရာဝန်များ ကိုယ့်ရဲ့ဆေးအာဏာစက် [ healing authority] ကို ပိုအားကောင်းစေချင်ရင်

မာလာရေစင်စွန့်တဲ့အခါ ရေထဲကို လက်ဆယ်ချောင်းထိပ်ဖျားနှစ်၍ သစ္စာပြု ဆုတောင်းပါ။

ဆေးကုသခြင်းအပိုင်းမှာ ကိုယ့်ကို မမြင်ရတဲ့ တစုံတယောက်က အနီးကပ်ကူညီပေးနေသလိုအနေအထား _ ကိုယ်နဲ့မှ ကိုယ့်မျက်နှာမြင်မှ ရောဂါတဝက်သက်သာတယ်ဆိုတဲ့ အနေအထားမျိုးကြုံရတတ်ပါတယ်။

*မာလာရေစင်ကို ရိုးရိုးကပ်တဲ့အခါ အဖုံးဖွင့်ပြီးကပ်နိုင်ပေမယ့် သိုက် အတွက် ကိုယ်စားလှူပေးရင် ပုဝါနဲ့ ဘေးကနေ ဖုံးကာပြီးကပ်ရပါတယ်။

သဘောတရားကတော့ မမြင်ရတဲ့လောကကို စည်းကာပြီး pirvacy space ပေးထားပြီး သူတို့ကိုယ်စား လှူပေးပါတယ်ဆိုတဲ့ သဘောပါပဲ။

မူရင်းရေးသားသူအားလေးစားလျက်
ပြည့်စုံအောင်ပြန်လည်ရေးသားပြီး မေတ္တာဖြင့်
မျှဝေပေးလိုက်ပါတယ် ....

အားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာကြပါစေ🙏

Photos from Htet Oo Eain - Fortune Teller With Tarot's post 06/08/2024

ဆီမီးခွက် မငွေလှိုင်
မနောမယ မငွေလှိုင်

စီးပွါး လာဘ်လာဘ ဖြစ်ထွန်းဖို့၊စျေးရောင်းကောင်းစေဖို့၊အိမ် ခြံ မြေတွေပွဲတည့်စေဖို့အတွက် ဆီမီးခွက်မငွေလှိုင်ဆိုတဲ့ ငွေတွေ တလှိုင်လှိုင် ဖြစ်ထွန်းစေတဲ့ ပုံလေး ဆောင်လို့ရပါတယ်။
Print ထုတ်ပြီး နေအိမ်ဧည့်ခန်းမှာ ချိတ်ဆွဲထားလို့ ရသလို မိမိဖုန်းမှာလည်း wallpaper အဖြစ်ထားလို့ရပါတယ်။

ဂမ္ဘီရ ဆရာတော်တော်များများလည်း မငွေလှိုင်ကို ငွေကြေး လာဘ်လာဘ ပေါကြွယ်ဝလိုတဲ့ အခါ အဆောင်အဖြစ် ဆောင်ခိုင်းကြတာ ရှိပါတယ်။
မသိကြသေးတဲ့ မိတ်ဆွေများအတွက် မေတ္တာဖြင့်ဖော်ပြပေးလိုက်ပါတယ်နော်။

ဆီမီး ဆိုတာ ဆမ ၊မစတဲ့ဓာတ်
မီး ဆိုတာ ထွန်း တောက်တဲ့ဓာတ်
ငွေလှိုင် ငွေပေါတဲ့ဓာတ်
မီးတောက်တဲ့အခါ မငွေလှိုင် ပွဲကမယ်
ပွဲကတဲ့အခါ ကြည့်မယ့်သူတွေ လာပြီးလူစည်ကားလိမ့်မယ်။

မကြာမီမှာပဲ ငွေကြေးများ တလှိုင်လှိုင်နဲ့ ပေါကြွယ်ဝလာတာကို ကိုယ်တွေ့ ခံစားရပါလိမ့်မယ်။

ကျမ၏ မိတ်ဆွေများ ပူပင်သောက ကင်းဝေးပြီး
ငွေကြေး လာဘ်လာဘများ ဆထက်တပိုး တိုးတက်ကြပါစေ။

25/12/2022

Merry Christmas to you all ❤️

Warmest greetings of this festive season and best wishes for Happiness in the New Year!
🎁🎄

19/12/2021

ရှင်တို့ကော 😜

18/12/2021

သူတို့ကို အနိုင်ယူရန် အကောင်းဆုံးနည်းလမ်း 🥹

Gemini ♊️ Scorpio ♏️ Capricorn ♑️ Sagittarius ♐️ Cancer♋️ Aquarius ♒️ Leo♌️

အဲ့တာမှ အနိုင်မယူနိုင်ရင် လည်း မင် မသိတော့ပါ 🤪

17/12/2021

ညီမလေး မှာထားတာလေးရောက်ပြီနော်🙄

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address

Yangon