TTM online store

TTM online store

Share

အာဟာရဖြည့်စွက်စာ၊တကိုယ်ရည်သုံးပစ္စည်း၊အလှအပဆိုင်ရာပစ္စည်း၊အိမ်ရှင်မသုံးပစ္စည်းများရရှိနိုင်ပါသည်။

Photos from TTM online store's post 06/08/2023

မင်မင် Page မှာတင်ထားတဲ့ Products လေးတွေက ထိုင်းနိုင်ငံထုတ်ပစ္စည်းလေးတွေဖြစ်ပါသောကြောင့်

ငွေစျေးအပြောင်းအလဲလေးတွေရှိပါသဖြင့်

Update စျေးနှုန်းလေးတွေသိချင်ပါက cb မှာဆက်သွယ်မေးမြန်လို့ရပါတယ်ရှင်။

ဝယ်ယူအားပေးတဲ့တစ်ဉီးတစ်ယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်။



#ကျန်းမာရေးဖြည့်စွက်စာ
#တကိုယ်ရည်သုံး
#အလှအပဆိုင်ရာသုံး
#အိမ်သုံးပစ္စည်း

Photos from TTM online store's post 29/07/2023

ဆံပင်လေးလှနေရင် အလိုလိုကိုကြည့်ကောင်းနေတာပါနော်

အဲ့လိုလေးလှနေဖို့ကလဲ Shampoo ကောင်းကောင်းလေးနဲ့မှ အဆင်ပြေမှာနော် (လုံးဝ) လုံးဝ မပူနဲ့🙅🙅

ဆံသားပျက်စီးခြင်းပြဿနာ 6 မျိုးစလုံးအတွက် ကာကွယ် ပေးမဲ့( BOTANIC shampoo &Conditioner ) ရှိပါတယ်

6 IN 1 ~BOTANIC Shampoo
ဗောက် ဖြစ်ခြင်းရဲ့အဓိကအကြောင်းအရင်းဖြစ်သောဦးရေပြားခြောက်ခြင်းပြဿနာအတွက် အစိုဓာတ်ကိုဖြည့်ပေးပါတယ်

6 IN 1~BOTANIC Conditioner
ပျက်စီးနေသောဆံသားများကိုပြန်လည်နူးညံ့လှပပြီးဝိတ်ရှိကာ ကျန်းမာ စေခြင်း

Conditioner ~သုံးစွဲပုံအညွှန်း
Conditioner: ခေါင်းလျှော် ပြီး နောက် စိုနေသောဆံသားပေါ်သို့ Conditioner ကိုထည့်ပြီးဆံပင်အဖျားအထိဖွဖွနှိပ်ပေးပါ။၃-၅မိနစ်ခန့်ထားပြီးရေဆေးချပါ။

1ဆံပင်ကျွတ်ခြင်း၊ပြတ်ခြင်းမှကာကွယ်ပေးခြင်း

2ဆံသားကိုအစိုဓာတ်ရှိစေခြင်း

3ဆံသားကိုနူးညံ့စေခြင်း

4ဆံသားကျန်းမာရေးကိုကောင်းစေခြင်း

5ဆံသားပျက်စီးခြင်းပြဿနာတိုင်းကိုထိန်းပေးခြင်း

6ဆံပင်ဆေးဆိုးသူများအတွက်ဆံပင်အရောင်ကိုထိန်းပေးခြင်း

Shampoo - 28000 ks

Conditioner - 28000 ks

Photos from TTM online store's post 25/07/2023

S vera Aloe Vera gel with Q10,

ရှားစောင်းလက်ပက်ဟာဆိုရင် ဓာတုပစ္စည်း လုံးဝကင်းစင်တဲ့အပြင် ဘေးထွက်ဆိုးကျိုး လုံးဝမရှိတဲ့ Gelလေးပါ။

ဆီပူစင်၊အရည် ကြည်ဖုထ၊မီးလောင်ဒဏ်ရာ၊
ခြင်ကိုက်ဖု၊အမာရွတ်၊ဝက် ခြံ၊တင်းတိတ်၊မှဲ့ခြောက် စတဲ့နေရာတွေမှာတစ်နေ့ ,(2,) ကြိမ် ထူထူလိမ်းပေးလိုက်ရင်သိသာလာမှာပါနော်။

Q 10 ပါဝင်လို့ ခရမ်းလွန်ရောင် ခြည်ကို အ ပြည့်အဝ ကာကွယ်ပေးပါသည်။

ဒါတင်မကသေးဘူးနော်Hair treatment ခေါင်းမှာလိမ်း ပြီး တော့လည်း လုပ်လို့ရသေးတယ်နော်။

ခေါင်းလျှော်ခါနီးလည်း မီးနစ် 30ခန့် ဆံသားနှင့်ဦးရေ ပြားမှာ လိမ်းထားရုံ ဖြင့် ဆံပင်ကို ပျော့ပျောင်း နက်မှောင်လာကာ ဆံသားနှစ်ခွ ဗောက်ထ ခြင်းများကိုလည်း ကာကွယ်ပေးပါသည်။

အရမ်းနဲ့မှ တန်သောနော် ညအိပ်ယာဝင်တိုင်း Moisturizerအနေနဲ့ လိမ်းပေးပါက အသားအရေ ချောမွေ့စိုပြေ လာမှာ အမှန်ပါပဲရှင့် ။

လူတိုင်းအိမ်မှာ ဆောင်ထားသင့်တဲ့ အရာလေးမို့ အရမ်းကို ကောင်းပါတရ်နော်၊

တဗူး - 12000 ks


#ရှားစောင်းဂျယ်

Photos from TTM online store's post 22/07/2023

Benfite !သွားတိုက်ဆေး

Successmore Being Company ကိုတည်ထောင်သူ

ထိုင်းနိုင်ငံ ဘုရင်ပိုင် ဆရီရဆေးရုံမှ နား၊နှာခေါင်း၊

လည်ချောင်း အထူးကုပါရဂူကြီး ဒေါက်တာဆစ်ထဝီ

ကိုယ်တိုင်ထုတ်လုပ်ထားသော ထုတ်ကုန်ပစ္စည်းဖြစ်တဲ့

အပြင်ထိုင်း၊မြန်မာ၊လာအို၊ကမ္ဘောဒီးယား၊ဗီယက်နမ်၊

စင်ကာပူ၊မလေးရှား၊ နိုင်ငံတွေမှာပါအသုံးပြုနေသော

ထုတ်ကုန်ပစ္စည်းတစ်ခုပါ။

မြန်မာပြည်တွင်လည်း တရားဝင်ဖြန့်ချီနေသော FDA

ထောက်ခံချက် MN171210575 ဖြင့် တင်သွင်းထား

ပါသည်။

မနက်မိုးလင်းလည်း မရှိမဖြစ်ပဲ

ညအိပ်ယာဝင်ခါနီးလည်း မရှိမဖြစ်ပဲ

အိမ်တိုင်းမရှိမဖြစ်ဆောင်ထားသင့်ပါတယ်။

ကလေးအတွက်သွားတိုက်ဆေး သီးသန့်ရှာစရာမလိုဘူး။

ကလေး၊လူကြီး ကျား၊မ အရွယ်မရွေးအသုံးပြုနိုင်ပါတယ်။

ကွမ်းစားသူများ သွားဂျီးပြောင်တယ်။

သွားကျောက်တည်က သက်သာတယ်။

သွားဖုံးနာ သွားကျင် သွားကိုက် သွားနာ သက်သာပါတယ်။

price - 15000 ks(150g)

17/07/2023
Photos from TTM online store's post 12/07/2023

💁 Softener ( အဝတ်စိမ်အမွှေးဆီ ) သုံးပေးဖို့ လိုအပ်တာ ဘာကြောင့်ပါလဲ

👱‍♀️ အိမ်ရှင်မတွေအနေနဲ့ အဝတ်အစားတွေကို လျှော်ဖွတ် မီးပူတိုက်တဲ့အခါ အဝတ်အစားတွေ ကောင်းကောင်းမခြောက်ဘဲ စိုထိုင်းထိုင်း နဲ့ အနံ့အသက်တွေကလည်းမကောင်း တဲ့အခါမျိုးဆို စိတ်အနှောင့်အယှက်ဖြစ်ရပါတယ်။

💭 မိုးရာသီဆိုအဝတ်အစားတွေကနေရောင်ခြည်ကောင်းကောင်းမရတော့ အနံ့ဆိုးတွေ နဲ့ မီးပူတိုက်ပြီးလည်းအနံ့ကမပျောက် အဝတ်တွေလည်းမာနေတာမျိုး ပိုဆိုးပါတယ်နော့

🚶‍♀️ လူအများကြားထဲသွားတဲ့အခါအမွှေးအကြိုင်တွေ ဘယ်လိုဘဲသုံးသုံး အဝတ်အစားမှာထွက်နေတဲ့ အနံ့ဆိုးက မပျောက်ပါဘူးရှင်

🙋 ဒါကြောင့် အဝတ်အစားတွေ အနံ့ဆိုးကင်းစင်မယ်၊ တနေ့လုံးမွှေးရနံ့လေးကြာရှည်ခံပြီး စိတ်လည်းကြည်လင်လန်းဆန်းမယ်၊ လူအများကြားထဲယုံကြည်မှူရှိရှိ နဲ့သွားလာနိုင်မယ်၊ ဘက်တီးရီးယား နှင့် အနံ့ဆိုးထွက်ခြင်းမှလဲကာကွယ်ပေးနိုင်မယ် စတဲ့ကောင်းကျိုးလေးတွေရရှိစေဖို့ Softener ( အဝတ်စိမ်အမွှေးဆီ ) လေးကိုသုံးပေးသင့်ပါတယ်ရှင်။

🤷‍♀️ အခု မင်မင်ပြောပြပေးမဲ့( Neatly Home Fabric Softener) လေးဟာဆိုရင် ထိုင်းဘုရင်ပိုင်ဆေးရုံကြီးရဲ့ ပါရဂူဆရာဝန်ကိုယ်တိုင်ထုတ်လုပ်ထားပြီး သဘာဝကရရှိတဲ့ Preminum Quality များကိုသာရွေးချယ်အသုံးပြုထားတာဖြစ်လို့

✴ နိုင်ငံတကာအသိအမှတ်ပြုထောက်ခံချက်များစွာရရှိထားတဲ့ Product လေးလည်းဖြစ်ပါတယ်။

🔶 ဘက်တီးရီးယား နှင့် အနံ့ဆိုးများကို ကာကွယ်ပေးတဲ့ Nano Silver နည်းပညာ

🔶 ချွေးနံ့များ ကိုထိန်းသိမ်းပေးတဲ့ အပြင် အဝတ်အထည်များကို စိုစွတ်နူးညံ့စေတဲ့ Liquid Layer Enhancer ပါဝင်လို့ တော်ရုံအဝတ်အထည်တွေဆိုရင် မီးပူမတိုက်ဘဲဝတ်လို့ရပါတယ်။

🔶 ကိုယ်ခန္ဓာအသားအရည် နှင့် အဝတ်အထည်ကြား ထိကပ်မှုမရှိစေဘဲ အဝတ်အထည်များကို သဘာဝအတိုင်း တောက်ပြောင်စေနိုင်သည့် Bio Degradable တို့ပါဝင်ပါတယ်။

💗 ဒီအဝတ်စိမ်အမွှေးဆီလေးဟာဆိုရင် အကောင်းဆုံးနည်းပညာဖြင့် ပေါင်းစပ်ထားလို့ ဝတ်အထည်များကိုနူးညံ့စေပြီး

👨‍👨‍👧‍👦 လူကြီးများသာမက ကလေးများပါ အသုံးပြုနိုင်ပြီး ကြည်လင်လန်းဆန်းတဲ့မွှေးရနဲ့လေးကိုလည်းပေးစွမ်းလို့

💃 ရေမွှေးဆွတ်စရာမလို ၊ roll on သုံးစရာမလို ၊ spray ဖျန်းစရာမလိုအောင် ပြီးပြည့်စုံတဲ့ရနံ့လေးကိုရရှိစေမှာပါနော်

💗 ဘူးအဖုံး (၁) ခွက်ကို အထည် ( ၂၀) ခန့် အသုံးပြုနိုင်တာဖြစ်လို့ ပေးရတဲ့စျေးနဲ့လည်းတန်ပြီး product ကောင်းလေးသုံးစွဲရင်းနဲ့ရလာဒ်ကောင်းလေးတွေလည်းရရှိစေမှာပါ နော်။ စမ်းသုံးကြည့်ဖို့အကြံလေးပေးပါရစေရှင့်😊

💟 Price - 25000 ks(1000ml)

Photos from TTM online store's post 11/07/2023

💛Successmore ရဲ့ ရွှေဆပ်ပြာ

💛လန်းဆန်းမှုပေးပြီးအသားရေကိုစိုပြေဝင်းမွတ်စေသည်

💛S MONE ဆပ်ပြာသည် အသားအရေကို အာဟာရ ဓာတ်ဖြည့်ပေးပြီး အရေးပြား တစ်လွှာခြင်းကိုသန့်ရှင်းစေပြီး အသားဖြူစေသည်

💛 အသားအရေကို
နူးညံ့စေပြီး တင်းရင်းစေသည် ဝက်ခြံပေါက်ခြင်းမှကာကွယ် ပေးပြီး လန်းဆန်းမှုကို ဖြစ်စေသည်။

💛အသားအရေကို သဘာဝအတိုင်း ဖြူစင်ပြီးကြည်လင်စေသည်။
ဆပ်ပြာကို အမြုပ်ထွက်အောင်ပြုလုပ်၍ မျက်နှာအနှံ့ ပွတ်တိုက်ပြီး ရေနှင့်ပြန်လည်ဆေးကြောရပါမည်။

✴ Price - 21000 ks



#ရွှေဆပ်ပြာ

Photos from TTM online store's post 10/07/2023

💚အိမ်ရှင်မများ ဘက်စုံသုံးလို့ရတဲ့ ပစ္စည်းလေးပါ

💚ပန်းကန်ဆေးဆပ်ပြာ အဆီဟာဆိုရင် 4 way သုံးလို့ရပါတယ်

💚အိုးခွက် ပန်းကန်တွေအပြင် ကြွေပြားတွေကိုဆေးလို့ရပြီးအသီးအရွက်တွေကိုလဲ ဆေးလို့ရပါတယ်

💚ပန်ကန်ဆေးထားတဲ့အရည်ကို အပင်တွေကိုလောင်းပေးခြင်းဖြင့် အပင်များကိုလည်းသန်စေပါတယ်

💚သန့်စင်မှုပစ္စည်းအမျိုးအစား ၄ မျိုးဖြစ်သော

💚 ဆီထွက်သီး ၊ အုန်းသီး ၊ ပြောင်းဖူး နှင့် ရှားစောင်းလက်ပတ် တို့မှရရှိတဲ့ အဆီအနှစ်များမှပေါင်းစပ်ထုတ်လုပ်ထားပါသည်။

💚ရှားစောင်းလက်ပတ်ပါဝင်လို့ မိမိတို့လက်အရေပြားလေးတွေလည်းထိခိုက်မှာမစိုးရိမ်ရတော့ဘူးပေါ့

💚အဆင့်မြင့်နည်းပညာများနဲ့​သဘာဝကရရှိတဲ့ပစ္စည်းများဖြင့်ထုတ်လုပ်ထားပြီး အန္တရယ်လဲမရှိလို့ အိမ်တိုင်းဆောင်ထားပြီးသုံးစွဲသင့်တဲ့ ပန်းကန်ဆေးဆပ်ပြာရည်လေးပါရှင့်

💚ရေ ၄ ဆ ဆပ်ပြာအဆီ ၁ ဆအချိုးနဲ့ဆို အိုးခွက်ပန်းကန်တွေကို အလွယ်တကူ သန့်ရှင်းတောက်ပြောင်အောင်စွမ်းဆောင်ပြီး အနံ့ဆိုးတွေနဲ့တိုက်ရခက်တဲ့ အညစ်အကြေးတွေပါမကျန် ရှင်းထုတ်နိုင်ပါတယ်

✅ Price - 25000 ks(1000ml)

09/07/2023

“အခက်ခဲဆုံး ကာလတွေကို ဖြတ်ကျော်ရတဲ့အခါ”

ဘယ်သူ့ရဲ့ ဘဝမှာမဆို အခက်ခဲဆုံး ကာလတွေဆိုတာ ရှိတတ်ကြပါတယ်။ အလုပ်အကိုင် အဆင်မပြေတာ၊ ငွေကြေးကြပ်တည်းတာ၊ မိသားစု၊ အိမ်ထောင်ရေး ပြဿနာ၊ ကျန်းမာရေး ချို့ယွင်းတာ စတဲ့ အကြောင်းရင်းတွေကြောင့်ပေါ့။

အဲဒီလို အခိုက်အတံ့တွေမှာ ထားရှိသင့်တဲ့ ခံယူချက် ၉ ခုကို မျှဝေချင်ပါတယ်။

💟 ၁။ ကိုယ့်မှာ 'ရှိ'တာတွေကို အာရုံစိုက်ပါ။

စိတ်တွေ ပင်ပန်းဖိစီးလာတဲ့အခါ ကိုယ့်မှာ မရှိတာတွေကိုပဲ စဉ်းစားမိပြီး ဝမ်းနည်းတတ်တယ်။ ပူဆွေးတတ်တယ်။ ကိုယ့်မှာ ရှိနေသေးတာတွေကိုတော့ မေ့လျော့သွားတတ်တယ်။ ငွေကြေးအဆင်မပြေပေမဲ့ မိသားစု ရှိသေးတယ်။ အလုပ်မရှိတော့ပေမဲ့ ခြေ ၂ ဖက်၊ လက် ၂ ဖက်အကောင်းကြီး ရှိသေးတယ်။ ဒါကြောင့် စိတ်ပင်ပန်းပြီး အားငယ်မိတဲ့အခါတိုင်း ဒီအလေ့အကျင့်ကို လုပ်ကြည့်စေချင်တယ်။

💟 ၂။ အတိတ်နဲ့ အနာဂတ်ဟာ သက်သက်စီပဲဆိုတာ သတိပြုပါ။

အတိတ်မှာ မှားခဲ့တာတွေ ရှိမယ်။ ညံ့ခဲ့တာတွေ ရှိမယ်။ မလုပ်သင့်တာတွေ လုပ်ခဲ့မိမယ်။ ညစ်ထေးစွန်းပေနေမယ်။ ဒါပေမဲ့ အနာဂတ်ကတော့ ဘာဆိုဘာမှ မရေးရသေးတဲ့ စာရွက်တစ်ရွက်လိုပဲ။ အတိတ်မှာ ဖြစ်ခဲ့တာမှန်သမျှ အနာဂတ်မှာလည်း ထပ်ဖြစ်လိမ့်မယ်လို့ မမှတ်ယူပါနဲ့။ လက်ရှိပစ္စုပ္ပန်က ကိုယ့်လက်ထဲမှာပါ။ ဘာကိုမဆို ပြောင်းလဲပစ်ဖို့ ကိုယ်တတ်နိုင်ပါတယ်။

💟 ၃။ အခက်အခဲတွေဆိုတာ ပိုသန်မာလာစေဖို့ အခွင့်အလမ်းတွေပါ။

ဘယ်သူမဆို အဆင်ပြေချင်ကြတာချည်းပဲ ဆိုပေမဲ့ သေချာပြန်စဉ်းစားကြည့်ရင် ကိုယ့်ကို ပိုပြီး တိုးတက်လာစေတာ၊ ရင့်ကျက်လာစေတာ၊ သန်မာလာစေတာ အခက်အခဲတွေ၊ အဆင်မပြေမှုတွေ၊ ရှုံးနိမ့်မှုတွေပါ။ ဒါကြောင့် Obstacles မဟုတ်ပါဘူး။ Opportunity to grow သာ ဖြစ်ပါတယ်။

ကိုယ့်ကိုယ်ကိုယ် Application တစ်ခုလို သဘောထားကြည့်မယ်ဆိုရင် ခက်ခဲတဲ့ အခိုက်အတံ့တွေ ဆိုတာ ဒီ App ကို Update လုပ်နေတဲ့ ဖြစ်စဉ်တွေပါပဲ။

💟 ၄။ တစ်ခါတလေ လဲပြိုခွင့်ပေးပါ။

“It’s ok to not be ok.” လူဆိုတော့ ပြိုလဲတဲ့အခါ ရှိမှာပေါ့။ အချိန်ပြည့် သန်မာနေရအောင် စက်ရုပ်မှ မဟုတ်တာ။ ဒါကြောင့် ကာလတစ်ခုတော့ ငိုပါ။ ဝမ်းနည်းပါ။ ပူဆွေးပါ။ ပြီးမှ လုပ်စရာရှိတာတွေ ဆက်လုပ်ပါ။

💟 ၅။ ညဘက်မှာ ဘာတွေပဲ ဖြစ်နေပါစေ မနက်ကျရင်တော့ နေပြန်ထွက်လာမှာပဲ။

ကောင်းတာပဲဖြစ်ဖြစ်၊ မကောင်းတာပဲဖြစ်ဖြစ် အမြဲဖြစ်မနေပါဘူး။ သက်တမ်းကုန်ဆုံးရက် ဆိုတာ ရှိပါတယ်။ ဒါကြောင့် ပျော်စရာနဲ့တွေ့လည်း အပျော်မလွန်နဲ့။ ဘယ်အရာမှ မတည်မြဲဘူး။ ဒုက္ခနဲ့တွေ့လည်း အရှုံးမပေးနဲ့။ ဘယ်အရာမှ မတည်မြဲဘူး။

💟 ၆။ မဖြစ်သေးတာကို တွေးပူခြင်းက ၂ ခါ ရှုံးစေတယ်။

ဖြစ်မလာခဲ့ရင် တွေးပူခဲ့ရတာ အလကားပဲ။ ပင်ပန်းတာပဲ အဖတ်တင်တယ်။ ဖြစ်လာခဲ့တော့ရော တွေးပူခဲ့လို့ ဘာများထူးသွားလဲ။ ကြိုပြီး ပူလောင်ရတာတောင် ပိုသေးတယ်။

မှတ်ထားပါ။ ပြဿနာတွေဆိုတာ တွေးပူရုံနဲ့ မသက်သာသွားဘူး။ ဖြစ်လာနိုင်တာတွေအတွက် ခေါင်းအေးအေးနဲ့ ကြိုတင်ပြင်ဆင်ထားခြင်းကသာ အကူအညီ ဖြစ်တာပါ။

💟 ၇။ ပြီးပြည့်စုံတဲ့ ဘဝဆိုတာ မရှိဘူး။

ဆိုရှယ်မီဒီယာပေါ်မှာတော့ ကောင်းတာတွေပဲ တင်ကြတာပေ့ါ။ ဒီအခါ ကိုယ့်ဘဝရဲ့ အစစ်အမှန်နဲ့ သူများဘဝရဲ့ Highlights တွေကို သွားယှဉ်မိတတ်တယ်။ အဲဒါက အခက်အခဲတွေ ကြုံနေရချိန်မှာ လူကို ပိုပြီး စိတ်ဓါတ်ကျစေတယ်။ ဒါကြောင့် ဘယ်သူမဆို ကိုယ်စီကိုယ်စီ ဘဝရဲ့ အစိတ်အပိုင်းတစ်ခုခုမှာတော့ ရုန်းကန်နေကြရတာချည်းပဲ ဆိုတာကို မမေ့ဖို့ လိုပါတယ်။

💟 ၈။ ပိုကောင်းဖို့ ဖြစ်လာတာတွေလည်း ရှိတတ်တယ်။

အခက်အခဲတိုင်းကိုတော့ မဆိုလိုပါဘူး။ သို့သော် တချို့သော ကိစ္စတွေကတော့ ရုတ်တရက်ဆို ဒုက္ခဆင်းရဲလို့ ထင်ရပေမဲ့ ကိုယ့်အတွက် ပိုကောင်းဖို့ ဖြစ်လာတာတွေလည်း ရှိတတ်တယ်။ အိမ်ထောာင်ကွဲပြီးမှ ချစ်ခြင်းမေတ္တာကို ပိုတန်ဖိုးထားတတ်လာတာမျိုး၊ သေလုနီးနီး ဖြစ်ပြီးမှ ဘဝအမြင်တွေ ပြောင်းကုန်တာမျိုး၊ အလုပ်ပြုတ်သွားတော့မှ ကိုယ်တကယ်ရူးသွပ်တဲ့ အလုပ်ကို လုပ်ခွင့်ရတာတွေမျိုး စသဖြင့်ပေါ့။

💟 ၉။ ရယ်မောခြင်းသည် အကောင်းဆုံးဆေးတစ်ခွက်

ဒုက္ခရောက်နေပါတယ်ဆိုမှ ဘယ်လိုရယ်မလဲ။ နေရာတကာ ဟာသလုပ်နေဖို့တော့ ပြောတာ မဟုတ်ပါဘူး။ ဒါပေမဲ့ အရာရာတိုင်းမှာ Serious မထားပါနဲ့။ ရယ်စရာရှိ ရယ်ပါ။ ပေါ့ပေါ့ပါးပါး သဘောထားသင့်တဲ့နေရာ သဘောထားပါ။ Sense of humor ဟာ ဘဝအခက်အခဲတွေကို ရင်ဆိုင်ရာမှာ အများကြီး အထောက်အကူ ဖြစ်ပါတယ်။

Learn with PT Team
8 July 2023

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Address

Pagoda Street, Thingangyun Township
Yangon