Oral Kare Myanmar ShoPlaq

Oral Kare Myanmar ShoPlaq

Share

Photos from Oral Kare Myanmar ShoPlaq's post 11/09/2021

Oral Kare ဟာ စင်္ကာပူနိုင်ငံ HSA အသိအမှတ်ပြု လက်မှတ်ရှိထားပြီးတဲ့အပြင် မြန်မာနိုင်ငံ FDA ပါ ရထားတဲ့ Product ဖြစ်တာမို့ စိတ်ချလက်ချ အသုံးပြုနိုင်ပါတယ်နော်။

Oral Kare Singapore Herbal Toothpaste ကို Three Roses Trinity Trading Company Ltd. မှ မြန်မာတစ်နိုင်ငံလုံး တစ်ဦးတည်းကိုယ်စားလှယ်အဖြစ် တင်သွင်း ဖြန့်ချိရောင်းချခွင့်ရရှိထားပြီး ဖြစ်တာကြောင့် Three Roses Trinity Trading Company Ltd. မှ အသိအမှတ်ပြု ရောင်းချခွင့်ပြုတဲ့ Authorized Distributors များမှအပ အခြား မည်သူတစ်ဦးတစ်ယောက်မှ တင်သွင်းရောင်းချခွင့်မရှိပါကြောင်း ထပ်မံ အသိပေး ကြေငြာလိုပါတယ်ရှင်။

Three Roses Trinity Trading Company Ltd.
Exclusive Distributor for Myanmar.

24/05/2021

မနှစ် နှစ်လည်လောက်မှစပီး တင်သွင်းရောင်းချခဲ့သော
သဘာဝပစ္စည်းများဖြင့် ဖော်စပ်ထားသည့် Oral Kare သွားတိုက်ဆေးလေး ကို အထူးလျှော့ဈေး
ဖြင့် ရောင်းချပေးပါမည် ။

နေ့တစ်ဘူး ညတစ်ဘူး တစ်စုံပါသည့် ဤသွားတိုက်ဆေးသည် လူကြီး၊ ကလေး အရွယ်စုံအသုံးပြု၍ရသည့်အပြင် ခံတွင်းနံ့ကင်းစင်စေပြီး ကျန်းမာသန်စွမ်းသည့် သွားများကို ပိုင်ဆိုင်စေ မှာ ဖြစ်ပါတယ် ။

တစ်ခါတိုက်လျှင် ပဲစေ့ တစ်ခြမ်းစာလေး ကို
ရေမဆွတ်ဘဲတိုက် ရမှာဖြစ်ပါတယ် ။
အကြိမ် ၁၀၀ စာ ထည့်သွင်း ထားသောကြောင့်
နေ့စဉ် မနက် ည ပုံမှန် အသုံးပြုလျင် ၃ လစာ အသုံးခံပါသည်။

ယခင်ဈေး ၆၀၀၀ ကျပ် ကို
ယခု အထူးဈေး ၄၅၀၀ ကျပ်ဖြင့် ဝယ်ယူနိုင်ပါသည်။

ယခု လက်ကျန်လေးများ ဖြတ်ပီးလျှင်
နောက်ထပ် တင်သွင်းမည့် Stock အသစ် များ ကို ဒေါ်လာဈေးအပြောင်းအလဲပေါ်မူတည်ပီး ဈေးပြောင်းလည်းမည် ဖြစ်ပါသည်။

Myanmar FDA Approved

payment ကို wave kpay cb aya yoma cash
အဆင်ပြေသည့် payment ဖြင့်ပေးချေနိုင်သည်။

မိတ်ဟောင်း မိတ်သစ်များ အားလုံးကို Oral Kare မိသားစု မှ အထူးပင်ကျေးဇူးတင်ရှိပါသည်။

13/05/2021

Eid Mubarak To Our Brothers and Sisters In Islam Community

Also Sending My Prayers for PEACE in PALESTINE and ISRAEL

🙏

31/01/2021
27/01/2021

အမေနေ့ (ပြာသိုလပြည့်)

ရင်နှစ်သည်းချာတို့အတွက် အကောင်းဆုံးတွေကို ဖန်တီးပေးပါသော အနှိုင်းမဲ့ ချစ်ခြင်းမေတ္တာအား
လေးစားဂုဏ်ပြုလျှက် ...

24/01/2021

''မိသားစုအားလုံးအတွက် ခံတွင်းကျန်းမာရေး စကားဝိုင်း''

ဇန်နဝါရီလ (၂၇) ရက်နေ့၊ ည (၈) နာရီ

Dr.မျိုးမြင့်အောင် (Your Myoe,Your Dentist)
Jessica Mozart ( Writer/ Mommy Blogger)

ကျွန်တော်တို့ Oral Kare Myanmar က မိတ်ဆွေတို့ရဲ့ သွားနှင့်ခံတွင်း ကျန်းမာရေးအတွက်
အကျိုးရှိမယ့် စကားဝိုင်းလေးတစ်ခုကို စီစဉ်ပေးသွားမှာပါခင်ဗျာ
ဆွေးနွေးပြောဆိုသွားမယ့် သူများကတော့
သွားနှင့်ခံတွင်းကျန်းမာရေးဆိုင်ရာ ဗဟုသုတများကို အမြဲ မျှဝေပေးနေတဲ့
Dr.မျိုးမြင့်အောင် ( Your Myoe, Your Dentist) နဲ့
မိခင်နဲ့ ကလေးငယ်လေးများ အတွက် အကျိုးရှိပြီး ဗဟုသုတဖြစ်စေမယ့် စာများကို မျှဝေပေးနေတဲ့
Jessica Mozart (Writer/Mommy Blogger) တို့က ဆွေးနွေးပေးသွားမှာ ဖြစ်ပါတယ်

မိမိ နဲ့မိသားစုကို သွားနှင့်ခံတွင်းဆိုင်ရာ အကောင်းဆုံး စောင့်ရှောက်မှုတွေပေးနိုင်ဖို့အတွက်
သွားနှင့်ခံတွင်းပြဿနာများနှင့်ပတ်သက်ပြီး သိလို မေးလိုတဲ့ အကြောင်းအရာများကို မေးမြန်းထားနိုင်ပါတယ်ခင်ဗျာ ..

Live မှာ အားလုံးနဲ့ ပျော်ပျော်ပါးပါး ဆုံချင်ပါတယ်ခင်ဗျာ ..

20/01/2021

ကိုယ်ချစ်ခင်တန်ဖိုးထားရတဲ့မိသားစုအတွက် အကောင်းဆုံးတွေပဲ ဖြည့်ဆည်းပေးချင်တာ အားလုံးရဲ့ ဆန္ဒပဲ ဖြစ်ပါလိမ့်မယ် ..

ကျွန်တော်တို့ဟာ ကိုယ့်မိသားစုအတွက် ဘာက အကောင်းဆုံးဖြစ်မလဲဆိုတာကော
သေချာ ဆုံးဖြတ်တတ်ပါပြီလား ..
မိသားစုတစ်ခုလုံးအသုံးပြုမယ့် သွားတိုက်ဆေးကိုကော
သေချာသတိမမူမိဘဲ လက်သင့်ရာ ရွေးချယ်ထားမိနေပြီလား ..

တကယ်တော့ သွားကျန်းမာရေးပြဿနာတွေဟာ
ကိုယ့်မိသားစုရဲ့ လက်တကမ်းအကွာမှာ အမြဲ ရှိနေတတ်တာမျိုးပါ ..
သွားကျန်းမာရေးပြဿနာတွေဟာ ကိုယ်စိတ်နှစ်မျိုးလုံး ကို အတော်ဒုက္ခပေးနိုင်တယ်ဆိုတာ ကြုံဖူးသူတိုင်း ငြင်းကြမယ်မထင်ပါဘူး ..
ဒီလို ပြဿနာတွေကို ကင်းဝေးဖို့ မဖြစ်ခင်ကတည်းက ကြိုတင်ကာကွယ်ခြင်းက
အထိရောက်ဆုံးနဲ့ ငွေကုန်ကြေးကျ အသက်သာဆုံးပါ ..

အစာစားပြီးတိုင်း ပလုတ်ကျင်းပေးဖို့
တစ်နေ့နှစ်ကြိမ် စနစ်တကျ သွားတိုက်ဖို့ အစရှိတဲ့
သွားနှင့်ခံတွင်းဆိုင်ရာ အလေ့အကျင့်ကောင်းလေးတွေ အမြဲ ပြုလုပ်ပေးဖို့လိုပါတယ်

နောက်ပြီး အခြေခံအကျဆုံးဖြစ်တဲ့ သွားတိုက်ဆေးရွေးချယ်မှုကလည်း အဓိက ကျပါတယ်
ကိုယ်အသုံးပြုမယ့် သွားတိုက်ဆေးဟာ သွားတွေကို ဖြူစင်စေဖို့လား သွားပိုးပေါက်တွေကို မဖြစ်စေဖို့လား .. သွားနှင့်ခံတွင်းရောဂါတွေကို ကာကွယ်ဖို့အတွက်လား သေချာ သိရှိဖို့လည်း လိုပါ့မယ် ..
သွားတိုက်ဆေးဖြစ်ပြီးရော သုံးနေရင်တော့ သင့်မိသားစုအတွက်
ရေရှည်အဆင်ပြေစေမှာ မဟုတ်ပါဘူး ..

မိသားစုဝင်တိုင်းရဲ့ သွားနှင့်ခံတွင်းကျန်းမာရေးအတွက်
အကောင်းဆုံးရွေးချယ်မှုများကိုပဲ ပြုလုပ်နိုင်ကြစေဖို့
ကျွန်တော်တို့ Oral Kare Myanmar မှ အသိပေးတိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ ..

အားလုံး သွားနှင့်ခံတွင်းပြဿနာများ ကင်းရှင်းကြပါစေကြောင်း ....

13/01/2021

"၂၀၂၁ မှာ ပြင်ရမယ့် သွားကျန်းမာရေးနှင့်ပတ်သက်သော အကျင့်ဆိုးများ "

(၁) သွားတိုက်တံတစ်ခုတည်းကို အကြာကြီးသုံးခြင်း ။
သွားတိုက်တံတွေကို အနည်းဆုံး (၃) လတစ်ကြိမ် လဲပေးရပါမယ်။ ဖွာလန်ကျဲနေတဲ့ သွားတိုက်တံတွေက သွားတွေကို လုံလုံလောက်လောက် သန့်ရှင်းမှုပေးနိုင်မှာမဟုတ်တဲ့အပြင် ခံတွင်းကျန်းမာရေးကို ထိခိုက်စေပါတယ် ။

(၂) သွားမြန်မြန်တိုက်ခြင်း ။
တချို့လူတွေရဲ့သွားတိုက်ချိန်ဟာ ၄၅ စက္ကန့်လောက်သာကြာပါတယ်...။ တကယ်တော့ သွားတိုက်တဲ့အခါ အနည်းဆုံး (၂) မိနစ်ခန့်ကြာသင့်ပြီး တစ်နေ့နှစ်ကြိမ်တိုက်ရမှာပါ...။
ခုခေါတ်လို Smart phone ကိုယ်စီရှိကြတဲ့ခေါတ်မှာတော့ phone နဲ့ Timer ပေးထားပါ ဒါမှမဟုတ် သီချင်းတစ်ပုဒ်ဖွင့်ပြီး ပြီးတဲ့အထိတိုက်ပါ..။

(၃) အားဖြင့်ဖိတိုက်ခြင်း ။
လူတော်တော်များများက သွားတွေကို အားနဲ့ဖိတိုက်မှ အားရသလို ပိုပြီးသန့်ရှင်းတယ်လို့ယူဆထားကြပါတယ်...။ တကယ်တော့ အားအများကြီးသုံးပြီး သွားဖိတိုက်တာက သွားဖုံးတွေကို ပျက်စီးစေပါတယ်...။
ဒီတော့ သွားများ သွားဖုံးများကို အသာအယာသန့်ရှင်းပေးပါ...။

(၄) သွားပွတ်တံကို ဖြစ်သလိုသိမ်းခြင်း။
သွားပွတ်တံကို ထောင်ရက်အနေအထားနဲ့ ဖွင့်ပြီး ထားသင့်ပါတယ်..။ သွားပွတ်တံကို ဘူးတစ်ခုခုထဲမှာ အလုံပိတ်ပိတ်ပြီးထားတဲ့အခါ ဘက်တီးရီးယားတွေပေါက်ဖွားနိုင်ပါတယ်...။

(၅) သွားတိုက်တံမာမာကြီးသုံးခြင်း။
သွားတိုက်တံရဲ့ အမျှင်လေးတွေ နူးညံ့လေလေ သွားကျန်းမာရေးအတွက်ကောင်းလေပါပဲ...။ မာလွန်းတဲ့ သွားတိုက်တံနဲ့ သွားတိုက်တဲ့အခါ သွားနဲ့သွားဖုံးအစပ်နားနေရာလေးတွေ စုတ်ပြတ်သတ်သွားနိုင်ပါတယ်။
သင့်အတွက် ဘယ်လိုသွားတိုက်တံမျိုးက အသင့်တော်ဆုံးဆိုတာ သွားဘက်ဆိုင်ရာဆရာဝန်ဆီကနေ အကြံဉာဏ်တွေရယူပါ။

(၆) သွားတိုက်နည်းစနစ်မှားနေခြင်း ။
သွားတိုက်ရင် များသောအားဖြင့် ကန့်လန့်ဖြတ်ပြီးတိုက်နေကြတယ်ပေါ့နော်...။
သွားနှင့်ခံတွင်းရောဂါတွေကို ကာကွယ်ဖို့အတွက် စနစ်ကျတဲ့သွားတိုက်နည်းဟာ အကောင်းဆုံးဖြစ်တယ်..။ ဒီတော့ သွားနှင့်ခံတွင်းဆေးခန်းတွေမှာ check up လုပ်ရင်း သွားတိုက်နည်းစနစ်မှန်ကို သွားဘက်ဆိုင်ရာ ဆရာဝန်ဆီကနေ သင်ယူနိုင်ပါတယ်...။

သွားနှင့်ခံတွင်းရောဂါတွေ ကင်းရှင်းပါစေခင်ဗျာ ။

ချစ်ခြင်းဖြင့်သာ မျှဝေပါသည် ။
ဒေါက်တာမျိုးမြင့်အောင်

07/01/2021

Day & Night with Oral Kare

Oral Kare သွားတိုက်ဆေးရဲ့ ထူးခြားတဲ့အချက်တစ်ခုက
မနက် နဲ့ ည အသုံးပြုဖို့ သွားတိုက်ဆေးဘူးတစ်စုံပါဝင်တာပဲဖြစ်ပါတယ် ..

မနက်ခင်းအသုံးပြုရမယ့်သွားတိုက်ဆေးလေးဟာ သွားပိုးစားခြင်းမှ အထူးကာကွယ်ပေးနိုင်ပြီး
ညခင်းအတွက် သွားတိုက်ဆေးလေးကတော့ သွားဂျိုးများအညစ်အကြေးများကို သန့်ရှင်းစင်ကြယ်စေပါတယ် ..

ဒါကြောင့် Oral Kare ကို မနက်ကောညပါ အသုံးပြုခြင်းအားဖြင့် သွားနဲ့ခံတွင်း ကျန်းမာရေးအတွက် ထူးခြားတဲ့အထောက်အကူဖြစ်စေမှာ အသေအချာပါခင်ဗျာ ..

Oral Kare သွားတိုက်ဆေးကို သဘာဝဆေးဖက်ဝင်အပင်များနဲ့ စနစ်တကျ စီမံဖော်စပ်ထားတဲ့အတွက်
မိမိတို့ရဲ့ ရင်နှစ်သည်းချာ သားသားမီးမီးတို့အတွက် ဘေးဥပါဒ်ဖြစ်မှာစိတ်မပူရဘဲ အသုံးပြုနိုင်မှာပါခင်ဗျ ..

✅ Singapore HSA Approved.
✅ Myanmar FDA Approved.


Your Partner in Oral Hygiene

04/01/2021

“(၇၃)ကြိမ်မြောက် လွတ်လပ်ရေးနေ့အား ကြိုဆိုဂုဏ်ပြု အပ်ပါသည်”


Your Partner in Oral Hygiene

03/01/2021

Proverbs Quiz

ဒီနေ့တော့ ပျော်စရာလေး တစ်ခုလောက် လုပ်ကြရအောင် ..

ဘာလဲဆိုတော့ သွားနဲ့ခံတွင်း အကြောင်းနဲ့ ပတ်သတ်တဲ့ မြန်မာစကားပုံလေးတွေအကြောင်းပြောရအောင်လေ ..

ဥပမာ ကြာကြာဝါးမယ့်သွား အရိုးကြည့်ရှောင် ..

ဒီစကားပုံလေးရဲ့ ဆိုလိုရင်းက
မာတယ် ခံနိုင်ရည်ရှိတယ်ဆိုပေမယ့် ရေရှည်ခိုင်ခံဖို့အတွက်
အရိုးလို တခြားသော မာတဲ့အရာတွေ ရှောင်ရှားသင့်သလိုမျိုး

ရေရှည်အကျိုးစီးပွားအတွက်ဆိုရင် ထိခိုက်ဆုံးရှုံးမှုအနည်းဆုံးဖြစ်အောင် သတိထားဆောင်ရွက်ရန် ဆိုလိုရင်းဖြစ်ပါတယ်

ကဲ မိတ်ဆွေတို့သိထားတဲ့ သွားနဲ့ခံတွင်းဆိုင်ရာစကားပုံလေးတွေကို ဆိုလိုရင်းလေးတွေနဲ့တကွ comment မှာ ရေးပေးခဲ့ကြပါဦးနော် ..

အားလုံးအတွက်လည်း ဗဟုသုတ တိုးစေနိုင်တာမို့ ပါဝင်ပေးကြပါဦး ...

31/12/2020

နှစ်ဟောင်းကုန်ဆုံးလို့ တစ်နှစ်သစ်မယ့်အချိန် ရောက်ရှိလာပါပြီ ..

နှစ်သစ်ကို စိတ်သစ်လူသစ် နဲ့ အကောင်းဆုံးစတင်နိုင်ပါစေ ..

ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်းတို့နဲ့ ပြည့်စုံကာ
အလုပ်အကိုင် အကြံအစည်ကောင်းများ တိုးပွားကာဖြင့်
အဆင်ပြေအောင်မြင် နိုင်ကြပါစေကြောင်း

Oral Kare Myanmar မှ နှစ်သစ်ဆုမွန်ကောင်းပြုလိုက်ရပါတယ်ခင်ဗျာ ....




✅ Singapore HSA Approved.
✅ Myanmar FDA Approved.

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Address

No 526 Damayone 3rd Street Hlaing Township
Yangon

Opening Hours

Monday 09:00 - 19:00
Tuesday 09:00 - 19:00
Wednesday 09:00 - 19:00
Thursday 09:00 - 19:00
Friday 09:00 - 19:00
Saturday 09:00 - 19:00
Sunday 09:00 - 19:00