Lambest Luxury Skin Care - Sisters Business Group

Lambest Luxury Skin Care - Sisters Business Group

Share

Creative Your Own Beauty

20/05/2022

🕘တ​စ်​နေ့တာလုံး အဆီပြန်ခြင်းကင်းပြီး နူးညံ့တဲ့အထိအ​တွေ့​လေးနဲ့🥰 အမြဲလှပ​နေ​စေမယ့်
💞Lambest Two Way ကို သုံးကြည့်ပြီးပြီလား?

👉Two Way Powder ဆိုတာ မိန်းက​လေး​တွေရဲ့ လက်ကိုင်အိတ်ထဲမှာ 💁‍♀️မပါမဖြစ် ပစ္စည်းတစ်ခုပဲ​နော်!

📢အခြား two way ​တွေနဲ့မတူတဲ့ သူ့ရဲ့ထူးခြားချက်​​တွေက......

🌈ဘက်တီးရီးယား​တွေ မျက်နှာအ​ရေပြားကို တိုက်ရိုက်မထိ​အောင်ကာကွယ်​ပေးတယ်
🌈အသား​အရေညိုမဲ​ခြောက်​သွေ့ခြင်းမှ ကာကွယ်​ပေးတယ်
🌈မျက်နှာမှာရှိတဲ့ အမဲစက်နဲ့ အ​ရေးအ​ကြောင်း​တွေကို ဖုံးကွယ်​ပေးနိုင်တယ်
🌈အသားအ​ရေကို ​ရေဓါတ်ပြည့်ဝ​နေ​စေပြီး အဆီပြန်ခြင်းကိုထိန်းချုပ်ထား​ပေးနိုင်တယ်
🌈လိမ်းထားတဲ့အချိန်မှာလဲ ​ပေါ့ပါးနူးညံ့တဲ့ အထိအ​တွေ့ကိုခံစား​နေရ​စေတယ်
🌈အဆင့်တန်းမြင့်တဲ့ ထုတ်လုပ်မှုပုံစံ​နဲ့ Smart ကျတဲ့ဗူး Design ​လေး​​ကြောင့် လူကြားထဲမှာ ထုတ်သုံးတဲ့အချိန် ဆွဲ​ဆောင်မှုပိုရှိ​စေတယ်

No.1️⃣Ivory white
No.2️⃣Natural ဆိုပြီး (2) မျိုး​ရွေးချယ်စရာရှိတာဆို​တော့ 👉ကိုယ့်အသားအ​ရေနဲ့ အလိုက်ဖက်ဆုံးကို စိတ်ကြိုက်​ရွေးလိုက်ယုံပဲ​နော်။😉

💗နူးညံ့​ပေါ့ပါးတဲ့ အထိအ​တွေ့နဲ့ 💞Lambest ရဲ့ Two way Powder ​လေးကချစ်တို့ကို ​
🌞တောက်ပတဲ့​နေ့ရက်​တွေဆီ ​ခေါ်​ဆောင်​သွားနိုင်မှာပါရှင်။

16/03/2022

🌕တ​ပေါင်းလပြည့်
(မြတ်ဗုဒ္ဓပြည်​တော်ဝင်အခါ​တော်​နေ့)📿🙏

🌤​အေးချမ်းတဲ့​ဆောင်းရာသီကာလကုန်ဆုံးလို့ ​
လေရူးတိုက်ခတ်တဲ့ ​🌻နွေဦးဆန်းစတ​ပေါင်းလ​လေးကို ​ရောက်ရှိလာခဲ့ပါပြီ.......

⏳မြန်မာပြက္ခဒိန်ရဲ့​နောက်ဆုံးလ တစ်လဖြစ်တဲ့
တ​ပေါင်းလဟာဆိုရင် 💢မြန်မာ့၁၂ရာသီပွဲ​တော်များထဲမှာ ထင်ရှားတဲ့ပွဲ​တော်လ လဲဖြစ်ပါတယ်ရှင်။

💁‍♀️ယခုကျ​ရောက်တဲ့ မြတ်ဗုဒ္ဓပြည်​တော်ဝင်အခါ​တော်​နေ့ တ​ပေါင်းလပြည့်မှာ
💟Lambest ရဲ့ချစ်မိတ်​ဆွေ မိသားစုများအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး ​ကောင်းကျိုးလိုအင်ဆန္ဒများ ပြည့်ဝကြပါ​စေလို့ ဆုမွန်​ကောင်း​တောင်း​ပေးလိုက်ပါတယ်ရှင်!🙏🙏🙏

Photos from Lambest Luxury Skin Care - Sisters Business Group's post 13/03/2022

သင်္ကြန်နှစ်သစ်အတွက် 💧
Promotion လေး Lambestချစ်သူတို့အတွက်လာပါပြီ တန်တုန်းလေးလိုအပ်တာရှိယူထားပါနော်

ကြိုက်ရာတစ်ဘူး ၀ယ် ၅%

Two Way + Foundation + Lipstick (01 / 02 /03-ကြိုက်ရာတစ်ချောင်း)
အလှကုန်၃မျိုးတစ်ဆက်ယူ လက်လီ၅% + Handgelတစ်ဘူး

၁၅၀၀၀၀ ကျပ်ပြည့်ပါက ကြိုက်ရာယူ
15% + Handgel တစ်ဘူး + TS နို့ရည် ၂ချောင်း

11/03/2022

Lambest ချစ်သူ တို့ရေ Sisters Business Group ရဲ့ Business Partners တစ်ခုဖြစ်တဲ့Light Year Beauty Salon ဆိုင်မှာ Lambest Product များ
လက်လီလက်ကား ဝယ်ယူရရှိန်ိုင်ပါပြီနော်။

အလှအပနဲ့ပတ်သတ်ရင်လည်းစိတ်တိုင်းကျမှုပေးနိုင်တဲ့
Light Year ကိုတစ်ခေါက်လောက်တော့အလည်သွားဖို့မမေ့နဲ့နော်

09/03/2022

တစ်နေကုန် Confident ရှိရှိလှနေဖို့ Lambest ၃မျိုးတော့လိုမယ်နော် 😘

ခု ၃မျိုးက မိတ်ကပ်လိမ်းတဲ့သူရော သနပ်ခါးလိမ်းတဲ့သူအတွက်ပါ အဆင်ပြေတယ်နော်

Lambest Product တွေထဲက ကျန်တာတွေ မသုံးနိုင်တောင် မျက်နှာသစ်၊တိုနာ၊မိတ်ကပ်ရည် ၃မျိုးလောက်သုံးရုံးနဲ့ အဆင်ပြေတယ်နော်

Skin ကောင်းဖို့ဆို မျက်နှာသစ်က အဓိကကျတဲ့အတွက် မျက်နှာသစ်က ဖယ်ထားလို့မရဘူးနော်

မျက်နှာသစ်ပြီးရင် ရေဓာတ်ဖြည့်ဖို့အတွက် တိုနာက မဖြစ်မနေသုံးပေးရပါမယ် အဆင့်ကျော်လို့ရတဲ့အထဲမှာ မပါဘူးနော်

Foundation လေးကတော့ ပြောင်ပြောင်ကြည်ကြည်လေးနဲ့ Glow ချင်တဲ့ချစ်တို့အတွက် အရမ်း OK တယ်နော်

သနပ်ခါးလိမ်းတဲ့ ချစ်တို့အတွက် Foundation လေးလိမ်းပြီး သနပ်ခါးထပ်လိမ်းလိုက်ရင် မျက်နှာလေးက မှုန်မှုန်လေးနဲ့ စိတ်ကျေနပ်စရာ အရမ်းကောင်း😊😁😁

ပိုပြီး Glow ချင်တယ် လှချင်ရင်တော့ Set လိုက်သုံးပေါ့နော့်😁😜 Sisters Business Group ကပေးတဲ့ Free Gift လေးလည်းရမှာနော်

🏢 မြို့ပေါင်း (၉၀) ကျော်သို့ 💢 Lambest ကို ကြိုက်နှစ်သက်သုံးစွဲသူတွေဆီ 🏠အိမ်တိုင်ရာရောက်ပို့ဆောင်ပေးနေပြီး လက်ထဲပစ္စည်းရောက်မှ 🤗 ငွေချေလို့ ရသေးတယ်လို့ မင်မင်ကပြောပြချင်သေးတယ်။

🛍လက်လီလက်ကားဝယ်ယူလို့ရပါတယ်ရှင့်

ငွေပေးချေတဲ့နေရာမှာ ချစ်တို့က 👉 ငွေသားပဲထင်နေတာလား.....

📲 KBZ Pay, Wave Pay,KBZ Banking,AYA Banking,CB Banking နဲ့ Yoma bankingနဲ့ပါပေးချေလို့ရအောင် မင်မင်ကစီစဉ်ပေးထားပါတယ်ရှင့်

ပျိုမေတို့ လန်ထွက်စေနေမယ့် 💢 Lambest ရဲ့ အဖိုးတန် ဈေးတန် 👉 Product တွေက အငေးခံရပ်ဝန်းကို ဖန်ဆင်းပေးမှာ အမှန်ပါ။

🧾 More Detail : Page Chat Box
☎️ Phone No : 09790829696

-Sisters Business Group

09/03/2022

Toner တွေကိုဘာကြောင့်နှစ်ပေါင်းများစွာ သုံးလာကြတာလဲ။

သူ့ရဲ့ကောင်းကျိုးတွေကကောဘာတွေလဲ?

ချွေးပေါက်ကျဥ်းပြီး ဝက်ခြံတွေသက်သာစေလို့လား/တခြားအကျိုးကျေးဇူးအနေနဲ့ကတော့ဘာတွေပါလဲ?

What is toner????

Tonerဆိုတာ နေ့တိုင်းသုံးပြီးလွယ်သယောင်နဲ့ ရှင်းစရာအများကြီးရှိတဲ့ကောင်လေးပါပဲ ။

1ဘယ်လိုလူတွေ သုံးသင့်တာလဲ။
2ဘာကြောင့်သုံးသင့်တာလဲ။
3ဘာကောင်းကျိုးတွေရလဲ။
စသဖြင့် Kyawလေး အဓိကသုံးချက်နဲ့ပြောပြပေးသွားပါ့မယ်နော်😗။

Ok! Let's start....

Toner ဆိုတာနဲ့ Kyawလေးတို့ရဲ့ နေ့စဥ် skin care routine မှာမပါမဖြစ်လေးပဲလေ။

များသောအားဖြင့် Toner လေးရဲ့ texture က watery type နဲ့လာတာများပါတယ်။

Toner ကိုနေ့တိုင်းမသုံးလို့မရဘူးလား???

🙅No ပါနော် Kyawလေးတို့မျက်နှာက cleansing form နဲ့မပြောင်တဲ့ အဆီပိုတွေ အညစ်အကြေးတွေကို toner လေးကလုပ်ဆောင်ပေးတာပါ။

Kyawလေးတို့နေ့စဥ်နဲ့အမျှskin ကိုသာ care လာပြီး Toner step ကို ပလစ်ထားရင် နောက်ဆက်တွဲတွေလာမယ်နော်🙂

Toner လေးနဲ့ပုံမှန်မျက်နှာကိုသန့်စင်ပေးခြင်းဖြင့် Kyawလေးတို့ရဲ့မျက်နှာပေါ်ကဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်ပါတယ်။PH levelကိုလည်းပြန်ညှိပေးပါတယ်။

ဆဲလ်သေတွေကိုဖယ်ရှားဖို့လိုလို့လား??
တကယ်လိုအပ်ပါတယ်ဗျ။နေ့စဥ်နဲ့အမျှရှိနေတဲ့မျက်နှာပေါ်က ဆဲလ်အသေတွေကိုဖယ်ရှားလိုက်မှသာ ဆဲလ်အသစ်တွေက နေရာယူနိုင်မှာဖြစ်ပါတယ်။

ပြသာနာအရှာဆုံးကောင်လေး oily skin တွေရဲ့အမုန်းဆုံး အဆီပို ( excess oil) အမုန်းဆုံးပဲ Kyawလေးကိုတိုင်ကအဲ့skin typeဖြစ်နေတာ။

အဆီတွေအညစ်အကြေးတွေကိုပြောင်အောင်မသန့်စင်နိုင်ရင်နောက်ဆက်တွဲ Acne တွေကလိုက်လာကြမှာလေ။

1ဘယ်လိုလူတွေသုံးသင့်လဲ???

ဘယ်လိုလူတွေသုံးသင့်လဲဆိုရင်......
အဆီပြန်တတ်တဲ့သူ (oily skin)

ဝက်ခြံနဲ့အမာရွတ်အမဲစက်ရှိတဲ့သူတွေ

အသားခြောက်ပြီး အသားတင်းတဲ့သူတွေအတွက် အဓိက Aloe Vera ပါတာလေးသုံးပေးနော်

အဆီဖုသမားတွေ

ပေါင်းစပ်ထားတဲ့အသားအရေ(ခေါင်းရှုပ်သွားလား😁)
အဆီလည်းပြန်အသားလည်းခြောက် ဟိုတစ်ကွက် ဒီတစ်ကွက် အသားအရေမျိုးကိုပြောတာပါ

2ဘာကြောင့်သုံးသင့်တာလဲ???

ဒါပေါ့ Toner ဆိုတာ Skin တိုင်းအတွက်လိုအပ်ပါတယ်။အထူးသဖြင့် Oily skin ဆိုပိုတောင်လိုအပ်ပါသေးတယ်ဗျ။လူကြီးလူငယ်....အစုံသုံးလို့ရပါတယ်ဗျ။
သနပ်ခါးလေးလိမ်းတာကို tonerသုံးစရာလိုလို့လား???
တကယ်လိုပါတယ်ဗျ သနပ်ခါးကြောင့်ချွေးပေါက်ထဲမှာကျန်ခဲ့တဲ့ အညစ်အကြေးတွေကို toner လေးက သန့်ရှင်းပေးနိုင်ပါတယ်။အထူးသဖြင့်မိတ်ကပ်သမားတွေပိုပြီးသုံးသင့်ပါတယ်။
Cleansing Step မှာ (Final) လို့လည်းပြောလို့ရပါတယ်။Toner နဲ့ပဲအဆုံးသတ်ပြီးအညစ်အကြေးတွေကုန်စင်တော့မှ နောက်ကလိုက်မယ့် serum,essence,moisturizer.....etc စသဖြင့်သွားရတာပါ။

3ဘာကောင်းကျိုးတွေရလဲ???

ကျယ်နေတဲ့ချွေးပေါက်လေးတွေကိုကျဥ်းစေတာ် (ရေရှည်သုံးပေးနော်)
အဆီပြန်တာကိုသက်သာစေတယ်
မျက်နှာ အတွင်းပိုင်း layer အထိသန့်စင်ပေးလို့ အသားအရေကြည်လင်စေတယ်
Dead Cells ဆိုတဲ့ကောင်တွေကို ဖယ်ရှားပေးလို့ ဆဲလ်အသစ်နေရာယူဖို့အားကောင်းစေတယ်
PH level ညှိပေးတယ်
Breakout ဖြစ်နေတဲ့အချိန်သက်သာစေတယ်(Breakout ဖြစ်နေချိန်အပြင်းစား AHA BHA ပါတာတွေရှောင်ပေးနော် တချို့အတွက်အရေပြားပါးလာနိုင်လို့)

အဓိကအနေနဲ့Toner ကိုညဘက်မှာသုံးဖို့လုံးဝမမေ့ပါနဲ့ အရမ်းအရေးကြီးပါတယ်နော်။

Types of Toner

Toner တွေကိုအမျိုးအစားခွဲရင် (၄)မျိုးရှိပါတယ်။

(1) Tonics - အဆီပြန် (or) ပုံမှန်အသားအရေအတွက်အထူးသင့်တော်ပါတယ်။အယ်ကိုဟော် အနည်းငယ်ပါဝင်ပါတယ်။Alcohol 20%အထိပါဝင်နိုင်ချေရှိပါတယ်။

(2)Fresheners - အသားခြောက်တဲ့သူတွေအတွက်သင့်လျော်ပါတယ်။Glycerin & Hyaluronicပါရင် အစိုဓာတ်ထိန်းပေးပြီး skin ခြောက်သွေ့ခြင်းကိုကာကွယ်ပေးပါတယ်။ပုံမှန်အနေနဲ့ကတော့ Alcohol သိပ်မတွေရပဲ Aqua ဖြင့်သာအတွေ့များရပါတယ်။

(3)Astringents - Astringent toner တွေက အဆီပြန်တဲ့မျက်နှာတွေမှာအဆင်ပြေတယ်။နောက်ပြီးပိုးသတ်နိုင်စွမ်းလည်းရှိတယ်။Alcohol ကတော့ 20-60% ထိပါလေ့ရှိတယ်။အယ်ကိုဟောများပါတယ်နော်။

(4)Acid Toner - Alpha Hydroxy acid and beta hydroxy acid ပါဝင်တဲ့အတွက် ဓာတုဗေဒတွေပါဝင်ပါတယ်။Salicylic acid(BHA)and lactic acid (AHA) ပါတဲ့အတွက် အရေပြားရဲ့ deep layer အထိပါ exfoliating လုပ်ပေးနိုင်ပါတယ်။acne prone , combination oily အတွက်သင့်တော်ပါတယ် မသုံးတတ်ရင်ဘေးဖြစ်တယ်နော်။

ချစ်သောKyawလေး
Be safe & strong

Photos from Lambest Luxury Skin Care - Sisters Business Group's post 09/03/2022

မကြာမှီလာမဲ့ Lambest New Baby လေး ပါနော် ❤️❤️

Photos from Lambest Luxury Skin Care - Sisters Business Group's post 07/03/2022

အိမ်ထဲမှာပဲနေရင်း 🧏 ကိုယ့်ရဲ့အသားအရည်လေးကို ပြုပြင်ထိန်းသိမ်းဖို့ နည်းလမ်းကောင်း၊ 👉 Product ကောင်းတွေကို ရှာဖွေနေတယ်ဆိုရင်တော့ 💢 "Lambest" ကိုညွှန်းပေးချင်ပါတယ်နော်။

💢 "Lambest" က

🔸အရွယ်မတိုင်ခင်အိုမင်းရင့်ရော်ခြင်းကို ကာကွယ်ပေးတယ်၊

🔸အရေးအကြောင်းတွေကိုလျော့ပါးစေတယ်၊

🔸အသားအရေကိုနူးညံ့ဝင်းအိချောမွတ်စေတဲ့အပြင်

🔸ဝက်ခြံ၊အဆီဖုတွေကိုလည်း သက်သာပျောက်ကင်းစေပါတယ်ရှင့်။

🧏 အသားအရေအမျိုးအစားအားလုံးအတွက် "Lambest" က 👉 Skincare Set သုံးမျိုးထုတ်လုပ်ထားပါတယ်။

Skincare ဆိုတာက 🧏 မျက်နှာတစ်ခုလုံးလှပနေစေဖို့ လုပ်ကိုလုပ်သင့်တဲ့ အဆင့်တစ်ခုပါပဲနော်။

Skincare product ကို ကိုယ့်ရဲ့အသားအရေနဲ့အသင့်တော်ဆုံး 💢 Brand တစ်ခုထဲကပဲဝယ်ယူသုံးစွဲတာက အဆင်အပြေဆုံးဖြစ်စေမှာပါ။ 🤗

💁 Sensitive Skin သမားတွေအတွက်ထုတ်ထားတဲ့ Skincare set ကို ပုံမှန်လေးသေချာသုံးစွဲပေးမယ်ဆိုရင် ဆန်းဆန်းတင့်လေးတွေလည်း စိုပြေလှပတဲ့ Skin လေးကို 🤗 ပိုင်ဆိုင်နိုင်မှာအသေအချာပါပဲ။

💁 Oily Skin & Normal Skin တွေအတွက်လည်း Oil Control သေချာလုပ်ပေးပြီး 💫 အသားအရေလေးကိုကြည်လင်ပြီး Glow Look လေးပိုင်ဆိုင်စေမယ့် Oily & Normal Skin Set လေးကိုလည်းထုတ်လုပ်ထားပါတယ်။

💁 အသားအရေကအရမ်းကိုခြောက်လို့ မိတ်ကပ်လိမ်းရတာလည်းအဆင်မပြေဘူးဆိုသူတွေအတွက် Dry Skin Set လေးနဲ့ Skincare ပြီး အရမ်းမိုက်တဲ့ Makeup look လေးတွေနဲ့ လန်းကြမယ်နော့်။ 🤗

ဒါဆို....အများကြီးစဥ်းစားမနေတော့ဘဲ 💢 "Lambest" ရဲ့ Skincare Set တွေနဲ့ လှလိုက်ကြစို့နော်။

အသေးစိတ် သိရှိလိုပါက 📩 Page Messenger မှာ မေးမြန်စုံစမ်းပြီး ဝယ်ယူအားပေးနိုင်သလို 📲 ဖုန်းနံပါတ် : 09 790 829 696 ကိုလည်း တိုက်ရိုက် ဆက်သွယ်ပြီး မှာယူနိုင်ပါတယ်။

07/03/2022

🌞ပူပြင်းခြောက်သွေ့တဲ့ နွေရာသီကို စတင်ကူးပြောင်းလာပါပြီ....😫

💥နေလောင်ဒဏ်တွေ၊ခြောက်သွေ့ အက်ကွဲတဲ့အသားအရေတွေနဲ့ ၊ပူပြင်းတဲ့‌နေရောင်ခြည် ကြောင့်ဖြစ်တတ်တဲ့ တင်းတိတ်၊ အမဲစက် စတဲ့ ပြသနာတွေကို ကာကွယ်ဖို့ စီစဉ်ပြီးပီလား...❓

💝Lambest က ချစ်တို့အားလုံးအတွက် အကောင်းဆုံးဖြစ်ဖို့ စီစဥ်ထားပါတယ်ရှင်

Luxury ရနံ့သင်းသင်း​လေး​မွှေးပြီး .…
👉အသားအ​ရေ​ခြောက်​သွေ့ခြင်း
👉အသား​ရောင်မညီခြင်း​
👉နေ​လောင်ထားခြင်း​တွေနဲ့
👉အမာရွတ်၊အမဲစက်​တွေကို သိသာစွာ​ပျောက်ကင်း​စေမယ့်
💁‍♀️Lambest body lotion နဲ့ soft body essence ​လေး​​တွေက ဘယ်နေရာ ဘယ်အချိန်ပဲသွားသွား အသားအရေအတွက် စိတ်ပူစရာမလိုပဲ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိစေဖို့ ကူညီပေးမှာပါ 🤩

ဒါ့အပြင်...အခုကာလမှာလဲ...
💁‍♀️Lambest Soft Body Essence ဒါမှမဟုတ်
💁‍♀️Lambest Body Lotion တစ်မျိုးကို ဝယ်ယူလိုက်တာနဲ့ 🎊ကံစမ်းမဲကူပွန်တစ်​စောင် ရရှိမှာဖြစ်ပါတယ်ရှင်။

ကံထူးနိုင်မယ့် ဆုလက်​ဆောင်​တွေက​တော့.....

🎊iPhone 13 (1)လုံး
🎊iPad 9th Gen (1)လုံး
🎊ရွှေလက်စွပ် (6) ကွင်း
🎊ငွေကျပ် ၃၀၀,၀၀၀/- ​တို့ပဲဖြစ်ပါတယ်။

🥰ကဲ...အမြန်ဆုံး​ပြေးဝယ်ပြီး အသားအရေလဲ ထိန်းသိမ်းရင်း ဆုလက်​ဆောင်​တွေရဖို့အတွက် စောင့်မျှော်ရင်ခုန်လိုက်ကြရ​အောင်​နော်!😘😘

23/02/2022

အိပ်ယာနိုးပြီးဆို မျက်နှာသစ်ရေချိုး Skin Care လေး လိမ်းပြမှ အပြင်ကိုသွားကြမယ် 😘😘

Photos from Lambest Luxury Skin Care - Sisters Business Group's post 22/02/2022

လူတယောက်သုံးတဲ့ cleansing ကောင်းမကောင်း သိချင်ရင် နှာခေါင်းထိပ်လေးတွေကြည့်😬😉

ဆားဝက်ခြံလေးတွေကင်းပြီး skinလေးကြည်သန့်နေရင် သူအမြဲသုံးတဲ့ မျက်နှာသစ် ကောင်းကောင်းထိတွေ့ထားလို့ပါ💦💦🚿🚿

Lambest မျက်နှာသစ် စသုံးပြီဆိုကတည်းက တဖြေးဖြေးနဲ့ ဆားဝက်ခြံလေးတွေကင်းလာတာ အရမ်းသဘောကျတဲ့အချက် 📌

မျက်နှာသစ်ပြီးတိုင်း ရှိသမျှအညစ်ကြေးပြောင် မျက်နှာလေးတင်းပြောင်ပြီး glowနေတာလေးကိုကအသက် 📌

Lambest amino acid facial cleanser - 29800 Ks

ပိုပြီး Glow ချင်တယ် လှချင်ရင်တော့ Set လိုက်သုံးပေါ့နော့်😁😜 Sisters Business Group ကပေးတဲ့ Free Gift လေးလည်းရမှာနော်

🏢 မြို့ပေါင်း (၉၀) ကျော်သို့ 💢 Lambest ကို ကြိုက်နှစ်သက်သုံးစွဲသူတွေဆီ 🏠အိမ်တိုင်ရာရောက်ပို့ဆောင်ပေးနေပြီး လက်ထဲပစ္စည်းရောက်မှ 🤗 ငွေချေလို့ ရသေးတယ်လို့ မင်မင်ကပြောပြချင်သေးတယ်။

🛍လက်လီလက်ကားဝယ်ယူလို့ရပါတယ်ရှင့်

ငွေပေးချေတဲ့နေရာမှာ ချစ်တို့က 👉 ငွေသားပဲထင်နေတာလား.....

📲 KBZ Pay, Wave Pay,KBZ Banking,AYA Banking,CB Banking နဲ့ Yoma bankingနဲ့ပါပေးချေလို့ရအောင် မင်မင်ကစီစဉ်ပေးထားပါတယ်ရှင့်

ပျိုမေတို့ လန်ထွက်စေနေမယ့် 💢 Lambest ရဲ့ အဖိုးတန် ဈေးတန် 👉 Product တွေက အငေးခံရပ်ဝန်းကို ဖန်ဆင်းပေးမှာ အမှန်ပါ။

🧾 More Detail : Page Chat Box
☎️ Phone No : 09790829696

-Sisters Business Group

22/02/2022

ဒီနေ့ကတော့ Manifestation လုပ်ဖို့ ကောင်းတဲ့နေ့လို့ ပညာရှင်တွေက တိုက်တွန်း နှိုးဆော်ကြတဲ့အတွက် Manifestation လုပ်တဲ့ အကြောင်းလေးကို ရေးလိုက်ပါတယ်..

ကျွန်မတို့အားလုံး..
အခု တစ်နှစ်..နှစ်နှစ်အတွင်းမှာ..စာတွေဖတ်ရင်း..Facebook ကြည့်ရင်း Manifestation ဆိုတဲ့..ဝေါဟာရတစ်ခုကို မကြာခဏ ခလုတ်တိုက်မိနေတတ်ကြပါတယ်..

Energy လို့ခေါ်တဲ့..
စွမ်းအင်ပညာရပ်တွေ..
လောကီပညာတွေ ထွန်းကားလာတဲ့ ခေတ်မှာ Manifestation ဆိုတာ.. ကိုယ်ဖြစ်ချင်တာတွေကို ဖြစ်အောင် ပုံဖော် စိတ်ကူးရင်း ကြိုးစားယူတဲ့နည်းလမ်း တစ်ခုအဖြစ် လူတွေသိနားလည်ခဲ့ကြတယ်..လက်ခံ ကျင့်သုံးလာကြတယ်..

ဘဝထဲမှာ..ကိုယ်လိုချင်တဲ့..အခြေအနေတွေ..ဖြစ်ရပ်တွေ..
ငွေတွေ..အလုပ်တွေ..လူတွေကို ဘယ်လို Attract လုပ်မလဲ..ဆွဲဆောင်မလဲ..ကိုယ်ဖြစ်ချင်တာတွေ ရလာအောင် ဘယ်လို Manifest လုပ်မလဲ ဆိုတာကို စာတွေချရေးတာ.. ရုပ်ပုံကားချပ်တွေ ထည့်ပြီး..Vision Board တွေ လုပ်တာ..Meditation တွေလုပ်တာ..စသည်ဖြင့်
နည်းပေးလမ်းပြ..လုပ်ပေးကြတဲ့ ဆရာ..ဆရာမတွေလည်း အများကြီး ပေါ်လာတယ်..လိုက်လုပ်ကြပြီး တကယ်ကို အကျိုးကျေးဇူးတွေ ရလာတယ်ဆိုတဲ့လူတွေကို တွေ့ရတာဟာလည်း..ဝမ်းသာစရာပါပဲ..

တချို့ Program တွေ ကျွန်မ ကိုယ်တိုင် လိုက်ပြီး Join လုပ်ကြည့်ပါတယ်..လုပ်ရင်းနဲ့..
အီလည်လည် ဖြစ်သွားရတာတွေရှိသလို ဆရာနဲ့ ကိုယ်နဲ့ တကယ်ကို Connection မိပြီး..စိတ်တွေ..Energyတွေ.. အရမ်းနေလို့ကောင်းလာတာ.. ဖြစ်ချင်တာလေးတွေ ပြတ်ပြတ်သားသား သိလာတာမျိုးတွေလည်း ရှိပါတယ်..

တကယ်တော့ လူတိုင်းဟာ Manifestation လုပ်နေကြပါတယ်..ကျွန်မတို့တွေဟာ..နေ့စဥ် နဲ့အမျှ ဖြစ်ချင်တာတွေကို ဖြစ်အောင်ကြိုးစားနေကြသလို မဖြစ်ချင်တာတွေကိုလည်း မဖြစ်အောင် ကြိုးစားနေကြတာပါပဲ..ဒါဟာ Manifestation ပါပဲ..

ဒါကြောင့် Manifestation ဆိုတာဟာ.. ဝေါဟာရအနေနဲ့သာ..အစိမ်းသက်သက်ဖြစ်ချင်ဖြစ်နေမယ် ဒါပေမဲ့..ဘယ်သူမှ မသိတဲ့
အရာတစ်ခုတော့မဟုတ်ပါဘူး..

နည်းလမ်းတစ်ခု အနေနဲ့ ပေါ်လာတဲ့အခါမှာတော့ ကိုယ် နေ့တဓူဝ
လုပ်နေမိတဲ့ Manifestation တွေကိုပဲ.. ဘာပြီးရင် ဘာလုပ်..ဘယ်လိုစိတ်နဲ့ လုပ်ဆိုတာတွေ ပြောပြလိုက်တဲ့အခါ..အကုန်စုစည်းမိပြီး လမ်းတွေတည့်သွားတဲ့အတွက် ကိုယ် ရချင်တဲ့နေရာ..ရောက်ချင်တဲ့နေရာတစ်ခုကို မြန်မြန်ရပြီး ရောက်သွားတာမျိုးပါပဲ..

ပထမဆုံးတော့..ကိုယ်ဘာလိုချင်သလဲဆိုတာကို သေချာသိရပါမယ်..Clarity ရှိရပါမယ်..တိတ်ဆိတ်ငြိမ်သက်တဲ့..သန့်ရှင်းတဲ့..
တစ်နေရာလေးမှာ..အေးအေးဆေးဆေးလေးထိုင်..
သေချာလေး တွေးပြီး..စူးစူးနစ်နစ်အာရုံပြုကြည့်ပါ..

ကိုယ်ဖြစ်ချင်တဲ့ ပုံစံ Future Version ကို မြင်ယောင်ကြည့်ပါ..Realistic ဖြစ်ဖို့လိုပါတယ်..ဖြစ်နိုင်သလောက်တစ်ဆင့်ချင်းသွားဖို့လိုပါတယ်..ဖြစ်ဖို့နီးစပ်တာကိုပဲ တစ်ခုချင်း Manifest လုပ်ရပါမယ်..တစ်လ ၅သိန်းရနေတဲ့လူက ချက်ချင်းကြီး တစ်လ သိန်းတစ်ရာ ရလာဖို့ဆိုတာ မဖြစ်နိုင်ပါဘူး..တစ်လ ဆယ်သိန်းလောက်ကတော့ ဖြည်းဖြည်းချင်းဖြစ်လာနိုင်ပါတယ်..

Manifestation လုပ်ရာမှာ..အချက်လေးခုပေါင်းလိုက်ရင် Result ထွက်လာတယ်လို့ဆိုပါတယ်..

Intention

Intention ဆိုတဲ့ ရည်ရွယ်ချက်ရှိရမယ်.. ရည်ရွယ်ချက်ကကောင်းတဲ့ရည်ရွယ်ချက်ဖြစ်ရမယ်..
ကိုယ်အဆင်ပြေဖို့အတွက်..
သူတစ်ပါးကို ယှဉ်ပြိုင်အလဲထိုးချင်တာ ..ကျဆုံးစေချင်တာမျိုးမဖြစ်ရပါဘူး..

မနာလိုစိတ်..မခံချင်စိတ်.. အမုန်းစိတ်..ဒေါသစိတ် တွေပါနေတယ်ဆိုရင်..ဒီရည်ရွယ်ချက်ကကောင်းမွန်တယ်လို့မပြောနိုင်ဘူး..

ဥပမာအားဖြင့် ကိုယ်အဆင်ပြေပြေနေချင်တယ်..အေးချမ်းသာယာစွာနေချင်တယ်ဆိုတာက ကိုယ့်ရဲ့နှလုံးသားထဲကလာတာ..ကိုယ်တကယ်လိုချင်တာဖြစ်ရမယ်.. ကိုယ်အောင်မြင်ချင်လို့သူများကကျဆုံးပေးရမယ်ဆိုတာမျိုးမဖြစ်ရဘူး..

ကိုယ့်ဘဝ..အဆင်ပြေ. .အေးချမ်းချင်တယ် ဒါမှ..ကိုယ့်အတွက်ကိုယ်..သံသရာကလွတ်အောင် ကူညီနိုင်မယ်..ကိုယ့်နားကလူတွေကို အများကြီး စောင့်ရှောက်နိုင်မယ် စသည်ဖြင့်.. နှလုံးသားထဲကလာတဲ့​
ဆန္ဒ..ရည်ရွယ်ချက်မျိုးဖြစ်ရမယ်..

Action

လိုချင်တာတွေကို..ဒီအတိုင်းကြီး..ထိုင်ပြီးဆုတောင်းနေလို့တော့..ဖြစ်လာမှာမဟုတ်ဘူး.. ဒါကြောင့် တကယ်လက်တွေ့ လုပ်ဆောင်မှုတွေ Action တွေ
ပါရမယ်.. အလုပ်ဆိုတာကံဖြစ်တဲ့အတွက်ကြောင့်မို့လို့..ကံတရားကို ကောင်းသောဖြည့်ဆည်းမှုတွေရှိရမယ်..လှုဒါန်း ပေးကမ်းတာ..မျိုးတွေပါတယ်..

နေမကောင်းရင်တော့ဆေးသောက်ရမှာပဲ..နေကောင်းဖို့ ဆုတောင်းနေတာထက်..ဆရာဝန်နဲ့ပြတာ..ဆေးခန်းသွားတာ..စတဲ့လုပ်သင့်လုပ်ထိုက်တဲ့အလုပ်တွေလုပ်ရပါမယ်..

Love

မေတ္တာစိတ်ကိုအဓိကထားရမယ် လောကီ ကိစ္စရပ်တွေမှာ..မေတ္တာဆိုတာ စွမ်းအားအကြီဆုံး ပါပဲ ....မေတ္တာဆိုတာ Inner Peace ပဲ..

မေတ္တာနဲ့ဆွဲငင်တယ်ဆိုရင်..အရာရာကိုအောင်နိုင်တယ်.. မေတ္တာနဲ့ဖြေရှင်းတယ်ဆိုရင်အရာရာကို ကျော်ဖြတ်နိုင်တယ်..

ဒါကြောင့် Manifestation လုပ်တယ်ဆိုတဲ့နေရာမှာ မေတ္တာတရားနဲ့..ကိုယ့်ရဲ့နှလုံးသားက စိမ့်အေးနေဖို့လိုတယ်..ငြိမ်းချမ်းနေဖို့လိုတယ်..အပူမရှိဖို့လိုပါတယ်..

Energy

နောက်တစ်ခုကတော့ စွမ်းအင်ဆိုတဲ့Energy ပဲဖြစ်ပါတယ် လုံလောက်တဲဝါယမစိုက်ထုတ်မှုတွေကို Energy လို့ပြောလို့ရပါတယ်..

ကောင်းတဲ့ Positive Energy တွေ ချိတ်ဆက်မှုရှိဖို့..သူများနဲ့..မျှဝေတတ်ဖို့ လိုတယ်..ကိုယ့်ရဲ့ ကောင်းတဲ့ Energy တွေ ယိုစိမ့်ထွက်မသွားအောင် ကာကွယ်တတ်ဖို့လိုတယ်..ကိုယ့်ရဲ့ လက်ခံနိုင်တဲ့ Energy တွေကို ချဲ့ထွင် ပြင်ဆင်ထားဖို့လိုတယ်..ဒီနေရာမှာတော့ Meditation လုပ်တာတွေ..Journal ရေးတာမျိုးတွေ ပါပါတယ်..

ဒီလေးခုပေါင်းသွားပြီဆိုရင် ရလာဒ်တစ်ခုထွက်လာတတ်ပါတယ်.. ကိုယ်ဆုတောင်းထားတဲ့...Manifest လုပ်ထားတဲ့သုံးခုမှာ..နှစ်ခုလောက်ဖြစ်လာတယ်ဆိုရင် ရလာဒ်ကောင်းတယ်တဲ့ပြောရမှာပါပဲ ..တစ်ခုမှမဖြစ်သေးဘူးဆိုရင်တော့တစ်နေရာမှာ..တစ်ခုခုလွဲနေတာမျိုးလည်းဖြစ်နိုင်ပါတယ်..

Manifest လုပ်တဲ့နေရာမှာ ကိုယ်လိုချင်တဲ့..
ရလာဒ်ကို..ရပါ့မလား. ဖြစ်ပါ့မလားလို့ အရမ်းကြီး စိုးရိမ် ပူပန်နေတာထက်..ကိုယ်လုပ်စရာရှိတာတွေလုပ်ထားပြီးပြီဆိုရင် ပေးလာမဲ့ Universe အပေါ်မှာ ယုံမှားသံသယမရှိဘဲ..စိတ်အေးအေးနေလိုက်ဖို့လည်းပါပါတယ်. မရသေးဘူးလား. မပေးသေးဘူးလား..ကြာလိုက်တာ..စသည်ဖြင့် နားပူနားဆာတိုက် ဂျီကျမနေမိဖို့လည်း လိုပါတယ်..ကျွန်မတို့အတွက် ထိုက်တန်တဲ့..ရသင့်တဲ့..အရာတစ်ခုတော့ပြန်ရလာမှာပါ..

Manifestation လုပ်တယ်ဆိုတာ လောဘစိတ်..ဖြစ်မနေဘူးလားလို့ဆိုကြတယ်.. ဆန္ဒပြုတာနဲ့..လောဘက..ကွဲပြားပါတယ်.. လောဘက
မကောင်းတဲ့ ရည်ရွယ်ချက်တွေပါနိုင်ပါတယ်..ဆန္ဒပြုတယ်ဆိုတာကတော့ ကောင်းတဲ့အရာတွေအတွက်ပဲ ဆန္ဒပြုလို့ရပါတယ်..

ကိုယ်လိုချင်တာကို ကိုယ်တိုင် ပြတ်ပြတ်သားသား
သိနေတာ Clarity ရှိနေတာဟာ..လောဘစိတ်မဟုတ်ပါဘူးလို့ ဆိုပါတယ်..ပုထုဇဥ် လူသားတွေပဲမို့ ကျွန်မတို့..လိုချင်တာကို ဆုတောင်းချိန်မှာ လောဘဆိုတာပါနေခဲ့ရင်တောင်..သူများကို မထိခိုက်
စေဘူးဆိုရင်..ခွင့်လွှတ်လိုက်ရမှာပဲ ဖြစ်ပါတယ်..စင်ကြယ်တဲ့စိတ်..ထားနိုင်ရင်တော့ အကောင်းဆုံးပဲ ဖြစ်ပါတယ်..

ဒီနေ့မှာ ကျွန်မတို့ ဘာတွေ Manifest လုပ်ကြမလဲ..နိုင်ငံအတွက်လား..Relationship တွေအတွက်လား..အလုပ်အကိုင်ငွေကြေးတွေ အတွက်လား..ကျန်းမာရေး..ပညာရေး..အတွက်လား..နေစရာအိမ်ကလေး တစ်လုံးအတွက်လား..စီးစရာကားလေးတစ်စီး အတွက်လား..အလှုဒါန..လုပ်ဖို့အတွက်လား..

စိတ်ကိုအေးနေအောင်ထားပြီး..လိုချင်တာတွေကိုပဲတွေးပါ..မလိုချင်တာတွေကို လုံးဝမတွေးပါနဲ့..ကောင်းသောရည်ရွယ်ချက်တွေ.. အလုပ်တွေ စွမ်းအင်တွေ..ချစ်ခြင်း မေတ္တာတွေ
နဲ့ Manifest လုပ်ကြသမျှ အောင်မြင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်..

မွန်ဟော်စီ
၂၂.၂.၂၀၂၂



#မနက်စာအာဟာရ


Photo
Pinterest

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address

Yangon