Eaindra Khin's Beauty Chat Room
Eaindra Khin ( Hair Stylist)
နဂိုအသားအရေ ထက်ဖြူချင်သူတွေသုံးကိုသုံး🥰🥰
နဂိုအသားအရေ ထက်မဖြူချင်ရင်မသုံးနဲ့😬😬
ကျောင်းဖွင့်တဲ့အချိန်ရောက်တော့မှာဆိုတော့ ကလေး
တွေတဖက် အိမ်အလုပ်တဖက်တွေနဲ့ ကိုယ့်ကိုကိုယ်ဂရုမ
စိုက်နိူင်တဲ့ မေမေတွေအတွက်အသင့်တော်ဆုံးလေး 🥰🥰🥰
Skin Care တွေအဆင့်ဆင့် မလိမ်းခင်ထဲက ချွေးပြန်
တတ်တဲ့ ဒီအမကြီးလို လူတွေအတွက် 💁💁💁
လေးရှိတော့အဆင်ကို
ပြေနေရော🥰🥰🥰
12/06/2024
မိုးအေးလာပြီဆိုတော့ တမ်းတလာတာ Hotpot
ဆိုင်တွေမှာသွားစားရင် တစ်ခါရှင်း 1သိန်းကျော်တယ်
15000တန် KK Hotpot ထုပ်လေး ဝယ်ထား
အသီးအရွက်နဲ့ ခေါက်ဆွဲ 10000 ဖိုးဝယ်
အသား 5000 ဖိုးဝယ်ပြုတ်
ရေဆူအိုးထဲ အသီးအရွက်/အသား/ခေါက်ဆွဲ
Hotpot ထုပ်ထဲကပါတာတွေအကုန်ဖေါက်ထည့်
တစ်မိသားစုလုံး အကြိုက်စား ရှယ်ဘဲ😋😋😋
ကမနက်ခင်းကပ်ရင်ရေဓာတ်ဖြည့်တာဖြစ်ပီး😊😊
ညဘက်ကပ်ရင်တော့ အရေးအကြောင်းတွေအတွက်ပါနော်😍😍
08/06/2024
ပိုက်ဆံ မရှိတော့ရင်
ကိုယ်တိုင်ရှာ
ပြသာနာ ၊ ဒုက္ခတွေနဲ့ တွေ့ကြုံလာရင်
ကိုယ်တိုင်ကြံ့ကြံခံ
သန်မာချင်ရင် ဘာဆင်ခြေမှမပေးနဲ့ ။
ကိုယ့်ကိုယ်ကိုယ် အားကိုးတယ်ဆိုတာ
ကိုယ့်ကိုယ်ကိုယ် ချစ်တာပဲ ။
အလွယ်လမ်းလိုက်ရင်
လူဆိုတာ မတိုးတက်ဘူး ။
စိန်ခေါ်မှုနှင့် ရင်ဆိုင်ရဲမှ
လူဆိုတာ တိုးတက်တာ ။
ကိုယ်တိုင်ကြိုးစား ကိုယ်တိုင်လမ်းဖောက်မှ
အခွင့်အလမ်းဆိုတာ ပေါ်လာတာ ။
ကံကောင်းခြင်းဆိုတာ ဖြစ်လာတာ ။
#ဦးချေ
မေမေနဲ့ မီးမီးလေး😍😍
07/06/2024
''အစဆိုတာ အမြဲခက်ခဲ လေ့ရှိတယ်''
စိတ်ဓာတ်မကျပါနဲ့။ ဘာကိုပဲ လုပ်လုပ် အစပိုင်းမှာတော့ ခက်ခဲတာအမှန်ပါ။
ဒီနေ့မှ အလုပ်စဝင်တာမျိုး။ ကိုယ်ဝါသနာပါတဲ့အရာကို အခုမှ စမ်းလုပ်ကြည့်တာမျိုး။
ကိုယ်လုံးဝမသိတဲ့ နယ်ပယ်တွေကို သွားရတဲ့အခါမျိုး စတဲ့ အခုမှ စလုပ်ရမယ့် အရာတွေကို လုပ်ဆောင်ရတဲ့အခါ ရင်ခုန်စရာ ကောင်းသလို ကြောင်တောင်တောင်လည်း ဖြစ်နိုင်ပါတယ်။
လုပ်ရင်းနဲ့ ရင်းနှီးကျွမ်းဝင်လာတဲ့အခါ တဖြည်းဖြည်း လွယ်ကူလာပါလိမ့်မယ်။
ဒါ့ကြောင့်
အဲ့ဒီလို အခက်အခဲတွေကို တောင့်ခံနိုင်ဖို့ လိုပါတယ်။
ဖြစ်နိုင်ရင်တော့ စိတ်ဝင်စားတာကိုပဲလုပ်ပါ။ ဝါသနာပါတာကို လုပ်တဲ့အခါ အခက်အခဲတွေနဲ့တွေ့ဆုံရလည်း ကျော်ဖြတ်နိုင်တဲ့သတ္တိတွေက ထွက်ပေါ်လာပါတယ်။
ဒါပေမဲ့ တစ်ခါတစ်လေ အခြေအနေအရ မလုပ်ချင်တာတွေကိုလဲ လုပ်ရတတ်ပါတယ်။ အဲဒီလိုအချိန်မျိုးတွေမှာ သန်သန်မာမာနဲ့ တောင့်ခံနိုင်ဖို့ လိုပါတယ်။
တစ်ခုပဲမှတ်ထားပါ။ ဘဝမှာ စိတ်မပါတာတွေကို လုပ်ရတဲ့အခါတိုင်း အောက်က quote လေးကို သတိရပေးပါ။
“ဘဝမှာ လုပ်ချင်သည်ဖြစ်စေ၊ မလုပ်ချင်သည်ဖြစ်စေ ဘာပဲလုပ်ရလုပ်ရ အကောင်းဆုံးလုပ်ပါ”
နောင်တစ်ချိန် အတိတ်ကိုပြန်ကြည့်တဲ့အခါ နောင်တမရအောင် လုပ်ခဲ့လိုက်ပါ။
အနည်းဆုံးတော့ အတွေ့အကြုံရပါတယ်။ အတွေ့အကြုံဆိုတာက ပိုက်ဆံပေးယူလို့ မရပါဘူး။ အချိန်တွေပေးဆပ်ပြီးမှ ရတာမျိုးပါ။
ဒီတော့ အခုချိန်မှာ ဘာပဲလုပ်လုပ် အကောင်းဆုံးလုပ်ပါ။
©®➖
JTS Advices Sharing
ရဲ့ အညိုဆင်လေး😍😍
05/06/2024
ဒီလို ငွေကြေး အရမ်းဖောင်းပွနေချိန်မှာ
ကိုယ့်ကို အကြွေး ပေးထားသူရှိရင်
လေးလေးစားစား ကျေးဇူးတင်ပါ
တစ်သက်လုံး ပေါင်းရမယ့် မိတ်ဆွေကောင်းပါ
လက်လွှတ် မခံပါနဲ့
ဒီလို ငွေကြေး အရမ်းဖောင်းပွနေချိန်မှာ
ကိုယ်က အကြွေးရစရာရှိလို့
လိုလို့ တောင်းရင်တောင် အလိုက်တသိ
မပေးပဲ ကပ်နေရင် ကတိမတည်ရင်
မလေးမစားလုပ်ရင်လည်း မှတ်ထားပါ
လိုအပ်ရင် ပိုးဆိုးပတ်စက် ဆဲပြီး နှုတ်ဆက်လိုက်ပါ
သူဟာ သင့်အတွက် မဟုတ်ပါဘူး
နောင်လည်း ဟုတ်လာမှာ မဟုတ်ပါဘူး
တစ်ခါတစ်လေ ကိုယ်ချင်းစာတရားဆိုတာ
စောက်ပါးစပ်ပြောနေလို့ အလုပ်မဖြစ်ပါဘူး
လူတိုင်းဒီလိုအချိန်မှာ ကောင်းမွန်သော အကြောင်းပြချက်
ကိုယ်စီနဲ့ ကြပ်တည်းနေတာကို နားလည်နိုင်ရပါမယ် ။crd
စျေးတွေရောင်းမယ် 🤗🤗
ဆိုင်အလုပ်လဲလုပ်မယ်💪💪💪
Click here to claim your Sponsored Listing.
