AYay's Batik & Textile

AYay's Batik & Textile

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from AYay's Batik & Textile, Health/Beauty, Yangon.

22/03/2026

စျေးနှုန်းထက် ပိုအရေးကြီးတာ တန်ဖိုး???
ရေးသူအနေနဲ့ တစ်ခုခုကို ဝယ်ယူတဲ့အခါ 'ဒါက ဘယ်လောက်လဲ?' ဆိုတဲ့ ဈေးနှုန်းထက် 'ဒါက ငါ့အတွက် ဘယ်လောက်တန်ဖိုးရှိလဲ?' ဆိုတဲ့ တန်ဖိုးကို ပိုကြည့်မိတယ်။ အမျိုးသမီးလေးတို့အနေနဲ့ရော....??

ပစ္စည်းတစ်ခုခု ဒါမှမဟုတ် ဝန်ဆောင်မှုတစ်ခုခုကို ရွေးချယ်တဲ့အခါ ခဏတာသက်သာဖို့ထက် ရေရှည်မှာ ကိုယ့်ကို စိတ်ကျေနပ်မှုပေးနိုင်မယ့် Quality ကို ရွေးချယ်တာဟာ 'ဖြုန်းတီးခြင်း' မဟုတ်ပါဘူး။ အဲ့ဒါဟာ ကိုယ့်ရဲ့ နေထိုင်မှုဘဝကို မြှင့်တင်လိုက်တာဖြစ်သလို၊ ကိုယ့်ကိုယ်ကို အကောင်းဆုံးအရာတွေနဲ့ ထိုက်တန်တယ်လို့ သတ်မှတ်လိုက်တာပါပဲ။

ဒီနေရာမှာ
'ငွေနဲ့ ပျော်ရွှင်မှုကို ဝယ်လို့မရဘူး' လို့ ပြောလေ့ရှိကြပေမယ့်၊ တကယ်တော့ ငွေကြေးဟာ လူတွေရဲ့စိတ်ဖိစီးမှုတွေကို လျှော့ချပေးနိုင်ပြီး ပိုမိုကောင်းမွန်တဲ့အခွင့်အလမ်းတွေကို ဖန်တီးပေးနိုင်ပါတယ်။ ကိုယ့်အတွက် တကယ်လိုအပ်တဲ့၊ တကယ်တန်ဖိုးရှိတဲ့အရာမှာ ငွေကို စနစ်တကျ သုံးစွဲတတ်ခြင်းက စိတ်ချမ်းသာမှုကို အတိုင်းအတာတစ်ခုအထိ ပေးစွမ်းနိုင်ပါတယ်ဗျ။
ရင်းနှီးမြှုပ်နှံမှုမှာ အကောင်းဆုံးက 'မိမိကိုယ်ကို' ပါပဲ။
အကောင်းဆုံးသော အစားအသောက်၊ အကောင်းဆုံးသော အဝတ်အထည်နဲ့ အကောင်းဆုံးသော အတွေ့အကြုံတွေအတွက် ငွေသုံးသင့်သလားလို့ မေးရင်... 'သင့်ရဲ့ စိတ်ကျန်းမာရေးနဲ့ ပျော်ရွှင်မှုအတွက်ဆိုရင်တော့ သုံးသင့်ပါတယ်' လို့ ပြောချင်ပါတယ်။
​you get what you pay for: it’s a simple rule of life.
အရာရာတိုင်းမှာ သူ့တန်ဖိုးနဲ့သူ ရှိပါတယ်။ အရာရာက ပေးသလောက်ပဲ ပြန်ရမှာပါ။ ​သောင်းဂဏန်း သုံးနိုင်ရင် သောင်းဂဏန်းနဲ့ ညီမျှတဲ့ quality ကိုပဲ ရမှာဖြစ်သလို၊ သိန်းဂဏန်း ရင်းနှီးမြှုပ်နှံရင်လည်း သိန်းဂဏန်းနဲ့ ထိုက်တန်တဲ့ အဆင့်အတန်းနဲ့ စိတ်ကျေနပ်မှုကို ရရှိမှာပါပဲ။ ဒါဆိုရင် ဘာကြောင့် ဈေးနှုန်းတွေ ကွာဟနေရတာလဲဆိုတော့ သင်ဟာ 'အရည်အသွေး'အတွက် ပေးချေနေရလို့ပါပဲ။ ပိုမိုကောင်းမွန်တဲ့ ကုန်ကြမ်းနဲ့ ပိုမိုခိုင်မာတဲ့ စိတ်ချရမှုတွေအတွက် ရင်းနှီးမြှုပ်နှံထားတာမို့ ပေးရတဲ့ဈေးနဲ့ ထိုက်တန်တဲ့ အရည်အသွေးကို ရရှိမှာပါပဲ။
ဒီမှာ ရေးသူအနေနဲ့တော့ choosing quality is the ultimate form of self-loveပါနော်။ ဈေးသက်သာတာကို ခဏခဏ ဝယ်နေရတာထက်၊ အရည်အသွေးကောင်းတာကို တစ်ခါတည်း ရွေးချယ်လိုက်တာက ရေရှည်မှာ ငွေကုန်ကြေးကျ ပိုသက်သာစေသလို စိတ်ကိုလည်း ပိုပြီး ကြည်လင်စေပါတယ်နော်။
Everything shared here is based on my personal perspective. If there are any mistakes, I hope you understand and forgive me🤗
​Stay healthy, stay beautiful, and remember that you deserve the best versions of everything
in life🍀

16/03/2026

ပါတိတ်အကြောင်းသိသလောက်နည်းနည်းရေးမယ်

ပါတိတ် (Batik) ဆိုတာ ရိုးရိုးအထည်တင်မဟုတ်ဘဲ အနုပညာလက်ရာတစ်ခုလို့တောင်တင်စားလို့ရတာပါနော်><
ပါတိတ်ရဲ့ အဓိက ထူးခြားချက်က ဖယောင်းကို အသုံးပြုပြီး ဆေးဆိုးတဲ့ နည်းပညာကွာ... အထည်ပေါ်မှာ ကိုယ်အလိုရှိတဲ့ ပန်းချီကား ဒါမှမဟုတ် ဒီဇိုင်းတွေကို ဖယောင်းနဲ့ အရင်ရေးဆွဲတယ်။ ပြီးမှ ဆေးဆိုးတဲ့အခါ ဖယောင်းရှိတဲ့နေရာကို ဆေးမဝင်ဘဲ ကျန်ခဲ့ရာကနေ လှပတဲ့ အလင်းအမှောင်နဲ့ ဒီဇိုင်းတွေ ပေါ်လာတာ။

ပါတိတ်ကို ပြုလုပ်တဲ့ပုံစံပေါ်မူတည်ပြီး အကြမ်းဖျင်း နှစ်မျိုးခွဲလို့ရတယ်။
လက်ရေးပါတိတ် (Hand-drawn Batik)>

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address

Yangon