Top One Wathan Nwe

Top One Wathan Nwe

Share

Quality ကောင်းသောပစ္စည်းတွေကို စျေးနူန်းချိုသာစွာရောင်းချပေးပါတယ်

09/06/2025

Hello ချစ်သောလေးတို့ရေ
မင်မင်စျေးလေးပြန်ရောင်းပါပီရှင့်

31/10/2021
Photos from Top One Wathan Nwe's post 05/06/2020

အိမ်ရောက်ငွေချေက အခုပြထားတဲ့ မြို့တွေပဲ ရောက်ပါတယ်နော်
ဒီထဲမှာ မပါတဲ့မြို့တွေဆို ငွေကြိုလွှဲရပါမယ်ကွယ် 🤗🤗🤗

25/05/2020

customer တွေကိုတစ်ခုပြောချင်တာက
သိချင်တာရှိရင်မေးပါ သေချာရှင်းပြပါမယ် အတင်းမရောင်းပါဘူး အဆင်ပြေမှဝယ်ပါ
ဈေးထဲမှာ ရောင်းသလို အတင်းလိုက်ဆွဲပြီးပြနေတာလဲမဟုတ်ပါဘူး
ကိုယ့်ဟာကို ပိုက်ဆံအကုန်ခံပြီးကြေငြာထားတာကို လူကြီးမင်းတို့က စိတ်ဝင်စားပြီး လာမေးတာပါ
အဲ့ဒါကြောင့် ယူဖြစ်မယူဖြစ်မေးရင် ပြန်ပြောပေးပါ မယူဖြစ်ဘူး ပြောတဲ့အတွက်အားနာစရာမလိုပါဘူး
Seen ဖြစ်ပြီး ဘာမှပြန်မပြောတာကမှ ရိုင်းတာပါ ဘာမှမပြောရင် မယူဖြစ်ဘူးဆိုတာ သိပေမယ့် customer ဘက်က မေးတုန်းက ကျမတို့ဘက်ကလဲ အသေးစိတ် ပြန်ဖြေပေးတာမို့ ယဉ်ကျေးမှုအရ ပြန်ပြောသင့်တယ်ထင်တာပဲ
ဈေးထဲမှာတောင် မယူရင် အနည်းဆုံတော့ မကြိုက်သေးဘူး ကြည့်ဦးမယ်တို့လောက်တော့ ပြောကြတာပဲလေ

ခုတော့ ချက်ချင်းပဲ လွှဲမလိုလို နောက်နေ့ပဲလွှဲမလိုလိုတွေ ပြောပြီး ပျောက်ပျောက်သွားလို့ပါ onlineshopတွေက များသောအားဖြင့် ပစ္စည်းလှောင်မထားပါဘူး မှာတဲ့သူရှိမှ သက်ဆိုင်ရာဒိုင်တွေဆီက ယူတာပါ အဲ့လိုလွှဲမယ်ပြောတော့ တစ်ချို့က လွှဲတာနဲ့တင်ပေးလို့ရအောင် ပစ္စည်းကြိုယူထားတတ်တော့ လက်ထဲသောင်တင်နေတတ်ပါတယ် ကြုံလို့ ကိုယ့်စကားတစ်ခွန်းကြောင့်သူများဒုက္ခရောက်တတ်တယ်ဆိုတာပြောပြတာပါ ကျမတို့shopကတော့ ကြုံရတာများလွန်းလို့ ပစ္စည်းကိုယူကိုမထားပါဘူး နယ်သမားတွေ ငွေလွှဲပြီး ၁ရက်၂ရက်အတွင်း ပဲပို့ပေးပါတော့တယ် နက်ဖြန်လွှဲမယ် သန်ဖက်ခါလွှဲမယ်ဆိုတာတွေလဲရင်မခုန်တတ်တော့ပါဘူး

နောက်တစ်ခုက ရန်ကုန်သမားတွေပါ အစတည်းက မယူချင်ရင် မမှာပါနဲ့ မပို့ခင်လဲ ထပ်ဖုန်းဆက်ပါတယ် မယူဖြစ်ရင် မယူဖြစ်တော့ဘူး ပြောပါ ခုဟာက ပို့မယ်ဆိုတုန်းက ရတယ်ဆိုပြီး သွားပို့မှ စက်ပိတ်တာ မကိုင်တာ မလုပ်ပါနဲ့။ လူစိတ်မွေးပါ။ကိုယ်ချင်းစာပါ။

23/05/2020

🤦‍♀️ အနီးနားမှာ ရှိပြီး သတိမထားမိတဲ့ အရာ🤷‍♀️

အဲ့ဒါဘာလဲဆိုတော့ ပုံထဲမှာ မြင်နေရတဲ့ရေခဲပါပဲ💁

ရေခဲ ဘယ်လောက်တောင် အသုံးဝင်လဲ ပြောပြမယ်

✍ အဆီပြန်လွန်တဲ့ skin

✍ ချွေးပေါက်ကျယ်တဲ့ skin

✍ smile line/ eye line ရှိနေတဲ့ skin

✍ အသက်အရွယ်ရလာလို့ အရေကြောင်းလေးတေဖစ်လာတဲ့ skin

✍ မျက်နှာ အသားလျော့တွဲတတ်တဲ့ skin

✍ အသားအရမ်းခြောက်လွန်းတဲ့ skin

အဲ့ထဲက သဲတို့ချစ်တို့က ဘယ်skin အမျိုးအစားထဲမှာ ပါနေလဲ🤔

အဲ့skinတေထဲက တစ်မျိုးမ်ျိုးထဲ ပါနေပြီလား😳

စိတ်မပူပါနဲ့ ရေခဲတုံး ရှိရင် အဲ ပြသနာတေအတွက် စိတ်ပူစရာမလိုဘူး😉

ကဲ ရေခဲတုံးကဘာလုပ်ပေးမာလဲ😏?

ဘာဖစ်မှာလဲ😏?

Ok အဲ့ skinပြသနာတေကို ငါ(ရေခဲတုံး)က တိုက်ဖျက်ပေးမှာကွ😎

😱😱😱Wow

ဟုတ်ပါတယ် သင့်ပြသနာတေကို ရေခဲတုံး ရှိရုံ သူတမျိုးထဲကပဲ ဖြေရှင်းပေးမှာပါ💁

ဘယ်လို လုပ်ရမလဲ ဘယ်လိုသုံးရမလဲ🙄

Ok ပြောပြမယ်😒

ရေခဲတုံး တစ်လက်မအရွယ်အစားအတုံး ၂တုံးပဲလိုပါတယ် အဲ့ထက်အရွယ်ကြီးရင် တစ်တုံး ရှိရုံနဲ့ရပါတယ်

🗣 အရင်ဆုံး ညအိပ်ခါနီး မျက်နှာ စင်ကြယ်အောင် ဆေးပါ

🗣 မျက်နှာသစ်ပြီး မျက်နှာ ရေသုတ်ပါ

🗣 တစ်လက်မခန့်ရှိတဲ့ ရေခဲတုံးဆိုရင် ၂ခဲ လိုပါမယ် အတုံးကြီးရင်တစ်ခဲဆိုရပါတယ်

🗣 မျက်နှာ ခြောက်အောင်သုတ်ပြီးတာနဲ့ ရေခဲတုံးနဲ့ မျက်နှာပြင်အနှံ့ ပွတ်တိုက်ပေးပါ(ကျဉ်တော့ နဲနဲ စပွတ်ရင်ကျဉ်ပါလိမ့်မယ်)

🗣 အရေးအကြောင်းရှိသူတေ smile line/ eye lineရှိသူများက အဲ့နေရာတေကို အဓိကထားပွတ်တိုက်ပေးပါ (ဖြေဖြေးညင်ညင်သာသာပွတ်ပါ)

🗣 ရေခဲတုံး သေးရင်၂တုံး ကြီးရင် တစ်တုံးနဲ့ ပွတ်ရင်း သေးပြီး ပျောက်သွားသည်ထိ ပွတ်တိုက်ပါ

🗣 ရေခဲတုံးကုန်သွားသည်ထိပွတ်တိုင်ပြီးတာနဲ့ သဘက်အနုလေးနဲ့ ညင်သာစွာ သုတ်လိုက်ပါရှင်

ကဲ ဒီလိုနေ့စဉ်ညအိပ်ယာဝင်ခါနီးတိုင်းလုပ်ပေးမယ်ဆို ရင် ရှင်တို့ရဲ့ ပြသနာတေ ထွက်ပြေးသွားပါလိမ့်မယ်နော်😉

အမျိုးသမီးအတွက်ပဲ မဟုတ်ပါ အမျိုးသားတွေ အတွက်ရော အသုံးပြုနိုင်ပါတယ်

အားလုံးပဲ ဖတ်ပေးလို့ကျေးဇူးပါနော်

ထာဝရ သဘာဝနဲ့ လှတဲ့ အလှတရားကို ပိုင်ဆိုင်နိုင်ကြပါစေ🙏

Credit

18/05/2020

တခုပြောချင်တာနော်
အရင်ကဆို Royal express နဲ့ ပို့ရင် ငွေကြိုလွှဲစရာမလိုပါဘူး အိမ်ရောက်ငွေရှင်းလုပ်လို့ရပါတယ်
ဒါပေမယ့် အခုလတ်တလောမှာ Royal express က ငွေလုံးဝမကောက်ပေးတာ ဖစ်တဲ့ အတွက် ရန်ကုန်နဲ့ ပုသိမ်ကလွဲရင် တခြားမြို့များငွေကြိုလွှဲပေးရပါတယ်
လိမ်ညာရောင်းရအောင်လဲ မနေ့တနေ့ကမှ ရောင်းတဲ့ page လဲ မဟုတ်ပါဘူး အဆင်ပြေအောင် လုပ်ပေးနေကြပါ ၀ယ်ဖူးတဲ့ သူတိုင်းသိပါတယ် နာမည်ပျက်လဲ မရှိပါဘူး
ယုံကြည်ပီးငွေလွှဲပေးတဲ့ သူတိုင်းကိုလဲ တကယ်ကျေးဇူးတင်ပါတယ် အခုမှလက်တွဲမဲ့သူများလဲ ယုံကြည်လို့ရပါတယ် လိမ်စားတဲ့ အလုပ်တသက်လုံးမလုပ်ဘူး
အဆင်ပြေမှ ၀ယ်ယူကြပါ

လူတိုင်းကို ဒါတွေပဲ အမြဲအခေါက်ခေါက်ရှင်းပြနေရလို့ ပြောပြတာပါနော်

အားလုံးအစစအရာအရာ အဆင်ပြေကြပါစေရှင် 🙏🙏🙏

24/03/2020

အစဉ်တစိုက်အားပေးနေတဲ့ Customers များအားလုံး တခုသတင်းပေးချင်တာက မင်မင် ပစ္စည်းပို့တာတွေကို 28 ရက်နေ့အထိပဲ အလုပ်လုပ်ပါမယ်နော် ဒီကြားထဲပစ္စည်းမှာချင်သူများ မြန်မြန်မှာကြပါ 28ရက်နေ့အထိပဲ ပို့ပေးပါတော့မယ်
28နောက်ပိုင်းကနေ april လကုန်အထိ အရောင်းအဝယ်ကို တလနီးပါးပိတ်သိမ်းထားမှာဖြစ်လို့ပါနော် Covit 19 ရောဂါဆိုးကြီးကြောင့်နားထားမှာ ဖြစ်ပါတယ်
ချစ်ရတဲ့ Customers အားလုံးလဲ အိမ်ထဲမှာပဲနေကြပါ
ကျန်းမာရေးဂရုစိုက်ကြပါ
၇ ရက်သားသမီးအပေါင်းကျန်းမာချမ်းသာကြပါစေ 🙏🙏🙏

19/03/2020

"စည်း"

စီးပွားရေးလောကထဲကို ဝင်လာရင် ဒါတွေမလုပ်ပါနဲ့။

၁. Copy မကူးပါနဲ့

ပြိုင်ဘက်တွေရဲ့ Idea တွေကူးတော့ ဘာဖြစ်လဲ ဆိုတဲ့ အတွေးတွေ မတွေးပါနဲ့။

၂. ဈေးကွက်မဖျက်ပါနဲ့

မတန်တဆ လျှော့ရောင်းတာမျိုးမလုပ်ဘဲ Brand Brand ချင်းတိုက်ပါ။

၃. ပြိုင်ပါ မတိုက်ခိုက်ပါနဲ့

ပြိုင်ဘက်တွေ ကို ယှဉ်ပြိုင်ပါ မတိုက်ခိုက်ပါနဲ့။ တစ်ခါတရံ ပြိုင်ဘက်ဆိုတာ အကောင်းဆုံး Partner ပါ။

၎. စည်းမဖောက်ပါနဲ့

လုပ်ငန်းအမျိုးအစားတူသူခြင်း လုပ်ငန်းတန်ဖိုး တက်လာအောင်မြှင့်ပါ။ Quality ကြောင့် စည်းမဖောက်ပါနဲ့။ Service ကြောင့် စည်းမဖောက်ပါနဲ့ လုပ်ငန်းရှင်တွေစည်းစောင့်မှ လုပ်ငန်းတန်ဖိုးတက်မှာပါ။

၅. အရှက်တရားလေး သတိထားပါ

သူများ ဈေးချ လိုက်ချ သူများ New Product ထုတ် လိုက်ထုတ် မလုပ်ပါနဲ့။ သူများရတဲ့ Idea သူများ လုပ်နေရင် ကိုယ်က အရှက်ကလေးနဲ့ ခပ်ခွာခွာကနေ မတူ ကွဲထွက်အောင်လုပ်ပါ။

သင်က စီးပွားရေး လုပ်ငန်းရှင်ပါ

13/03/2020

ပစ္စည်းမှာထားတဲ့သူတွေ ဖုန်းဆက်ရင်ကိုင်ပေးကြပါနော် ပစ္စည်းတွေသက်ဆိုင်ရာ မြို့အသီးသီးကို အကုန်ရောက်နေပါပီ

Photos from Top One Wathan Nwe's post 12/03/2020
12/03/2020

ငွေလွှဲတွေဝင်နေလို့ ဘယ်သူလွှဲလဲဆိုတာ Cb မှာ လာပြောပေးပါနော် ဒီနေ့ကားနဲ့အမှီတင်ပေးမှာမလို့ပါ 🥰🥰

04/03/2020

ငွေလွှဲလေးတွေဝင်နေတယ်
ဘယ်သူလွှဲလဲဆိုတာ cb မှာလာပြောပေးပါဦး

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address

Yangon