NourishNest

NourishNest

Share

Passion for cooking. Do come by for recipe request.

Photos from NourishNest's post 07/07/2026

မှတ်မှတ်ရရ ဒီနေ့လို ပထမပါတ် အင်္ဂါနေ့မှာ citymall online က ဝယ်ထားတဲ့ ပေါင်းအိုးလေး နဲ့ပေါင်းဖြစ်ပါတယ်.. point ၁ သောင်းလဲ ရတာမို့ လျှော့ဈေးနဲ့ ရလိုက်သလို ကျေနပ်ရပါတယ်.. အိုး size လေးကလဲ မိသားစု နည်းတဲ့ ကျမတို့ အတွက်အတော်လေးပါပဲ.. အိမ်ရှင်မ များကို မျှဝေပေးတာပါရှင်..

ချက်ဟင်းတွေ ငြီးငွေ့လို့ ကျမ အိမ်သား တောင်းဆိုတဲ့ ငါးပေါင်းလေးပေါင်းရင်း ဈေးနေ့က ဝယ်ထားတဲ့ ကန်စွန်းဥ လေးတွေနဲ့ အတူ (၂) ထပ်ပေါင်းအိုး နဲ့ ပေါင်းဖြစ်တယ်ရှင်.. 🌸🌼

Photos from NourishNest's post 07/07/2026

အမေတောင်းဆိုတာလေး ချက်ဖြစ်တဲ့နေ့..

ငရုပ်သီးဆားထောင်း 🟡
ရွှေဖရုံသီးနှပ် 🟠
ဖရုံ ကင်ပွန်းချဉ်ဟင်းရည် 🟢
ဂျူးဖူးကြော် 🟡

ငရုပ်သီးဆားထောင်း စားချင်တယ်ဆိုလို့ သူနဲ့ လိုက်ဖက်တဲ့ ရွှေဖရုံသီး စေးစေး နုနုလေး တစ်လုံးကို ပုဇွန် ၄-၅ ကောင်နဲ့ နှပ်ချက်ချက်ပါတယ် ပင်စိမ်းလေး အုပ်တော့ မွှေးနေရောရှင်..

ကင်ပွန်းချဉ်ရွက် ကို ကျောက်ဖရုံသီးလေးရောချက်ပါတယ်.. ဂျူးဖူးလေးတွေ လတ်ဆတ်တုန်းလေး ခရုဆီနဲ့ ကြော်ဖြစ်ပါတယ်ရှင်..

နေကောင်းကျန်းမာ ကောင်းသောလိုအင်များ ပြည့်ဝကြပါစေရှင် 🌸🌼

06/07/2026

Subscribe to get exclusive benefits:
https://www.facebook.com/61556140457165/subscribenow

Photos from NourishNest's post 06/07/2026

အချိန်ပေးရပေမယ့် တခါတလေ ချက်ဖြစ်တဲ့ ဟင်းလေးပါရှင်.. ဒီနေ့မီနူးလေး

ဖရုံသီး ဝက်ရိုးဟင်းရည် 🟢
ကြက်ဟင်းခါး ကဆော့သီးကြော် 🟡
ပဲပင်ပေါက် ဆေးဘဲဥကြော် 🟡

ခြံထွက် ကဆော့သီးလေးတွေ အမြဲလက်ဆောင်ရတတ်လို့ ကြက်ဟင်းခါးသီးနဲ့ ခြောက်ခြောက်လေးကြော်ပါတယ်.. ဒီဟင်းပွဲကတော့ ကျမ အမေ ဘယ်တော့မှ မငြင်းတဲ့ ဟင်းပါ..

မနေ့က ဝက်ရိုးတွေ သန့်စင်ထားပြီး ဒီနေ့အချိုထွက်အောင် ပေါင်းအိုးနဲ့ နာရီဝက်တည်ပြီး ဖရုံသီးနုနုလေး ရောချက် ငရုပ်ကောင်းမှုန့် ကြက်သွန်မိတ်လေး အုပ်ထားပါတယ်ရှင်..

ပဲပင်ပေါက်ကိုတော့ ဆေးဘဲဥတွေရှိ​နေတာနဲ့ ကြော်ပြီး ရောလိုက်ပါတယ်..

မင်္ဂလာအပေါင်းနဲ့ ပြည့်စုံတဲ့ ရက်သတ္တပါတ်လေးဖြစ်ကြပါစေရှင် 🌼🌸

Photos from NourishNest's post 05/07/2026

Super Sunday လေးပါရှင်.. ဒီနေ့ရဲ့ မီနူးလေးပါ..

ကြက်သားကြော် 🔴
ကန်ဇွန်းရွက်ကြော် 🟡
ချဉ်ပေါင်ဟင်းရည် 🟢

ဆီပြန်ဟင်းမစားချင်တဲ့ အမေ့အတွက် ကြက်သားကို အရသာ ကြာကြာလေးနှပ်ပြီး ကြော်ထားပါတယ်.. ကန်ဇွန်းရွက်ကတော့ ခြံထွက်လက်ဆောင်ရထားတာလေးပါ.. ချဉ်ပေါင်ဟင်းကိုတော့ ဆီရှောင်ထားပါတယ်ရှင်..

ကျန်းမာကြပါစေရှင် 🌼🌸

Photos from NourishNest's post 04/07/2026

ဒီနေ့တော့ ဈေးဝယ်ပြီးအပြန်.. ၂ ဆင့်ပေါင်းအိုးလေးနဲ့ ဂဏန်းပေါင်း နဲ့ ငါးပဲငံပြာရည်ပေါင်းလေး ပြင်ဆင်ဖြစ်ပါတယ်ရှင်..

ဂဏန်းက တခါတလေမှရတယ်.. လှုပ်နေတာဆို မဝယ်တော့ အကြာကြီးနေမှ တခါစားဖြစ်တဲ့ ဟင်းပွဲပါရှင်.. ငါးကြင်းလေးလဲ လတ်ဆတ်တာမို့ အငန်ပေါ့လေးပေါင်းဖြစ်တယ်..

သာယာတဲ့ weekend လေးဖြစ်ကြပါစေရှင် 🌼🌸

04/07/2026

When food is life..

Photos from NourishNest's post 03/07/2026

ဒီနေ့က လက်ကျန်ဖြတ် ဟင်းတွေရှိလို့ (၂) မျိုးပဲ ချက်တယ်ရှင်..

ဂျပန်တိုဖူး အပ်မှိုကြော် 🟡
ပုန်းရည်ကြီး ငပိချက် 🟡

အပ်မှိုလေးတွေကို ခရုဆီနဲ့ကြော်၊ ဂျပန်တိုဖူးကို အကြော်မှုန့်အနဲငယ် ကပ်ကြော်ထားတာနဲ့ရော၊ Crab stick ၄-၅ ချောင်း ထပ်ထည့်ပြီး အချိုကြော်ပါတယ်..

ပုန်းရည်ကြီးကိုတော့ အရည်ဖျော်ပြီး ပုဇွန်ခြောက်မှုန့် ငရုပ်သီးခွဲကြမ်း ကြက်သွန် တို့နဲ့ ငပိချက်ချက်ပါတယ်ရှင်..

သာယာတဲ့ သောကြာနေ့လေး ဖြစ်ကြပါစေရှင် 🌼🌸

02/07/2026

Lets spread some love with cooking for the loved ones..

Photos from NourishNest's post 02/07/2026

မိသားစု အကြိုက်လေးတွေ ရွေးချက်ပေးထားမို့ ထမင်းမြိန်ကြမယ် ထင်ပါတယ်ရှင်..

ရွှေဖရုံသီးနှပ် 🟠
ကြက်သဟင်းရွက်ဟင်းရည် 🟢
ပုဇွန်အစပ်ကြော် 🟡

အပြင်စာတွေထက်စာရင်တော့ အိမ်မှာချက်တဲ့ သန့်ရှင်းတဲ့ သဘာဝ သား၊ ငါး၊ သီးနှံ စားသုံးခြင်းဟာ ကျန်းမာရေးအတွက် ပိုပြီး သင့်လျော်စေပါတယ်ရှင်..

ကိုယ်ကျန်းမာ၍ စိတ်ချမ်းသာကြပါစေရှင် 🌸🌼

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Website

Address

New University Avenue Road
Yangon