Health & Fit by KHtet

Health & Fit by KHtet

Share

Just about healthy lifestyle for human beings

Photos from Health & Fit by KHtet's post 08/10/2025

I will come b@ck 😜

08/10/2025

I gained 52 followers in the past 90 days! Thank you all for your continued support. I could not have done it without you. 🙏🤗

16/02/2025

🫡🫡🫡

21/01/2025

1 Day . 1 Step
💪🏻💪🏻💪🏻

27/12/2024

💪🏻💪🏻💪🏻

ပျော်ရွှင်စေတဲ့ဟော်မုန်းများ.....

ဘဝမှာအောင်မြင်ချင်တယ်ဆိုရင် စိတ်ပျော်ရွှင်မှုကအရေးပါ,ပါတယ်။ စိတ်ပျော်ရွှင်တဲ့အခါမှာ အရာရာကိုအကောင်းမြင်လာပြီး ဘဝကပျော်စရာဖြစ်လာတယ်။ နေ့စဉ်ဘဝအဆင်ပြေဖို့နဲ့ အလုပ်မှာ အောင်မြင်ဖို့ဆိုရင် ပျော်ရွှင်နေဖို့လိုအပ်ပါတယ်။

ဒါပေမယ့် လူဘဝဆိုတာကလည်း နေ့စဉ်နဲ့အမျှအခက်အခဲတွေ၊ ပြဿနာတွေကြုံတွေ့ရတဲ့အတွက် စိတ်ညစ်စရာတွေပေါ်လာပြီး ပျော်ရွှင်စရာတွေပျောက်ဆုံးလာပါတယ်။

ပြင်ပအကြောင်းအရာတွေကြောင့်ဖြစ်လာတဲ့ ပြဿနာတွေပေါ်မလာအောင်တော့ ကာကွယ်လို့မရပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ပျော်ရွှင်မှုတွေ ပျောက်ကွယ်မသွားအောင်တော့ထိန်းချုပ်လို့ရပါတယ်။ တကယ်တော့ ပျော်ရွှင်မှုကို ဝေးဝေးလံလံမှာ လိုက်ရှာနေစရာမလိုပါဘူး။ ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ထဲမှာ သဘာဝအလျောက်ရှိတဲ့ ပျော်ရွှင်မှုကိုဖြစ်ပေါ်စေတဲ့ ဟော်မုန်းတွေရှိပါတယ်။ Endorphin၊ Serotonin၊ Dopamine နဲ့ Oxytocin တို့ဟာ ပျော်ရွှင်မှု ကို ဖြစ်ပေါ်စေဖို့ အလုပ်လုပ်တဲ့ ဟော်မုန်းတွေပဲဖြစ်ပါတယ်။

(၁)Endorphin

Endorphin ဟော်မုန်းဆိုတာ နာကျင်မှုတွေကို သက်သာပျောက်ကင်းစေဖို့ ခန္ဓာကိုယ်က သဘာဝအတိုင်းထုတ်ပေးတဲ့ ဟော်မုန်းတစ်မျိုးဖြစ်ပါတယ်။
Endorphin ဟော်မုန်းကို -
1. ချောကလက်စားတာ၊
2. လေ့ကျင့်ခန်းလုပ်တာ၊
3. သင်းပျံ့တဲ့မွှေးရနံ့ရှုရှိုက်တာ၊
4. ဟာသရုပ်ရှင်တွေကြည့်တဲ့အခါတွေမှာ ခန္ဓာကိုယ်ကထုတ်လုပ်ပေးပါတယ်။

Endorphin ဟော်မုန်းပမာဏကို အမြန်ဆုံးတက်လာစေချင်ရင်တော့ လမ်းသွက်သွက်လျှောက်တာ၊ ငါးမိနစ်လောက်ကြိုးခုန်တာ၊ ယောဂလေ့ကျင့်တာမျိုး တွေလုပ်နိုင်ပါတယ်။ တကယ်လို့ ကိုယ်က စိတ်ဓာတ်ကျနေရင် လေ့ကျင့်ခန်းလုပ်ပြီး ချောကလက်တစ်တောင့်လောက်စားလိုက်တာက Endorphins ဟော်မုန်းပမာဏမြင့်တက်စေပြီး စိတ်ရွှင်လန်းတက်ကြွလာစေမှာပဲဖြစ်ပါတယ်။

(၂)Serotonin

Serotonin က ကျွန်တော်တို့ရဲ့စိတ်ခံစားချက်တွေပေါ်သက်ရောက်မှုရှိတဲ့ဟော်မုန်းတစ်မျိုးဖြစ်ပြီး Neurotransmitter လည်းဖြစ်ပါတယ်။ Serotonin ဟော်မုန်းက ကျွန်တော်တို့ရဲ့ အစာစားချင်ဖြစ်ပေါ်တဲ့နေရာမှာ၊ မှတ်ဉာဏ်နဲ့လေ့လာသင်ယူခြင်း၊ အိပ်စက်ခြင်းတို့အပေါ်သက်ရောက်မှုရှိပါတယ်။

ဒါ့အပြင် စိတ်ဓာတ်ကျတာနဲ့စိုးရိမ်စိတ်ဖြစ်ပေါ်တာတွေ ခံစားလာရတာက Serotonin ဟော်မုန်းပမာဏကျဆင်းလာလို့ဖြစ်ပါတယ်။ ဒါ့ကြောင့် စိတ်ရွှင်လန်းစေဖို့ဆိုရင် Serotonin ဟော်မုန်းပမာဏမြင့်ဖို့လိုပါတယ်။ Serotonin ဟော်မုန်းမြှင့်ဖို့ဆိုရင်-
1. တရားထိုင်ခြင်း
2. နေရောင်ခြည်နဲ့ထိတွေ့ခြင်း
3. သဘာဝတရားနဲ့ထိတွေ့ခြင်း
4. လေ့ကျင့်ခန်းပြုလုပ်ခြင်း တို့ကိုပြုလုပ်နိုင်ပါတယ်။

(၃)Oxytocin

Oxytocin ကိုတော့ အချစ်ဟော်မုန်း(love hormone) လို့ လူသိများကြပါတယ်။ အချစ်ဟော်မုန်းဆိုတဲ့နာမည်အတိုင်းပဲ-
1. အိမ်မွှေးတိရစ္ဆာန်လေးတွေနဲ့ကစားခြင်း(ခွေး၊ကြောင်)
2. ကလေးနဲ့ကစားခြင်း၊
3. မိသားစုဝင်တွေကိုဖက်ခြင်း၊
4. လက်ကိုဆုပ်ကိုင်ထားခြင်း၊
5. ချီးကျူးစကားပြောကြားခြင်း တို့ကနေ Oxytocin ဟော်မုန်းကိုရရှိနိုင်ပါတယ်။

မိခင်တွေကလေးမီးဖွားရာက နာကျင်မှုတွေဟာ ကလေးကိုနို့ချိုတိုက်ကျွေးလိုက်တဲ့အချိန်မှာ ပျောက်သွားတာဟာ Oxytocin ဟော်မုန်းတွေထွက်လာလို့ပဲဖြစ်ပါတယ်။ ဒီဟော်မုန်းဟာ တစ်ယောက်နဲ့တစ်ယောက်ယုံကြည်မှုရှိလာဖို့၊ ချစ်ခြင်းမေတ္တာရှိလာဖို့ကိုလည်း ကူညီပေးနိုင်ပါတယ်။

(၄)Dopamine

Dopamine ဟော်မုန်းက ကျွန်တော်တို့ရဲ့မှတ်ဉာဏ်၊ အာရုံစူးစိုက်ခြင်းနဲ့ ခန္ဓာကိုယ်တွင်းအင်္ဂါတွေ ကောင်းစွာလည်ပတ်နိုင်ဖို့ ကူညီပေးပါတယ်။ Dopamine ဟော်မုန်းဟာ စိတ်ကျေနပ်မှုခံစားရတာမျိုး၊ ကိုယ့်ကိုကိုယ်ဆုချ(reward)တဲ့အခါမျိုးမှာ ထွက်လာတဲ့ဟော်မုန်းပါ။ ဥပမာ- Game ဆော့ပြီး အနိုင်ရတဲ့အခါမှာ စိတ်ကျေနပ်ပြီး ထပ်ခါတလဲလဲဆော့မိနေမျိုးဖြစ်တာက Dopamine ဟော်မုန်းကြောင့်ဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း Dopamine ဟော်မုန်းထုတ်ပေးနိုင်တဲ့အရာတွေက စွဲလမ်းစေတယ်လို့ပြောကြတာဖြစ်ပါတယ်။

Dopamine ဟော်မုန်းက စိတ်ပျော်ရွှင်မှုနဲ့အများကြီးဆက်စပ်နေပါတယ်။ တကယ်လို့ ကိုယ်က အာရုံစူးစိုက်ရတာ၊ လေ့လာသင်ယူတာနဲ့ အလုပ်လုပ်တဲ့နေရာတွေမှာ အခက်အခဲတွေကြုံတွေ့နေရရင် Dopamine ဟော်မုန်းကို မြှင်တင်ပြီး ဖြေရှင်းနိုင်ပါတယ်။
Dopamine ဟော်မုန်းကို ထုတ်ပေးနိုင်တဲ့နည်းလမ်းတွေကတော့-
1. အစားအသောက်စားခြင်း၊
2. အလုပ်တစ်ခုကိုပြီးမြောက်အောင်ဆောင်ရွက်ခြင်း၊(‌ဥပမာ-အခန်းသန့်ရှင်းရေးလုပ်တာ)
3. အောင်မြင်မှုသေးသေးလေးတွေကအစအလေးထားခြင်း တွေပဲဖြစ်ပါတယ်။

အခုဆိုရင် မိတ်ဆွေတို့အနေနဲ့ ကိုယ့်ရဲ့တစ်နေ့တာစွမ်းဆောင်ရည်တိုးစေဖို့အတွက် ပျော်ရွှင်မှုဖြစ်စေတဲ့ဟော်မုန်းတွေရဲ့အကူအညီကို ဘယ်လိုရယူရမလဲဆိုတာသိရှိသွားပြီလို့ထင်ပါတယ်။ တကယ်လို့မိတ်ဆွေတို့သိချင်တဲ့တခြားအကြောင်းအရာတွေရှိရင်လည်း Comment မှာဝင်ရောက်မေးမြန်းနိုင်ပါတယ်။

ကိုယ့်ရဲ့ Best Version ကို ဖန်တီးလိုက်ပါ။
Dr. Thuta

24/11/2024

going to next level up 😎🥳

27/10/2024

tr@in like Bruce Lee 🫵

26/10/2024

coming soon for 🐟 oil & black seed 👀

Photos from Health & Fit by KHtet's post 04/10/2024

Anabolic 90 % Whey Protein Isolate 🫗

ဒီတခါတော့ BioTechUSAကထုတ်တဲ့တခါသောက် protein အထုပ်လေးတွေနဲ့မိတ်ဆက်ပေးမယ်ဗျာ 💪🏻
တခြားဘာနဲ့မှရောသောက်စရာမလိုအောင်အရသာလေးလဲရှယ်မိုက် နောက်တချက်က Creatine 3g ပါပီးသားဆိုတော့ muscle recovery နဲ့ growth အတွက်သီးသန့်ထပ်ဖြည့်စရာမလိုတော့ဘူးဗျာ 🏋️🤩🤩🤩
gym ကိုလဲ Protein ဘူးကြီးတွေအလုပ်ရှုပ်ခံသယ်စရာမလိုဘူးပေါ့ 😂😂😂 စျေးကလဲ chocolate bar တခုစာတောင်မရှိဘူးဆိုတော့ကာ လုံးဝကို perfect 👌

သင်ဟာအားကစားပုံမှန်လုပ်သူတယောက်ဆိုရင်တော့
Protein (အသားဓာတ်) ကိုမဖြစ်မနေမှီဝဲသင့်ပါတယ်။
ကြွက်သားတွေမြန်ဆန်ထိရောက်စွာကြီးထွားချင်ရင်
Whey Protein ကိုနေ့စဉ် workout တိုင်းသုံးစွဲသင့်ပါတယ်။ ကျန်းမာသောဝက်ကြီးတွေဘဝကအမြန်ဆုံးလွတ်မြောက်ကျပါစေ 🐷🐷🐷

အားလုံးကျန်းမာရွှင်လန်းကျပါစေ။
Fit by KHtet

01/10/2024

my d@ily snacks for high protein & fiber 🤠

Photos from Health & Fit by KHtet's post 25/09/2024

Protein Cream for Super Meal 💪🏻💪🏻💪🏻

မိတ်ဆွေဟာအဆီချဝိတ်လျှော့​နေသူတယောက်လား 🏋️
ဒါမှမဟုတ်အချိုလွန်ကဲတဲ့သရေစာတွေခဏခဏစားနေမိလို့စိတ်ညစ်နေပီလား 🍧🧁🍰🍮🍩
ဒါဆိုရင်တော့ ဒီပရိုတင်းခရမ်ဗူးလေးကသင့်အတွက်အတော်အသုံးတည့်မယ်ထင်ပါတယ်
No Sugar Added ဖစ်တဲ့အပြင်ချောကလက်အရသာစိမ့်စိမ့်လေးနဲ့အာဟာရဓာတ်များစွာပါဝင်ပီးပေါင်မုန့်၊rice cake စတဲ့plain crackers တွေနဲ့တွဲစားရင်တော်ယုံနဲ့ကိုဗိုက်မဆာတော့ဘူး မလိုအပ်ဘဲမစားမိတော့ဘူးပေါ့ 💡
အားကစားလုပ်တဲ့သူတွေအတွက်တော့အထူးညွန်းစရာမလိုတဲ့ item လေးတခုဖစ်ပါတယ် အရမ်းအရသာရှိလို့ကလေးတွေလဲတော်တော်ကြိုက်ကျတယ် 😂😂😂
ကိုယ်တိုင်ဝယ်စားကြည့်ပီးတကယ်ကောင်းလို့ review ရေးပေးတာပါ စျေးလေးတော့နဲနဲကောင်းတယ် 🤭🤑
အားလုံးကျေးဇူးပါဗျ Fit by KHtet 🙏

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address

Yangon