Kumudra Mental Wellness

Kumudra Mental Wellness

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Kumudra Mental Wellness, Health/Beauty, Yangon.

13/06/2026

Kumudra Mental Wellness ရဲ့ Detox You workshop ပုံရိပ်လေး တချို့ကို မျှဝေလိုက်ပါတယ်...

စိတ်ရဲ့ အဆိပ်အတောက်တွေ လျော့ပါးကင်းစင်ကြပါစေ ..

13/06/2026

Mental Health Support Workshop တွေက ဘယ်လို အကျိုးကျေးဇူးတွေ ရရှိနိုင်သလဲ???

12/06/2026

"Emotional Wellbeing Workshop For School Counsellors"

School Counselors များအတွက် Emotional Support (စိတ်ပိုင်းဆိုင်ရာ အားဖြည့်ခြင်း)

ကျောင်းရဲ့ စည်းကမ်းဘောင်တွေ၊ မိဘတွေရဲ့ မျှော်လင့်ချက် ဖိအားတွေကြားထဲမှာ
စိတ်ခံစားချက်တွေကို နုနယ်လှတဲ့ ကလေးငယ်တွေရဲ့ ရင်ဖွင့်သံတွေကိုနားထာင်ပေးပြီး
စိတ်ရှည်လက်ရှည် လမ်းပြပေးနေရတဲ့သူတွေကတော့ School Counselor တွေပဲ
ဖြစ်ပါတယ်။

ကလေးတစ်ယောက် စိတ်တည်ငြိမ်သွားဖို့၊ အဆင်ပြေသွားဖို့အတွက် School Counselor
တစ်ယောက်ဟာ မိမိရဲ့ စိတ်ခွန်အား၊ စိတ်ရှည်မှုနဲ့ စာနာမှုတွေကို ရာနှုန်းပြည့် ပုံအောပြီး
ပေးဆပ်ရပါတယ်။ အားလုံးကြားထဲမှာ မျှတအောင် ညှိနှိုင်းရင်း၊ ကိုယ့်တာဝန်ကို
အကောင်းဆုံး ကျေပွန်အောင် ကြိုးစားရင်းနဲ့ တစ်ခါတလေ ကိုယ်တိုင်လည်း စိတ်ပိုင်းဆိုင်ရာ
ပင်ပန်းနွမ်းနယ်မှု (Emotional Burnout) တွေကို ခံစားရတတ်ပါတယ်။

"ကလေးလေးတွေရဲ့ စိတ်လုံခြုံရာကို ကိုယ့်ရဲ့ စိတ်ခွန်အားနဲ့ ဖန်တီးပေးရတဲ့ School
Counselor တွေအတွက်ကိုရော ဘယ်သူက စိတ်ခွန်အားပေးမှာလဲ?”

ကလေးတွေရဲ့ ခံစားရတာတွေကို နားထောင်ပေးရတဲ့ အလုပ်က စဉ်ဆက်မပြတ်
စိတ်ခွန်အားတွေ သုံးနေရတာမို့ School Counselor တွေကိုယ်တိုင်လည်း Emotional
Support (စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးကူညီမှု) နဲ့ ပြန်လည်အားဖြည့်ဖို့ (Recharge လုပ်ဖို့)
အလွန်အရေးကြီးပါတယ်။

ဒီဖိအားတွေကို အကောင်းဆုံး ရင်ဆိုင်ကျော်
ဖြတ်ပြီး ရှေ့ဆက်နိုင်ဖို့၊ ကလေးတွေ နဲ့ Coregulation အလုပ်တွေကို သေချာလေးလုပ်
နိုင်ဖို့ရာ SchoolCounselors များအတွက် ရည်ရွယ်တဲ့ စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုအစီအစဉ်ကို Kumudra Mental Wellness မှ မကြာမှီရက်ပိုင်းမှာ စတင်ပြုလုပ်ပေးသွားတော့မှာ ဖြစ်ပါတယ်။

လူငယ်တွေရဲ့ အနာဂတ်အတွက် ပေးဆပ်နေရတဲ့ School Counselor တစ်ဦးချင်းစီတိုင်းရဲ့
စိတ်ကျန်းမာရေးဟာလည်း အရေးကြီးတာမို့ ခွန်အားတွေပြန်လည်ဖြည့်တင်းနိုင်မယ့် စိတ်ပိုင်းဆိုင်ရာပံ့ပိုးမှုတွေကို အတူတူဖန်တီးပေးသွားကြရအောင်ပါ။ 🌿

Facilitator - Ma Moh ( Kumudra Mental Wellness)
📆 27 June 2026
⏰ 6-8 pm
🏡 Zoom

📝Registeration Link

https://docs.google.com/forms/d/e/1FAIpQLSe0BcVTJH62jVZxaEiyEt1-ZIpy2lPYuccqyXgqN-34LIaYtA/viewform

Free Entry - Limited Seat Only✅✅

12/06/2026

Kumudra ရဲ့ Community အတွက် Contribution လစဉ်လေး🌿💚

Counsellor Focus ရဲ့ လစဉ် ပြုလုပ်နေကျ Free Group Supervision Session လေး June လ ကုန် မှာလုပ်ပေးဖို့ ရှိပါတယ်...Join မဲ့သူလေးတွေက Page CB မှာ

🔸နာမည်
🔸Org Name
🔸Email
လေးတွေနဲ့ စာရင်းပေးထားလို့ ရပါပြီ ...

🚩Free Group Supervision 🚩

👩‍💼Facilitator - Ma Moh ( Kumudra Mental Wellness)
🗓️Date - 26 June 2026
⏰Time - 10:00 Am - 11:30 Am
✅Venue : Zoom

10/06/2026

လာမဲ့ June 19/20/21/22 မှာ ဖွင့်လှစ်သွားမဲ့ The Bridge - ပေါင်းကူး Beginner Counsellor အတန်း အကြောင်းလေး ပြန်မိတ်ဆက်လိုက်ပါတယ်.

The Bridge - ပေါင်းကူး Program မှ Counsellor တို့အတွက် Client ကို Effective ဖြစ်ဖြစ်ကြည့်နိုင်ဖို့ရာ ပြင်ဆင်ပေးမဲ့ "Beginner Counsellor Class" Batch - 2 လေး Deadline က 16 june ပါ....

Cb မှာ Register လုပ်နိုင်ပါပြီ...✅

Be a competent counsellor.

https://www.facebook.com/share/p/1EYHMVJe5y/?mibextid=wwXIfr

10/06/2026

Kumudra ရဲ့ Free Consultation (အခမဲ့ ဆွေးနွေးမှု) ပေးတဲ့ အစီအစဉ်လေးလာပါပြီ...

"သင့်စိတ်လေး ပင်ပန်းနွယ်နယ်နေပြီလား?"

"ပင်ပန်းမှုတွေအတွက် ခက်ခဲတဲ့ ကာလမှာ နားထောင်ပေးတဲ့နေရာလေးတနေရာတော့ လိုအပ်
တတ်ပါတယ် .."

ကိုယ်ဟာ အရင်လို မဟုတ်နေဘူး...ကိုယ့်မှာရင်ဆိုင်နေရတဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေက အမှန်တကယ် ဆွေးနွေးမှုတွေ လိုအပ်နေသလား? ဆိုတာ တိတိကျကျသိချင်တယ်ဆိုရင် ဒီ Consultation Session လေးတွေက သင့်အတွက်ပါပဲ....

ကိုယ့်ရဲ့ စိတ်ပိုင်းဆိုင်ရာပံ့ပိုးမှုလေးတွေကို အချိန်မှီ ရရှိဖို့ စတင်တဲ့ နေရာလေးမှာ လုံခြုံစိတ်ချစွာဆွေးနွေးဖို့ ဖိတ်ခေါ်ပါတယ်...

Date 📆 16 June 2026 (၁၆.၆.၂၀၁၆)
Time ⏰ Take your preferred time @ Cb (ပေ့ချ်မက်ဆင်ဂျာမက်စေ့ပို့ပြီး ကောင်ဆယ်လာနဲ့တွေ့မဲ့အချိန်ယူနိုင်ပါတယ် အသေးစိတ်ကိုမေးမြန်းနိုင်ပါတယ် ..)
ph 📞 09427705624 (Viber)
Venue 📍: Zoom

...

Photos from Kumudra Mental Wellness's post 10/06/2026

လာမဲ့ စနေနေ့ မှာ သာဘာဝတရားတွေ ခံစားရင်း လတ်ဆတ်တဲ့ လေတွေရှူရင်း နွေးထွေးတဲ့ အဝါရောင် အခန်းလေးထဲတွေ့ကြပါမယ်..

အိမ်ထဲမှာပဲ ပိတ်မပိနေစေဖို့ Inperson စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုဖြစ်စေဖို့ ပြုလုပ်မဲ့ Detox You Workshop လေး ရှိတာမို့ Final Call လေး ခေါ်လိုက်ရပါတယ် ...

Closed Group လေးထဲ မှာ ကိုယ့်ကိုယ်ကို ရှာဖွေဖို့ အတူတူရှိကြဖို့ ပါဝင်လိုသူလေးတွေက Link မှာ Detail လေးကြည့်ပေးပါရှင်..Cb မှာလည်း စုံစမ်းနိုင်ပါတယ်

https://www.facebook.com/share/p/1AGG3U2jG5/?mibextid=wwXIfr

See you very soon 💛💛💛

09/06/2026

တိတ်ဆိတ်ခြင်းနဲ့အချစ်

ပန်းတွေဟာ ပွင့်တယ်……ပြီးတော့ လှတယ်။
သစ်ရွက်တွေဟာ ဝေတယ်…...ပြီးတော့ ကြွေတယ်။
ခံစားချက်တွေဟာ နှလုံးသားမှာ ပျော်မြူးတယ်……ပြီးတော့ ခံစားတယ်။
လူသားတစ်ယောက်နဲ့လူသားတစ်ယောက်ဟာ ကောင်းကင်ကြီးရဲ့အောက်မှာ တွေ့ဆုံကြတယ်။……ပြီးတော့ သူတို့ချစ်ကြတယ်။
အချိန်ကနွေရာသီ ကန်ရေပြင်ဘေးမှာထိုင်နေတဲ့ ကောင်မလေးတစ်ယောက်ရဲ့ မျက်ဝန်းမှာ စိုးရိမ်စိတ်တွေနဲ့ သက်ပြင်းကိုအကြိမ်ကြိမ်ချလို့…...
ကျမရဲ့နှလုံးသားထဲမှာ အမြစ်တစ်ခုထွက်လာပြီး တဖြည်းဖြည်းကြီးလာတယ်။
သူမကိုချစ်တဲ့အချစ်က ရင်ကို ဖောက်ထွက်လာတော့မယ်။
သူမရဲ့အချိုဆုံးအပြုံး၊စကားပြောသံ၊နက်ရောင်ဆံနွယ်ရှည်တွေပြီးတော့ ကျမအကြိုက်ဆုံးခံစားချက်အပြည့်နဲ့ မျက်ဝန်းညိုညိုတွေ။
ကျမရဲ့ခံစားချက်တွေကို လက်ခံနိုင်ပါ့မလား။
ကျမရဲ့ဖြစ်တည်မူကိုပြောပြလိုက်တဲ့အခါ သူမဘယ်လိုတုံ့ပြန်မှာလဲ။
မျက်ဝန်းညိုညိုတွေကို တင်းတင်းပိတ်ပြီး ခေါင်းခါလိုက်တဲ့အချိန် ကျမရဲ့လောကကြီးချာချာလည်သွားမှာလား။ ကျမ ရင်ဆိုင် နိုင်ပါ့မလား?
အတွေးထဲမှာ အကျယ်ဆုံးတွေးနေတဲ့ မေးခွန်းက
“သူမက ကျမကို ပြန်ချစ်ပါ့မလား။”တကယ်လို့ သူမက ပြန်ချစ်လို့ တွဲဖြစ်ကြရင် တခြားသူတွေကရော ဘယ်လို့မြင်ကြမလဲ???
အဲ့လိုမေးခွန်းတွေနဲ့ ကောင်းကင်ကို မော့ကြည့်လိုက်တော့ ကောင်းကင်ပြာပြာနဲ့လွင့်နေတဲ့တိမ်ဖြူဖြူတွေကြားထဲ သူမရဲ့ စိုးရိမ်မူတွေအပြည့်။
-------------------
လူသားချင်းချစ်ပိုင်ခွင့်ရှိတဲ့လောကမှာ အချစ်က သဘာဝပါပဲ။ ငါသူတပါးယောက်ျားမိန်းမဆိုတဲ့ အစွဲတွေကို ဖယ်လိုက်ရင် “လူသားအချင်းချင်းချစ်ကြခြင်း” ပါပဲ။

တစ်ခါတစ်လေကျရင် နေထိုင်ကျင်လည်နေရတဲ့ လူ့ပတ်ဝန်းကျင်အခြေအနေပေါ်လိုက်ပြီး LGBTQ+ တို့မှာ စိုးရိမ်စိတ်လေးတွေ ကိုယ်စီရှိတတ်ကြပါတယ်။ ကိုယ်ဖြစ်တည်မှု အတည်မပြုနိုင်သေးတဲ့ အချိန်မှာ ပတ်ဝန်းကျင်က အပြစ်ပြောကြမလား? ခွဲခြားမှုနဲ့ အမြင်လွဲမှုတွေ၊ လုံခြုံမှုနဲ့ ပက်သက်တဲ့ စိုးရိမ်မှုတွေ၊ တခါတရံ လည်း မိမိက်ုယ်ကို နားလည်ဖို့ခက်ခဲတာတွေ၊ လုပ်ငန်းခွင့် ပက်သက်တဲ့ ရုန်းကန်ရမှုတွေ၊ ဒါမှမဟုတ် ခုနကကောင်မလေးလိုကိုယ်ချစ်ရတဲ့သူက ကိုယ်ကိုတစ်မျိုးမြင်မလား ? စတဲ့အကြောင်းကြောင်းတွေကြောင့် စိုးရိမ်မှုလေးတွေဖြစ်နေလား။
ဘဝအမောတွေကြားထဲ အဲ့လိုစိုးရိမ်မူတွေက စုပုံလာတဲ့အခါ စိတ်လေး ပင်ပန်းလာတတ်ပါတယ်..
ဒီလိုပင်ပန်းလာတဲ့ အခါ....

🌈မိမိကိုယ်ကို ကြင်နာပါ
🌈မိမိကိုယ်က်ုနားလည် လက်ခံဖို့ ကြ်ိုးစားပါ
🌈မိမိ ဖြစ်တည်မှုကို လေးစားတဲ့ ပတ်ဝန်းကျင်မှာနေပါ
🌈ကိုယ်ဟာ လူသားတစ်ဦးသာဖြစ်လို့ စိုးရိမ်
စိတ်လေးတွေ ရှိတယ်ဆိုတာ လက်ခံပေးပါ
🌈အဆင်ပြေရင် ယုံကြည်ရသူတွေကို ပူပန်မှုအကြောင်း ရင်ဖွင့် ပြောဆိုပါ
🌈ကိုယ်ဟာ တန်ဖိုးရှိတဲ့ ကိုယ်ပိုင်တန်ဖိုးနဲ့ သူတစ်ဦးဆိုတာလေး သတိရပေးပါ

ကိုယ်ရင်ဖွင့်သမျှ နားထောင်ပေးမယ့် အသိမိတ်ဆွေကောရှိရဲ့လား။
ခံစားရတဲ့စိတ်ကလေးကို ဖွင့်ချဖို့ခက်ခဲလွန်းနေရင် ဒါမှမဟုတ် နားထောင်ပေးမယ့်နေရာလေးလိုအပ်နေရင် သို့မဟုတ် မိမိရဲ့ Identity Crisis တွေကိုရဖြေရှင်းဖို့ အတွက်ဆိုရင်တော့ Professional တွေရဲ့အကူအညီရယူပါ..
စိုးရိမ်ပူပန်မှုတွေအတွက် “Just be you” ပါ။ သင်ဟာ တန်ဖိုးရှိတဲ့ သူတစ်ယောက်ပါ....အဆင်ပြေတဲ့ နေ့ရက်တွေ ပိုင်ဆိုင်ကြပါစေ...

08/06/2026

Psychological Readiness အကြောင်း

06/06/2026

Kumudra ရဲ့ The Bridge - ပေါင်းကူးအစီအစဉ်လေးကနေ ကြိုဆိုလိုက်ပါတယ်....

Counsellor တစ်ဦးရဲ့ Journey ကို စတင်တဲ့ အခါမှာ ကိုယ်မလျှောက်ရသေးတဲ့လမ်း ဖြစ်တဲ့ အတွက် သင်ယူထားတဲ့ Theoretical Knowledge တွေကို လက်တွေ့မှာ ပြန်ပြီး အသုံးချဖို့ ရာမှာ စိတ်မဝံ့မရဲလေးတွေ ဖြစ်တတ်ပါတယ် ..သုံးလိုက်တဲ့ Skills တွေ မှန်ရဲ့လား Ethical မှ ဖြစ်ရဲ့လား ဆိုတဲ့ မရေရာ မသေချာမှုလေးတွေဟာ တက်သစ်စ Counsellor တစ်ဦးမှာရှိတတ်တဲ့ ဒွိဟ လေးတွေ ပါပဲ....

🔸ဒီ ပူပန်မှုလေးတွေကို လျော့ကျစေဖို့
🔸ကိုယ့်ရဲ့ Theroetical Knowledge တွေကို စနစ်တကျ ဟန်ချက်ညီညီသုံးတတ်ဖို့
🔸လိုအပ်နေသေးတဲ့ Skills တွေ ဖြည့်ဖို့ရာ အထောက်အပံ့ဖြစ်စေဖို့
🔸Competency ဖြစ်စေဖို့ Counsellor / Client ရဲ့ Safety နဲ့ Healthy Boundary တွေ ထားတတ်စေဖို့
Counsellor's Journey အတွက် လမ်းပြကြယ်လေးလို ဖြစ်မဲ့ ဒီ Beginner Counsellor Class လေးက ကူညီပေးပါလိမ့်မယ်....

Effective Counselling Session တွေ ဖြစ်ဖို့ ၄ ရက်တာ သင်တန်းမှာ ပါဝင်မဲ့ Topic တွေကတော့
🔸Part - 1 Importance of Intake Session
🔸Part - 2 Suicidal Prevention and Intervention
🔸Part - 3 Proper documentation and Ethical Note Taking
🔸Part - 4 Supervision and how supervision help Effective and therapeutic counselling sessions
🔸Part - 5 Group Supervision

များကို theory နဲ့ လက် တွေ့ အစီအစဉ်များဖြင့် ပြုလုပ်သွားမှာဖြစ်ပါတယ် ...

သင်တန်းသားများ ပြင်ဆင်ရန်
🔸Note/ Pen
🔸Pre Reading Documents
🔸Your questions
🔸Active Participation in Role Play

ဘယ်လိုသူတွေ တက်သင့်လဲ ?
🔸Counselling Journey ကို စတင်
တော့မဲ့ Counsellor များ
🔸Intake session/ Sucidal Prevention ကို အသေးစိတ် လေ့လာချင်သူများ
🔸Documentation နဲ့ Case Management ကို စိတ်ဝင်စားသူ Counsellor များ
🔸 Counselling အလုပ်ကို စနစ်တကျ ကျင့်ဝတ်ညီညီ လုပ်လိုသောသူများ
🔸Counsellor တစ်ဦးဖြစ်ဖို့ ရည်ရွယ်ချက် ရှိလို့ Counsellor တစ်ဦး ဘယ်လိုတွေ အလုပ်လုပ်ရလဲ ဆိုတာ Counseling Professional ရဲ့ Deeper Meaning တွေ သိလိုသူများ
🔸MHPSS provider / Focal Person များအနေနဲ့ Case Management ဆိုင်ရာ တွေ လေ့လာလိုသူများ

REGISTER at Page CB (10 Participants only)
🔸Name
🔸Org
🔸Email

Training Fees - 100,000/- ကျပ်

🚩Dealines - 16 June 🚩

Scholarship 2 ဦးလည်း ပညာဒါန ရွေးချယ်ပေးမှာဖြစ်လို့
[email protected] သို့ CV ပို့ လျှောက်ထားနိုင်ပါတယ်....

Be a Compentent Counsellor.
Your Competency is our Priority.

Trainer : Ma Moh
Topic : Part 1 and 2
Date: 19 June 2026 (Friday)
Time: 6pm -7 Pm
Venue: Zoom

Topic - Part 3
Date: 20 June 2026 (Saturaday)
Time: 6pm - 8pm
Venue: Zoom

Topic: Part 4
Date: 21 June 2026 (Sunday)
Time: 6pm - 8pm
Venue: Zoom

Topic: Part 5
Date: 22 June 2026 (Monday)
Time: 6pm - 8pm
Venue: Zoom

Graphic Design : Volunteer - Artist Yuko( Mori Burma)

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address

Yangon