Chaw For You

Chaw For You

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Chaw For You, Health/Beauty, Yangon.

06/10/2025

သီတင်းကျွတ်မှာ ပျော်ရွှင်ပါစေ🙏🏻🙏🏻🙏🏻

01/08/2025

International Girlfriends Day မှာ ချစ်ခင်ရတဲ့သူတွေ ပိုလှပြီး ကျန်းမာပျော်ရွှင်ကြပါစေလို့ Chaw For You ကနေ ဆုတောင်းပေးလိုက်ပါတယ် 🙏🏻🙏🏻🙏🏻🫶🏻🫶🏻🫶🏻

17/04/2025

Chaw For You က ကာကာလေးတွေကော၊ အားလုံးသော သူငယ်ချင်း မိတ်ဆွေတွေကိုပါ နှစ်သစ်ဆုမွန်ကောင်းတောင်းလိုက်ပါတယ်🤗🤗🤗

Photos from Chaw For You's post 30/01/2025

ဆံပင်ကို အခုလောက်ထိချွတ်ထားတာတောင် ဒါလေးနဲ့လျှော်ထားတာမို့
ဆံပင်ကျွတ်သက်သာတဲ့အပြင် အရမ်းမပျက်စီးဘဲ စိတ်ကြိုက်လုပ်နေလို့ရသေးတာမို့ ကျေးဇူးတင်မိနေတာလေး

အခုလျှော်နေတာ Loreal အဖြူလေး
📌410ml - 15,500 mmk




#ဆံပင်ကျွတ်

01/01/2025

ပျော်ရွှင်စရာ၊ စိတ်ချမ်းမြေ့ဖွယ်ရာ၊ ကံကောင်းခြင်းများစွာနဲ့အတူ ၂၀၂၅ နှစ်သစ်မှာ ပျော်ရွှင်ပါစေလို့ Chaw For You မှ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်🙏🏻🙏🏻🙏🏻

25/12/2024

Hello Hello 👋🏻👋🏻👋🏻
Happy Merry Christmas 🎄🔔🎅🏻 🤶🏻 🛷🎄
အေးချမ်းတဲ့ ဒီဇင်ဘာလရဲ့ ခရစ္စမတ်နေ့လေးမှာ ချစ်သောတို့အားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး ကံကောင်းခြင်းတွေ အများကြီးများကြီး ရကြပါစေလို့ Chaw For You မှ
ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်🫶🏻🫶🏻🫶🏻

Photos from Chaw For You's post 17/11/2024

အသားရေ မညီတာ၊ ချွေးပေါက်ကျယ်တာရယ်ဆို ဒါလေးသုံး
result က တစ်ပတ်လောက်နဲ့တင် မျက်နှာအသားအရည်တင်းပြီး glow လာတာနော်

ချော ကိုယ်တိုင်သုံးတာမို့ ကောင်းလွန်းတဲ့ result ရတာမို့ ညွှန်းပေးတာပါနော်
အများကြီးညွှန်းရင် စာရှည်မှာစိုးလို့ လိုတိုရှင်းပဲ😝☺️
📌လိုအပ်ရင် cb ဆီမှာ မှာလို့ရပါတယ်နော်






📌မှတ်ချက်။ ။ ပုံနှင့် စာသားများကူးယူဖော်ပြခွင့်မပြုပါ။ ကိုယ်တိုင်သုံးပြီး ရတဲ့ result လေးပါနော်...

15/11/2024

တန်ဆောင်မုန်းလပြည့် အခါသမယမှာ ချစ်သောတို့အားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေလို့ Chaw For You မှ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်🙏🏻🙏🏻🙏🏻

Photos from Chaw For You's post 10/11/2024

Girly လေးတိုင်းအတွက် Blue Pad

နူးညံ့တဲ့ချည်ဂွမ်းသားနဲ့ ပြုလုပ်ထားတာမို့ ပွန်းတာမျိုး လုံးဝမဖြစ်စေပါဘူးနော်

ခုလိုချိန်မှာ Budget Save ဖြစ်ပြီး ပစ္စည်းကောင်းလေး ရှာနေတယ်ဆို Blue Pad ကို သုံးဖို့အကြံပြုပါတယ်နော်

Sponsor မဟုတ်ဘူး ချောဘာသာသုံးပြီး ရတဲ့ Result လေးမို့ လက်တို့ပေးလိုက်ပါတယ်



#လစဉ်သုံး
#အမျိုးသမီးလစဉ်သုံး

💰တစ်ထုတ် (10pcs) - 1,500 MMK
💰၁၀ ထုတ်ပါ ၁ ဆွဲ (100pcs) - 13000 MMK

📌မှတ်ချက်။ ။ ပုံနှင့် စာသားများကူးယူဖော်ပြခွင့်မပြုပါ။ ကိုယ်တိုင်သုံးပြီး ရတဲ့ result လေးပါနော်...

Photos from Chaw For You's post 09/11/2024

ဆံပင်အရမ်းကျွတ်နေသူဆို Loreal Shampoo သုံး

ချောက ဆံပင်ကို ချွတ်ဆေးသုံးပြီး အရောင်ဆိုးထားတာမို့ ဆံပင်ကို ပြန်ထိန်းနေရတဲ့အချိန်မှာ ဆံပင်တွေတအားကျွတ်လို့ 😰

ဆံပင်မကျွတ်ပါဘူးဆိုတဲ့ Shampoo, Hair Tonic မျိုးစုံကို သုံးဖူးပေမယ့် သူ့လောက် ထိရောက်မှုမရှိဘူးလို့ ခံစားရတယ်

Loreal Shampoo က လုံးဝ မကျွတ်တာမျိုးမဟုတ်ဘဲ သိသိသာသာကို အကျွတ်နဲသွားတာမို့ကို သဘောကျတာ☺️

ပုံမှာမြင်ရတဲ့အတိုင်း အဲ့လောက်ပဲ ကျွတ်တာပါနော်

📌410ml - 15,500




#ဆံပင်ကျွတ်


📌မှတ်ချက်။ ။ ပုံနှင့် စာသားများကူးယူဖော်ပြခွင့်မပြုပါ။ ကိုယ်တိုင်သုံးပြီး ရတဲ့ result လေးပါနော်...

Photos from Chaw For You's post 09/11/2024

ပြောင်ပြောင်ကြည်ကြည်လေးနဲ့ Glow ချင်တဲ့သူလေးတွေဆို Klaris BB Cream လေး သုံးကြည့်နော်...

Klaris BB Cream လေးကို ကြည့်ပြီး လိမ်းလိုက်ရင် ပြာသွားမှာလား၊ ကွက်သွားမှာလား ဆိုပြီး ချောကိုယ်တိုင်တောင် စိုးရိမ်စိတ်ရှိခဲ့တယ်။ ဘာပဲဖြစ်ဖြစ် Try ကြည့်မယ်ဆိုတဲ့စိတ်နဲ့ စမ်းသုံးကြည့်ခဲ့တယ်။Result ကောင်းမှာ မဟုတ်ပါဘူးလေဆိုတဲ့ စိတ်နဲ့ သုံးကြည့်တာပါ။ တကယ်ကို နဲနဲလေးပဲ သုံးရတာပါနော်။ သူ့ဆီက ရတဲ့ result က တကယ်ကို မိုက်တယ်။ တနေကုန်ခံပြီး Glow တယ်။ မပြာဘူးစိတ်ချ ကွက်လည်း မကွက်ဘူးနော်။ cream က ပျစ်ပျစ်
ကြီးလည်း မဟုတ်တော့ ဆွဲရတာအရမ်းလွယ်တယ်။ SPF PA +++ ဆိုတော့ လည်းပါတော့ ချောဆို တစ်ခါတစ်လေ ပျင်းရင် Sun Cream တောင် မလိမ်းဘဲ Klaris BB Cream ပဲ တန်းလိမ်းလိုက်တာ။ အကြိုက်ဆုံးက လိမ်းထားမှန်း မသိရလေအောင်ကို ပေါ့ပါးတာပဲ။ တစ်ခုပဲ သူ့ကို မလိမ်းခင် Moisturizer လေး လိမ်းရင် ပိုတောင် မိုက်သေးတယ်။

ပါးပါးကြည်ကြည်လေးနဲ့ natural glow look ရချင်တဲ့သူလေးတွေကို Klaris BB Cream လေးက သုံးသင့်တဲ့ပစ္စည်းကောင်းလေးပါနော်...
ဪ...သူက အထုတ်လေးလည်း ရှိတော့ စမ်းသုံးချင်တဲ့သူတွေရယ် နောက်ပြီး ခရီးသွားရင်လည်း အထုတ်လေးကို သယ်ဆောင်ရလွယ်ကူတာမို့ အတွေးမမှားဘဲ သုံးသင့်တဲ့ပစ္စည်းလေးမို့ လက်တို့လိုက်တယ်နော်...
📌1pc (3ml) - 1,800 MMK






📌မှတ်ချက်။ ။ ပုံနှင့် စာသားများကူးယူဖော်ပြခွင့်မပြုပါ။ ကိုယ်တိုင်သုံးပြီး ရတဲ့ result လေးပါနော်...

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address

Yangon