Snow Queen Online Shopping

Snow Queen Online Shopping

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Snow Queen Online Shopping, Yangon.

✨စိတ်ကူး (𝐒𝐚𝐭𝐞 𝐊𝐮𝐮)မှ ကြိုဆိုပါတယ်။ ✨
ကျွန်တော်တို့ Page လေးမှာ အမြဲတမ်းဆန်းသစ်နေတဲ့စိတ်ကူးအသစ်အဆန်းတွေအပြင် စက်ရုံထုတ်တွေနဲ့ မတူတဲ့ လက်မှုပစ္စည်းလှလှလေးတွေကို စိတ်ချယုံကြည်စွာနဲ့ ဝယ်ယူနိုင်ပါပြီခင်ဗျာ🩷
အားပေးမှုကို အထူးကျေးဇူးတင်ပါတယ်ခင်ဗျာ🩷

02/06/2026

💚 Hello June!
ဇွန်လမွေးနေ့ရှင်လေးတွေအတွက် သတင်းကောင်း လေးလာပါပီရှင့် 💚

မိုးအေးအေးလေးနဲ့အတူ ရောက်ရှိလာတဲ့ ဇွန်လမှာ မွေးဖွားခဲ့တဲ့ Birthday Stars လေးတွေ ရှိကြလားရှင့်... 🙋‍♀️✨

ဇွန်လမွေးနေ့ရှင်လေးတွေရဲ့ အထူးခြားဆုံးနေ့ရက်လေးကို ပိုပြီးအမှတ်တရဖြစ်သွားစေဖို့ Sate Kuu Handmade Page ကနေ 5% Discount အထူးလက်ဆောင် ပေးသွားမှာပါနော်။ 🎁🎈

👉 Discount ရယူနည်းကတော့ လွယ်လွယ်လေးပါ -
Order တင်တဲ့အခါမှာ “ဇွန်လ မွေးနေ့” လို့ mention လုပ်ပေးရုံပါပဲရှင့် 🥰

မိမိကိုယ်တိုင်အတွက်ပဲဖြစ်ဖြစ်၊ ကိုယ်ချစ်ရတဲ့ ဇွန်လဖွားလေးတွေကို Surprise Gift ပေးချင်လို့ပဲဖြစ်ဖြစ် အခုပဲ Sate Kuu မှာ စိတ်ကြိုက် order မှာယူလိုက်တော့နော် 💚

မိုးစက်လေးတွေနဲ့အတူ ဖြတ်သန်းရမယ့် ဇွန်လလေးမှာ မွေးနေ့ရက်မြတ် ကျရောက်တဲ့ချစ်ရတဲ့သူအားလုံး ပျော်ရွှင်ချမ်းမြေ့ကြပါစေလို့ Sate Kuu မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင့်🎂🤍

01/06/2026

သူ့ကိုမေ့မရဘူး... 🌧️💔

မိုးဖွဲဖွဲရွာချလာတဲ့ ဒီလိုညနေခင်းမျိုးဆိုရင်...
အဝေးတနေရာရာကို ငေးရင်း စိတ်က အလိုလို အတိတ်ဆီ ပြန်ရောက်သွားတတ်ကြတယ် မဟုတ်လား။

​"သူ့ကိုမေ့မရဘူး..." လို့ လူတွေကြားထဲမှာ အလွယ်တကူ ဖွင့်မပြောဖြစ်ပေမယ့်၊ ကိုယ့်ရဲ့ နေ့စဉ်ဖြတ်သန်းမှု သေးသေးလေးတွေထဲမှာ သူ ချန်ထားခဲ့တဲ့ အငွေ့အသက်တွေက အမြဲရှိနေခဲ့တာ။

♦️​သူ အမြဲကြိုက်တတ်တဲ့ ကော်ဖီခါးခါးရဲ့ ရနံ့...

♦️​သူနဲ့အတူ နားထောင်ဖူးတဲ့ သီချင်းသံစဉ် အေးအေးလေး...

♦️​ပြီးတော့... လမ်းခွဲခါနီးမှာ သူ ကျွန်တော့်ကို ပေးခဲ့တဲ့ နောက်ဆုံးအပြုံးလေး...

​အချိန်တွေ ဘယ်လောက်ပဲ ကုန်လွန်သွားပါစေ၊ လူတစ်ယောက်ကို နှလုံးသားထဲကနေ တကယ်မြတ်နိုးခဲ့ဖူးရင် အမှတ်တရဆိုတာ ဖျောက်ဖျက်ပစ်လို့ မရနိုင်တဲ့ အရာတစ်ခုပါ။ ဒါပေမဲ့ အဲဒီ "မေ့မရခြင်း" က နာကျင်စရာ သက်သက်ပဲ ဖြစ်နေဖို့ မလိုပါဘူး။

​ကျွန်တော်တို့ကတော့ အဲဒီ လွမ်းဆွတ်မှုကို သာယာလှပတဲ့ "သတိရခြင်းအနုပညာ" တစ်ခုအဖြစ် ပြောင်းလဲပစ်ချင်ပါတယ်။

​အဝေးတစ်နေရာကနေပဲ ဖြစ်ဖြစ်၊ ဘဝရဲ့ အလှည့်အပြောင်းတစ်ခုကြောင့်ပဲ ဖြစ်ဖြစ် ခွဲခွာသွားခဲ့ရပေမယ့်... သူနဲ့ပတ်သက်ပြီး ကိုယ်အမြတ်နိုးဆုံး အမှတ်တရလေးတစ်ခု (ဥပမာ- သူရေးပေးခဲ့ဖူးတဲ့ စာသားလေး၊ ဒါမှမဟုတ် နှစ်ယောက်တည်း သိတဲ့ သင်္ကေတလေးတစ်ခု) ကို မြင်တွေ့နေရတဲ့အရာတစ်ခုအဖြစ် ပြောင်းလဲပြီး သိမ်းဆည်းထားတာမျိုးပေါ့။

အချိန်တွေ ဘယ်လောက်ပြောင်းပြောင်း၊ နှလုံးသားရဲ့ တစ်ထောင့်တစ်နေရာမှာ နေရာယူထားဆဲဖြစ်တဲ့... သင် "သူ့ကိုမေ့မရဘူး" ဖြစ်နေရတဲ့ အမှတ်တရလေးက ဘာဖြစ်မလဲဟင်❓

​ဒီ Post အောက်မှာပဲဖြစ်ဖြစ်၊ Chat Box မှာပဲဖြစ်ဖြစ် သင့်ရဲ့အလွမ်းပုံပြင်လေးတွေကို ကျွန်တော်တို့နဲ့အတူ မျှဝေခံစားလို့ ရပါတယ်ဗျာ။ 🤍

27/05/2026

Long Long ago there was a Memory.

26/05/2026

ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ပါဘုရား 🙏🙏🙏

#ဗုဒ္ဓသရဏံဂစ္ဆာမိပါဘုရား
#ဂေါတမမြတ်စွာဘုရား


#ဗုဒ္ဓဘာသာဝင်

25/05/2026

🫀နုလုံးသားဖြင့် ရေးဆွဲသည်✍️

🌹စိတ်ကူး-Handmade' ရဲ့ မီးလင်းပန်းချီတစ်ခုချင်းစီအတွက် Premium ဖြစ်တဲ့ Black Fiber အသား⬛၊ ခဲပန်းချီနဲ့‌ ဆေးပန်းချီ🎑ကို အသေသပ်လှပဆုံးရေးဆွဲထားတဲ့ Crylic Plate 🃏နဲ့ အရောင်အသွေးစုံလင်စွအလင်းအမှောင် ☄️Contrast အလှကို အသေးစိတ်ဆုံး ဂရုစိုက်ပြီး ဖန်တီးထားပါတယ်။

ပုံစံတူ အများကြီးမရှိဘဲ သင့်အတွက်ပဲ သီးသန့်ဖြစ်မယ့် အနုပညာလက်ဆောင်မွန်မို့ ပိုင်ဆိုင်ရသူတိုင်း ဂုဏ်ယူစေမှာပါ။ ❤️

📩 ကိုယ့်ရဲ့ အဖိုးတန်အမှတ်တရတွေကို အသေသပ်ဆုံး ပုံဖော်ဖို့ ခုပဲ Chatbox မှာ တိုင်ပင်လိုက်ပါ

🇺🇲English Version Below 👇

✨Crafted with soul, not assembly lines. ✨

At "Sate Kuu-Handmade," each Lightbox Art is intricately created with a premium Black Fiber frame, stunning Pencil & Paint Art on Acrylic Plates, and an exquisite interplay of vibrant light and shadow.🌟

No mass production, no duplicates. A unique masterpiece dedicated solely to you and your loved ones. ❤️

📩 Ready to turn your beautiful moments into timeless art? Let’s chat and bring your vision to life!⭐

22/05/2026

ဒီလိုရာသီဥတုမှိုင်းမှိုင်းလေးဆိုရင် ဘသူ့ကိုသတိရလဲ....???

“Memory” ဆိုတာ
လူတစ်ယောက်ကို မေ့သွားနိုင်ပေမယ့်
အတူရှိခဲ့ဖူးတဲ့ အချိန်တွေကိုတော့
မမေ့နိုင်အောင် သိမ်းထားတဲ့ အမှတ်တရများစွာပါဝင်တယ်…💓

တချို့ Memory တွေက ပျော်ရွှင်စရာဖြစ်သလို တချို့ကတော့ လွမ်းဆွေးစရာ၊ နာကျင်စရာတွေဖြစ်နိုင်ပါတယ်။

ဒီလိုရာသီဥတုမှိုင်းမှိုင်းလေးဆိုရင်
အရင်က အတူရှိခဲ့ဖူးတဲ့သူတစ်ယောက်ကိုအကြောင်းမဲ့ သတိရလာတတ်တယ်…

မေ့သွားပြီထင်ထားတဲ့ Memory တွေက
မိုးနံ့လေးတစ်ချက်နဲ့တင်
နှလုံးသားထဲ ပြန်အသက်ဝင်လာတော့တယ်…

မိုးရာသီလေးက
တချို့လူတွေကို အကြောင်းမဲ့သတိရစေတတ်တယ်…

အရင်က အတူရှိခဲ့ဖူးတဲ့အချိန်တွေ၊
အတူနားထောင်ခဲ့တဲ့သီချင်းတွေ၊
အတူရယ်ခဲ့ဖူးတဲ့အခိုက်အတန့်တွေက
ခုဆို Memory အနေနဲ့ပဲ ကျန်ခဲ့တာတွေရှိတယ်

တချို့လူတွေက ဝေးသွားပေမယ့်
သူတို့နဲ့ပတ်သတ်တဲ့ အမှတ်တရတွေကတော့ ခုလိုမိုးရာသီဆို နှလုံးသားထဲ ပြန်အသက်ဝင်လာတတ်တယ်…

အာ့ကြောင့်လေ မင်မင်က မိုးရွာရင် ‌coffee လေးသောက်ပြီး အရင်က memory လေးတွေကို ပြန်ပြီးအသက်သွင်းရတာကိုသဘောကျတယ် 😁

မင့်သဲငယ်လေးတို့ရော မိုးရာသီအမှတ်တရ memory လေးတွေရှိရင်ရေးပေးခဲ့ကြပါလား.... 💁

#စိတ်ကူး_handmade

#မီးလင်းပန်းချီ

20/05/2026

💙 ချစ်ရတဲ့ စမ်းရေမိုး Fan ဆိုရင်ဒီမီးလင်းပန်းချီလေးကို မြင်တာနဲ့ ကြွေသွားမယ်ဆိုတာအသေချာပါပဲ ✨

Stage ပေါ်က အပြုံးလေးတွေ
Screen ထဲက ချစ်စရာအကြည့်လေးတွေကို ကိုယ့်အခန်းလေးထဲမှာပါမီးလင်းပန်းချီ‌လေးအဖြစ်
အမှတ်တရ ထားလို့ရပြီနော် ✨

Fan တယောက်အတွက်
Idol ဆိုတာ ရိုးရိုးလူတယောက်မဟုတ်ပဲ စိတ်ပင်ပန်းတဲ့နေ့တွေမှာ ပန်းချီကားလေး ကြည့်လိုက်ရုံနဲ့ ပျော်ရွှင်စေတဲ့ အားတခုကို ရရှိစေမှာပါ 😍

မီးလင်းဖွင့်လိုက်တဲ့အချိန်မှာ
မင်းသားလေးရဲ့ အပြုံးကိုမြင်ရတော့Fan လေးတွေအတွက် ရင်ထဲနွေးစေမယ့် Feeling မျိုး လေးကို မင်မင်တို့ စိတ်ကူး page ကနေ ဖန်တီးပုံဖော်ပေးထားပါတယ်နော် 🖼️💫

📌 ကိုယ်ကြိုက်တဲ့ပုံနဲ့ Customize လုပ်လို့လဲရ
🎁 Idol Fan Gift ပေးဖို့လည်း အရမ်းမိုက်
📸 Photo တစ်ပုံတည်းနဲ့ Unique Artwork ဖြစ်သွားစေမယ်
“Fan တယောက်ရဲ့ အချစ်ကို
မီးလင်းပန်းချီအလင်းရောင်လေးနဲ့ သက်သေပြလိုက်ပါ” 💖

💙 “မိုး.... မိုး ... မိုး...မိုး..... စမ်းရေမိုး " ကို ချစ်တဲ့အချစ်တွေကို ဒီမီးလင်းပန်းချီကားလေးနဲ့ ဖော်ပြချင်တယ်ဆိုရင် မင်မင်တို့ စိတ်ကူး handmade page Cb ကနေ ဆက်သွယ်စုံစမ်းလို့ရပါတယ်ရှင့် ✨

#စိတ်ကူး_handmade
#စမ်းရေမိုး

19/05/2026

📸 ဖုန်း Gallery ထဲမှာပဲ သိမ်းထားတဲ့ ပုံလေးတွေကို နေ့တိုင်းမြင်ရတဲ့ အမှတ်တရလေးအဖြစ် ပြောင်းလဲလိုက်ပါ 😜😉✨

💁မီးပိတ်လိုက်တဲ့အချိန်မှာတောင်ခဲပန်းချီအနေနဲ့ shape လေးပေါ်ပြီး မီးဖွင့်လိုက်တဲ့အချိန်မှာ ရုပ်လုံးကြွအလှလေးကိုမြင်တွေ့ရမယ့် အမှတ်တရ “မီးလင်းပန်းချီ” လေးပါ 💖

💁ချစ်ရသူကို Surprise ပေးဖို့ပဲဖြစ်ဖြစ်
💁ကိုယ်တိုင်အမှတ်တရသိမ်းဖို့ပဲဖြစ်ဖြစ်
ရိုးရိုးဓာတ်ပုံထက် ပိုပြီး အဖိုးတန်တဲ့ Gift လေးပါ 🎁

💡 နေ့ဘက်ကြည့်လည်းလှ
🌙 ညဘက်မီးလင်းရင် ပိုပြီး အသက်ဝင်တဲ့ ပန်းချီကားလေးမို့ အဓိပ္ပါယ်ရှိတဲ့ လက်ဆောင်လေးဖြစ်နေမှာ အသေချာပါပဲနော် 🥰

📩 မီးလင်းပန်းချီလေးကိုစိတ်ဝင်စားလို့ Order တင်ချင်ရင် မင်မင်တို့ စိတ်ကူး handmade page လေးဆီကို Photo လေးပို့ပေးရုံနဲ့ customize ပြုလုပ်ပေးမှာပါနော် 😍

#စိတ်ကူး_handmade


#မီးလင်းပန်းချီ

18/05/2026

🙏ဗုဒ္ဓဘာသာဝင်တိုင်းရနိုင်မယ့် အခွင့်အရေးကြီး🙏

သင်သာဗုဒ္ဓဘာသာဝင်တယောက်သာဆိုရင် ပုံတော်ကိုကိုးကွယ်တာထက်
ဂုဏ်တော်ကို ကိုးကွယ်ကြတာပိုများတယ်ဆိုတာ လက်ခံနိုင်ပါသလား..??

💁ဒါဆိုရင် ဂုဏ်တော်ကိုကိုးကွယ်ပေမယ့် ပုံတော်ကိုလဲ အမြတ်တနိုး တန်ဖိုးထား ပူဇော်ထားဖို့လဲလိုအပ်ပါတယ် 🙏

ကဲ အခုဆိုရင် 💁
ကျနော်တို့ စိတ်ကူး-Handmade မှာ ဂေါတမ မြတ်စွာဘုရားရှင်ရဲ့ ပုံတော်ကို မီးလင်းပန်းချီအနေနဲ့ အမြတ်တနိုး ပူဇော်လို့ရအောင် ကြည်ညိုဖွယ် ဖန်တီးပေးလိုက်ပါပြီ🙏🙏

🚨အထူးအစီအစဉ်အနေနဲ့ ဂေါတမမြတ်စွာဘုရား ပုံတော်ကို ဝယ်ယူကိုးကွယ်မည့်သူတိုင်း (10,000Ks Discount )ချပေးနေပါပြီနော် 🙏🙏

🖼️ဘုရားပုံတော် မီးလင်းပန်းချီလေးက
အိမ်တစ်အိမ်ကို လှပစေရုံသာမက
မြင်လိုက်တိုင်း စိတ်အေးချမ်းမှုနဲ့ ကြည်ညိုစိတ်ကို ဖြစ်ပေါ်စေတဲ့
တန်ဖိုးရှိ Handmade လက်ရာလေးတစ်ခုပါ 🙏

💁Handmade နဲ့ သေချာဖန်တီးထားတဲ့ လက်ရာတိုင်းမှာရိုသေလေးစားမှု၊ အဓိပ္ပါယ်ရှိမှုနဲ့ တန်ဖိုးထားမှုတွေ ပါဝင်နေပါတယ် 🖼️

💁နေ့တိုင်းမြင်နေကျ ပုံတစ်ပုံမဟုတ်ဘဲစိတ်ပင်ပန်းတဲ့အချိန်တိုင်း ငြိမ်းချမ်းမှုကို ပြန်လည်သတိရစေမယ့်
အမှတ်တရ လက်ဆောင်လေးတစ်ခုပါ 🤍

🖼️အိမ်အလှဆင်ဖို့ပဲဖြစ်ဖြစ်
🖼️မိဘများကို ကန်တော့ဖို့ပဲဖြစ်ဖြစ်
အဓိပ္ပါယ်ရှိပြီး တန်ဖိုးထားရတဲ့ လက်ဆောင်အဖြစ်
🖼️ဘုရားပုံတော် မီးလင်းပန်းချီလေးကို ရွေးချယ်နိုင်ပါတယ် ✨

💁မင်မင်တို့ မီးလင်းပန်းချီလက်ရာလေးတွေကို သဘောကျနှစ်သက်ပါက page messenger ကနေ order တင်လို့ရပါတယ်နော် 🥰

💁Handmade order လေးတွေဖြစ်တဲ့အတွက် ကြာချိန် ၇-၁၀ ရက်အထိ ကြာနိုင်ပါတယ်ရှင့် 😊

💁ဈေးနှုန်းများကိုလည်း page messenger ကနေ အားမနာတမ်းမေးမြန်းနိုင်ပါတယ်ရှင် 💓

#စိတ်ကူး_handmade

Photos from Snow Queen Online Shopping's post 16/05/2026

🎉 Ph bill (3000) Giveaway Winner Announcement 🎉

အားလုံးစောင့်မျှော်နေကြတဲ့ Giveaway မဲဖောက်ပေးမယ့်အချိန်လေး ရောက်လာပါပြီရှင် 🤍

ကံထူးရှင်လေးကတော့ comment picker နဲ့ရွေးချယ်ထားတာဖြစ်ပြီး—

🏆 Winner (၃)ဦးကို အောက်မှာကြေငြာပေးထားပါတယ်ရှင့်

Congratulations ပါနော် 🥳
Page Chat Box မှာ လာရောက်ဆက်သွယ်ပေးပါရှင့် 💌

နောက်ထပ် Giveaway လေးတွေလည်း ဆက်ရှိဦးမှာမို့ Page ကို See First လုပ်ထားဖို့ မမေ့နဲ့နော်

ပါဝင်ပေးကြတဲ့ တစ်ယောက်ချင်းစီတိုင်းကို အများကြီးကျေးဇူးတင်ပါတယ်ရှင့် ✨

#စိတ်ကူး_handmade

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address

Yangon