Skip to content
Salons10
HTAY

HTAY

Yangon Health/Beauty

စိတ်ကလေး ခဏတာလေးဖြစ်ဖြစ်
အေးချမ်းသွားပါစေ

10/10/2026

ကော်ဖီမှာ ခါးသက်တဲ့ အရသာရှိတယ်
ထန်းလျက်မှာ ချိုတဲ့ အရသာရှိတယ်
ကော်ဖီဆိုတာနဲ့ ခါးသက်နေမှ ကြိုက်တယ်
ထန်းလျက်ဆိုလည်း ချိုနေမှ ကြိုက်တယ်
ခါးရမယ့်အရာတွေက ခါးနေမှ ပိုကောင်းသလို
ချိုရမယ့်အရာတွေကလည်း ချိုနေမှ သဘာဝကျတယ်

ထိုနည်းတူပါပဲ မိတ်ဆွေနဲ့ရန်သူဆိုပြီး နှစ်မျိုးရှိကြတယ် ဘဝမှာ မိတ်ဆွေဆိုရင်လည်း မိတ်ဆွေစစ်စစ်လိုအပ်သလို ရန်သူဆိုလည်း ရန်သူပီသတဲ့ ရန်သူစစ်စစ်ပဲ လိုအပ်ပါတယ်

ခါးမယ်ဆို ခါးပါ
ချိုမယ်ဆိုလည်း အဆုံးစွန်ထိ ချိုပေးပါ

HTAY
10.10.2026

03/10/2026

ကိုယ့်စိတ်လေး အေးချမ်းဖို့ အပြစ်တင်ခြင်းတွေ မရှိဘဲ ဖြည့်တွေးပေးတတ်တာလည်း ကောင်းမွန်တဲ့အရည်အချင်းတစ်ခုပါပဲ

အလွယ်ကူဆုံး အလုပ်က အပြစ်တင်ကဲ့ရဲ့ခြင်းဖြစ်ပြီး အသိအမှတ်ပြုချီးမွမ်းဂုဏ်ပြုခြင်းကတော့ အခက်ခဲဆုံးအလုပ်ဖြစ်ပါတယ် 🍀

HTAY
3.9.2026

26/09/2026

နေမကောင်းတဲ့အခါ နေကောင်းကျန်းမာခြင်းရဲ့ တန်ဖိုးကို ပိုသိသာစေတယ်

မှောင်လာတဲ့အခါ အလင်းရဲ့ တန်ဖိုးကို ပိုမြင်သာစေတယ်

အိပ်မပျော်တဲ့အခါ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားတဲ့ နေ့ရက်တွေက သိပ်တန်ဖိုးရှိပါလားလို့ အတွေးဝင်စေတယ်

HTAY
26.9.2026

22/09/2026

ပန်းအမျိုးအစားတွေ အများကြီးထဲမှာ အလှဆုံးပန်းဆိုတာ ရှိပေမယ့် ကျန်တဲ့ပန်းအမျိုးအစားလေးတွေကလည်း သူ့အလှနဲ့တူ လှနေကြပါတယ်

အားလုံးက သူ့အလှနဲ့သူ သူ့ဖြစ်တည်မှုနဲ့သူ လှနေကြ တန်ဖိုးရှိနေကြတာပါပဲ

တန်ဖိုးတွေကိုယ်စီ အလှတွေကိုယ်စီနဲ့ပါပဲ 🌷🌸💐

HTAY
22.9.2026

16/09/2026

တိတ်တိတ်လေး ချစ်တာကို တားခွင့်မရှိသလို

တိတ်တိတ်လေး မုန်းသွားတာကိုလည်း မမုန်းပါနဲ့လို့ ဒို့မှာ တားခွင့်မရှိပါဘူး အချစ်ရယ်

ချစ်တာကို အပြစ်မပြောရက်သလို မုန်းသွားတာကိုလည်း အပြစ်မဆိုရက်ပါဘူး

HTAY
16.9.2026

15/09/2026

တစ်နေ့တော့ မြူမှုန်သဖွယ် ပျောက်ကွယ်ရဦးမှာပါ

ရှင်သန်ခွင့်ရတဲ့ တစ်ရက်ချင်းကို အကောင်းဆုံးမေတ္တာတွေနဲ့ ဖြတ်သန်းချင်တယ်

ကိုယ်ပျော်ရမယ့် အရာတွေ ကိုယ်လုပ်သင့်တဲ့အရာတွေကို လုပ်ရင်း တစ်ရက်ချင်း ကောင်းမွန်စွာ ရှင်သန်ချင်တယ် 🍀

HTAY
15.9.2026

12/09/2026

ရင်ထဲကအပူမီးများ

ဒီကာလကြီးမှာ

အိမ်နဲ့ဝေးကွာနေရတဲ့ သားသမီးတိုင်း အိမ်မှာကျန်ခဲ့တဲ့ မိဘကို စိတ်ပူရတယ် စိတ်မချဖြစ်ကြတယ်

အိမ်နဲ့ဝေးကွာနေရတဲ့ သားသမီးတွေကိုလည်း မိဘတွေက စိတ်ချလို့မရ ပူပန်ကြရတယ်

အပြန်အလှန်စိတ်ချလို့ရတဲ့ အေးချမ်းတဲ့ ကာ‌လ
အေးချမ်းတဲ့နိုင်ငံလေး အမြန်ဆုံးဖြစ်ချင်လှပါပြီ

HTAY
12.9.2026

09/09/2026

တစ်ခါတစ်လေ ဘာမှမပြောချင်လောက်အောင် တိတ်ဆိတ်သွားချင်တဲ့ အချိန်တွေရှိတယ် 🍀🍀🍀


HTAY
9.9.26

07/09/2026

ဒီရက်ပိုင်းတွေ အိမ်ကို သိပ်လွမ်းတာပဲ
ကိုယ့်လိုပဲ အဝေးရောက်နေတဲ့ သားသမီးတိုင်း အိမ်ကို လွမ်းနေကြမယ်နဲ့တူပါတယ်

ခေတ်မကောင်းတဲ့ ဒီကာလကြီးမှာ အကြောင်းအမျိုးမျိုးကြောင့် အိမ်နဲ့ ဝေးနေကြရတယ်
အလုပ်တွေလုပ်ဖို့ ကျောင်းတက်ဖို့ ကိုယ့်မွေးရပ်ဌာနေမှာ မအေးချမ်းလို့ အကြောင်းအမျိုးမျိုးနဲ့ ဝေးကွာနေကြရတယ်

မိဘရင်ခွင်မှာ အေးချမ်းစွာခိုလှုံခွင့်ရခဲ့တဲ့ အချိန်တွေ ညနေပိုင်း မိသားစုထမင်းဝိုင်းလေးတွေ အမေ့ရဲ့ ဆုံးမသံတွေ အဖေ့ရဲ့ အပြုံးတွေ အကုန်လွမ်းနေမိသား ...

တစ်နေ့တော့ မိဘနားလေးမှာ နေပြီး အနီးကပ် ပြုစုပေးချင်သလို မိဘနှစ်ပါးရဲ့ ရင်ခွင်မှာ အရင်လို
ကပ်ချွဲချင်ပါသေးတယ် အဖေနဲ့အမေ🥰

HTAY
7.9.2026

05/09/2026

လူတိုင်းမှာ ခံစားချက်တွေ ကိုယ်စီရှိကြတယ် ဝမ်းနည်းရတာတွေ စိတ်ပူရတာတွေ မပျော်တော့တာတွေ အမျိုးမျိုးပေါ့

တစ်ယောက်နဲ့တစ်ယောက် ခံစားချက်တွေကို ဖော်ထုတ်ပုံလေးတွေ မတူကြဘူး
တချို့က ပေါက်ကွဲကြတယ်
တချို့က Social Media မှာ ရင်ဖွင့်ကြတယ်
တချို့က ချစ်ရတဲ့သူတွေကို ရင်ဖွင့်ကြတယ်
တချို့က ငိုကြွေးကြတယ်
တချို့က တိတ်ဆိတ်သွားကြတယ်
တချို့က ငေးမှိုင်သွားကြတယ်

ပျော်ရခြင်းတွေ မမြဲသလို ပူပန်ရခြင်းတွေ ဝမ်းနည်းရခြင်းတွေလည်း မမြဲကြပါဘူး
လူ့ဘဝ ဖြတ်သန်းနေသရွေ့ ကြုံတွေနေကြရမှာပါပဲ

HTAY
5.9.2026

Alerts

Be the first to know and let us send you an email when HTAY posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Yangon.