Lin Lin Thwe - လင်း
❤W & L ❤
08/01/2026
စိတ်တွေအေးချမ်းပြီး အမြဲတမ်းပျော်ရွှင်နေဖို့အတွက်
ဒီနေ့ 9:08 AM ကနေ 9:38. အထိ
Meditation လုပ်နိုင်ခဲ့ပါပြီး💚🍀
အများကြီးလုပ်နိုင်တဲ့ ငါ့ကိုငါ ကျေးဇူးတင်ပါတယ်🍀
8.1.2026🍀✍
22/12/2025
ဒီတစ်ယောက်လေးကြောင့် ခနခနရယ်မိသလို💕 ခနခနလည်းပြုံးမိနေတယ်ကွယ်❣...
တို့ကြောင့်...ဒီတစ်ယောက်လေးကိုတုန်နေအောင်ချစ်ရပါကြောင်း...သိစေလိုပါတယ် 🤭🍀❤
#22.12.2025✍❤
09/12/2025
မောင်၏ကြူးမှုမှာ...ကျရူံး..🤭
""မနေ့က နေလည်းမကောင်းလို့..အစောကြီးဖုန်းမပြောပဲအိပ်လိုက်တာ..🥺😊''''
သူ၏...လွမ်းစာများ💌💌
Love😘
#လင်း✍
08/12/2025
မောင့်ရဲ့...အသဲငယ် ပါ🤭😂
19/11/2025
""ဘုရားမှာ...စိတ်အေးချမ်းဖို့အတွက်''
""နှစ်ယောက် အတူတူ ပဌာန်းရွတ်ပြီးပူဇော်ခဲ့သလို...
ကုသိုလ်တွေလည်း အများကြီးပြုလုပ်ခဲ့တယ်''
""တွေ့ဆုံကျတဲ့ရေစက်တွေဟာ..ကံရှိသလောက်ဆိုတာသိပေမယ့်....
ဒီအမျိုးသားနဲ့တော့..သံသရာအဆက်ဆက်တွေ့ဆုံပြီး
ပါရမီဖြည့်ပေးခြင်ပါတယ်..''🍀
""အေးချမ်းပါစေချစ်သောသူရေ..❤''
19.11.2025
#လင်း✍
11/11/2025
""Sweet''🍓🍓
I Love You 🤍
30/10/2025
ရှေးလူကြီးသူမ ဆိုရိုးစကားများ
(၁) မဟောင်တတ်သော ခွေးသည် ကိုက်တတ်၏။ စကားမပြောဘဲ ဆိတ်ဆိတ်နေသူသည် မိုက်တတ်၏။
(၂) အကောင်းပြောလျင် ချက်ချင်း ဝမ်းမသာပါနှင့်၊ မကောင်းပြောလျင်လည်း ချက်ချင်း ဝမ်းမနည်းပါနှင့်။
(၃) ကန်ဖူးသော မြင်းသည် ကန်ချက်ကို မမေ့။ လူသည်လည်း အကျင့်ပျက်ကို မမေ့။
(၄) ထိုင်သည့်အခါ အောက်ကို ကြည့်ပါ။ ထသည့်အခါ အပေါ်ကို ကြည့်ပါ။
(၅) မပုပ်သော အသီးကို ပိုးမထိုး။ မရှိသောသူကို သူခိုးမခိုး။
(၆) လက်ခြေတို့သည် ဝမ်းဗိုက်၏ ကျေးကျွန် ဖြစ်သည်။ မည်သူကမျှ အလကားခေါ်မကျွေးနိုင်။
(၇) ခမောက်သည် လူ၏ ဦးခေါင်းနှင့် မကင်း၊ လူတိုင်းသည် အချစ်နှင့် မကင်း။
(၈) နှုတ်ခမ်းရွဲ့သူသည် ဆဲရေးတတ်၏၊ မာနကြီးသူသည် စကားကျဲ၏။
(၉) ဦးချိုမကောင်းသော နွားကို မမွေးပါနှင့်၊ အလုပ်မလုပ်ဘဲ လေလွင့်နေသူကို မကွေးပါနှင့်။
(၁၀) အစားကြောင့် ချစ်ခင်တတ်၏၊ စကားကြောင့် မုန်းတတ်၏။
(၁၁) မြန်မြန်စားသော် နင်တတ်၏၊ မြန်မြန်ပြေးသော် ချော်လဲတတ်၏။
(၁၂) ချစ်လျှင် လက်ဆောင်အဖြစ် အလကားပေး ရာ၏၊ အရောင်းအဝယ်ပြုလျင် အများတကာကဲ့သို့ ဈေးယူ ရာ၏။
(၁၃) နှုတ်ချိုသော် ပုခုံး သက်သာ၏၊ နှုတ်ချိုသော် ဗိုက်ပြည့်၏။
(၁၄) ရေကန်ကို ဆဲဆိုလျင် ငါးသတ္တဝါတို့ စိတ်နာ တတ်၏၊ ခွေးကို ဆဲဆိုသော် အိမ်ရှင်သည် စိတ်နာတတ်၏။
(၁၅) အရိပ်ခိုသော် အကိုင်းကို မချိုးရာ၊ မိုးကြိုးမပစ်သော်လည်း မြွေကိုက်တတ်၏။
(၁၆) ကျီးကန်းအား သစ်စေးပုံးကို မစောင့်စေရာ၊ သူခိုးကို ဥစ္စာထုပ်အား မစောင့်စေရာ။
(၁၇) အတူတကွ ဝိုင်းဝန်းစားမှ အရသာမြိန်၏၊ အတူတကွ ဝိုင်းဝန်းမမှ အလေးချိန်ပေါ့၏။
(၁၈) နက်သောရေသည် အသံတိတ်ဆိတ်၏၊ ပညာရှိသည် တိတ်တိတ်နေတတ်၏။
(၁၉) တောချုံကိုလည်း မပျက်စေရာ၊ ယုံကိုလည်း မလွှတ်ထွက်စေရာ။
(၂၀) ကြာပန်းကိုလည်း မနွမ်းစေရာ၊ ရေကိုလည်း မနောက်စေရာ။
(၂၁) စားလို၍ မေးမြန်းတတ်သည်။ ခိုးလို၍ ထိတ်လန့်အောင် လုပ်တတ်သည်။
(၂၂) ပျော်ရွှင်ချင်သူ၏ မျက်နှာသည် စပ်ဖြဲဖြဲ၊ ရည်းစားစကား ပြောသူ၏ မျက်နှာသည် ပျော့ရဲရဲ။
(၂၃) အုပ်စုကွဲသောနွားသည် အမဲသားဖြစ်၏။ အမျိုးကွဲသောသားသမီးသည် တခြားသူဖြစ်သွား၏။
(၂၄) လူဖြစ်လာလျင် မအပါနှင့်၊ မိမိကျော ကို လှန်၍ သူတစ်ပါးအား မပြပါနှင့်။
(၂၅) လက်ကျိုးလျင် အင်္ကျီထဲတွင်သာ ကျိုးပါစေ။
(၂၆) ပြောပြီးသော စကား၊ ဓားဖြင့်ခုတ်မိသွားသော အရာ၊ ကျိုးသွားသော ကျောက်ခဲတို့သည် မူလအတိုင်း ပြန်မ ဖြစ်တော့။
(၂၇) အပြောကြီးသောသူသည် ကျားအရှင်ကို ဖမ်းမိတတ်၏။
(၂၈) ကျီးကန်းကလည်း ဇီးကွက်ကို မစွပ်စွဲပါနှင့်၊ ဇီးကွက်လည်း ကျီးကန်းကို မစွပ်စွဲပါနှင့်။ အော်သံချင်း သိပ်မ ထူးပါဘူး။
(၂၉) လူသည် အသက်ရှူတာခြင်း ခြားနား၏။ တချို့က ငှက်ပျောသီးကို ဆားနှင့် တို့စားချင်ကြ၏။
(၃၀) မကတတ်လျင် အိုးစည်တီးသူကို မစွပ်စွဲပါနှင့်၊ မ လုပ်တတ်လျင် သူများကို မစွပ်စွဲပါနှင့်။
(၃၁) သကာလိုချိုသော တရားကို လူကြိုက်ရှား၏။ ပဲပုပ်လို နံသော အစားအစာကို လူကြိုက်များ၏။
(၃၂) သူတစ်ပါးကို ခိုင်းလျင် စိတ်တိုင်းမကျနိုင်၊ နာခေါင်းဖြင့် စားလျင် ဗိုက်မဝ။ (အနံ့ခံရရုံဖြင့် ဗိုက်မဝဟု ဆိုလို၏)
(၃၃) သူတစ်ပါးကို လက်ညှိုးထိုး၊ ကိုယ်ဘက် သုံးချောင်းတိုး။ (လက်မနှင့် လက်ညှိုးသာ သူများဘက်ကို လှည့်၏၊ လက်ခလယ်၊ လက်သူကြွယ်နှင့် လက်သန်းသည် ကိုယ့်ဘက် ကို လှည့်နေ၏)
(၃၄) ထက်လှစွာသော ဓားသည် သူ၏ ဓားရိုးကို ပြန်ပြီး မခုတ်နိုင်။
(၃၅) အသွင်ပြောင်းသော သမန်းကျားသည် နွားကို ဖျောက်၏။ အသွင်ပြောင်းသော သူသည် အမျိုးပျောက်၏။
(၃၆) မကိုက်တတ်သော ခွေးသည် ဟောင်၏။ ငွေမချေးသင့်ဘဲ ချေးပေးလျင် ဒူးညောင်း၏။
(၃၇) ဆင်ပြောင်ကြီးသည် သစ်တုံးကြီးကို ချီနိုင် သကဲ့သို့ စာကလေးသည်လည်း မြက်ပင်ကို ချီနိုင်ပါသည်။
(၃၈) မတ်တပ်ရပ်လျင် အပေါ်ထုတ်တန်းကို ကြည့်ပါ၊ ထမင်းချက်လျင် ထမင်းကျန်ကို အရင်ကြည့်ပါ။
(၃၉) ငါးရံ့သည် ရေထဲတွင် တစ်သက်လုံး နေ သော်လည်း မဖြူ။ဗျိုင်းသည် ကုန်းပေါ်နေသော်လည်း မမဲ။
(၄၀) ခွေးက သန်းကို ကိုက်သော်လည်း သန်းမသေ၊ သန်းက ခွေးကို ကိုက်သော် လည်း ခွေးမသေ။
(၄၁) ကံမကောင်းလျင် သစ်ပင်ကို အမီပြုသော်လည်း သစ်ပင်သည် လဲကျ၏၊ တိုင်ကို အမီပြုသော်လည်း တိုင်သည် လဲကျရာ၏။
(၄၂) ဒုက္ခရောက်ချိန် ဝက်ဝံကိုရှောင်စဉ် ကျားနှင့် ဝင် တိုးတတ်၏။
(၄၃) ဝါးခမောက်လုပ်သူ ဖက်ခမောက်ကိုဆောင်း၊ အိုးစည်လုပ်သူ ဝါးခေါင်းကို တီး။
(၄၄) ကိုရင်ကလေးသည် ကြေးစည်ကြီးကို ရိုက်ခတ်၍ အမြဲတမ်း ငိုအောင်ပြု၏။ တစ်ခါတစ်ရံ ကြေးစည်ကြီးသည် ကိုရင်ကလေးကို ပြန်ရိုက်ခတ်သောအခါ ကိုရင်ကလေးသည် ကြေးစည်ထက် အကြာကြီး ငိုနေတတ်၏။
#ဘဝစာပေ
#မူရင်းအားလေးစားစွာဖြစ်crdပေးပါတယ်
30/10/2025
အေးအေးဆေးဆေးနေတတ်ရုံကလွဲရင် ကိုယ်ကချေမိုးနေတာမဟုတ်ပါဘူး
ရင်းနှီးတဲ့လူတချို့နဲ့ ပေါတောတောနေတတ်ပေမယ့်
ကိုယ်က ရောချင်တိုင်းရောလို့ရတဲ့ လူမျိုးမဟုတ်ပြန်ဘူး။
ကိုယ်ကရှင်းတယ် သာလဲမပေါင်းသလို ညာလဲမစားဘူး
စိတ်မပါရင် ဘယ်သူနဲ့မှ အရောအဝင် မလုပ်တတ်ဘူး
တခါတလေ အေးစက်တယ်၊ တိတ်ဆိတ်တယ်ဆိုတာက မလိုတဲ့သူတွေအတွက်ပါဘဲ
မေတ္တာဖြစ်စေ၊ စေတနာဖြစ်စေ ထိုက်တန်တဲ့လူတွေကိုဘဲ ပေးတာမို့ တကိုယ်ကောင်းဆန်တယ်လို့ ပြောချင်ပြောနိုင်ပါတယ်။
💭 || 25.10.2025
Crd
30/10/2025
...ဘာလုပ်နေကျတုန်း...😂
25/10/2025
ချစ်ခြင်းမေတ္တာတွေ နဲ့...ပေးတာမလို့...
တန်ဖိုးထားပြီး....မြတ်နိုးမိပါတယ်ရှင့်😍😍
နောက်ဆုံးတော့...ချစ်သူဝယ်ပေးတဲ့...3CE လေး ရရှိပါပြီး..
👄👄...
အများကြီး ချစ်တယ်နော်❤
#လင်း✍
#25.10.2025🎁🍀💌🕊
Click here to claim your Sponsored Listing.
