Ye Wint Thu Pharmacy & Pride Services
အင်္ဂလိပ်ဆေး အမျိုးမျိုး၊ ဗမာဆေး အမျိုးမျိုး ရောင်းဝယ်ရေး။ Pride Services အမျိုးမျိုး ရရှိနိုင်ပါသည်။
Testosterone (အမျိုးသားဟော်မုန်း) သုံးစွဲတဲ့အခါ ခန္ဓာကိုယ်မှာ ဘာတွေပြောင်းလဲလာမလဲ? 🤔
Testosterone စသုံးခါစတွင် တွေ့ရနိုင်သည့် ပြောင်းလဲ မှုများ
ဆေးစသုံးတဲ့ (ပထမ ၃ လကနေ ၁ နှစ်ဝန်းကျင်) ကာလအတွင်းမှာတော့ အောက်ပါအချက်လေးတွေကို သတိထားပြီး ဂရုစိုက်ပေးဖို့ လိုပါမယ်။
1.ဝက်ခြံများ အလွန်အကျွံထွက်ခြင်း
2.မျက်နှာ အဆီပြန်ခြင်း
3.ကိုယ်နံ့၊ ချွေးနံ့ ရှိလာခြင်း
4.ရာသီရပ်ခြင်း
5.မျက်နှာ ဖောယောင်ခြင်း ( ပထမ ၃ လ မှ တစ်နှစ် )
6.ဆီးနံ့ ပြင်းလွန်းခြင်း
Testosterone ကြောင့် ပြောင်းလဲ နိုင်သည်များ💪
1. အသံဩလာခြင်း
2.အမွေးအမျှင် ထွက်လာခြင်း
3.အားရှိ သလို၊ အားအင်ပြည့်ဝသလို ခံစားရခြင်း
4.ကြွက်သားနှင့် အရိုးအဆစ်များ ကြီးထွားလာခြင်း
5.မိမိကိုယ်ကို ယုံကြည်မှု ပိုရှိလာခြင်း
ဟော်မုန်းပြောင်းလဲမှုဖြစ်စဉ်ဟာ တစ်ဦးနဲ့တစ်ဦး မတူညီနိုင်တာမို့ ဆေးဝါးများ မသုံးစွဲမီနှင့် သုံးစွဲနေစဉ်အတွင်းမှာ ကျွမ်းကျင်သော ဆရာဝန်များ/ ကျန်းမာရေးဝန်ထမ်းများနှင့် သေချာတိုင်ပင်ဆွေးနွေးပြီး စနစ်တကျ သုံးစွဲဖို့ အထူးအရေးကြီးပါတယ်။
Testosterone ( အမျိုးသားဟော်မုန်း) ကို အသုံးပြုဖို့ ပြင်ဆင်နေတဲ့ သူတွေ သို့မဟုတ် သုံးစွဲနေသူတွေ အနေနဲ့ သိထားသင့်တဲ့ အချက်လေးတွေကို မျှဝေပေးလိုက်ပါတယ်
Testosterone အမျိုးသားဟော်မုန်း မသုံးသင့်သူများ
1. နှလုံးသွေးကြောကျဉ်း ရောဂါရှိသူ
2.သွေးပြစ်/သွေးခဲ ရောဂါရှိသူ
3.ဆီးချိုရောဂါရှိပြီး ပုံမှန် မထိန်းနိုင်သူ
4.သွေးတိုးရောဂါရှိပြီး ပုံမှန် မထိန်းနိုင်သူ
5.မိမိကိုယ်ကို သို့မဟုတ် တစ်ပါးသူကို အန္တရာယ်ပြူနိုင်သည့် စိတ်ပိုင်းဆိုင်ရာ ရောဂါရှိသူ
Testosterone အမျိုးသားဟော်မုန်းကို သတိထားသုံးစွဲ သင့်သူများ
1.ဆေးလိပ်သောက်သူ
2.သွေးတွင်း အဆီ များနေသူ
3.အဝလွန်နေသူ
4.အသည်းရောဂါရှိသူ
5.ရင်သားကင်ဆာ မျိုးရိုးရှိသူ
6.စိတ်မကျန်းမာသူ
စသည်တို့ ဖြစ်ပါတယ်။
ထို့ကြောင့် Testosterone ဟော်မုန်း စတင် အသုံးမပြုမှီ နားလည်တတ်ကျွမ်းသော ဆရာဝန်များ၊ကျန်းမာရေးဝန်ထမ်းများနှင့် တိုင်ပင်၍ လိုအပ်သောကျန်းမာရေး စစ်ဆေးမှုများပြုလုပ်ပီး စနစ်တကျ သုံးစွဲဖို့ လိုအပ်ပါတယ်။
"တင်ပါးမှာ/ပေါင်မှာ ထိုးဆေး ထိုးပြီးရင် ခဲသွားတတ်တာ ဘာကြောင့်လဲ။ "
ဆေးခန်းသွားတယ်။ တင်ပါးမှာ ထိုးဆေးထိုးပြီး နောက်ရက်တွေမှာ ခဲသွားတာကို လူအများစုက
“ဆေးမကျေဘူး” ၊ “ဆေးခဲသွားတာ” လို့ ပြောတတ်ကြပါတယ်။
၁။ ဘာလို့ အလုံးဖြစ်လာတာလဲ။
တကယ်တော့ အဲဒီအလုံးက ခန္ဓာကိုယ်ရဲ့ တစ်ရှူးအသားစတွေက ဆေးထိုးထားတဲ့နေရာကို တုံ့ပြန်မှု ပြန်ပေးတာမျိုး/ ပြန်ပေးရာမှာ လွန်ကဲတာမျိုး ဖြစ်နိုင်ပါတယ်။
ပုံမှန်ဆိုရင် ဆေးကိုတင်ပါးကြွက်သား နဲ့ အနီးတဝိုက်က သွေးကြောတွေကနေ စုပ်ယူပြီးတော့ ပင်မသွေးစီးကြောင်းထဲကို ပို့ဆောင်ပေးပြီး သွေးထဲကနေတဆင့် ဆေးရဲ့ အာနိသင်ကို ရရှိစေပါတယ်။ အလုံး ဖြစ်ကျန်ခဲ့တာ ခဲနေတာ မရှိပါဘူး။
၂။ ဒါပေမဲ့ တစ်ခါတလေ တချို့သော အခြေအနေတွေမှာ တင်ပါးဆေး IM (အသားထဲထိုးတဲ့ဆေး) ထိုးပြီးနောက် တင်ပါးမှာ အလုံးခဲသလို ဖြစ်ရတဲ့ အကြောင်းရင်းတွေကတော့
- ဆေးရည်က တင်ပါးတစ်ရှူးထဲမှာ စုပုံနေတာ ဖြစ်နိုင်ပါတယ်။
- ထိုးတဲ့နေရာမှာ ရောင်ရမ်းမှု inflammation ဖြစ်တာ ဖြစ်နိုင်ပါတယ်။
- တင်ပါးရဲ့ တစ်နေရာတည်းကို ခဏခဏထိုးတဲ့ အခါ ဖြစ်နိုင်ပါတယ်။
- ဆေးထိုးတဲ့ နည်းလမ်း မမှန်တာ ( အပ်က ကြွက်သားထဲ မရောက်တာ)
- ဆေးက ကြွက်သားအလွှာထဲ မရောက်ဘဲ အပေါ်က အဆီလွှာထဲ ဝင်သွားတာ
- အချို့ထ်ိုးဆေးတွေက တစ်ရှုးကို ထိခိုက်မှု ပိုဖြစ်စေတာ
- နောက်တစ်ခုကတော့ အတွင်းက သွေးကြောလေးတွေ ပေါက်ပြီး သွေးခဲတာ haematoma ဖြစ်သွားတာ
- နောက်တစ်ခုကတော့ ပိုးဝင်ပြီး ပြည်တည်နာဖြစ်တာ
တို့ကြောင့် ဖြစ်နိုင်ပါတယ်။
၃။ ထိုးဆေးထိုးပြီး ဖြစ်တဲ့ အမာအကျိတ်၊ အတင်းအခဲတွေက များသောအားဖြင့် ရက်ပိုင်းကနေ ရက်သတ္တပတ်အနည်းငယ်အတွင်း ပြန်ပျောက်သွားတတ်ပါတယ်။ အခြေအနေပေါ်မူတည်ပြီးတော့ အသေးစားရောင်ရမ်းမှုဆိုရင် ၃ ရက် မှ ၁ ပတ်၊ သွေးခဲသေးသေး (hematoma) ဆိုရင် ၁ ပတ် မှ ၂ ပတ်၊ ပျစ်တဲ့ဆေးကြောင့် အကျိတ်အခဲဖြစ်တာဆိုရင်၂ ပတ် မှ တစ်လလောက် ကြာနိုင်ပါတယ်။
တချို့လူတွေမှာတော့ fibrous tissue အမာများ ဖြစ်သွားကာ tissue fibrosis ဖြစ်ပြီး အလုံးအမာကြီးတစ်ခု အချိန်ကြာကြာ ကျန်နေတတ်ပါတယ်။
၄။ ဘယ်လို ဝေဒနာတွေခံစားရနိုင်လဲ။
အများစုကတော့
- နည်းနည်း နာနေမယ်
- လက်နဲ့စမ်းရင် ခဲခဲတင်းတင်းအလုံး စမ်းမိမယ်
- ပူနေ ရောင်နေတာ မရှိတတ်ဘဲ တဖြည်းဖြည်းချင်း ပြန်ပျော့သွားတတ်ပါတယ်။
ဒါပေမယ့်
- အရမ်းနာလာတယ်
- နီလာတယ်
- ပူလာတယ်
- အရွယ်ကြီးလာတယ်
- ဖျားလာတယ်
ဆိုရင်တော့ ပိုးဝင်တဲ့ပြည်တည်နာ injection abscess ဖြစ်နိုင်လို့ မပေါ့ဆဘဲဆရာဝန်ပြသင့်ပါတယ်။
၅။ ဘယ်လို ကာကွယ်ရမလဲ
ဒါက အခန့်မသင့်ဘဲ ခန္ဓာကိုယ်က တုံ့ပြန်တဲ့ အခြေအနေတွေမို့ ဖြစ်တတ်ပါတယ်။
ထိုးဆေးထိုးတဲ့အခါ
- နည်းစနစ်ကျကျ မှန်ကန်တဲ့ ထိုးနှံနည်း သုံးဖို့
- ဆေးထိုးတဲ့အခါ တစ်နေရာတည်း ထပ်ခါထပ်ခါ မထိုးဖို့ ( ဟိုဘက် ဒီဘက် ပြောင်းတာ/ မလိုအပ်ဘဲ ဆေးမထိုးတာ စသည်)
- ထိုးပြီးနောက် အသာအယာလေး ပွတ်ချေပေးတာ ( မချေရတဲ့ ဆေးမျိုးမှ လွဲ၍ )
- ရေနွေးအိတ် ကပ်ပေးတာ
ဒါတွေ လုပ်ပေးလို့ ရပါတယ်။
၆။ “ဆေးထိုးပြီး ခဲသွားတိုင်း အန္တရာယ်ရှိတာ မဟုတ်ပေမယ့်
နီရဲ ရောင်ရမ်းလာတာ နာကျင်တာ ပိုဆိုးလာတာ စတဲ့ ပိုးဝင်လက္ခဏာတွေ ရှိလာရင်တော့ မပေါ့ဆသင့်ပါဘူး” ။ ဆရာဝန်နဲ့ ပြန်လည် ပြသပါ။
Credit #ခွန်းညိုသွေး
https://www.facebook.com/share/p/1AsmTsR3bH/
A- TECH ( Testosterone Enanthate 300mg /ml ) Exp. Sept/ 2026 လေးပါ
ဒါလေးလဲ မူရင်းဈေး 27000 ကို 25000 နဲ့ ရပါမယ်နော် 🥰
မှာယူမယ်ဆို cb ကို လာခဲ့ပေးပါ ရှင့် 🥰
Musclemax( Sustanon 300) Exp . Oct /2026 လေး မူရင်းဈေး 250000 ကို 230000 နဲ့ ရပါမယ် ရှင့် 🥰
15 ရက်တစ်ခါ သုံးမယ့် bro တို့ဆို 5 လ ကွက်တိ အချိန်ရပါသေးတယ် နော် 🥰
Stock လက်ကျန်လေး တစ်လုံးပဲ ကျန်တာ ဖြစ်လို့ မှာယူမယ်ဆို cb မှာ လာပြောပေးပါနော် 😍😍
ဆိုင်မှာ stock ရနိုင်တာလေး တွေပါ။ အများဈေး ရှိပါမယ် ရှင့်။ တစ်ချို့ items လေးတွေ တော့ stock နည်းနေပီ ဖြစ်လို့ မှာယူမယ်ဆို ပစ္စည်းလေးနဲ့ ဈေးနှုန်း အသေး စိတ်ကို cb မှာ လာရောက် မေးမြန်းနိုင်ပါတယ် ရှင့် 🥰
ဂျာစိမ်း - Exp. 10/29
Body tech - Exp . 12/28
Keifei. - Exp . 8/28
Musclemax - Exp . 11/27
( Cypionate )
Musclemax. _ Exp. 7/28
( Test E )
Musclemax. - Exp . 10/26
( Sustanon )
Pharma Test - Exp. 8/28
E 250
A - TECH. _ Exp .9/26
T Gel ဘူးကြီး - Exp .10/27
T Gel tube - Exp . 8/27
( 5g )
T Gel အထုပ်သေး - Exp . 7/27
Dermatix အမာရွတ်ပျောက်ဆေး - Exp .8/28
Testosterone ဟော်မုန်း အသုံးပြုနေသော bro တို့ ကျန်းမာဘေးကင်းစွာ ပြောင်းလဲနိုင်ဖို့ 💪
လိုက်နာသင့်သည့် အချက်များ 🩵
1. Gym ဆော့ခြင်း
2.အားကစား တစ်ခုခု လုပ်ခြင်း( ပြေးခြင်း၊ လမ်းလျှောက်ခြင်း၊ ဘောလုံးကန်ခြင်း၊ ခြင်းခတ်ခြင်း၊ ရေကူးခြင်း စသည့် မိမိ ဝါသနာ ပါရာ။
3. ကျန်းမာရေး နှင့် ညီညွတ်စွာ စားသောက်ခြင်း။
4.ရေများများ သောက်ခြင်း။
5. ၆ လ တစ်ခါ ကျန်းမာရေး စစ်ဆေးခြင်း၊ ကျန်းမာရေး ဝန်ထမ်းများ နှင့် တိုင်ပင်ဆွေးနွေးခြင်း။
မပြုလုပ်သင့်သည်များ ❌
1.ဆေးလိပ်သောက်ခြင်း
2.အရက်၊ဘီယာ အလွန် အကျွံသောက်ခြင်း။
3.စပ်ဆေးများ ထိုးခြင်း။
4.ဆေးအလွန်အကျွံ သုံးစွဲခြင်း။
5.ဆီကြော်စာ နှင့် အငံများ စားသုံးခြင်း။
6.ရာသီပြန်လာစေရန် ဆေးများသုံးစွဲခြင်း။
7.တစ်ပါးသူ နှင့် မိမိ ကိုယ်ကို အန္တရာယ် ဖြစ်စေသောအပြုအမူများအား မထိန်းချုပ်ခြင်း။
25/04/2026
27/April ဆိုင်ပြန်ဖွင့်ပါပြီ။
ဆရာမလေး ရှိပါမယ်။
အမှန်ဆို တနင်္လာ ၊အင်္ဂါ ပိတ်ပေမယ့် ဆေးထိုးနောက်ကျနေတဲ့ Brothers များအတွက် ဖွင့်ပေးမှာပါ။
ဆိုတော့ တနင်္လာနေ့ လာခဲ့ကြပါ။
ပစ္စည်းမှာ ထားတဲ့ တဲ့ Brothers များဆီကိုလဲ တနင်္လာနေ့မှာ ပစ္စည်းတွေ Deli အပ်ပေးပါမယ်ဗျ။
စောင့် ပေးကြတာ ကျေးဇူးတင်ပါတယ်။
Gel လေးတွေလဲ Date အသစ်နဲ့ ထပ်ရောက်နေပါပြီ။
ဂျာစိမ်း ကျွန်တော့်ဆီမှာ စျေးသက်သက်သာ သာ နဲ့ရမယ်ဗျ။
Keifei ရ။
အမာရွတ်ပျောက်ဆေးရ။
သွေးစစ်လို့ ရပါပြီ။
တခြားလိုတာလေးတွေ မေးပေးပါ။
One by one Discussion လေးလဲ ပြန် လက်ခံနေပါပြီ။
Schedule လေး လာညှိပြီး booking လာယူလို့ရပါပြီ။
အောက်ပိုင်းခွဲစိတ်တာနဲ့ ပတ်သတ်ပြီးလဲ One by One တိုင်ပင်ဆွေးနွေးနိုင်ပါပြီဗျ။
26/02/2026
ဆေးခန်း ဖွင့်ချိန်- 9am to 5pm
တနင်္လါ၊ အင်္ဂါ နေ့တိုင်း ပိတ်ပါသည်။
ဆေးခန်း ph no-09664672474
ကို ဆက်ပါခင်ဗျာ။
ဆေး လာမထိုးခင် ကြို ချိန်းပေးပါဗျ။ လောလောဆယ် ကျွန်တော် ရှိမှာ မဟုတ်ပါဘူး။
ကျွန်တော့် သူငယ်ချင်း ဆရာမ ရှိပါမယ်။
လောလောဆယ်ဆယ် အပေါ်က ဖုန်းကို ဆက်ပီး booking ယူထားသူများဘဲ ထိုးပေးနိုင်ပါဦးမယ်ဗျ။
T Gel လေး တွေ ရပါမယ်၊ ဘူးကြီးက Exp Date -May/26
ဖြစ်ပါတယ်။ ပုံမှန်စျေး 110000 ကို 99000 နဲ့ ရပါမယ် ခင်ဗျာ။ အရေအတွက် ၁၀ ဘူးလောက်ပဲ ကျန်ပါမယ်။
Messenger မှာ order တင်နိုင်ပါတယ်။
22/02/2026
ကိုကြီး မအားသော်လည်း ကျွန်မ စျေးရောင်းပေးနေပါတယ်ရှင့် 😁
T Gel ဘူးကြီး သိပ်မကျန်တော့ပါဘူးနော်
ပုံမှန်စျေး 110,000 ကျပ်ကို 99,000 ကျပ်နဲ့ ရပါမယ်ရှင့်
သုံးနေကျသူများ တကယ် ဝယ်ထားသင့်သောလေးပါနော်
😀
နယ်ဝေးလည်း ပို့ပေးပါတယ်ရှင့် 🥰
အမကြီးဆီ ဝယ်ယူအားပေးသွားသော မောင်လေး ကျေးဇူးတင်ပါတယ်ရှင့် 🙏
Click here to claim your Sponsored Listing.
Category
Address
Yangon
11052
Opening Hours
| Monday | 09:00 - 20:00 |
| Tuesday | 09:00 - 20:00 |
| Wednesday | 09:00 - 20:00 |
| Thursday | 09:00 - 20:00 |
| Friday | 09:00 - 20:00 |
| Saturday | 09:00 - 17:00 |
| Sunday | 09:00 - 17:00 |
