Tun Tauk Yankin Pharmacy
ထွန်းတောက်ဆေးဆိုင်ရန်ကင်း ( Since 2011 )
ရောဂါဝေဒနာတွေကို ပျောက်ကင်း စေဖို့နဲ့ ကာကွယ်ကုသဖို့အတွက် ဆေးသောက်သုံးတဲ့အခါ ဆေးအာနိသင် ထိရောက်မှုရှိဖို့အတွက် နည်းစနစ်မှန်မှန်နဲ့ သောက်သုံးဖို့ လိုအပ်တာကြောင့် ဆေးသောက်တော့မယ်ဆိုရင် သတိထားသင့်တဲ့ အချက်တွေကို မျှဝေပေးလိုက်ပါတယ်
တစ်ခါသောက်တစ်လုံး တစ်နေ့ လေးကြိမ်ဟု ဆရာဝန်ကညွှန်လိုက်သောဆေးကို မနက် (၉) နာရီ၊ နေ့လည် (၁၂) နာရီ၊ ညနေ (၄) နာရီ၊ ည (၁ဝ) နာရီ ဟု လေးကြိမ်ခွဲသောက်နေသည်ကို တွေ့ရဖူးပါသည်။ ဤသို့ဆေးသောက်ခြင်းသည် တစ်နေ့ကို ထမင်းနှစ်နှပ်စားမည့်အစား မနက်တွင် မနက်စာရော ညစာပါရောစားပြီး ညစာအငတ်ခံနေပုံနှင့်တူပါသည်။ မနက် (၉) နာရီမှ ည (၁ဝ) နာရီ အတွင်း ဆေးလေးကြိမ်သောက်ပြီး ည (၁ဝ) နာရီမှ မနက် (၉) နာရီတွင်း ဆေးမဝင်ပါ။
သောက်လိုက်သောဆေးသည် ပဋိဇီဝပိုးသတ်ဆေး ဖြစ်ပါက လူနာအိပ်ချိန် (လူနာစောင့်အိပ်ချိန်ဆိုလျှင်ပိုမှန်ပါမည်။) ရောဂါပိုးကအိပ်နေမည် မဟုတ်ပါ။ ထိုအခါဆေးဖြင့် (၁၂) နာရီ ကုသလိုက် (၁၂) နာရီ ဖြတ်ထားလိုက်ပြုသကဲ့သို့ဖြစ်နေသဖြင့် (၄) ရက်နှင့် ပျောက်မည့်ရောဂါသည် (၆) ရက် (၈) ရက် ကြာသွားနိုင်ပါသည်။ ဖြစ်သင့်သည်မှာ မနက် (၆) နာရီ၊ နေ့လည် (၁၁) နာရီ၊ ညနေ (၄) နာရီ၊ ည (၁ဝ) နာရီစီ ခွဲသောက်ပေးပါကအိပ်ချိန်လည်းမထိခိုက်၊ ဆေးလည်း စွမ်းသင့်သလောက်စွမ်းပါမည်။ (၆) နာရီခြားစီ အတိအကျတိုက်ခြင်းမှာ ဆေးစွမ်းထက်စေသော်လည်း လူနာနှင့် လူနာရှင်တို့၏ အိပ်ချိန်ကို ထိခိုက်စေ၍ အသည်းအသန်မဟုတ်လျှင်မသုံးသင့်ပါ။
ဆေးသောက်ရာတွင် အချိန်ရွေးမှန်ကန်စေရန်သာမက၊ ၎င်းဆေးနှင့်အတူ အစားအစာ ပါ/မပါလည်း ထည့်သွင်းစဉ်းစားရန်လိုအပ်ပါသည်။
အကိုက်အခဲပျောက်ဆေးတွေ သောက်သုံးတဲ့အခါ ဆေးသောက်ပြီးတာနဲ့ ရေများများ သောက်သုံးသင့်ပါတယ်။ ရေသောက်နည်းမယ်ဆိုရင် အကိုက်အခဲ ပျောက်ဆေးတွေဟာ အစာအိမ်နံရံမှာကပ်နေနိုင်ပြီး အစာအိမ်ကို ထိခိုက် စေနိုင်တာကြောင့် ရေများများ သောက်သင့်ပါတယ်။အကိုက်အခဲပျောက်ဆေးတစ်ချို့မှာ အစာအိမ်ကို ထိခိုက်စေ၍ အစာနှင့်ရောသောက်ရန်လိုအပ်သော်လည်း အချို့ဆေးများမှာ အစာနှင့် ရောသောက်ပါက အစာနှင့်
ဓါတ်ပြု၍သော်လည်းကောင်း၊ အစာနှင့်ရောသွား၍အူအိမ်မှ စုပ်ယူရာတွင် ကြွင်းကျန်ရစ်၍ သော်လည်းကောင်း၊ အာနှိသင်ပြသင့်သလောက်မပြနိုင်တော့ပါ။
အားဆေးတောင့်များတွင် ပါဝင်သော အဆီတွင်ပျော်ဝင်နိုင်သည့် ဗီတာမင်များကို အဆီပါသောအစားအစာ စားပြီးသောက်ပါက စုပ်ယူနိုင်သော်လည်း အစာမရှိဘဲ ရေသက်သက်ဖြင့် သောက်သုံးပါကစုပ်ယူနိုင်မည် မဟုတ်ပါ။
အိပ်ရာဝင်ကာနီး ဆေးသောက်တဲ့အခါ ဆေးသောက်ပြီးပြီးချင်း လှဲအိပ်ခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။ ဆေးသောက်ပြီး ၃ မိနစ်ခန့်အကြာမှ အိပ်သင့်ပါတယ်။
မတူညီတဲ့ ဆေးတွေကို တွဲဖက် သောက်သုံးတဲ့အခါ တွဲသောက်လို့ ရမရ ဆိုတာကို ဆရာဝန်ဆီ သေချာမေးမြန်းပြီးမှ သောက်သုံး သင့်ပါတယ်။ မတူညီတဲ့ဆေးတွေဟာ သွေးထဲမှာ မလိုလားအပ်တဲ့ ကျန်းမာရေးဆိုးကျိုးတွေ ဖြစ်ပေါ်နိုင်တာကြောင့် ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ သောက်သုံးသင့်ပါတယ်။
အိပ်ဆေးတချို့ကို အစာနှင့် ရောစားပါက အလုပ်လုပ်ရန် အချိန်နှေ်ာင့်နှေးစေပြီး၊ အစာမရှိဘဲစားသုံးပါက မြန်မြန် အိပ်ပျော်စေမည်ဖြစ်ပါသည်။
ဘေးထွက်ဆိုးကျိုးနည်းအောင် ဆေးသောက် အလွယ်ဆုံးနည်းမှာ ဆေးစသုံးချိန်တွင် ဆေးပမာဏအနည်းဆုံးဖြင့်စသုံးပြီး ခံနိုင်ရည်ရှိချိန်တွင်မှ တဖြည်းဖြည်းတိုးသောက်သည့်နည်းဖြစ်ပါသည်။
အထူးသဖြင့် စိတ်ရောဂါကုဆေးများတွင် ဆေးအာနှိသင်ပြချိန်မှာ (၁ဝ)ရက်မှ (၁၁)ရက်ခန့် အထိ ကြာမြင့်တတ်ပြီး ထိုကာလအတွင်း ဘေးထွက်ဆိုးကျိုးများကိုသာ ခံစားရသဖြင့် အနာနှင့်ဆေး တည့်ပါလျက် ဘေးထွက်ဒဏ်ကြောင့် ဆေးနှင့်ဝေးပြီး ဘဝမျောနေတတ်ကြသည့် ပမာဏသာပေးပြီး လူနာအား ဘေးထွက်ဆိုးကျိုး ဖြစ်နိုင်ချေကို ရှင်းပြထားနှင့်ပါက ပို၍အဆင်ပြေမည်ဖြစ်ပါသည်။
အစာမစားခင် ဆေးသောက်ဖို့ ဆရာဝန်က ညွှန်ကြားတဲ့အခါ အစာ မစားခင် နာရီဝက်ခန့်မှာ သောက်သင့်ပြီး အစာစားပြီးမှ သောက်သုံးဖို့ ညွှန်ကြားတဲ့အခါမျိုးမှာ အစာစားပြီး ၁၀ မိနစ်ခန့်အကြာမှ သောက်သုံးသင့်ပါတယ်။ စားလိုက်တဲ့ အစာကြောင့် ဆေးအာနိသင် ပျက်ပြယ်တာမျိုး မဖြစ်ရအောင်နဲ့ ဆေးကြောင့် အစာအိမ်တွင်း မအီမသာ ခံစားရတာမျိုးတွေ မဖြစ်ပေါ်ရအောင် ဆေးကို အခုဖော်ပြခဲ့တဲ့ အချိန်တွေအတိုင်း သောက်သုံးသင့်ပါတယ်။
ဆေးသောက်တဲ့အခါ အချို့သောသူတွေဟာ ဆေးကို ရေအစား ရေနွေးကြမ်း၊ နွားနို့၊ ကော်ဖီ အစရှိတာတွေနဲ့ တွဲဖက် သောက်သုံးလေ့ ရှိကြပါတယ်။ ဆေးသောက်ရာမှာ ဒီလိုတွေ တွဲဖက်သောက်သုံးခြင်းဟာ မှားယွင်းတဲ့ အလေ့အကျင့် တမျိုးပဲ ဖြစ်ပြီး ဆေးအာနိသင်ကို ပျက်ပြားစေနိုင်တဲ့အတွက် ဆေးသောက်တဲ့အခါ ရေနဲ့ သောက်သုံးခြင်းကသာလျှင် အကောင်းဆုံးဖြစ်ပါတယ်။
credit
ဒေါက်တာ ဌေးအောင်
health digest journal အတွဲ (၁ ) အမှတ် ၁၇
https:// burma. irrawaddy. com
11/10/2025
Click here to claim your Sponsored Listing.
Category
Website
Address
Yangon
