Clover 9 - Healthy Meal Box

Clover 9 - Healthy Meal Box

Share

For Healthy & Smart life

Photos from Clover 9 - Healthy Meal Box's post 11/03/2026

"Eat Smart, Live Well with Clover 9!" 🥗

❌ ဆီပြန်စာတွေ မဟုတ်ဘူး
❌ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အမွှေးအကြိုင်တွေ မပါဘူး
✅ သန့်ရှင်းမှု ၁၀၀%
✅ အရသာနဲ့ အာဟာရ ပြည့်ဝမှု ၁၀၀%

"ကျန်းမာခြင်းဟာ တကယ့်ရတနာပါ။ ဒီရတနာကို Clover 9 နဲ့အတူ ထိန်းသိမ်းလိုက်ရအောင်။"

🛒 အခုပဲ မှာယူစားသုံးပြီး သင့်ရဲ့ Healthy Lifestyle ကို စတင်လိုက်ပါ။

Photos from Clover 9 - Healthy Meal Box's post 10/03/2026

ဝိတ် ၁ ပေါင် တက်တိုင်း ဒူးက ၄ ပေါင်စာ ခံရတယ်ဆိုတာ သင်သိပါသလား?"😖

ကိုယ်အလေးချိန်များခြင်း (Overweight) နဲ့ ဒူးနာခြင်း (Knee Pain) ဟာ တိုက်ရိုက်ဆက်စပ်နေတဲ့ ကိစ္စရပ်တွေ ဖြစ်ပါတယ်။ ခန္ဓာကိုယ်ရဲ့ အလေးချိန်ကို ဒူးဆစ်က အဓိက ထမ်းထားရတာဖြစ်လို့ ကိုယ်အလေးချိန်များလာတာနဲ့အမျှ ဒူးအပေါ်သက်ရောက်မှုက ကျွန်တော်တို့ ထင်ထားတာထက် ပိုပြီး ကြီးမားပါတယ်။

၁။ ရုပ်ပိုင်းဆိုင်ရာ ဖိအား (Mechanical Stress)

ကျွန်တော်တို့ လမ်းလျှောက်တဲ့အခါဒူးဆစ်ပေါ်ကျရောက်တဲ့ ဖိအားဟာ ခန္ဓာကိုယ်အလေးချိန်ရဲ့ ၃ ဆ ကနေ ၆ ဆ အထိ ရှိနိုင်ပါတယ်။

🔹 ဖိအားများခြင်း: ဥပမာ- ကိုယ်အလေးချိန် ၁ ပေါင် တက်လာတိုင်း ခြေလှမ်းတိုင်းမှာ ဒူးဆစ်ပေါ်ကို ၄ ပေါင်စာလောက် ဖိအား ပိုသက်ရောက်စေပါတယ်။

🔹 အရိုးနု ပွန်းစားခြင်း: ဒီလို ဖိအားတွေ အမြဲတမ်း များနေတဲ့အခါ ဒူးဆစ်ကြားက အရိုးနု (Cartilage) တွေဟာ အချိန်မတိုင်ခင် ပွန်းစားလာပြီး အရိုးနုပွန်းစားခြင်း (Osteoarthritis) ကို ဖြစ်စေပါတယ်။

၂။ ခန္ဓာကိုယ်တွင်း ရောင်ရမ်းမှု (Systemic Inflammation)

ဒါက လူအတော်များများ သတိမထားမိတဲ့ အချက်ပါ။ အဆီဆဲလ် (Fat cells) တွေဟာ အဆီကို သိုလှောင်ရုံတင် မဟုတ်ဘဲ ခန္ဓာကိုယ်ထဲမှာ ရောင်ရမ်းမှုကို ဖြစ်စေတဲ့ ဓာတ်ပစ္စည်းတွေကို ထုတ်ပေးပါတယ်။

• ဒီဓာတ်ပစ္စည်းတွေက သွေးကြောထဲကနေတစ်ဆင့် အဆစ်အမြစ်တွေဆီ ရောက်သွားပြီး ဒူးဆစ်တွေ ရောင်ရမ်းခြင်း၊ နာကျင်ခြင်းကို ပိုဆိုးစေပါတယ်။

• ဒါကြောင့်ပဲ ကိုယ်အလေးချိန်များသူတွေဟာ ဒူးတင်မကဘဲ လက်ဆစ်တွေပါ နာကျင်တာမျိုး ဖြစ်တတ်ကြတာပါ။

၃ ။ လှုပ်ရှားမှု နည်းပါးလာခြင်း (Decreased Activity)

ဒူးနာလာတဲ့အခါ လူက မလှုပ်ရှားချင်တော့ပါဘူး။ အဲဒီအခါမှာ ;
• ဒူးပတ်ပတ်လည်က ကြွက်သားတွေ အားနည်းလာပါတယ်။
• ကြွက်သားအားနည်းတော့ ဒူးဆစ်ကို ကောင်းကောင်း မထိန်းနိုင်တော့ဘဲ ဒူးနာတာ ပိုဆိုးလာပါတယ်။
• ကိုယ်လက်လှုပ်ရှားမှု နည်းသွားလို့
ကိုယ်အလေးချိန်က ထပ်တက်လာပြီး
"ဒူးနာ - လှုပ်ရှားမှုနည်း - ဝလာ - ဒူးပိုနာ" ဆိုတဲ့ သံသရာထဲ ပိတ်မိသွားတတ်ပါတယ်။

ဒါဆို ဘာတွေ စလုပ်သင့်သလဲ?
ကိုယ်အလေးချိန်ကို ၅% ကနေ ၁၀% လောက်အထိ လျှော့ချလိုက်ရုံနဲ့တင် ဒူးနာတာကို သိသိသာသာ သက်သာစေနိုင်ပါတယ်။

❇️ ရေကူးခြင်း ၊ စက်ဘီး စီးခြင်း
ဒူးကို ဝန်မပိစေဘဲ ကယ်လိုရီ လောင်ကျွမ်းစေပါတယ်။

❇️ ပေါင်ကြွက်သား လေ့ကျင့်ခန်းများလုပ်ဆောင်စေခြင်း
ဒူးစစ်ကို ထိန်းပေးမယ့် ကြွက်သားများကို သန်မာလာစေပါတယ်။

❇️ စားသောက်မှုပုံစံ ပြောင်းလဲခြင်း
ရောင်ရမ်းမှုကို လျော့ချပေးပြီး ကိုယ်အလေးချိန်ကို ကျစေပါတယ်။

✨ကိုယ်အလေးချိန် လျှော့ချဖို့ အစားအသောက် ပြောင်းလဲမှု နဲ့ လေ့ကျင့်ခန်း ကို ပူးတွဲပြီးလုပ်ဆောင်တဲ့ အခါ ပိုပြီးထိရောက်မှု ရှိနိုင်ပါတယ်။



Clover 9 - Healthy Meal Box

07/03/2026

💡 "ကိုယ့်ရဲ့ ကျန်းမာရေးအတွက် ရင်းနှီးမြှုပ်နှံခြင်း

ဟာ အကောင်းဆုံး ရင်းနှီးမြှုပ်နှံမှုပါပဲ"

Photos from Clover 9 - Healthy Meal Box's post 04/03/2026

✨ ဒီနေ့ Menu လေးမှာဆိုရင်...
သန့်ရှင်းလတ်ဆတ်မှုအပြည့်နဲ့ အာဟာရဓာတ်စုံလင်အောင် စီမံပေးထားတာတဲ့
• အသားလုံးကင်မွှေးမွှေးလေးနဲ့ ထမင်းညို အချိုးကျကျ...
• ကြက်သားဟင်းခပ်စပ်စပ်လေးကိုမှ အသီးအရွက်စုံစုံလင်လင်...
• အချိုတည်းဖို့အတွက် လတ်ဆတ်တဲ့ ဖရဲသီးစိတ်လေးတွေအပြင်...
• ကြက်ဥပြုတ်နဲ့ ကန်စွန်းဥပြုတ်လေးတွေလည်း ပါဝင်ပါတယ်။
အဆီအဆိမ့်တွေ လျှော့စားပြီး Clean ဖြစ်တဲ့ စားသောက်မှုပုံစံကို ပြောင်းလဲချင်တယ်ဆိုရင်တော့ Clover 9 ရှိတယ်နော်။ ❤️

🛵 ရန်ကုန်မြို့တွင်း Delivery နဲ့ အိမ်အရောက် ပို့ဆောင်ပေးနေပါပြီ။

📍 မှာယူချင်တယ်ဆိုရင်တော့ Page Messenger ကနေ အခုပဲ ဆက်သွယ်လိုက်တော့နော်!🍀

03/03/2026

Eat Clean, Live Lean with Clover 9! 🍀🍱

Healthy ဖြစ်ဖို့ဆိုတာ ခါးနေစရာမလိုဘူး၊ အခုလို အရသာရှိရှိ စားရင်းနဲ့လည်း ကျန်းမာအောင် နေလို့ရပါတယ်! 💪

အရသာရှိမယ်၊ လတ်ဆတ်မယ်၊ ကျန်းမာမယ်။ ဒါပဲလေ! ✨

✨ Menu options:
📍 Chicken with Asparagus , Cherry Tomatoes & Baby Potatoes
📍 Grilled Chicken with Mixed Veggies & Brown Rice

Healthy Meal ဆိုတာ ကိုယ်အလေးချိန် ထိန်းချင်သူတွေ ၊ Gym သမားတွေအတွက် သာမဟုတ်ပဲ လူကြီးလူငယ်မရွေး အားလုံးနဲ့ အသင့်တော်ဆုံးမို့
Order တင်ဖို့အတွက်ဆို Chatbox မှာ စာလေးပဲချန်ခဲ့လိုက်ပါနော်။ 📩 🛵💨

Photos from Clover 9 - Healthy Meal Box's post 26/02/2026

Save ⏳ & 💵
Clover 9 - Healthy Meal Box

17/02/2026

🥗 ပိုပိုတန် ပိုပိုကျန်းမာ - Clover 9 နဲ့အတူ အလှပဆုံး ခန္ဓာကိုယ်ကို ပြန်လည်ပိုင်ဆိုင်လိုက်ပါ ✨

"ပျော်ရွှင်ဖွယ်ပိတ်ရက်တွေမှာ စိတ်လွတ်ကိုယ်လွတ် အပြတ်ကဲပြီး သကာလ ထိန်းထားသမျှ ပေါင်ချိန်စက်ပေါ်က ဂဏန်းလေးတွေလဲ အပြောင်းအလဲတွေ မြန်ကုန်ပြီပေါ့နော် “

ဒါတွေကို ကြိုသိနေတဲ့ Clover 9 Healthy Meal Box က အခုဆိုရင် အချိန်ကုန်သက်သာ၊ ငွေကုန်သက်သာရုံတင်မကဘဲ ပိုမိုကျန်းမာပြီး လှပတဲ့ ခန္ဓာကိုယ်ကို စနစ်တကျ ပြန်လည်ပိုင်ဆိုင်နိုင်ဖို့အတွက် အဆင်သင့်ကြိုဆိုနေကြာင်း သတင်းကောင်းပါးပါရစေ။ 🕊️

ပိုမို သက်သာတဲ့ ဈေးနှုန်း (More Savings)
ပိုမို ထိရောက်တဲ့ ရလဒ် (Better Results) ဆိုတဲ့ အတိုင်း Calories တွက်ချက်ပြီးသား၊ ဆီနဲ့ အငန်လျှော့ထားတဲ့ Clover 9 - Healthy Meal Box ရဲ့ Monthly Package လေး မှာ ယူတဲ့ အခါ Save (36000)ကို ခံစားခွင့် ရရှိမှာပဲ ဖြစ်ပါတယ် ။🧧

ကျန်းမာပြီး ခန္ဓာကိုယ်အလေးချိန် တစ်ခုကို ထိန်းသိမ်းဖို့ဆိုတာ တစ်ရက်တလေ ဂရုစိုက်ရုံနဲ့ မလုံလောက်တာ အားလုံးသိထားပြီးသားပါပဲ။
ဒါကြောင့် Monthly Plan နဲ့ ဝယ်ယူတာက တွက်ခြေကိုက်ပြီး ဈေးနှုန်း ပိုမိုသက်သာစေတဲ့ အပြင် စနစ်တကျနဲ့ အာဟာရပြည့်ဝတဲ့ Meal Box တွေကို ပုံမှန်စားသုံးခြင်းဖြင့် ခန္ဓာကိုယ်အချိုးအစား သိသိသာသာ ပြောင်းလဲလာတာကို မြင်တွေ့ရမှာပါ။
🍀🍀🍀

Photos from Clover 9 - Healthy Meal Box's post 14/02/2026

Sweet Potato 🍠

အမျှင်ဓာတ်မြင့်မားသောကစီဓာတ်(Complex Carbohydrates) အုပ်စုဝင် ဖြစ်တဲ့ ကန်စွန်းဥဟာ အရသာရှိရုံတင်မကဘဲ ကျန်းမာရေးအတွက် အလွန်အားကိုးရတဲ့ "Superfood" တစ်မျိုးဖြစ်ပါတယ်။

Glycemic Index (GI) နည်းပါးတဲ့ အတွက် သွေးထဲက သကြားဓာတ်ကို ရုတ်တရက် မြင့်တက်မသွားစေဘဲ တဖြည်းဖြည်းချင်းပဲ ထုတ်လွှတ်မှုကြောင့် ဝိတ်ချနေတဲ့အချိန်မှာ ထမင်းအစား ကန်စွန်းဥကို အစားထိုး စားသုံးတာဟာ အရမ်းကောင်းမွန်တဲ့ရွေးချယ်မှုတစ်ခုပါ။

ခန္ဓာကိုယ်အတွက် အကျိုးပြုစေတဲ့ Vitamin A , Vitamin C နဲ့ Antioxidants များစွာပါဝင်မှုကြောင့်အမြင်အာရုံ နဲ့ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးပါတယ်။✌️

အူလမ်းကြောင်း လှုပ်ရှားမှုကို ကောင်းမွန်စေတဲ့ အမျှင်ဓာတ် (Fiber) ကြွယ်ဝစွာပါဝင်မှုကလဲဝမ်းချုပ်ခြင်းကို ကာကွယ်ပေးပြီး အူလမ်းကြောင်းမှာရှိတဲ့ အကျိုးပြုဘက်တီးရီးယားတွေကို ဖွံ့ဖြိုးစေပါတယ်။ 🐛

ပိုတက်စီယမ် (Potassium) ကြွယ်ဝစွာပါဝင်နေမှုက သွေးတိုးကျစေပြီး နှလုံးရောဂါဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။

ဒီလိုအကျိုးများစေတဲ့ Super Food တစ်မျိုးကို မိတ်ဆွေတို့ ပတ်ဝန်းကျင်မှာ အလွယ်တကူ ရရှိနိုင်တယ်ဆိုတာ ကံကောင်းခြင်း 🍀 တစ်မျိုးပါပဲနော်🤞

Photos from Clover 9 - Healthy Meal Box's post 04/02/2026

အာဟာရ မပြည့်မှာလဲ မပူနဲ့ 🥙
ဗိုက်မဝမှာလဲ မပူနဲ့ 🌝
လှ လာမှာတော့ စိတ်ပူရတယ် 🤩

Clover 9 - Healthy Meal Box

Photos from Clover 9 - Healthy Meal Box's post 19/01/2026

'' Weight ပဲ ကျချင်တာ အစာတော့ အငတ်မခံနိုင်
ဘူး’’ ဆိုသူတွေ အတွက် တစ်ယောက်တည်း ဗိုက်ဆာနေရမှာ စိုးလို့... Clover 9 က Healthy Meal Box လှလှလေးတွေကို အားလုံးအတွက် မျှဝေပေးလိုက်ပါတယ်။ 🍱✨

ကိုယ့်လိုပဲ ညဘက်ကြီး ဗိုက်နဲ့ အသိစိတ်နဲ့ တိုက်ပွဲဖြစ်နေတဲ့သူတွေ ရှိလား? ရှိရင် လက်ထောင်ခဲ့ကြဦး! 🙋‍♂️🙋‍♀️

Clover 9 - Healthy Meal Box

14/01/2026

🍀ကိုယ်အလေးချိန်လျော့ကျစေဖို့ Carbohydrates ဆိုတာ ကြောက်စရာမဟုတ်ပါ❣️

Carbohydrates ကို ခန္ဓာကိုယ်က ဘာကြောင့် လိုအပ်တာလဲ?

ကာဗိုဟိုက်ဒရိတ်ဟာ ခန္ဓာကိုယ်ရဲ့ အဓိက စွမ်းအင်အရင်းအမြစ် ဖြစ်လို့ပါ။ကျွန်ုပ်တို့ ကာဗိုဟိုက်ဒရိတ်စားလိုက်တဲ့အခါ ခန္ဓာကိုယ်က ၎င်းကို Glucose (ဂလူးကို့စ်) အဖြစ် ပြောင်းလဲလိုက်ပါတယ်။ ဒါဟာ ဆဲလ်တွေ၊ တစ်ရှူးတွေနဲ့ အင်္ဂါအစိတ်အပိုင်းတွေ အလုပ်လုပ်ဖို့ လောင်စာဆီပါပဲ။
ဦးနှောက်ဟာ စွမ်းအင်အတွက် ဂလူးကို့စ်ကိုပဲ အဓိက အားကိုးပါတယ်။ ကာဗိုဟိုက်ဒရိတ် လုံလောက်စွာ မရရင် အာရုံစူးစိုက်မှု ကျဆင်းလာတတ်ပါတယ်။
ပိုလျှံတဲ့ ဂလူးကို့စ်တွေကို ကြွက်သားနဲ့ အသည်းထဲမှာ Glycogen အဖြစ် သိုလှောင်ထားပြီး လိုအပ်တဲ့အခါ ပြန်ထုတ်သုံးပါတယ်။

Carbohydrates ဖြတ်လိုက်တဲ့အခါ ဘာတွေ ဖြစ်လာနိုင်သလဲ?

ကိုယ်အလေးချိန် ကျစေဖို့ အတွက်နဲ့ ထမင်းနဲ့ ကာဗိုဟိုက်ဒရိတ်တွေကို ရုတ်တရက် ဖြတ်လိုက်ရင် ခန္ဓာကိုယ်က အပြောင်းအလဲနဲ့ လိုက်လျောညီထွေဖြစ်အောင် ကြိုးစားရင်း
🔹နုံးချည့်ပြီး အင်အားမရှိခြင်း
🔹ခေါင်းကိုက်ခြင်းနှင့် မူးဝေခြင်း
🔹စိတ်တိုလွယ်ခြင်းနှင့် အာရုံစူးစိုက်ရ ခက်ခြင်း
🔹ဝမ်းချုပ်ခြင်း စတဲ့ ခန္ဓာကိုယ်ရဲ့တုန့်ပြန်ဖြစ်စဉ်တွေကို ခံစားလာရတက်ပါတယ်။

Carbohydrates ဖြတ်ခြင်းကြောင့် ကိုယ်အလေးချိန် ရုတ်တရက် ကျသွားခြင်းဟာ အဆီကျတာ မဟုတ်ဘဲ ခန္ဓာကိုယ်ထဲက ရေဓာတ် (Water Weight) တွေ လျော့သွားတာပါ။ Glycogen ၁ ဂရမ်တိုင်းမှာ ရေ ၃ ဂရမ်လောက် တွဲနေတတ်လို့ Glycogen ကုန်သွားတဲ့အခါ ရေဓာတ်တွေပါ ဆုံးရှုံးသွားတာ ဖြစ်ပါတယ်။

ဒါကြောင့်မို့ ကိုယ်အလေးချိန် လျော့ချလိုတဲ့ အခါ ကာဗိုဟိုက်ဒရိတ်ကို "လုံးဝဖြတ်ပစ်ခြင်း" ထက် "အမျိုးအစား ရွေးချယ်စားသုံးခြင်း" က ကျန်းမာရေးနဲ့ ညီညွတ်စေပြီး မိတ်ဆွေတို့ရဲ့ နေ့စဉ်လူနေမှု ဘဝကိုလဲ ပိုမိုအထောက်အကူဖြစ်စေပါတယ် နော်။🍀🍀🍀

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address

Yangon