Daily Health Fix -2 USA/Aussie supplements store

Daily Health Fix -2 USA/Aussie supplements store

Share

USA / Aussie /Japan direct ‌ဖြစ်သောကြောင့် စစ်မှန်မှု့ 100%အာမခံပါသည် ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ပါသည်

03/06/2026

, ,

Exp-2027.9 💰 142000(500tablets)
အလုံးကြွေ 👉290k
Calcium Citrate က Calcium တွေထဲမှာ စုပ်ယူမှု့ကောင်းတဲ့ အပြင် oxalate တွေ ကိုယ်ခန္ဓာက လျော့ချဖို့ ထုတ်ပေးဖို့ အထောက်အကူပြပေးပါတယ်

တလုံးထဲမှာ Magnesium + zinc+ vitamin Dပေါင်းစပ်ပါဝင်တာမို့ သက်ကြီးပိုင်းသမား များ ၊အရိုး, ကြွက်သား, နှလုံး နဲ့ အာရုံကြော သမားအတွက် သောက်သင့်ဆုံး အတွဲလေးဖြစ်ပါတယ် ။

D3 နဲ့ တွဲ သောက်ရင် ခန္ဓာကိုယ်က calcium. စုပ်ယူနိုင်မှု အား ပိုကောင်းစေပါတယ်..

ကယ်လ်စီယမ်သည်ခန္ဓာကိုယ်၏ လုပ်ဆောင်မှုအတွက်အလွန်အရေးကြီးသော အာဟာရဓာတ် / ဓာတ်သတ္တုဖြစ်သည်။

အဓိကအားဖြင့် အရိုးနှင့်သွားများကိုခိုင်ခံ့စေခြင်း ၊ကြွက်သားကျုံ့ခြင်းကိုအားပေးတယ်။

သွေးစီးဆင်းမှုကို​ကောင်းမွန်စေခြင်း၊

ခန္ဓာကိုယ်၏အခြားအစိတ်အပိုင်းများသို့ဟော်မုန်းများနှင့်အင်ဇိုင်းများကသယ်ဆောင်ခြင်း၊

ကျောက်ကပ်ကိုကာကွယ်ပေးသည်။

သွေးပေါင်ချိန်ကိုထိန်းချုပ်ခြင်း၊

Magnesium

သွေးတိုး ရောဂါကို ထိန်းပေးခြင်း , အရိုးသန်မာစေခြင်း စတဲ့ အကျိုးအာနိသင်တွေ ရှိပါတယ်

နှလုံးညစ်အား ပုံမှန် ဖြစ်စေရန်လဲ အထောက်အကူ ပြုပါတယ်..

ခန္ဓာကိုယ် အတွက် energy ထုတ်လုပ်ပေး ဖို့ လဲ ကူညီပေးပါတယ်..



ကြွက်တက်ခြင်းကို သက်သာစေသည်

အရိုး နှင့် သွားကျန်းမာရေးကို

ကောင်းမွန်စေတယ်။

အရိုးပွ ရောဂါ ဖြစ်နိုင်ခြေကို လျော့ ချပေးပါတယ်။

တစ်နေ့ (၂ )လုံး အစာစားပြီး သောက်သုံး ခြင်း ဖြင့် အသက်ကြီးလာတာနဲ့အမျှလျော့ နည်းလာသော Calcium ဓာတ်ကို ပြန်လည် ဖြည့်ပေးပါတယ်

အလုံးရည် ၅၀၀ပါဝင်ပြီးတလုံးမှ 290k ပဲ ကျတာမို့ စျေးလေးလဲ ချိုပါတယ်ရှင် 😁

အလုံးကြွေ လဲ ဖောက်ရောင်းပါတယ်ရှင်

Credit original writer

မှာယူလိုပါက message box or 095028513 ကိုဆက်ပါရှင်

Photos from Daily Health Fix -2 USA/Aussie supplements store 's post 29/05/2026

, ,

ခါးနာ၊ ဇက်နာ၊ ဒူးနာ တာတွေကို သက်သာ စေပါတယ်။

Glucosamine ဟာ အရိုးနု (Cartilage) တွေကို ပိုမိုချောမွေ့စေပြီး အရိုးနှစ်ခု ပွတ်တိုက်ခြင်းကြောင့် ဖြစ်တတ်တဲ့ အရိုးနု ပျက်စီးခြင်းကို ကာကွယ်ပေးပါတယ်။

Chondroitin ကတော့ အရိုးနုလေးတွေကို ရေဓာတ်ဖြည့်ပေးခြင်းအားဖြင့် အရိုးနုလေးတွေ ကြွပ်ဆတ်ကြမ်းတမ်းလာမှုကို ကာကွယ်ပေးပါတယ်။ အရိုးနုများ ပြန်လည် တည်ဆောက်ရေးအတွက် မရှိမဖြစ် လိုအပ်တဲ့ အာဟာရ ဖြစ်ပါတယ်။

MSM လို့ခေါ်တဲ့ Methylsulfonylmethane ဓာတ်ကတော့ အဆစ်အမြစ်ရောင်ရမ်းခြင်းကို သက်သာစေပြီး Glucosamine နဲ့ Chondroitin တို့ရဲ့ လုပ်ငန်းဆောင်တာတွေကို ပိုမိုကောင်းမွန်အောင် ကူညီပေးပါတယ်။ ရိုးတွင်းခြင်ဆီကို ပြန်ဖြည့်ပေးပါတယ်။

Glucosamine နဲ့ chondroitin တွေမှာ Anti Inflammatory Action (ရောင်ရမ်းခြင်းကို သက်သာစေတဲ့ အစွမ်းသတ္တိ) ရှိတဲ့ အတွက် osteoarthritis နှင့် rheumatoid arthritis ကဲ့သို့သော အဆစ်အမြစ်ရောင်တာတွေ ကို သက်သာစေနိုင်ပါတယ်။

တခါသောက် ၂ လုံး တနေ့ တကြိမ် အစာနှင့် သောက်ပါ။
ပုံအောက်မှာ စျေးနှုန်းလေးရေးပေးထားပါတယ်
မှာယူလိုပါက message box or 095028513 ကိုဆက်ပါရှင်

Photos from Daily Health Fix -2 USA/Aussie supplements store 's post 29/05/2026

ဲ့ လူသိနည်းနေသေးတဲ့ကောင်းကျိုးများ 🍱 💊

CoQ10 လို့ ပြောလိုက်ရင် ဖြည့်စွက်စာသောက်နေကျ မိတ်ဆွေများအနေနဲ့ နှလုံးအားဆေး/နှလုံးကျန်းမာရေးအတွက် ကောင်းတယ်ဆိုပြီး သိကြတယ်ပေါ့နော်၊ သူ့မှာအခြားကောင်းကျိုးတွေလည်းရှိတော့ အားဆေးအနေနဲ့ အချို့က သောက်ချင်ကြတယ်၊ ဒါပေမဲ့ ကိုယ့်မှာရှိတဲ့ ရောဂါတွေနဲ့ တည့်လား? သောက်လို့ရပါ့မလား သေချာမသိကြတာတွေလည်း ရှိတယ်၊ CoQ10 ရဲ့ နှလုံးကျန်းမာရေး အပြင် အခြားကောင်းကျိုးများကို သုတေသနအထောက်အထားတွေပေါ်မူတည်ပြီး သိချင်ကြတဲ့မိတ်ဆွေများအတွက် ပြောပြမလို့ပါ။

▫️ဦးနှောက်/အာရုံကြောအတွက်

… ခေါင်းတစ်ခြမ်းကိုက်ရောဂါ၊ ခေါင်းမူးတဲ့ရောဂါ၊ ခေါင်းမကြည်တဲ့ရောဂါ(Brain Fog) တွေ သက်သာစေတဲ့ အကျိုးကျေးဇူးရှိပါတယ်၊ အထူးသဖြင့် ခရီးသွားရတဲ့အချိန်/ စာမေးပွဲဖြေရတာလိုမျိုး ဦးနှောက်အရမ်းသုံးရတဲ့အချိန်/ အိပ်ရေးပျက်တဲ့အချိန်/ Screen time များတဲ့အချိန်တွေမှာ အထူးသင့်တော်ပါတယ်။ နောက်တစ်ခုက ဦးနှောက်ကျုံ့ရောဂါ/သတိမေ့တဲ့ ရောဂါတွေ ကာကွယ်ဖို့လည်း သောက်လို့ရတယ်။

▫️အရေပြား ကျန်းမာရေး

…CoQ10 က Antioxidant(ဓာတ်တိုးဆန့်ကျင်အာနိသင်) လည်းရှိလို့ အရေပြားကို စိုပြည်လှပစေတယ်၊ ရေတိုမှာမသိသာပေမယ့် ရေရှည်စွဲသောက်ရင် အသားအရေအတွက်ကောင်းတယ်။

▫️ကျောက်ကပ်ကျန်းမာရေး

…CKD လို့ ခေါ်တဲ့ နာတာရှည်ကျောက်ကပ်ရောဂါဖြစ်ရင် ဖြည့်စွက်စာတွေ သောက်ချင်တိုင်းသောက်လို့မရတော့ဘူး၊ အာဟာရကျွမ်းကျင်ဆရာဝန်နဲ့ သေချာတိုင်ပင်ရမယ်။

…CoQ10 က ကျောက်ကပ်သမားတွေ အန္တရာယ်ကင်းစွာသောက်လို့ရတယ်၊ ကျောက်ကပ်လူနာတွေ ခံစားရလေ့ရှိတဲ့ နုံးချိတာ/မောပန်းနွမ်းနယ်တာတွေ သက်သာစေတယ်၊ အချို့အာဟာရတွေ(ဥပမာ L carnitine/NAC) တို့နဲ့ တွဲသောက်ရင် ကျောက်ကပ်လုပ်ငန်းကို တိုးတက်စေတယ်လို့ သုတေသနတွေကဆိုတယ်။

▫️ကိုယ်ခံစွမ်းအားအတွက်

…ခဏခဏဖျားနာတတ်တာ/ ကိုယ်ခံအားကျတာမျိုးတွေမှာ CoQ10 ပေးကြည့်ရင် သက်သာတာတွေရှိတယ်၊ ရောဂါပိုးတွေကို တိုက်ထုတ်ဖို့ သွေးဖြူဥတွေ အလုပ်လုပ်တဲ့အခါ CoQ10 က ကူညီပေးတယ်။

▫️အချို့ဆေးများရဲ့ ဘေးထွက်ဆိုးကျိုးကို သက်သာစေဖို့

…အသုံးများတဲ့ Statins(ကိုလက်စထရောကျဆေး) တွေကို စွဲသောက်ရင် ခန္ဓာကိုယ်ထဲမှာ CoQ10 ချို့တဲ့သွားတတ်တယ်၊ အဲ့ဒီလိုဆေးတွေ စွဲသောက်နေရင် CoQ10 ပြန်ဖြည့်သောက်ဖို့ လိုပါတယ်။

▫️▫️▫️အာဟာရပြည့်ပြည့်ဝဝစားရင်ရော CoQ10 ရနိုင်လားဆိုတော့ ရနိုင်တယ်၊ ဒါပေမဲ့ လုံလောက်ချင်မှ လုံလောက်မယ်၊ နှလုံး နှင့် သွေးကြောဆိုင်ရာ ရောဂါအမျိုးမျိုး ရှိသူတွေကတော့ သောက်ကို သောက်သင့်ပါတယ်။

…တစ်နေ့ကို 100-200mg လောက်သောက်ပေးရင်ကို အဆင်ပြေပါတယ်၊ တစ်နေ့ကို 400-600mg ထိသောက်ရင်တောင် ဘေးထွက်ဆိုးကျိုး ထွေထူးမရှိပါ။

▫️▫️▫️ကျနော်ကတော့ Powerful Health တံဆိပ် CoQ10 သောက်ဖြစ်တယ်၊ အိမ်ကလူကြီးတွေလည်း သောက်ကြပါတယ်၊ စျေးလည်းသင့်သလို အာနိသင်လည်း ကောင်းတယ်။

ကျန်းမာ ပျော်ရွှင်ကြပါစေ 🤩☺️🙏💪 👨‍⚕️ 🖊️ ။

#ဒေါက်တာရဲပြည့်ဟိန်း

မှာယူလိုပါက 095028513 or messenger ကိုဆက်ပါရှင်

28/05/2026

Thyroid hormone ဗဟုသုတ

Thyroid gland က အဓိက ထုတ်သည့် ဟော်မုန်းများ

T4 80%
T3 20%
Calcitonin calcium ကို ထိန်းညှိပေးသည့် ဟော်မုန်း

T4 ဆိုတာ —-
ပရိုတင်း Tyrosine မှာ Iodine ၄ လုံးတွဲထားတာ ဖြစ်ပါတယ်။
T4 အနေနဲ့ ကလာပ်စည်းတွေမှာ အာနိသင် မရှိပါ
Inactive hormone ဖြစ်ပါတယ်။

ခန္ဓာကိုယ်ထဲမှာ အသည်း / ကျောက်ကပ်/ အူလမ်းကြောင်းထဲမှာ T4 ကနေ T3 ကို ပြောင်းပေးပြီးကာမှ ကလာပ်စည်းတွေ အပေါ် အာနိသင် ရှိလာပါတယ်။

T3 ဆိုတာ ပရိုတင်း Tyrosine + Iodine ၃ လုံး
Active hormone.

T4 ကနေ T3 ပြောင်းနိုင်ဖို့ လိုအပ်သောဓာတ်များ
Selenium
Zinc
Iron စသည်ဖြင့်ပါ။

အသည်း ကျောက်ကပ် အူလမ်းကြောင်း ကျန်းမာနေဖို့လဲ လိုပါတယ်။

T4 သောက်နေသူများသတိပြုစေချင်သည့် အချက်ပါ။

T4 မှ T3 ကို ပြောင်းနိုင်ပါမှ ကလာပ်စည်းတွေ ကောင်းမွန်စွာ အလုပ်လုပ်နိုင်မှာ ဖြစ်ပါတယ်။

T3 က ဘာလုပ်ပေးတာပါသလဲ?
ကလာပ်စည်းထဲရှိ ကလာပ်စည်းစွမ်းအင်ထုတ်သည့် စက်ရုံများ Mitochondria တွေကို စွမ်းအင်ထုတ်ပေးစေရန် အချက်ပြဟော်မုန်း ဖြစ်ပါတယ်။
credit dr Khin nwe win

27/05/2026

-77000k
သုံးဖူးတဲ့ အိမ်ရှင်မများအကြိုက်တွေ့စေတဲ့ ဂျပန်နိုင်ငံထုတ် စစ်စစ် Ajinomoto

ဟင်းခတ်မှုန့်လဲ သုံးချင်တယ်
ဓာတုဗေဒ ဟင်းချိုမှုန့်တွေ သုံးရမှာလဲ ကြောက်တယ်ဆိုရင်တော့ ဂျပန်လူမျိုးကိုယ်တိုင်သုံးစွဲတဲ့ Ajinomoto
အချိုမှုန့် လေး သုံးကြည့်ပါရှင့်

သဘာဝကရတဲ့ ကြံ ၊ ပြောင်းဖူး ၊ ပီလောပီနံ နဲ့ ကန်စွန်းဥတို့ကို အခြေခံပြီးထုတ်ထားလို့ စိတ်ချစွာသုံးစွဲနိုင်ပါတယ်
အများကြီးထည့်စရာမလိုတာမို့ တစ်ထုပ်ဆိုရင် အကြာကြီးသုံးစွဲနိုင်ပါတယ် ။
No chemical
Direct from japan
1kg တစ်ထုပ်- 79000ks

မှာယူလိုပါက message box (or)095028513ကိုဆက်သွယ်မှာယူနိုင်ပါတယ်

Photos from Daily Health Fix -2 USA/Aussie supplements store 's post 27/05/2026

၏ ကျန်းမာရေးကောင်းကျိုးများ

Zinc က လွယ်လွယ်ဝယ်လို့ရတဲ့ သဘာဝ အဖျားပျောက်ဆေးပါ။ ငါးလလောက် zinc ဖြည့်စွက်စာသောက်ထားလျှင် ဖျားဖို့ ခက်ပါတယ်။ ဖျားနေတုန်း zinc ဖြည့်စွက်စာသောက်လျှင် မြန်မြန်အဖျားပျောက်ပါတယ်။ အိန္ဒိယနိုင်ငံ ဆေးပညာသင်ကြားရေး စင်တာ ( the Medical Education Center of Chandigarh India )က ပြုလုပ်တဲ့သုသေတနမှာ zinc သောက်ပြီး ၂၄ နာရီအတွင်း အဖျားသက်သာသွားတယ်ရေးပါတယ်။

Zinc က သိပ်ကောင်းတဲ့ အရောင်ကျဆေးဖြစ်တဲ့အပြင် antioxidant တစ်ခုလည်းဖြစ်တာကြောင့် ကင်ဆာရောဂါ ကာကွယ်နိုင်တယ်ရေးပါတယ်။ မီချီကန် ဆေးတက္ကသိုလ်က သုသေတနတစ်ခုမှာ zinc သောက်ထားတဲ့ သူက ရောင်ရမ်းခြင်းကို ဖြစ်စေတဲ့ oxidative stress ကို ခံနိုင်ရည်ရှိတယ်ပြောပါတယ်။

Zinc က ကျားဟိုမုန်း ( testosterone ) ကို သဘာဝ
အတိုင်းမြင့်တက်စေပြီး အမျိုးသမီး ၊ အမျိုးသားနှစ်ဦးလုံးကို အကျိုးရှိစေပါတယ်။ မ ဟိုမုန်း အပေါ် အကျိုးသက်ရောက်မှုရှိပြီး မ မျိုးဥ ထုတ်လုပ်ခြင်း နှင့် မျိုးဥ ကြွေခြင်းကိုကူညီပေးပါတယ်။ Estrogen နှင့် progesterone ထုတ်လုပ်မှုမှာ ပါဝင်ပြီး မျိုးပွားကျန်းမာရေးကို အကျိုးပြုပါတယ်။

ကျား ဟိုမုန်း ( testosterone ) ကို ထိန်းညှိပေးတာကြောင့် အမျိုးသားများ သန္ဓေအောင်ခြင်း နှင့် လိင်စိတ်တက်ကြွခြင်းတို့ မှာ အရေးပါပါတယ်။ Wayne တက္ကသိုလ်ရဲ့ ဆေးပညာဌာနမှာ လုပ်တဲ့ သုသေတနတစ်ခုမှာ zinc supplement က အမျိုးသားတွေရဲ့ကျားဟိုမုန်းကို သိသိသာသာများလာစေတယ်လို့ ဆိုပါတယ်။

Zinc ရဲ့ ရောင်ရမ်းခြင်းကို ကုသနိုင်စွမ်းက ကောင်းမွန်တဲ့ သွေးလည်ပတ်မှုကို ဖြစ်စေပြီး သွေးတိုးရောဂါအတွက်ကောင်းပါတယ်။

နာတာရှည် အူလမ်းကြောင်းပြသနာတွေ ကို သက်သာစေတဲ့ အပြင် ဝမ်းသွားခြင်း ကို ကာကွယ်နိုင်ရုံမက ကုသနိုင်စွမ်းပါရှိပါတယ်။

Zinc က အင်ဆူလင် ဟိုမုန်း ကို မျှတစေပြီး သွေးတွင်းသကြားဓာတ်ကို ထိန်းပေးတာကြောင့် ဆီးချိုရောဂါအတွက် အကျိုးရှိပါတယ်။

Zinc က ပရိုတိန်း တည်ဆောက်မှု အပေါ်သက်ရောက်မှု ရှိပါတယ်။ ကာဗွန်ဟိုက်ဒရိတ် ကိုစွမ်းအင်ပြောင်းပေးတဲ့ နေရာမှာလည်း ပါပါတယ်။ Zinc ချိုတဲ့တဲ့ သူတွေမှာ စွမ်းအင်မလုံလောက်တာကြောင့် နာတာရှည် ပင်ပန်းနွမ်းနယ်နေတတ်တယ်။

အသည်းကျန်းမာရေးကို အထောက်အပံ့ပေးပါတယ်။

Zinc က ကြွက်သားကြီးထွားဖို့ နှင့် ပျက်စီးသွားတဲ့ ကြွက်သားတွေကို ပြုပြင်ဖို့ လုပ်ဆောင်ပေးတယ်။ ကျား ဟိုမုန်း၊ ကြီးထွားဟိုမုန်း နှင့် insulin-like growth factor-1 (IGF-1) တို့ ထွက်ရှိလာစေပြီး ကျန်းမာတောင့်တင်းတဲ့ ခန္ဓာကိုယ်ကို ဖြစ်စေတယ်။

သိုင်းရွိုက်ဟိုမုန်း T 4 ကနေ T3 ပြောင်းတဲ့ နေရာမှာ zinc ပါဝင်ပြီး သိုင်းရွိုက်ဟိုမုန်း လုပ်ငန်းကို အထောက်အကူပေးပါတယ်။
Credit: Dr. PHYO MAUNG MAUNG
မှာယူလိုပါက messenger or 095028513ကိုဆက်ပါရှင်

Photos from Daily Health Fix -2 USA/Aussie supplements store 's post 27/05/2026

Super food ေညှိစိမ်း
Nutrients Chlorella မှာ ပါဝင်သော Vitamins & Minearals များမှာ

Protein, Vitamin A, Vitamin B12, Vitamin B1,Vitamin B3,Vitamin B6, Iron, Magnesium, Zinc, Copper,Potassium, Calcium, Folic acid, phosphorus & Antioxidants
တို့ပါ၀င်ပါတယ်။
Detoxification သွေးနှင့် ခန္ဓာကိုယ်တွင်းရှိ အဆိပ်အတောက်များ ဖယ်ရှား သန့်စင်ပေးခြင်း ။
Prevent Cancer ကင်ဆာရောဂါကို ကာကွယ်နိုင်ခြင်း ။
Immune System ခုခံအားစနစ်ကို တိုးတက်စေခြင်း ။
Improve Blood Sugar Level သွေးအတွင်းရှိ သကြားဓာတ်ကို ထိန်းပေးနိုင်ခြင်း။
Slowing the aging process အသားအရည်လှပပြီး အရယ်တင်နုပျိုစေခြင်း
စသည့် အကျိုးကျေးဇူးများ ရရှိစေပါတယ် ။

Nachie Chlorella
Product of Japan
အလုံး ၂၄၀၀-125000kyat
တစ်လစာ အလုံး 300-16000kyat

မှာယူလိုပါက messenger or 095028513ကို ဆက်သွယ် မှာယူနိုင်ပါတယ်

Chlorella ( ကလိုရီလာ )

Chlorella ( ကလိုရီလာ ) ကို အကောင်းဆုံးအစားအစာ ( superfoods ) တစ်ခုအနေနှင့်တင်စားကြတယ်။ ကလိုရီလာမှာ သတ္ထုဓာတ်၊ အမိုင်နိုအက်ဆစ်၊ ကလိုရိုဖီးလ်၊ အပင်ထွက်အဟာရများ၊ ကျန်းမာရေးအထောက်အကူပြု အဆီတွေပါဝင်ပြီး စားသင့်တဲ့ အစားအစာတစ်ခုပါ။ ကလိုရီလာဟာ ဆဲလ်တစ်လုံးတည်းရှိသော ရေညှိမျိုးစိတ်ဖြစ်ပြီး သူ့အဟာရတန်ဖိုးထက် သူရဲ့ကုသနိုင်စွမ်းက အတော်ထင်ရှားပါတယ်။ ကလိုရီလာဟာ ခုခံစနစ်ကို မြှင့်တင်ပေးခြင်း နှင့် အဆိပ်အထောက်ဖယ်ရှားနိုင်စွမ်းရှိခြင်းကြောင့် အခုနှစ်ပိုင်းအတွင်းသုံးစွဲလာတဲ့သူတွေများလာပါတယ်။

ကလိုရီလာမှာ စိမ်းရောင်ခြယ် chlorophyll ( ကလိုရိုဖီးလ်) ပါဝင်ပါတယ်။ ကလိုရိုဖီးလ်က သွေးကို့သန့်စင်စေပြီး ခန္ဓာကိုယ်အနှံ့ အောက်ဆီဂျင်ပြန့်နှံ့မှုကို အထောက်အကူပေးပါတယ်။ ကလိုရိုဖီးလ်က စက်မှုလုပ်ငန်းမှ အညစ်အကြေးများ၊ မှိုများ နှင့် ခန္ဓာကိုယ်မှ အခြားသော အဆိပ်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ကလိုရိုဖီးလ်မှာ ပါတဲ့ magnesium ( မက်ဂနီဆီယမ် ) သတ္တုဓာတ်က ဦးနှောက် နှင့် အာရုံကြောလုပ်ငန်းတွေကို ကူညီပေးတယ်။ အာရုံကြောစနစ်မှာရှိတဲ့ ကင်ဆာဖြစ်စေနိုင်သော အဆိပ်အထောက်တွေကို ဖယ်ရှားပေးပါတယ်။ ဆဲလ်တွေရဲ့ nucleus ( နယူကလီးယပ်စ် ) မှာရှိတဲ့ PPAR receptor ကို လှုံ့ဆော်ပေးတာ ကလိုရိုဖီးလ်ဖြစ်ပါတယ်။ ထိုလှုံ့ဆော်မှုဖြစ်စဉ်ကြောင့် မြောက်များစွာသော ဇီဝလုပ်ငန်းတွေပေါ်ပေါက်လာပြီး ဆဲလ်အတွင်းက အညစ်အကြေးတွေဖယ်ရှားပစ်ဖို့ နှင့် insulin resistance ကို သက်သာစေဖို့ အကျိုးပြုပါတယ်။ Chlorella မှာပါတဲ့ ဇင့်၊ GLA နှင့် အခြားအဟာရတွေက ထိုဖြစ်စဉ်တွေ အဆင်ပြေဖို့ ကူညီလုပ်ဆောင်ပါတယ်။ ကလိုရီလာ မှာ Sporopollenin လို့ခေါ်တဲ့ အပင်ထွက်ပစ္စည်းပါဝင်ပါတယ်။ Sporopollenin က အာရုံကြော အဆိပ်သင့်စေတဲ့ ဓာတုပစ္စည်းတွေကို ဖယ်ရှားတဲ့နေရာမှာ လူသိများပါတယ်။ Sporopollenin က စက်ရုံအလုပ်ရုံထွက် အဆိပ်များ၊ ပိုးသတ်ဆေးများ၊ ပေါင်းသတ်ဆေးများ၊ ခဲဆိပ်များ၊ ပြဒါးဆိပ်များ၊ ဆိုးဆေးအကြွင်းအကျန်များကို ခန္ဓာကိုယ်ကနေ ဖယ်ရှားပေးနိုင်ပါတယ်။

Glutathione ( ဂလူတာသိုင်အုမ်း ) ဟာ ခန္ဓာကိုယ်ကိုအကျိုးပြုတဲ့ antioxidant တို့ရဲ့ မိခင်ကြီးပါ။ Glutathione ပမဏနည်းနေချိန်မှာ ခန္ဓာကိုယ်အနေနှင့် ခုခံနိုင်စွမ်းနည်းပြီး ကင်ဆာဖြစ်စေနိုင်သော အညစ်အကြေးတွေစုမိဖို့များပါတယ်။ Glutathione ပမဏများနေချိန်မှာ ခန္ဓာကိုယ်ထဲစုမိနေတဲ့ အဆိပ်တွေကို အလှယျတကူထုတျပေးနျိုစှမျးရှိပါတယျ။ ကလိုရီလာက ဆဲလ်အတွင်းက glutathione အဆိပ်ဖယ်ရှားခြင်းဖြစ်စဉ်ကို မြှင့်တင်ပေးပါတယ်။ ကလိုရီလာမှာ chlorella growth factor (CGF) လို့ခေါ်တဲ့ ဇီဝဓာတ်ပေါင်းပါဝင်ပါတယ်။ ဆဲလ်ပြုပြင်ခြင်း၊ အနာကျက်ခြင်း၊ ခန္ဓာကိုယ်ကြီးထားခြင်းတွေမှာ CGF က ပူးပေါင်းပါဝင်ဆောင်ရွက်ပေးပါတယ်။

ကလိုရီလာက ခန္ဓာကိုယ်အတွင်းက အဆီတွေလျော့ချပေးတယ်၊ ကိုလက်စထရောပမဏမျှတစေတယ်၊ သွေးချိုပမာဏလျော့ချပေးတယ်၊ အင်ဇိုင်းတွေရဲ့ လုပ်ငန်းကိုချောမွေ့စေတယ်၊ အင်ဆူလင်လုပ်ငန်းတိုးတက်စေတယ်။ ဒီအချက်တွေကြောင့် ကင်ဆာအကျိုးပြုနိုင်တယ်ဆိုတဲ့ ယူဆချက်ရှိပါတယ်။ ရင်သားကင်ဆာအတွက် ကလိုရီလာက အကျိုးပြုတယ်ဆိုတဲ့ ဆေးပညာဆိုင်ရာလေ့လာမှုတွေလည်းရှိပါတယ်။ ကလိုရီလာက အမျိုးမျိုးသောကင်ဆာတွေမှာရှိတဲ့ ကင်ဆာဆဲလ်ကြီးထွားမှုကို ရပ်တန့်ပေးနိုင်တယ်ဆိုတဲ့ လေ့လာမှုလည်းရှိပါတယ်။ ကင်ဆာဆဲလ်တွေအတွက် အရေးကြီးတဲ့ ကင်ဆာဆဲလ်ပေါ်က သွေးကြောလေးများအသစ်ဖြစ်ခြင်းကိုလည်း တားပေးပါတယ်။ အသည်းကင်ဆာသမားတွေမှာ ကလိုရီလာက ဘဝအရည်အသွေးကို မြင့်မားစေတယ်ဆိုပါတယ်။ အရေပြားကင်ဆာ နှင့် သားအိမ်ခေါင်းကင်ဆာတွေအတွက်လည်း ကောင်းတယ်ဆိုတဲ့ လေ့လာမှုတွေရှိပါတယ်။

ကလိုရီလာကို ဆေးမှုန့်ပုံစံ၊ ဆေးလုံးပုံစံတွေနှင့် ဝယ်လို့ရပါတယ်။ စသောက်ခါစ နည်းနည်းပဲသောက်ပါ။ သတ်မှတ်ပမာဏရောက်အောင် တစ်ဖြည်းဖြည်းတိုးသွားပါ။ ဗိုက်တာမင် C နှင့် အတူတွဲမသောက်ရပါ။ ကလိုရီလာ သောက်ပြီး ၂ နာရီအတွင်း ဗိုက်တာမင် C ( 200 mg ) ထက်ပိုမသောက်ရပါ။ မနက်စောစော အစားမစားခင်သောက်နိုင်ပါတယ်။ တစ်ခါသောက်ပမာဏနည်းနည်း နှင့် တစ်နေ့လုံးခွဲသောက်တာပိုကောင်းပါတယ်။ ကလိုရီလာ သောက်လျှင် နိုးကြားတက်ကြွလာတာကြောင့် ညအချိန်မသောက်သင့်ပါ။ တစ်နေ့အတွက် ကလိုရီလာ ပမာဏက လူကြီး ( 3-4 ) ဂရမ် နှင့် ကလေး (1-2) ဂရမ်သောက်နိုင်ပါတယ်။ ပူလွန်းတဲ့အစာတွေ နှင့်တွဲမသောက်ဖို့လိုပါတယ်။ အဆိပ်တွေထုတ်ပေးတာကြောင့် သောက်ခါစ ဝမ်းသွားတာ၊ လေပွတာ၊ ခေါင်းကိုက်တာတွေ ဖြစ်တတ်ပါတယ်။ နှစ်ပတ်လောက်ဆိုသက်သာသွားမှာပါ။ မသက်သာလျှင် ကလိုရီလာ သောက်နေတာရပ်လိုက်ပြီး ဆရာဝန်နှင့် ပြပါ။

Dr.PHYO MAUNG
မှာယူလိုပါက messenger or 095028513ကိုဆက်သွယ်ပါရှင်
========

26/05/2026

🌿ဆရာမကြီးပြောပြသည့်လေဖြတ် တယ် ဆို တာ -

ဦးနှောက်ကို ထောက်ပံ့၊ ဖြည့်စွမ်း ပေး နေ သော သွေးတုံ့ဆိုင်းသွားခြင်းကြောင့်ဦးနှောက်ဇီဝကလာပ်စည်း အစု ၏ လုပ် ဆောင် ချက် များ ခေတ္တခဏ သို့ မဟုတ် ရာသက် ပန် ပျက်စီး သွား ခြင်း ကို ဆို လိုတာ ဖြစ် ပါ တယ်။
အတော် လေး အဖြစ် များ တတ် တာ ဖြစ် ပြီး ဖြစ် စေဖို့ဖန်လာသောအကြောင်း များ က တော့ ——
၁. သွေးကြော များ ကျစ်လစ် မာ ကျော လာ ခြင်း ( atherosclerosis )
၂. နှလုံး ရောဂါ
၃. Connective tissue diseases
၄. မူးယစ် ဆေးဝါး သုံးစွဲ ခြင်း စ သည် တို့ ဖြစ် ပါ တယ်။

🌱လေဖြတ် ခြင်း ဟာ နှစ်မျိုး နှစ်စား ရှိ ပါ တယ်။

၁. ၉၀% ဟာ ဦးနှောက်ကို သွား နေ သော သွေးကြော များ ပိတ် ဆို့ သွား ခြင်း ကြောင့် ဖြစ် ပါ တယ်။
Dry ischemic strokes
ဦးနှောက်တွင်းနှင့်အပြင်လည်ပင်းရှိ (Carotid and Vertebral arteries ) သွေးကြော များ မှာ သွေး ခဲ(သို့) atheromatous plaques ဖြင့် ပိတ် သွား သောကြောင့် သော် လည်း ကောင်း၊
ဦးနှောက်အပြင် ဖက် တစ် နေ ရာရာ မှ သွေး ခဲ၊ plaque လို့ ခေါ်သောကပ်သပ်နေတတ်သောချေး အစု၊ဟာဦးနှောက်သွေးကြောထဲမှာလာ ပြီးပိတ်ဆို့ သွားလျှင်သော်လည်းကောင်း( embolus ) ဖြစ် တတ် ပါ တယ်။
ဦးနှောက်အတွင်း ရှိ သွေးလွှတ် ကြော များ တွင် သွေး ခဲ သွား ရ သည့် အကြောင်း မှာ အဓိက အား ဖြင့် သွေးကြောကျစ်လစ် ခြင်း ကြောင့် ဖြစ် တတ် ပြီး ဦးနှောက်အပြင်ဖက်မှာဦးနှောက်တွင်းသွေးကြော များကိုလာရောက်ပိတ်ဆို့တတ်ခြင်း၏အဓိက အကြောင်း က တော့၊
နှလုံးရောဂါ ( heart disease ) နှင့် နှလုံးခုန် မမှန်ကန် ခြင်း( arrhythmias ) တို့ ဖြစ် ကြ ပါ တယ်။

၂. ဒုတိယ အမျိုး အစား ဖြစ် သည့် လေ ဖြတ် ခြင်း က တော့
ဦးနှောက် ရှိ သွေးကြော များ ပေါက်ထွက်သွေး ယို ထွက် ခြင်းကြောင့် ဖြစ် ပါ တယ်။. 10% of all strokes )
သွေးယိုစီးပေါက် ထွက် ခြင်းအ ကြောင်း က တော့ဦးနှောက်သွေးကြော နံရံများ ချိနဲ့ အား နည်း လာ ခြင်းကြောင့် လည်း ကောင်း၊သွေးတိုးမထိန်းနိုင်သောကြောင့်လည်းကောင်း၊ မွေးရာပါသွေးကြောနံရံ ချိနဲ့ နေ သော ကြောင့် သော် လည်းကောင်း ဖြစ် ပါ တယ်။
ဦးနှောက်ထဲ မှာ သွေးထွက် သံယို ဖြစ် ခြင်း က တော့ များ သောအား ဖြင့် ဦးနှောက်သွေးကြောကျစ်လစ် လာ ခြင်း နှင့်
သွေးတိုးရောဂါ ကြောင့် ဖြစ် တတ် ပါ တယ်။

ဦးနှောက်သွေးကြော ပေါက် ပြီ ဆို လျှင် ခံစား ရ မည့် ဝေဒနာများ က တော့ အောက် ဖော် ပြ ပါ အချက် များ အပေါ်မှာ မူတည်နေ တာ ဖြစ် ပါ တယ်။

၁. ဦးနှောက်ဘယ် နေ ရာ မှာ ဖြစ် တာ လဲ
၂. ဦးနှောက်ဇီဝ ကလာပ်စည်း အစု ဘယ်လောက်များ များ ထိ ခိုက် သွား သ လဲ
၃. အချင်း ဖြစ် ပွား သည့် အချိန် မှာ ဖြစ် နေ သည့် ဦးနှောက်၏ကျန်းမာရေး အခြေ အနေဖြစ် သည့် နေ ရာ ပေါ် မူ တည် ပြီး ရောဂါ လက္ခဏာ လုံးဝ မသိသာတာ တွေ လဲ ရှိ တတ် ပါ တယ်။
ဒါ ကို တော့ အင်္ဂလိပ် လို silent strokes လို့ ခေါ် ပါ တယ်။
အချို့ လူ များ မှာ silent dtrokes ကြိမ်ဖန် များစွာ ရ ပြီး မှရောဂါ လက္ခဏာ တွေ ပြ လာ တာ လည်း ရှိ တတ် ပါ တယ်။

🌱လေဖြတ် သည့် အခါ မှာ ——
၁. ခန္ဓာကိုယ် လှုပ် လို့ မရ တော့ တာ ရှိ သ လို ( paralysis )
၂. စကား ပြော လို့ မရ တော့ တာ
၃. မျက်စိ မ မြင် တော့ တာ
၄. သူ များ ပြော သည့် စကား ကို နား မ လည် တော့ တာ စ သည် ဖြင့် ပုံစံ အမျိုးမျိုး နှင့် လာ တတ် ပါ တယ်။
ဦးနှောက်သွေးကြော ပေါက် ထွက် ခြင်း ဟာ ပို ပြီး
စိုးရိမ် ဖို့ ကောင်း ပါ တယ်။
သွေးကြောဟာ ပေါက် ထွက် သွား ပြီး ရင် spasm အကြောဆွဲသကဲ့သို့သွေးကြော များ ဟာ
ဆန့်ငင်ဆန့်ငင်ဖြစ် တတ် ပါ တယ်။
အခု လို မျိုး အခြေ အ နေ ဟာ ခန္ဓာကိုယ် ထဲ မှာ Magnesium နည်း နေ သူ များ မှာ အများ ဆုံး တွေ့ ရ တတ် ပါ တယ်။
Magnesium ဟာ သဘာဝ calcium channel blocker( calcium ကို သွေးကြောနံရံ ကလာပ်စည်း များ ထဲ ကို ဝင် ခြင်းမှ ပိတ် ထား နိုင် သော ကြောင့် ဖြစ် ပါ တယ် )
အခု လို calcium တွေ မဝင် နိုင် ရ အောင် တား ထား နိုင် တာ တွေက တော့ Magnesium အပြင်
Acetyl L carnitine, R Lipoic acid , စ သည် တို့ ဖြစ် ပါ တယ်။
ဒါ ကြောင့် သွေးကြော ကျစ်လစ် နေ သူ များ၊
သွေးတိုးရောဂါ ရှိ သူ များ ဟာ Magnesium, R Lipoic Acid, Acetyl L Carnitine တို့ ကို ဖြည့်စွက် ဓာတ် စာ အနေ နဲ့ သောက်ထား မယ် ဆို ရင် ဦးနှောက်သွေးကြော ပေါက် ရင် တောင် မှ
အတော် လေး ခံ သာ မှ ဖြစ် ပါ တယ်။

ဆက် ပါ ဦး မည်။

🌱လေဖြတ် ပြီး သော ကာလ မှာ ခန္ဓာကိုယ် ကြီး ကို ဘယ် လို စောင့် ရှောက် သင့် ပါ သ လဲ ?

အကြောင်း အမျိုးမျိုး ကြောင့် အချို့ လူ များ လေ ဖြတ် တတ် ကြ ပါ တယ်။
လေ ဖြတ် ပြီး သော ကာ လ မှာ ဦးနှောက်ကို ပြန် ပြင် ဖို့ အလွန် အရေးကြီး သော ကာ လ ဖြစ် ပါ တယ်။လူ တစ်ဦး နှင့် တစ်ဦး လဲ ပြန် ကောင်း လာ တာ ခြင်း မတူ ကြ ပါ။
ကံ လည်း ပါ သ လို၊ ဗဟုသုတ ပြည့်စုံ ခြင်း၊ ဝီရိယ ရှိ ခြင်း၊ စူးစမ်းဆင်ခြင် တတ် ပြီး အထိုက် အလျောက် ဉာဏ် သုံး တတ် ခြင်း
တွေ လည်း ပါပါ တယ်။ကိုယ် တတ် နိုင် သည့် ဖက် က နေ ပြီး ကျန်းမာရေး ပြန် ကောင်း လာရ အောင်၊ ခန္ဓာကိုယ် ကြီး ပြန် လည် သန်စွမ်း လာ ရ အောင်၊
ဦးနှောက် ကလာပ်စည်း များ ကို ပြန် လည် ပြုပြင် နိုင် ရ အောင်ကြိုးစား ရ မှာ ဖြစ် ပါ တယ်။

-ဦးနှောက် က လာပ်စည်း များ ကို ပြန် လည် ပြုပြင် ရာ မှာ အလွန်အရေး ပါ အရာရောက် သည့် ဓာတ် က တော့ DHA ဖြစ် ပါ တယ်။
-Docosahexanoeic acid Take Cod liver oil 1 teaspoon every day
-Acetyl L Carnitine 500mg twice a day
-R Lipoic Acid 150mg daily.
-B6 ( P5P) , B12, Folate သောက် ပါ
-VitaminC ( alkaline form ) 1000mg twice a day, Unique E 400mg a day
-Magnesium malate or citrate 400mg a day
-CoQ10 200mg twice a day
-D Ribose Powder 1 teaspoon twice a day.
-Probiotics 20 billion count every day.
-အချို မှုန့်ရှောင်၊ သကြားတု ရှောင် ပါ။ သကြားရှောင်၊ ဆေး လိပ်ဖြတ် ပါ။
-Omega6 oils များ ရှောင် သင့် ပါ တယ်။
Corn oil, Canola oil. Soy bean oil, Vegetable oil စ သည် ဖြင့်ဖြစ် ပါ တယ်။
-အဆီ များများ စား ပေး ပါ။

ဦးနှောက်ဟာ အဆီ တုံး ကြီး ဖြစ် တာ ကြောင့် လိုအပ် သော အဆီ မျိုးစုံ နှင့် ဖြည့် ပေး ခြင်း ဖြစ် ပါ တယ်။
စိတ်ဝင်စား သော လူ နာရှင် များ အတွက် ဖော် ပြ ပေး လိုက် ပါ တယ်။
အရှုံး တော့ ရှိ မယ် မ ထင် ပါ။
ဒီ ဓာတ်စာ တွေ ဟာ ဦးနှောက်ကလာပ်စည်း တွေ ကို ပြန် လည်သန်စွမ်း လာ နိုင် ရန် အားပေး တာ ဖြစ် သည့် အပြင် ၊ ကလာပ်စည်း စွမ်းအင် တွေ လဲ တက် လာ ပါ စေ တယ်။နောက် ဆုံး မ တော့ ကိုယ်အင်္ဂါ အစိတ် အပိုင်း တစ် ခု ရဲ့ လုပ် ဆောင်
ချက် တွေ ဟာ သူ တို့ ရဲ့ ကလာပ်စည်း စွမ်းအင် တွေ ပေါ် မှာ မူ တည်နေ လို့ ဖြစ် ပါ တယ်။
မိတ်ဆွေ များ အား လုံး ဗဟုသုတ နဲ့ ပြည့်စုံ ကြ ပါ စေ။
စူးစမ်းမှု ဉာဏ်အား တွေ လည်း ထက်သန် လာ ကြ ပါ စေ။

#‌ Credit To A Better Health

Photos from Daily Health Fix -2 USA/Aussie supplements store 's post 26/05/2026

💚 Magnesium Glycinate ရဲ့ကောင်းကျိုးများ 💚
Magnesium Glycinate က ခန္ဓာကိုယ်စုပ်ယူမှုကောင်းတဲ့ magnesium အမျိုးအစားတစ်ခုဖြစ်ပြီး
အာရုံကြော၊ အိပ်စက်မှုနဲ့ ကြွက်သားကျန်းမာရေးအတွက် အထူးကောင်းမွန်ပါတယ် ✨
🌿 ကောင်းကျိုးများ 🌿
✔️ အိပ်ရေးဝဝ အိပ်ပျော်စေတယ်
✔️ Stress နဲ့ Anxiety လျော့ကူညီပေးတယ်
✔️ ကြွက်သားတက်ခြင်း၊ ကိုက်ခဲခြင်း သက်သာစေတယ်
✔️ နှလုံးနဲ့ အာရုံကြောလုပ်ဆောင်မှုကို အားပေးတယ်
✔️ Migraine ခေါင်းကိုက်ခြင်း လျော့ကူညီနိုင်တယ်
✔️ PMS နဲ့ လစဉ်မအီမသာဖြစ်မှုတွေ သက်သာစေတယ်
✔️ အရိုးကျန်းမာရေးအတွက် ကူညီပေးတယ်
💊 Magnesium Glycinate က အစာအိမ်နူးညံ့ပြီး ဝမ်းလျှောလွယ်တဲ့သူတွေတောင် သောက်လို့အဆင်ပြေတဲ့ magnesium ပုံစံတစ်မျိုးဖြစ်ပါတယ် ✨




မှာယူလိုပါက messenger or 095028513 ကိုဆက်ပါရှင်

26/05/2026

now
အကြောင်းအမျိုးမျိုးကြောင့် နေ့စဉ် သောက်နေရတဲ့ ဆေးတွေကို အလှမ်းမမီနိုင်တော့ဘူးဆိုရင် -

အဓိက အရေးကြီးတာ လောက်ကိုပဲ ဦးတည်ရမှာ ဖြစ်ပါတယ်။

လောလောဆယ်မှာတော့ ရောဂါ ပိုးမျိုးစုံနဲ့ စခန်းသွားနေကြရတာ လူတိုင်းသိပါတယ်။ ပိုးမျိုးစုံကိစ္စ ကလဲ မပြီးသေးတဲ့ အခြေအနေမှာ ရှိနေပြန်ပါတယ်။ ပိုးတစ်မျိုးပြီးပြန်ရင်လဲ နောက်လာနိုင်တဲ့ပိုးမျိုးစုံကလဲ ရှိနေတော့ အရေးကြီးတာကိုပဲ ဦးစားပေးရမှာ ဖြစ်ပါတယ်။

ဈေးကွက်ထဲမှာ ရှိနေတာတွေကို ပြန်ကြည့်လိုက်တဲ့အခါ အသင့်တော်ဆုံး တစ်မျိုးကို တွေ့မိပါတယ်။

Vitamin D3 5000IU
K2 80 mcg
Magnesium 120mg
Zinc 12mg
Boron 3mg
အားလုံးပါတဲ့ D3 plus ဆိုတာ ရှိပါတယ်။
၂ လုံး သောက်ရင် လုံလောက်နိုင်ပါတယ်။
D3 အပြင် သူလိုအပ်တဲ့ cofactors တွေပါ ပါပြီးသားပါ။
( D receptor problem ) ရှိနေသူများအတွက်လဲ ကောင်းသွားပြီပေါ့။

ဒါကိုလဲ အလှမ်းမမီနိုင်သေးဘူးဆိုရင် ဈေးချိုတဲ့ D3 တစ်မျိုးတည်း ပဲပေါ့။

ကျန်တာတွေကတော့ တတ်နိုင်ရင် အစားအသောက်နဲ့ ကြိုးစားပြီး ထိန်းပါ။
Time restricted eating ကိုပါ ထည့်သွင်းလိုက်နိုင်မယ်ဆိုရင် အတော်လေးကို ခရီးတွင် နိုင်ပါတယ်။

စောဒက တက်စရာလေးကတော့ ရှိတာကြောင့် ရှင်းပြပါဦးမယ်။
Vitamin D ဆိုတာ အဓိက အားဖြင့် နေရောင်ခြည်က ရတာဆိုတော့ သောက်စရာ လိုသလားဆိုတဲ့အချက်ပါပဲ။
မှန်ပါတယ်။ မြန်မာပြည်မှာ နေရောင်ခြည် ဟာ ကောင်းမွန်စွာ ရပါတယ်။
သို့ပါသော်လည်း
၁.Vitamin D ဖြစ်ဖို့ လိုအပ်တဲ့ UV ray B ဟာ အဝတ်အစားကို မဖောက်နိုင်ပါ။
မြန်မာနိုင်ငံမှာ ကလည်း အနောက်နိုင်ငံမှာလို အဝတ်အစားမပါဘဲ နေပူလှမ်းတယ်ဆိုတာ မရှိသလောက်ပါပဲ။

၂.အရေပြားမှာရှိနေတဲ့ cholesterol နဲ့ နေရောင်ခြည်ထိပြီး ပါသော်လည်း ခန္ဓာကိုယ်ထဲမှာ ဓာတုဖြစ်စဉ် အမျိုးမျိုးကို ထပ်မံ ဖြစ်ရပါသေးတယ်။
အသည်း ဟာအရေးကြီးတဲ့ အခန်းကနေ ပါဝင်နေပါတယ်။
မြန်မာပြည်မှာက အသည်းရောဂါ သည်တွေ ဘယ်လောက်များတယ်ဆိုတာ လူတိုင်းသိပါတယ်နော်။
အသည်းကောင်းကောင်းအလုပ်မလုပ်နိုင်ပြန်ရင်လည်း ကိုယ်လိုချင်တဲ့ result ကို မရနိုင်ပါ။

၃.အသည်း တစ်မျိုးတည်းနဲ့လဲ မပြီး ပြန်ပါ။
ကျောက်ကပ်ကိုလဲ အသုံးချရပြန်ပါတယ်။
မြန်မာပြည်မှာ ကျောက်ကပ် ရောဂါသည်/ ကျောက်ကပ် ကောင်းကောင်း အလုပ်မလုပ်နိုင်သူတွေကလည်း အများကြီးပါ။

၄.အကုန်လုံးကောင်းတယ်ထားပါဦး Receptor problem က ရှိနေတတ်ပါသေးတယ်။

ရှင်းပြနေခြင်း/ ထောက်ပြနေခြင်း/ဗဟုသုတပေးနေခြင်းသာဖြစ်ပါတယ်။
ကိုယ်နဲ့ အဆင်ပြေရာကို ကိုယ်လုပ်ပါ။
ကိုယ့်အကြောင်းကိုယ် အသိဆုံးပါ။
Credit.. Dr Daw khin nwe win
D3 plus 180
မှာယူလိုပါက messenger or 095028513 ကိုဆက်ပါရှင်
အလုံး ကြွေဖောက်ရောင်းပေးပါတယ်ရှင်

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address

Yangon