Healthy Solutions
Consultancy firm to find solutions for your health and development!
03/07/2026
ကျန်းမာပျော်ရွှင်တဲ့ Well-being ဘဝကို ပိုင်ဆိုင်နိုင်ဖို့ဆိုရင် ခန္ဓာကိုယ်ရဲ့ အရေးကြီးတဲ့ အချက်ပြလက္ခဏာတွေကိုလည်း သတိပြုဖို့ လိုအပ်ပါတယ် 🌿
ကျွန်တော်တို့ပတ်ဝန်းကျင်မှာ အဖြစ်များပြီး လူအနည်းငယ်သာ သတိထားမိတတ်တဲ့ "သွေးတိုးရောဂါ" အကြောင်းကို အသိပညာမျှဝေပေးချင်ပါတယ် ရှင့်👇
🩸 သွေးတိုးရောဂါ ဆိုတာ ဘာလဲ
သွေးတိုးရောဂါ (Hypertension) ဆိုတာ သွေးကြောများအတွင်းရှိ သွေးဖိအားဟာ 140/90 mmHg သို့မဟုတ် ထိုထက် ပိုမိုမြင့်မားနေခြင်း ကို ဆိုလိုတာပါ။ အဖြစ်များတဲ့ ရောဂါတစ်ခုဖြစ်ပေမဲ့ စနစ်တကျ ကုသမှုမခံယူဘူးဆိုရင် ပြင်းထန်ဆိုးရွားတဲ့ နောက်ဆက်တွဲပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။
⚠️ လက္ခဏာမပြတတ်တဲ့ အန္တရာယ်
အဆိုးဆုံးကတော့... သွေးတိုးရောဂါရှိသူအများစုဟာ မည်သည့်လက္ခဏာမျှ မခံစားရဘဲ ရှိနေနိုင်တာပါပဲ။ ဒါကြောင့် သွေးတိုး ရှိ၊ မရှိ သိနိုင်မယ့် တစ်ခုတည်းသောနည်းလမ်းကတော့
"သွေးဖိအားကို ပုံမှန်တိုင်းတာစစ်ဆေးခြင်း" ပဲ ဖြစ်ပါတယ်။
🔍 သွေးတိုးရောဂါ အမျိုးအစား (၂) မျိုး
သွေးတိုးရောဂါ ဖြစ်ပွားရတဲ့ အကြောင်းအရင်းပေါ်မူတည်ပြီး အဓိကအားဖြင့် (၂) မျိုး ခွဲခြားနိုင်ပါတယ်။
၁။ မူလ သွေးတိုးရောဂါ (Primary / Essential Hypertension)
သွေးတိုးလူနာတွေရဲ့ ၉၀% ကျော်ဟာ ဒီအမျိုးအစားထဲမှာ
ပါဝင်ပါတယ်။
ဖြစ်ပွားရတဲ့ တိကျတဲ့ ဆေးဘက်ဆိုင်ရာ အကြောင်းအရင်းကို ရှာမတွေ့တတ်ပါဘူး။
အသက်အရွယ်ကြီးလာခြင်း၊ မျိုးရိုးဗီဇ၊ အစားအသောက်ပုံစံ (ဆားနှင့် အငန်ဓာတ် အစားများခြင်း)၊ ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း၊ အဝလွန်ခြင်း၊ ဆေးလိပ်နှင့် အရက် အလွန်အကျွံသောက်သုံးခြင်း စတဲ့အချက်တွေကြောင့် နှစ်ပေါင်းများစွာအတွင်း တဖြည်းဖြည်းချင်းစီ ဖွံ့ဖြိုးလာတတ်ပါတယ်။
၂။ နောက်ဆက်တွဲ သွေးတိုးရောဂါ (Secondary Hypertension)
ခန္ဓာကိုယ်ရဲ့ အခြားရောဂါအခြေအနေတစ်ခုခု သို့မဟုတ် ဆေးဝါးတစ်ခုခုကြောင့် နောက်ဆက်တွဲအနေနဲ့ ရုတ်တရက် သွေးတိုးလာတဲ့ အမျိုးအစားပါ။
ဖြစ်စေတဲ့ အကြောင်းရင်းများ - ကျောက်ကပ်ရောဂါများ၊ ဟော်မုန်းဆိုင်ရာရောဂါများ (ဥပမာ- သိုင်းရွိုက်ပြဿနာ၊ Cushing's syndrome)၊ အိပ်ပျော်နေစဉ် ခေတ္တအသက်ရှူရပ်ခြင်း (Obstructive Sleep Apnea)၊ မွေးရာပါနှလုံး သို့မဟုတ် သွေးကြောမကြီး ပုံမှန်မဟုတ်ခြင်း နှင့် အချို့သောဆေးဝါးများ (ဥပမာ- သန္ဓေတားဆေး၊ အကိုက်အခဲပျောက်ဆေး) ကြောင့် ဖြစ်တတ်ပါတယ်။
⚠️ အထူးသတိပြုရန် - ကိုယ်ဝန်ဆောင် သွေးတိုးရောဂါ (Gestational Hypertension)
ကိုယ်ဝန်ဆောင်စဉ်ကာလ (အထူးသဖြင့် ကိုယ်ဝန်ပတ် ၂၀ နောက်ပိုင်း) မှာ စတင်ဖြစ်ပွားတတ်ပြီး၊ ပြင်းထန်ပါက Pre-eclampsia (ကိုယ်ဝန်ဆိပ်တက်ခြင်း) အထိ ဖြစ်သွားနိုင်လို့ အထူးဂရုစိုက်ဖို့ လိုအပ်ပါတယ်။
သွေးတိုးရောဂါဟာ ကြိုတင်ကာကွယ်လို့ရသလို၊ ဖြစ်ပွားလာပါကလည်း စနစ်တကျ စီမံခန့်ခွဲ (Manage) လုပ်ခြင်းဖြင့် ကျန်းမာတဲ့နေ့ရက်တွေကို ပုံမှန်အတိုင်း ဖြတ်သန်းနိုင်ပါတယ်။
ကိုယ့်ရဲ့ သွေးဖိအားကို ပုံမှန်စစ်ဆေးဖို့ မမေ့ပါနဲ့နော်။
"SMART SOLUTIONS,STRONGER COMMUNITIES"
25/06/2026
🍭အချိုလည်း ရှောင်တယ်၊ ထမင်းလည်း လျှော့စားတယ်... ဒါပေမဲ့ ဆီးချိုက ဘာလို့ တက်နေရတာလဲ? 🙄
ဆီးချိုသမားတော်တော်များများ ဒီမေးခွန်းနဲ့ အမြဲလုံးပန်းနေရတတ်ပါတယ်။ တကယ်တော့ ဆီးချိုကို ဝုန်းခနဲ
တက်သွားစေတဲ့ "လျှို့ဝှက်တရားခံ" တွေက အစားအသောက်ထဲမှာပဲ ရှိနေတာ မဟုတ်ပါဘူး။
ဥပမာအားဖြင့်...
⚠️ ရေသောက်နည်းတာ (သွေးထဲမှာ သကြားဓာတ်
ပျော်ဝင်မှုနှုန်း လျော့နည်းသွားလို့ပါ)
⚠️ ရာသီဥတု ပူလွန်းတာ (သွေးကြောတွေ ကျုံ့သွားပြီး အင်ဆူလင် အာနိသင် လျော့ကျစေပါတယ်)
⚠️ ဆေးအချို့ရဲ့ ဘေးထွက်ဆိုးကျိုး (တခြားရောဂါအတွက် သောက်နေတဲ့ ဆေးတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်)
ဒီလို အကြောင်းအရင်းတွေက တစ်ယောက်နဲ့တစ်ယောက် မတူညီနိုင်ပါဘူး။ ဒါကြောင့် ကိုယ့်ခန္ဓာကိုယ်က ဘယ်လိုအခြေအနေမှာ ဆီးချိုတက်တတ်လဲဆိုတာ လိုက်မှတ်ထားဖို့ လိုပါတယ်။ 🔍
Diabetes Log Book (ဆီးချိုမှတ်တမ်းစာအုပ်) က အကောင်းဆုံး အထောက်အပံ့ ဖြစ်မှာပါ 🩺
ဒီစာအုပ်လေးရှိရင် ဘာတွေထူးခြားသွားမလဲ???
✅ ဘယ်အချိန်မှာ ဆီးချိုတက်တတ်လဲဆိုတာ
အတိအကျ သိလာမယ်။
✅ ဆရာဝန်နဲ့ပြတဲ့အခါ ခိုင်မာတဲ့ မှတ်တမ်းအထောက်အထား ရှိနေမယ်။
✅ မိဘဖိုးဖွားတွေရဲ့ ကျန်းမာရေးကို စနစ်တကျ
စောင့်ကြည့်ပေးနိုင်မယ်။
၁ အုပ် - ၉,၅၀၀ ကျပ်
ကျန်းမာရေးကို ဂရုစိုက်ဖို့ဆိုတာ စနစ်တကျ
မှတ်တမ်းတင်ခြင်းကနေ စတင်တာပါ။ 🤍
📩 အသေးစိတ်ကို Chat Box ကနေ အခုပဲ
မေးမြန်းမှာယူနိုင်ပါတယ်ရှင်။
"SMART SOLUTIONS, STRONGER COMMUNITIES"
#ဆီးချိုမှတ်တမ်းစာအုပ်
#ဆီးချိုရောဂါ #ကျန်းမာရေးဗဟုသုတ #ဆီးချိုထိန်းသိမ်းနည်း
19/06/2026
စစ်မှန်တဲ့ "ကျန်းမာပျော်ရွှင်ခြင်း (Well-being)" ဆိုတာ ခန္ဓာကိုယ် ကြံ့ခိုင်ရုံတင်မကဘဲ... စိတ်ဖိစီးမှုတွေ ကင်းဝေးပြီး စိတ်အေးချမ်းရမယ်၊ လူမှုစီးပွားဘဝတွေ အဆင်ပြေပြီး ဟန်ချက်ညီနေမှ ပြည့်စုံတာပါ 🌿
ဒီနေ့ခေတ်ရဲ့ ရုန်းကန်ရမှုတွေကြားထဲမှာ သင့်ဘဝရဲ့ လိုအပ်တဲ့ ဟန်ချက်ညီမှုကို ပြန်လည်ရရှိဖို့ Healthy Solutions က အမြဲအသင့်ရှိနေပါတယ်။
ကျွန်တော်တို့ဟာ ခိုင်လုံတဲ့ သိပ္ပံနည်းကျ အထောက်အထား (Evidence-based) တွေကို အခြေခံပြီး လက်တွေ့ကျကျ အကူအညီပေးမယ့် ဝန်ဆောင်မှုတွေကို ဆောင်ရွက်ပေးနေပါတယ် 👇
🤝 Healthy Solutions က သင့်အတွက် အဆင်သင့်ရှိနေမယ့် ဝန်ဆောင်မှုများ
✅ နာတာရှည်ရောဂါ စီမံခန့်ခွဲခြင်း
ဆီးချို၊ သွေးတိုး ကဲ့သို့သော နာတာရှည် ရောဂါဝေဒနာများကို စနစ်တကျ စီမံခန့်ခွဲပေးပြီး ကျန်းမာတဲ့ နေ့ရက်တွေကို ပိုင်ဆိုင်စေခြင်း။
✅ စိတ်ပိုင်းဆိုင်ရာ အထောက်အကူပြုခြင်း
နေ့စဉ်ဘဝရဲ့ စိတ်ပင်ပန်းမှုနဲ့ စိတ်ဖိစီးမှုတွေကို လျော့ချပေးမယ့် ထိရောက်တဲ့ အထောက်အကူပြုပစ္စည်းများနှင့် နည်းလမ်းများ မျှဝေပေးခြင်း။
✅ ငွေကြေးဆိုင်ရာ လမ်းညွှန်မှု
ငွေကြေးစနစ်တကျ စီမံခန့်ခွဲခြင်းဖြင့် စိတ်အေးချမ်းရမည့် Financial Freedom (ငွေကြေးလွတ်လပ်ခွင့်) ရရှိအောင် လေ့ကျင့်ပေးခြင်း။
✅ Consultancy Services (အဖွဲ့အစည်းများအတွက်)
လူထုကျန်းမာရေး လုပ်ငန်းစဉ်များ ဆောင်ရွက်နေသည့် အဖွဲ့အစည်းများအတွက် အထောက်အထားအခြေပြု သုတေသနလုပ်ငန်းများ၊ အဖွဲ့အစည်းဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်မှု အကြံပေးချက်များနှင့် ကျွမ်းကျင်မှုဆိုင်ရာ သင်တန်းများကို
ထိရောက်စွာ ဝန်ဆောင်မှုပေးခြင်း။
ကျန်းမာရေး ဗဟုသုတတွေကို ဖတ်ရှုရုံတင်မကဘဲ မိမိသိချင်တာတွေကို အပြန်အလှန် မေးမြန်းဆွေးနွေးလို့ရမယ့် Telegram Channel လည်း ရှိပါတယ်ရှင့် 🥳
🔗Telegram channel link
https://t.me/c/2810865259/29
ကျွန်တော်တို့ရဲ့ ဝန်ဆောင်မှုတွေကို အသေးစိတ် စုံစမ်းမေးမြန်းလိုပါက Page Messenger (သို့မဟုတ်) အောက်ပါ ရုံးလိပ်စာအတိုင်း လူကိုယ်တိုင် လာရောက်ဆွေးနွေးနိုင်ပါတယ်ခင်ဗျာ။
📍 လိပ်စာ - အမှတ် ၁၁ ၊ ဦးအောင်ဘလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။
📞 ဖုန်းနံပါတ် - 09 401 800 119, 09 949 909 900
📧 Email - [email protected]
🏡 ရုံးဖွင့်ချိန် - မနက် ၉ နာရီ မှ ညနေ ၄ နာရီ အထိ
15/06/2026
အကြွေးတိုင်းက မကောင်းတာ မဟုတ်ဘူး?
အကြွေးကောင်း" နဲ့ "မကောင်းတဲ့အကြွေး" ⚖️
မိမိကိုယ်မိမိ အကြွေးသံသရာထဲ ပိတ်မိပြီး စိတ်ဖိစီးမှုတွေ မဖြစ်စေဘဲ၊ ငွေကြေးအရ ပိုမိုလွတ်လပ်ပျော်ရွှင်တဲ့ ဘဝကိုတည်ဆောက်နိုင်ဖို့အတွက် ဒီအချက်ကို မဖြစ်မနေ သိထားဖို့ လိုအပ်ပါတယ် 👇
"အကြွေး" လို့ ပြောလိုက်ရင် လူအများစုက ကြောက်လန့်ပြီး မကောင်းဘူးလို့ပဲ မြင်တတ်ကြပါတယ်။ ဒါပေမယ့် ငွေကြေးအသိပညာအရ အကြွေးမှာ "အကြွေးကောင်း" နဲ့ "မကောင်းတဲ့အကြွေး" ဆိုပြီး ကွာခြားချက် ရှိပါတယ်။
👍 အကြွေးကောင်း (Good Debt) ဆိုတာဘာလဲ?
မိမိရဲ့ ပိုင်ဆိုင်မှုတန်ဖိုးကို ပိုမိုတိုးတက်လာစေတဲ့ သို့မဟုတ် အနာဂတ်မှာ ဝင်ငွေပြန်လည်ဖန်တီးပေးနိုင်မယ့် အကြွေးမျိုးကို ဆိုလိုတာပါ။ အတိုးနှုန်း သက်သာလေ့ရှိပါတယ်။
ဥပမာ - ဝင်ငွေတိုးတက်ဖို့အတွက် ပညာရေး သို့မဟုတ် အသက်မွေးဝမ်းကျောင်းသင်တန်းများ တက်ရောက်ခြင်း၊
အိမ်ခြံမြေ ဝယ်ယူခြင်း၊ ဝင်ငွေရရှိမယ့် အသေးစားစီးပွားရေးလုပ်ငန်းများ သို့မဟုတ် စိုက်ပျိုးရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံရန် ချေးယူခြင်း စတာတွေ ဖြစ်ပါတယ်။
👎 မကောင်းတဲ့အကြွေး (Bad Debt) ဆိုတာဘာလဲ?
မိမိရဲ့ ပိုင်ဆိုင်မှုတန်ဖိုးကိုလည်း မတိုးစေဘဲ၊ အနာဂတ်ဝင်ငွေလည်း ပြန်မရနိုင်တဲ့ ရေတိုအလိုဆန္ဒ အလျောက် သုံးစွဲမှုတွေအတွက် ယူမိတဲ့ အကြွေးတွေ ဖြစ်ပါတယ်။ အတိုးနှုန်း ကလည်း အလွန်မြင့်မားတတ်ပါတယ်။
ဥပမာ - အပျော်အပါးအတွက် Kpay/Wavepay များ သုံးစွဲမှုလွန်ကဲခြင်း၊ နေ့ပြန်တိုး (သို့မဟုတ်) အတိုးနှုန်းကြီးမားတဲ့ နေရာတွေကနေ ချေးယူခြင်း၊ မလိုအပ်ဘဲ ပစ္စည်းများ ပေါင်နှံရောင်းချသုံးစွဲခြင်း၊ သူငယ်ချင်းများနှင့် အလုပ်ရှင်ထံမှ ပိုက်ဆံခဏခဏ ကြိုတင်ချေးယူခြင်း စတာတွေ ဖြစ်ပါတယ်။
⚠️ သတိပြုရန် လက္ခဏာများ
မိမိရဲ့ ဝင်ငွေထက် ထွက်ငွေက ပိုများနေပြီး ငွေတောင်းခံလွှာတွေကို နောက်ကျမှ ပေးဆောင်နေရပြီဆိုရင် ဒါဟာ အကြွေးလွန်ကဲခြင်းရဲ့ လက္ခဏာဖြစ်လို့ အထူးသတိပြုရပါမယ်။ အကြွေးသံသရာထဲ ပိတ်မိခြင်းက စိတ်ကျန်းမာရေးကို ထိခိုက်စေပြီး ဘဝရဲ့ ပျော်ရွှင်မှုတွေကို ဆုံးရှုံးစေနိုင်ပါတယ်။ "မဆပ်နိုင်သော ငွေပမာဏကို မချေးခြင်း" ဟူသော နိယာမအတိုင်း ပညာရှိရှိ စီမံခန့်ခွဲတတ်ဖို့ လိုအပ်ပါတယ်။
လူသားတိုင်း ငွေကြေးဆိုင်ရာ သောကဗျာပါဒများမှ ကင်းဝေးပြီး၊ အကြွေးသံသရာရဲ့ အချုပ်အနှောင်ကနေ လွတ်မြောက်ကာ စိတ်အေးချမ်းသာယာရှိသော၊ ပိုမိုလွတ်လပ်ပျော်ရွှင်သော
လူမှုစီးပွားဘဝများကို ပိုင်ဆိုင် တည်ဆောက်နိုင်ကြပါစေ။
"SMART SOLUTIONS, STRONGER COMMUNITIES"
🏡 လိပ်စာ - အမှတ် ၁၁ ၊ ဦးအောင်ဘလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။
📞 ဖုန်းနံပါတ် - 09 401 800 119, 09 949 909 900
📧 Email - [email protected]
🕒 ရုံးဖွင့်ချိန် - မနက် ၉ နာရီ မှ ညနေ ၄ နာရီ အထိ
Debt #ငွေကြေးအသိပညာ #အကြွေးစီမံခန့်ခွဲမှု
08/06/2026
လက်တွေ့ကျကျ ငွေစုပြီး စိတ်အေးချမ်းသာစွာ နေထိုင်ကြစို့
💸ငွေကြေးစုဆောင်းခြင်းဆိုတာ အနာဂတ်မှာ ပိုမိုကျန်းမာပျော်ရွှင်ပြီး စိတ်အေးချမ်းတဲ့ဘဝကို ပိုင်ဆိုင်နိုင်ဖို့အတွက် အဓိကသော့ချက်ဖြစ်ပါတယ်။
"ပိုက်ဆံက ရှာရတာခက်သလောက် သုံးလိုက်ရင်
ခဏလေးပဲ" ၊ "လကုန်ရင် ဘယ်နား ပိုက်ဆံတွေ ပျောက်ကုန်မှန်းမသိဘူး" ဆိုတာမျိုး ကြုံဖူးကြသလားရှင့်?
ငွေစုချင်ပေမယ့် ဘယ်ကစရမှန်းမသိ ဖြစ်နေသူတွေအတွက် ကမ္ဘာတစ်ဝန်းမှာ လက်တွေ့အသုံးချနေတဲ့ 50/30/20
နည်းလမ်း နဲ့ ငွေစုနည်းလမ်းကောင်းတွေကို မျှဝေပေးချင်ပါတယ်ရှင့် 👇
📌 50/30/20 စည်းမျဉ်းဆိုတာ ဘာလဲ?
ကိုယ့်ရဲ့ အခွန်ဆောင်ပြီး ဝင်ငွေ (သို့မဟုတ်) အသားတင်ဝင်ငွေကို အောက်ပါအတိုင်း အချိုးချပြီး စနစ်တကျ ခွဲဝေအသုံးပြုတာ ဖြစ်ပါတယ်။
▪️၅၀% - လိုအပ်ချက်များ (Needs): အိမ်လခ၊
စားသောက်စရိတ်၊ ရေဖိုးမီးဖိုး၊ ကျန်းမာရေးစောင့်ရှောက်မှု စတဲ့ နေ့စဉ်ဘဝ ရပ်တည်ဖို့ မရှိမဖြစ် ကုန်ကျစရိတ်တွေအတွက် သုံးစွဲပါ။
▪️၃၀% - လိုချင်ဆန္ဒများ (Wants): အပြင်ထွက်စားခြင်း၊ အပျော်အပါး၊ ခရီးသွားခြင်း၊ နောက်ဆုံးပေါ် အီလက်ထရွန်းနစ်ပစ္စည်းများ ဝယ်ယူခြင်း စတဲ့ ဘဝကို ပိုမိုပျော်ရွှင်စေမယ့် အရာတွေအတွက် သုံးစွဲပါ။
▪️၂၀% - စုဆောင်းခြင်းနှင့် ရင်းနှီးမြှုပ်နှံခြင်း (Savings): ဒီပမာဏကိုတော့ မထိဘဲ အနာဂတ်အတွက် သီးသန့် စုဆောင်းထားရမှာ ဖြစ်ပါတယ်။
💡 အရေးပေါ်ရန်ပုံငွေ (Emergency Fund) ထားရှိပါ
ဘဝမှာ မထင်မှတ်ထားတဲ့ ကျန်းမာရေးကိစ္စ၊ အလုပ်အကိုင် အပြောင်းအလဲ စတဲ့ ရုတ်တရက် ငွေကြေးလိုအပ်ချက်တွေ
ကြုံလာရတဲ့အခါ စိတ်အေးချမ်းမှုရှိစေဖို့ ကိုယ့်ရဲ့ လက်ရှိ
နေထိုင်မှုစရိတ် (၃) လမှ (၆) လစာ အထိ ရှိမယ့် အရေးပေါ်ရန်ပုံငွေကို မဖြစ်မနေ ဖယ်ထားသင့်ပါတယ်။
🎯 တိကျတဲ့ ပန်းတိုင်နဲ့ အချိုးချ ငွေစုနည်း
ရာခိုင်နှုန်းအတိုင်း မစုနိုင်သေးရင်တောင် မိမိဝင်ငွေထဲကနေ (ဥပမာ- ၁၀% စုဆောင်းခြင်း၊ ၂၀% အစားအသောက်၊
၃၀% အိမ်စရိတ် စသဖြင့်) ပန်းတိုင်တစ်ခု သတ်မှတ်ပြီး ပုံမှန်စုဆောင်းသွားလို့ ရပါတယ်။
ငွေကြေးစုဆောင်းမှု အလေ့အထရှိခြင်းက ကိုယ့်ကို အနာဂတ်အတွက် ပူပန်မှုတွေကနေ ကင်းဝေးစေပြီး ကိုယ်ရောစိတ်ပါ ကျန်းမာပျော်ရွှင်တဲ့ လူနေမှုဘဝကို ဖန်တီးပေးနိုင်ပါတယ်ဆိုတဲ့အကြောင်း မျှဝေပးလိုက်ရပါတယ်ရှင့်
"SMART SOLUTIONS, STRONGER COMMUNITIES"
🏡 လိပ်စာ - အမှတ် ၁၁ ၊ ဦးအောင်ဘလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။
📞 ဖုန်းနံပါတ် - 09 401 800 119, 09 949 909 900
📧 Email - [email protected]
🕒 ရုံးဖွင့်ချိန် - မနက် ၉ နာရီ မှ ညနေ ၄ နာရီ အထိ
#ငွေစုနည်းလမ်းများ
04/06/2026
🌞 လိုအပ်ချက် (Needs) နှင့် လိုအင်ဆန္ဒ (Wants) ကို
ခွဲခြားခြင်း
💸ငွေကြေးကို ပညာရှိရှိ စီမံခန့်ခွဲနိုင်ခြင်းက ကိုယ့်ကို ငွေကြေးပူပန်မှုတွေကနေ ကင်းဝေးစေပြီး စိတ်အေးချမ်းမှုနဲ့အတူ
ဘဝကို ပိုမိုကျန်းမာပျော်ရွှင်စေမှာ ဖြစ်ပါတယ်။
နေ့စဉ် ကိုယ်သုံးလိုက်တဲ့ ငွေကြေးတွေကို ပြန်ကြည့်ရင် တကယ်လိုအပ်တာထက် ပိုလျှံပြီး သုံးမိနေတာတွေ
ရှိတတ်ပါတယ်။ ဒါဟာ 'လိုအပ်ချက်' (Needs) နဲ့ 'လိုအင်ဆန္ဒ' (Wants) ကို သဲသဲကွဲကွဲ မခွဲခြားနိုင်လို့ပဲ ဖြစ်ပါတယ်။
ကိုယ့်ရဲ့ ခက်ခက်ခဲခဲရှာထားရတဲ့ ငွေတွေကို စနစ်တကျ စီမံခန့်ခွဲနိုင်ဖို့ ဒီအချက်လေးတွေကို အရင်ဆုံး လေ့လာကြည့်ရအောင် 👇
💡 Needs (မရှိမဖြစ် လိုအပ်ချက်)
အသက်ရှင်သန်ဖို့နဲ့ နေ့စဉ်ရပ်တည်ဖို့အတွက် လူသားတစ်ယောက်အနေနဲ့ မရှိမဖြစ်လိုအပ်တဲ့အရာတွေပါ။
▪️ဥပမာ - အခြေခံစားသောက်စရိတ်၊ နေထိုင်ဖို့ အိမ်လခ၊ ကျန်းမာရေးအတွက် ဆေးဝါး၊ လျှပ်စစ်မီတာခ နဲ့ ရေခ စတာတွေ ဖြစ်ပါတယ်။
ဒါတွေကို မဖြည့်ဆည်းနိုင်ရင် ဘဝရပ်တည်ဖို့ တကယ်ပဲ အခက်အခဲရှိသွားနိုင်ပါတယ်။
💡 Wants (လိုအင်ဆန္ဒ)
မရှိရင်လည်း ရှင်သန်နိုင်ပေမယ့် ကိုယ့်ဘဝကို ပိုပြီး သာယာသက်သောင့်သက်သာရှိစေချင်လို့ သုံးစွဲတဲ့အရာတွေပါ။
▪️ဥပမာ - ကော်ဖီဆိုင်ခဏခဏသွားခြင်း၊ တန်ဖိုးကြီး Brand ပစ္စည်းများဝယ်ယူခြင်း၊ အပြင်စာခဏခဏစားခြင်း၊ ဖျော်ဖြေရေးလက်မှတ်များဝယ်ယူခြင်း စတာတွေ ဖြစ်ပါတယ်။
ဒါတွေကို မဖြည့်ဆည်းနိုင်ရင် စိတ်မသက်မသာဖြစ်ရုံကလွဲလို့ ဘဝရပ်တည်မှုကို မထိခိုက်စေပါဘူး။
⚠️ "ငွေယိုပေါက်လေးတွေ" ကို သတိထားပါ
တစ်ခါသုံးရင် ၃,၀၀၀ ကျပ်လောက်ပဲ ကုန်တဲ့
ကော်ဖီ သို့မဟုတ် စားစရာအသေးအမွှားလေးတွေဟာ
တစ်ရက်ချင်းကြည့်ရင် မသိသာပေမယ့် တစ်နှစ်စာ
စုပြုံတွက်ချက်လိုက်ရင် ကျပ်သိန်းပေါင်းများစွာအထိ (၁,၀၉၅,၀၀၀ ကျပ်ကျော်) ယိုစိမ့်သွားတတ်ပါတယ်။
ကိုယ့်ရဲ့ "ငွေယိုပေါက်လေးတွေ" ကို အချိန်မီဖော်ထုတ်ပိတ်ဆို့နိုင်မှသာ ငွေကြေးကြောင့်ဖြစ်ရတဲ့ စိတ်ဖိစီးမှုတွေ လျော့ကျပြီး ကိုယ်ရောစိတ်ပါ ကျန်းမာပျော်ရွှင်တဲ့
ဘဝကို တည်ဆောက်နိုင်မှာပါ။
"SMART SOLUTIONS, STRONGER COMMUNITIES"
🔍 ဆက်သွယ်ရန်လိပ်စာ
🏡 လိပ်စာ - အမှတ် ၁၁ ၊ ဦးအောင်ဘလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။
📞 ဖုန်းနံပါတ် - 09 401 800 119, 09 949 909 900
📧 Email - [email protected]
🕒 ရုံးဖွင့်ချိန် - မနက် ၉ နာရီ မှ ညနေ ၄ နာရီ အထိ
#ငွေကြေးအသိပညာ
#ကျန်းမာပျော်ရွှင်သောဘဝ
02/06/2026
ဒီနေ့ ဆီးချိုထိန်းဖို့ ဒါတွေ လုပ်ပြီးပြီလား?
(Daily Checklist) 🩺
1.သွေးတွင်းသကြားဓာတ် တိုင်းတာပြီးပြီလား? 🩸
2.ဆေးပုံမှန်သောက်/ထိုးပြီးပြီလား? 💊
3.ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာ စားပြီးပြီလား? 🥗
4.ရေလုံလောက်အောင် သောက်ပြီးပြီလား? 💧
5.ကိုယ်လက်လှုပ်ရှားမှု လုပ်ပြီးပြီလား? 🏃♂️
6.ခြေထောက်ကို စစ်ဆေးပြီးပြီလား? 🦶
7.စိတ်ဖိစီးမှု လျှော့ချပြီး အိပ်ရေးဝဝ အိပ်ပြီလား? 😴
💬 ဒီနေ့အတွက် ဘယ်နှချက် ခြစ်ပြီးပြီလဲ?
(၃) ချက်ထက် ကျော်ရင်တော့ သင်ဟာ
ကိုယ့်ကျန်းမာရေးကို တကယ်ဂရုစိုက်သူပါပဲ ။
မန့်မှာ ပြောပြခဲ့ပါဦးနော် 👇
" Smart Solutions, Stronger Communities"
#ဆီးချိုထိန်းသိမ်းနည်း
30/05/2026
မိမိတွင် ဆီးချိုရောဂါ ဖြစ်နေပြီလား ????
🤔 ဆီးချိုရောဂါရဲ့ အဓိက လက္ခဏာရပ်တွေကို
အောက်ပါအတိုင်း သတိထားနိုင်ပါတယ်
၁။ အဓိကပြသလေ့ရှိသော လက္ခဏာများ (Symptoms)
✅ ရေငတ်ခြင်း: ပုံမှန်ထက် ပိုပြီး ရေငတ်လာတတ်ပါတယ်။
✅ဆီးခဏခဏသွားခြင်း: အထူးသဖြင့်
ညဘက်တွေမှာ ဆီးခဏခဏ ထသွားရတတ်ပါတယ်။
✅အလွန်အမင်း ဆာလောင်ခြင်း: အစား စားထားသော်လည်း ခဏခဏ ပြန်ဆာနေတတ်ပါတယ်။
✅ကိုယ်အလေးချိန် ကျဆင်းခြင်း: အစားတွေ အများကြီး စားသော်လည်း အကြောင်းအရင်းမရှိဘဲ ဝိတ်ကျသွားတတ်ပါတယ်။
✅မောပန်းနုံးနယ်ခြင်း: ခန္ဓာကိုယ်က သကြားဓာတ်ကို စွမ်းအင်အဖြစ် ကောင်းကောင်းမပြောင်းလဲနိုင်လို့ အမြဲနုံးနေတတ်ပါတယ်။
✅အမြင်အာရုံ ဝေဝါးခြင်း: သွေးတွင်းသကြားဓာတ်
မြင့်မားမှုကြောင့် မျက်စိကြည့်ရတာ မှုန်ဝါးလာနိုင်ပါတယ်။
✅အနာကျက်နှေးခြင်း: ပွန်းပဲ့ဒဏ်ရာ သို့မဟုတ် အနာတွေ ဖြစ်လာရင် အရင်ကထက် ပိုကြာမှ ကျက်တတ်ပါတယ်။
✅လက်ဖျားခြေဖျား ထုံကျင်ခြင်း: သွေးကြောနဲ့ အာရုံကြောတွေ ထိခိုက်မှုကြောင့် ထုံတာ၊ ကျဉ်တာ သို့မဟုတ် အပ်နဲ့ထိုးသလို ခံစားရတာမျိုး ရှိနိုင်ပါတယ်။
📌 အရေးကြီးသောအချက်: ဒီလက္ခဏာတွေဟာ တခြားရောဂါတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ခံစားနေရပြီဆိုရင် သွေးတွင်းသကြားဓာတ် (Blood Sugar)ကို စနစ်တကျ စစ်ဆေးဖို့ နဲ့ နီးစပ်ရာ ဆရာဝန်နဲ့ တိုင်ပင်ဖို့ အကြံပြုလိုပါတယ်။
၂။ သွေးစစ်ဆေးခြင်း (Blood Tests)
သေချာသိရှိနိုင်ဖို့ ဆေးရုံ၊ ဆေးခန်းမှာ အောက်ပါအတိုင်း စစ်ဆေးနိုင်ပါတယ်။
✅Fasting Blood Sugar (FBS): အစာမစားမီ သွေးစစ်ခြင်း ဖြစ်ပါတယ်။ ညဘက် အနည်းဆုံး ၈ နာရီမှ ၁၂ နာရီခန့် အစာဖြတ်ထားပြီးမှ မနက်စောစော စစ်ဆေးရပါမယ်။(အနည်းဆုံး ၈နာရီ အစာ မစားဘဲ စစ်ပြီး
FBS - 126mg/dl ကျော်ရင်ဆီးချို ဖြစ်နိုင်ပါတယ်)
✅HbA1c (A1C): လွန်ခဲ့တဲ့ ၂ လ သို့မဟုတ် ၃ လအတွင်း သင့်ရဲ့ ပျမ်းမျှ သွေးတွင်းသကြားဓာတ် အခြေအနေကို ပြတာပါ။ အစာဖြတ်ထားဖို့ မလိုဘဲ အချိန်မရွေး စစ်ဆေးနိုင်ပြီး ဆီးချိုထိန်းချုပ်မှု ရှိ/မရှိ သိနိုင်တဲ့ အကောင်းဆုံးနည်းလမ်း ဖြစ်ပါတယ်။ HbA1C - 6.5% ကျော်ရင်ဆီးချို ဖြစ်နိုင်ပါတယ်
✅Random Blood Sugar (RBS): အစား စားထားသည်ဖြစ်စေ၊ မစားထားသည်ဖြစ်စေ အချိန်မရွေး စစ်ဆေးခြင်း ဖြစ်ပါတယ်။ ရုတ်တရက် လက္ခဏာပြလာတဲ့ အရေးပေါ် အခြေအနေမျိုးမှာ စစ်ဆေးလေ့ရှိပါတယ်။
RBS - 200mg/dl ကျော်ရင် ဆီးချို ဖြစ်နိုင်ပါတယ်
✅Oral Glucose Tolerance Test (OGTT): ကိုယ်ဝန်ဆောင် ဆီးချို စစ်ဆေးတဲ့နေရာမှာ အသုံးများပါတယ်။ သကြားရည် တိုက်ပြီးနောက် အချိန်အပိုင်းအခြားအလိုက် သွေးပြန်စစ်တဲ့ နည်းလမ်းပါ။
၃။ ဘယ်သူတွေ ဆီးချိုစစ်ဆေးသင့်သလဲ??
အဓိကအားဖြင့် အောက်ပါအုပ်စုဝင်တွေဟာ ဆီးချိုရောဂါ ရှိ၊ မရှိ အမြန်ဆုံး စစ်ဆေးသင့်သူတွေ ဖြစ်ပါတယ်။
✅အသက် ၃၅ နှစ် အထက်ရှိသူများ : အရင်က ၄၅ နှစ်လို့ သတ်မှတ်ထားသော်လည်း ယခုအခါ နေထိုင်မှုပုံစံ ပြောင်းလဲလာတာကြောင့် အသက် ၃၅ နှစ် ပြည့်တာနဲ့ အနည်းဆုံး တစ်ကြိမ် စစ်ဆေးသင့်ပါတယ်။ ရလဒ်ကောင်းရင်တောင် ၃ နှစ်တစ်ကြိမ် ပုံမှန်စစ်ပေးဖို့ လိုအပ်ပါတယ်။
✅ကိုယ်အလေးချိန်များသူများ (Overweight): မိမိရဲ့ အရပ်နဲ့ အလေးချိန် မမျှတဘဲ ဝနေသူများ၊ အထူးသဖြင့် ခါးအတိုင်းအတာ ကြီးမားသူများ (ဗိုက်ပူသူများ) ဟာ
ဆီးချိုဖြစ်နိုင်ခြေ အရမ်းများပါတယ်။
BMI (Body Mass Index) ၂၃ နှင့် အထက်ရှိရင်
သတိထားရပါမယ်။
✅မျိုးရိုးရှိသူများ: မိဘ၊ ညီအစ်ကို မောင်နှမထဲမှာ ဆီးချိုရောဂါ အခံရှိသူတွေဟာ အခြားသူတွေထက်
ဖြစ်နိုင်ခြေ ပိုများတာကြောင့် အသက်ငယ်ရင်တောင် ကြိုတင်စစ်ဆေးသင့်ပါတယ်။
✅ရောဂါအခံရှိသူများ: သွေးတိုးရောဂါ ရှိသူများ (သွေးပေါင်ချိန် 140/90 mmHg နှင့် အထက် ရှိသူများ)။
✅ သွေးတွင်းအဆီဓာတ် များသူများ (Cholesterol သို့မဟုတ် Triglycerides များနေသူများ)။
✅ နှလုံးနှင့် သွေးကြောရောဂါ အခံရှိသူများ။
✅ကိုယ်ဝန်ဆောင် အမျိုးသမီးများ: ကိုယ်ဝန်ရှိစဉ် ဆီးချိုတက်ဖူးသူတွေ ဒါမှမဟုတ် ကိုယ်ဝန်ဆောင်ချိန်မှာ ကလေးအလေးချိန် (၉) ပေါင်ထက် ပိုကြီးတဲ့ ကလေးမွေးဖူးတဲ့ မိခင်တွေဟာ နောင်တစ်ချိန်မှာ ဆီးချိုဖြစ်ဖို့ အခွင့်အလမ်း ပိုများပါတယ်။
✅သားဥအိမ် အရည်ကြည်အိတ် တည်ခြင်း (PCOS): အမျိုးသမီးတွေမှာ PCOS လို့ခေါ်တဲ့ သားဥအိမ်မှာ အရည်ကြည်အိတ် တည်တဲ့ပြဿနာ ရှိနေရင် အင်ဆူလင်ဟော်မုန်း အလုပ်မလုပ်တော့ဘဲ ဆီးချိုဖြစ်လာနိုင်ပါတယ်။
✅လှုပ်ရှားမှု နည်းသူများ: တစ်နေ့လုံး ထိုင်ပြီး အလုပ်လုပ်ရသူများ၊ ကိုယ်လက်လှုပ်ရှားမှု လုံးဝမရှိသူများဟာ မဖြစ်မနေ စစ်ဆေးသင့်ပါတယ်။
ဆီးချိုရောဂါဆိုတာ ကြိုတင်သိရှိပြီး စနစ်တကျ ထိန်းသိမ်းမယ်ဆိုရင် ပုံမှန်လူတစ်ယောက်လိုပဲ
ကျန်းမာပျော်ရွှင်စွာ နေထိုင်သွားနိုင်တဲ့ ရောဂါမျိုးပါ။
📌 ဒါကြောင့် အထက်ပါလက္ခဏာတွေ ခံစားနေရပြီဆိုရင်ပဲဖြစ်ဖြစ်၊ မိမိရဲ့ ကျန်းမာရေးကို ကြိုတင်စောင့်ရှောက်ချင်လို့ပဲဖြစ်ဖြစ် ဆီးချိုစစ်ဆေးကြည့်ဖို့ တိုက်တွန်းပါရစေ။
ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ဗဟုသုတတွေကို ပိုမိုသိရှိနိုင်ဖို့ Healthy Solutions Page ကို Follow လုပ်ထားကြဖို့
မမေ့နဲ့နော် 🤗
"SMART SOLUTIONS, STRONGER COMMUNITIES"
28/05/2026
ကျန်းမာခြင်းဆိုတာ ရောဂါမရှိရုံနဲ့တင် ပြည့်စုံပါသလား???? 🤔🤔🤔
ကျွန်တော်တို့အများစုက ဖျားနာမှုမရှိရင်
ကျန်းမာတယ်လို့ ထင်တတ်ကြပါတယ်
တကယ်တော့ စစ်မှန်တဲ့ "ကျန်းမာခြင်း" ဆိုတာ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနဲ့ လူမှုရေးပတ်ဝန်းကျင်ပါ အဘက်ဘက်က ဟန်ချက်ညီညီ ကောင်းမွန်နေခြင်းကို ဆိုလိုတာပါ....
Healthy Solutions အဖွဲ့က သင့်ဘဝရဲ့
ဒီဟန်ချက်တွေကို ထိန်းညှိပေးဖို့ အသင့်ရှိနေပါတယ်
ကျွန်တော်တို့ဟာ ခိုင်လုံတဲ့ သိပ္ပံနည်းကျ အထောက်အထား (Evidence-based) တွေကို အခြေခံပြီး လက်တွေ့ကျတဲ့ ဖြေရှင်းချက်တွေကို
ဖော်ဆောင်ပေးနေပါတယ် -
✅ ဆီးချို၊ သွေးတိုးကဲ့သို့ နာတာရှည်ရောဂါများကို စနစ်တကျ စီမံခန့်ခွဲပေးခြင်းလုပ်ငန်းများ။
✅ စိတ်ပင်ပန်းမှုများ၊ စိတ်ဖိစီးမှုတွေကို လျော့ချပေးမည့် အထောက်အကူပြုပစ္စည်းများနဲ့ နည်းလမ်းများ။
✅ ငွေကြေးစနစ်တကျစီမံခန့်ခွဲခြင်းဖြင့် financial freedom ဖန်တီးနိုင်ရန် လေ့ကျင့်ပေးခြင်းလုပ်ငန်းများ။
✅ လူထုကျန်းမာရေး လုပ်ငန်းစဉ်များ ဆောင်ရွက်နေသည့် အဖွဲ့အစည်းများအတွက် အထောက်အထားအခြေပြု သုတေသနလုပ်ငန်းများ၊ အဖွဲ့အစည်းဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်မှု အကြံပေးချက်များနှင့် ကျွမ်းကျင်မှုဆိုင်ရာ သင်တန်းများကို Consultancy Services အနေဖြင့် ထိရောက်စွာ ဝန်ဆောင်မှုပေးခြင်း။
"Smart Solutions, Stronger Communities"
ဆိုတဲ့အတိုင်း ပိုမိုခိုင်မာတဲ့ လူမှုအသိုက်အဝန်းဖြစ်ဖို့ Healthy Solutions နဲ့ လက်တွဲလိုက်ပါ 🤝
💥 ကျွန်တော်တို့ရဲ့ ဝန်ဆောင်မှုတွေကို အသေးစိတ် သိရှိလိုပါက Page Messenger (သို့ ) အောက်ပါ ရုံးလိပ်စာသို့လည်း လူကိုယ်တိုင်လာရောက် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါတယ်ခင်ဗျာ ✅
📍 လိပ်စာ - အမှတ် ၁၁ ၊ ဦးအောင်ဘလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။
📞 ဖုန်းနံပါတ် - 09 401 800 119, 09 949 909 900
📧 Email - [email protected]
🏡ရုံးဖွင့်ချိန် - မနက် ၉ နာရီ မှ ညနေ ၄ နာရီ အထိ
21/05/2026
🌟လူနေမှုပုံစံသစ်မှာ စစ်မှန်တဲ့ ကျန်းမာခြင်းကို
ပိုင်ဆိုင်နိုင်ဖို့🌟
▪️ခေတ်ရေစီးကြောင်းတွေ ပြောင်းလဲလာတာနဲ့အမျှ
ကျွန်တော်တို့ရဲ့ ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်တွေကလည်း ကွဲပြားလာပါတယ်။
▪️ဒီနေ့ခေတ်မှာ ကျန်းမာပျော်ရွှင်တဲ့ ဘဝတစ်ခုကို
တည်ဆောက်ဖို့ဆိုတာ ခန္ဓာကိုယ်၊ စိတ်ခံစားမှုနဲ့
လူမှုစီးပွားရေး အခြေအနေတွေ အားလုံး
မျှတနေဖို့ လိုအပ်ပါတယ်။
▪️မိမိကိုယ်တိုင်နဲ့ ပတ်ဝန်းကျင်တစ်ခုလုံးကို
ပိုမိုကောင်းမွန်တဲ့ လူနေမှုပုံစံသစ်ဆီသို့ အရောက်လှမ်းနိုင်စေဖို့ Healthy Solutions မှ ခိုင်လုံသော ဝန်ဆောင်မှုများဖြင့်
ပံ့ပိုးကူညီပေးနေပါတယ်ရှင့်
🌟 Healthy Solutions က သင့်အတွက် ဘာတွေ ပြင်ဆင်ပေးထားလဲ 🤔
▪️ကျွန်တော်တို့ဆီမှာ လူတစ်ဦးချင်းစီရဲ့ ကိုယ်ပိုင်လူနေမှုဘဝ
မြှင့်တင်ရေးကနေ အဖွဲ့အစည်းအလိုက် ဖွံ့ဖြိုးတိုးတက်ရေးအထိ ဘက်စုံလွှမ်းခြုံနိုင်မယ့် ဝန်ဆောင်မှုတွေကို
ရရှိနိုင်ပါတယ် - 👇👇👇
🩺 နာတာရှည်ရောဂါ စီမံခန့်ခွဲမှု (NCD Management) :
ဆီးချို၊ သွေးတိုးကဲ့သို့ နာတာရှည်ရောဂါခံစားနေရသူများ ရောဂါကို စနစ်တကျထိန်းချုပ်ပြီး ပုံမှန်အတိုင်း လွတ်လပ်ပျော်ရွှင်စွာ ပြန်လည်နေထိုင်နိုင်ဖို့ ကူညီပေးခြင်း။
🧘♂️ စိတ်ကျန်းမာရေးနှင့် ပေါ့ပါးလန်းဆန်းမှု (Mental Wellbeing):
အလုပ်ဒဏ်၊ လူမှုရေးဒဏ်ကြောင့် ဖြစ်ပေါ်လာတဲ့ စိတ်ဖိစီးမှုတွေကို လျှော့ချပြီး စိတ်အေးချမ်းသာယာမှု ရရှိစေမယ့် လက်တွေ့ကျသော နည်းလမ်းကောင်းများ ပံ့ပိုးပေးခြင်း။
💰 ငွေကြေးဆိုင်ရာ ဟန်ချက်ညီမှု (Financial Wellness):
ဘဝတစ်ခုလုံး စိတ်အေးချမ်းသာစွာဖြင့် Financial Freedom (ငွေကြေးလွတ်လပ်ခွင့်) ရရှိနိုင်စေရန်
စနစ်တကျ ငွေကြေးစီမံခန့်ခွဲမှုကို လေ့ကျင့်သင်ကြားပေးခြင်း။
📊 လူထုကျန်းမာရေးနှင့် corporate ဝန်ဆောင်မှုများ (Public Health Consultancy):
အဖွဲ့အစည်းများနှင့် လူမှုအသိုက်အဝန်းအတွက် အထောက်အထားအခြေပြု သုတေသန (Evidence-based Research)၊ အကြံပေး Consultancy နှင့် စွမ်းဆောင်ရည်မြှင့်တင်ရေး (Capacity Building) သင်တန်းများကို
ဘက်စုံဝန်ဆောင်မှုပေးခြင်း။
🛡️ ဘာကြောင့် Healthy Solutions ကို ရွေးချယ်သင့်သလဲ
ကျွန်တော်တို့ဟာ ခိုင်လုံတဲ့ သိပ္ပံနည်းကျ အထောက်အထား (Evidence-based) တွေကိုသာ အခြေခံပြီး လက်တွေ့ကျတဲ့ ဖြေရှင်းချက်တွေကို ဖော်ဆောင်ပေးနေတာဖြစ်လို့ သင့်ဘဝရဲ့ ဟန်ချက်တွေကို ယုံကြည်စိတ်ချစွာ အပ်နှံနိုင်မှာပါ။
📌 Healthy Solutions က မျှဝေပေးမယ့် ကျန်းမာရေး၊
စိတ်ခွန်အားဖြည့်စာစုတွေနဲ့ ငွေကြေးဆိုင်ရာ အကြံပြုချက်တွေကို အမြဲမပြတ် ဖတ်ရှုချင်လို့ပဲဖြစ်ဖြစ်၊ မိမိရဲ့ ကျန်းမာရေးလူနေမှုပုံစံအတွက် အပြန်အလှန် ဆွေးနွေးတိုင်ပင်ချင်လို့ပဲဖြစ်ဖြစ် ကျွန်တော်တို့ရဲ့ Telegram Channel မှာ အခုပဲ Join ထားလိုက်ဖို့ ဖိတ်ခေါ်လိုက်ရပါတယ်ရှင့် ✅✅
👉 Telegram Channel သို့ ဝင်ရောက်ရန်:
https://t.me/+ySqSrH_wa2I3OGFl
🤝 ကျွန်တော်တို့ Healthy Solutions နဲ့အတူ
လက်တွဲဖို့ ဖိတ်ခေါ်ပါတယ် 🤝
🌟Smart Solutions, Stronger Communities 🌟
ပိုမိုခိုင်မာတဲ့ လူမှုအသိုက်အဝန်းတစ်ခုဖြစ်ဖို့
Healthy Solutions က သင့်အနားမှာ အမြဲရှိနေပါမယ် 💪
📍 လိပ်စာ: အမှတ် ၁၁၊ ဦးအောင်ဘလမ်း၊ ဗဟန်းမြို့နယ်၊
ရန်ကုန်။
📞 ဆက်သွယ်ရန်: 09 401 800 119, 09 949 909 900
📧 Email: [email protected]
⏰ ရုံးဖွင့်ချိန်: မနက် ၉ နာရီ မှ ညနေ ၄ နာရီအထိ
(တနင်္လာ-သောကြာ)
Click here to claim your Sponsored Listing.
Category
Website
Address
11201
