Skin 101 Aesthetic Clinic - YGN

Skin 101 Aesthetic Clinic - YGN

Share

Doctor-led aesthetic clinic providing safe, evidence-based treatments for healthy natural-looking beauty.

We specialize in acne care along with skin rejuvenation, laser treatments, facial contouring and personalized skincare plan.

01/05/2026

May Day နေ့ ဆေးခန်းပိတ်ပါတယ်ရှင်

မနက်ဖြန် May လ 2ရက်နေ့ ပုံမှန်အတိုင်း ဆေးခန်းပြန်လည်ဖွင့်လှစ်ပါမယ်ရှင်

ဆေးခန်းပြသဖို့ Page messanger မှ booking ယူထားလို့ ရပါတယ်

30/04/2026

🌿 ကဆုန်လပြည့် (ဗုဒ္ဓနေ့) အခါသမယမှာ ကိုယ်စိတ်နှစ်ပါး အေးချမ်းသာယာကြပါစေ 🌿

ဗောဓိညောင်ပင်ကို ရေစင်သွန်းလောင်းပူဇော်ကြတဲ့ ဒီလိုမွန်မြတ်လှတဲ့ ကဆုန်လပြည့်နေ့လေးမှာ Skin 101 ရဲ့ ချစ်ရတဲ့ မိတ်ဆွေများအားလုံး ရောဂါဘယတွေကင်းဝေးပြီး ကောင်းခြင်းမင်္ဂလာတွေနဲ့ ပြည့်စုံကြပါစေလို့ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။ 🙏

သွန်းလောင်းလိုက်တဲ့ ရေစင်လိုပဲ စိတ်နှလုံးလည်း အေးချမ်းပါစေ...
စိတ်ရဲ့အေးချမ်းမှုကနေတစ်ဆင့် အပြင်ပန်းအလှတရားတွေပါ အမြဲတမ်း ထွန်းလင်းတောက်ပနေပါစေရှင့်။ ✨

အားလုံးပဲ ကုသိုလ်ကောင်းမှုတွေ ပြုလုပ်ရင်း အေးချမ်းပျော်ရွှင်တဲ့ လပြည့်နေ့လေးကို ဖြတ်သန်းနိုင်ကြပါစေလို့ Skin 101 Aesthetic and Laser Clinic မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ 💛

ကဆုန်လပြည့်နေ့ဆေးခန်းဖွင့်ပြီး မနက်ဖြန်အလုပ်သမားနေ့ဆေးခန်းပိတ်ပါတယ်ရှင်

23/04/2026

😱 မှန်ထဲကြည့်တိုင်း "ငါ အရင်ကလောက် မနုတော့ဘူး" လို့ ခံစားနေရပြီလား?

လူတော်တော်များများက မျက်နှာမှာ ဝက်ခြံတွေ၊ အမည်းစက်တွေ အကြီးအကျယ်ထွက်လာမှသာ ဆေးခန်းကို အလောတကြီး ပြေးလာတတ်ကြပါတယ်။ တကယ်တော့ အသားအရေထိန်းသိမ်းခြင်းရဲ့ အကြီးမားဆုံး လျှို့ဝှက်ချက်က တစ်ခါတလေမှ အကြီးအကျယ် ကုသတာထက်၊ ပုံမှန်လေး ဂရုစိုက် ထိန်းသိမ်းပေးတာက ရေရှည်မှာ သက်တူရွယ်တူတွေထက် (၁၀) နှစ်လောက် ပိုနုပျိုနေစေနိုင်တယ်ဆိုတာပါပဲ။

🧴 နေ့စဉ် လိမ်းနေတဲ့ Skincare တွေက အပေါ်ယံလွှာကိုပဲ ကာကွယ်ပေးနိုင်ပါတယ်။ မင်မင်တို့ရဲ့ အသားအရေဟာ (၂၈) ရက် တစ်ကြိမ် ဆဲလ်အသစ်တွေ ပြန်လည်မွေးဖွားလေ့ရှိပါတယ်။

ဒီလိုအချိန်မှာ အရေပြားပေါ်မှာ ကပ်ကျန်နေတဲ့ ဆဲလ်သေတွေ၊ ချွေးပေါက်ထဲက အညစ်အကြေးတွေနဲ့ မိတ်ကပ် အကြွင်းအကျန်တွေကို တစ်လတစ်ခါ သေချာ Deep Cleansing မလုပ်ပေးဘူးဆိုရင်... အသားအရေက တဖြည်းဖြည်း မှိုင်းကျလာပြီး အရေးအကြောင်းတွေ ပိုမြန်မြန် ဖြစ်လာတတ်ပါတယ်။

✨ ဒါကြောင့် အရေပြား အတွင်းပိုင်းအထိ သန့်စင်ပြီး ဆဲလ်ဟောင်းတွေကို ဖယ်ရှားဖို့ဆိုရင် လစဉ် ပုံမှန် Facial ပြုလုပ်ပေးဖို့က မဖြစ်မနေ လိုအပ်ပါတယ်။

👨‍⚕️ Skin 101 မှာဆိုရင် သာမန် မျက်နှာနှိပ်နယ်ရုံ သက်သက်မဟုတ်ဘဲ၊ လူနာတစ်ယောက်ချင်းစီရဲ့ Skin Type နဲ့ လိုအပ်ချက်ပေါ် မူတည်ပြီး Medical-grade Facial Treatment တွေကို ဆရာဝန်တွေကိုယ်တိုင် စနစ်တကျ ရွေးချယ်လမ်းညွှန်ပေးနေတာ ဖြစ်ပါတယ်။

🌟 တစ်လကို တစ်ကြိမ်လောက် ဆေးခန်းမှာ သေချာ Facial လာလုပ်ပေးရုံနဲ့ Collagen တွေ ပြန်လည်နိုးကြားလာပြီး အမြဲတမ်း စိုပြည်တင်းရင်းနေတဲ့ အသားအရေကို ပိုင်ဆိုင်နိုင်မှာ အသေအချာပါပဲ။

💬 သင့်အသားအရေအတွက် အသင့်တော်ဆုံး Facial Treatment ကို ရွေးချယ်ဖို့ အခုပဲ Page Messenger ကနေ ဆက်သွယ်ဆွေးနွေး Booking တင်လိုက်ပါ!

Skin 101 Clinic
အမှတ် ၂၁၀၊ ပထမထပ်၊ မြတ်ဆုမွန်ကွန်ဒို၊ ကမ္ဘာအေးဘုရားလမ်းမပေါ်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်- 09961477888, တနင်္လာနေ့တိုင်းပိတ်ပါတယ်၊ Open 10-6pm
Booking ၁ ရက်ကြိုတင်ပေးနိုင်ပါတယ်

19/04/2026

လည်ပင်းနဲ့ မျက်လုံးတစ်ဝိုက်က အသားပို (Skin Tags) လေးတွေ၊ မျက်နှာပေါ်က မှဲ့လုံးကြီးတွေကြောင့် မိတ်ကပ်လိမ်းရခက်ပြီး စိတ်ရှုပ်ပြီးယုံကြည်မှုကျနေပြီလား? ဒါတွေကို အမြန်ပျောက်ချင်ဇောနဲ့ အွန်လိုင်းမှာရောင်းတဲ့ အက်ဆစ်ပြင်းပြင်းတွေ၊ မသေချာတဲ့ဆေးတွေဝယ်ပြီး ကိုယ့်ဘာသာ အတင်းဖယ်ရှားဖို့ ကြိုးစားတတ်ကြပါတယ်။

⚠️ အထူးသတိပေးချင်တာက... အဲဒီလိုလုပ်ရပ်တွေဟာ မှဲ့အမြစ်မပြတ်တဲ့အပြင်၊ တစ်သက်လုံး ဖျောက်ဖျက်လို့မရတဲ့ "အမာရွတ် ချိုင့်ခွက်ကြီးတွေ" အဖြစ် ကျန်ခဲ့တတ်လို့ပါပဲ။

ဒီလို အလှပျက်စေတဲ့ မှဲ့နဲ့ အသားပိုတွေကို ခွဲစိတ်စရာမလိုဘဲ အထိရောက်ဆုံးနဲ့ အလုံခြုံဆုံး ဖယ်ရှားပေးနိုင်တဲ့ နည်းလမ်းကတော့ "Laser" နဲ့ကုသခြင်းပါပဲ။ 💯

Skin 101 မှာတော့ ဆရာဝန်တွေကိုယ်တိုင် အဆင့်မြင့် လေဆာနည်းပညာကို အသုံးပြုပြီး သေချာကုသပေးနေတာ ဖြစ်ပါတယ်။

✨ ဘေးနားက အသားအရေကို လုံးဝမထိခိုက်စေဘူး။ ✨ မှဲ့နဲ့ အသားပိုရဲ့ အမြစ်ကိုပါ မိနစ်ပိုင်းအတွင်း ညင်သာစွာ ဖယ်ရှားပေးတယ်။ ✨ မစခင် ထုံဆေးသေချာလိမ်းပေးထားလို့ နာကျင်မှု လုံးဝမရှိဘူး။

ကိုယ့်မျက်စိရှေ့တင် အသားပိုလေးတွေ ပြုတ်ကျသွားတာကို မြင်တွေ့ရတာက လူနာတွေအတွက် တကယ်ကို စိတ်ကျေနပ်စရာကောင်းတဲ့ (Satisfying) အတွေ့အကြုံတစ်ခုပဲ ဖြစ်ပါတယ်။

အိမ်မှာ ကိုယ့်ဘာသာ စမ်းသပ်ပြီး မျက်နှာကို အမာရွတ် အဖြစ်မခံပါနဲ့တော့။ မိနစ်ပိုင်းအတွင်း ကြည်လင်ချောမွေ့တဲ့ အသားအရေကို အန္တရာယ်ကင်းကင်း ပြန်လည်ရယူချင်တယ်ဆိုရင် အခုပဲ Skin 101 Page Messenger ကို စာတိုလေး လာပို့ပြီး ဆွေးနွေးနိုင်ပါတယ်ရှင်။

18/04/2026

ချွေးနံ့ နဲ့ ချွေးကွက်တဲ့ပြဿနာကြောင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေ ပျောက်ဆုံးနေပြီလား? 😟

လူကြားထဲသွားရင်ပဲဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့တွေ့ရင်ပဲဖြစ်ဖြစ် ချွေးထွက်လွန်ပြီး အနံ့ထွက်မှာ စိုးရိမ်နေရတာ တကယ်ကို စိတ်အနှောင့်အယှက်ဖြစ်ရတဲ့ ကိစ္စပါ။ ဒီပြဿနာကို အထိရောက်ဆုံး ဖြေရှင်းနိုင်မယ့် နည်းလမ်းကောင်း (၄) ခုကို မျှဝေပေးလိုက်ပါတယ်နော်။ 👇

✅ Antiperspirant ပါတဲ့ Deodorant သုံးပါ
သာမန် Deodorant ထက်စာရင် ချွေးပေါက်တွေကို ထိန်းချုပ်ပေးနိုင်တဲ့ Antiperspirant ပါတာမျိုးကို ရွေးသုံးပေးတာက အကောင်းဆုံးပါပဲ။

✅ အစားအသောက် ဆင်ခြင်ပါ
အနံ့ပြင်းတဲ့ ဟင်းခတ်အမွှေးအကြိုင်တွေ၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ လွန်လွန်ကဲကဲ စားတာကလည်း ကိုယ်နံ့ကို ပိုဆိုးစေနိုင်လို့ နည်းနည်းတော့ လျှော့စားပေးဖို့ လိုမယ်နော်။

✅ လေဝင်လေထွက်ကောင်းတဲ့ အဝတ်အစားဝတ်ပါ
ချည်သား (Cotton) လိုမျိုး ချွေးစုပ်ပြီး လေဝင်လေထွက်ကောင်းတဲ့ အထည်တွေကို ရွေးချယ်ဝတ်ဆင်ခြင်းဖြင့် ဘက်တီးရီးယားတွေ ပွားတာကို ကာကွယ်နိုင်ပါတယ်။

✅ ဆေးခန်းပြသ ကုသမှုခံယူပါ
တကယ်လို့ ဘယ်လိုမှ ထိန်းမရအောင် ချွေးထွက်လွန်နေတယ်ဆိုရင်တော့ ကျွမ်းကျင်တဲ့ ဆရာဝန်နဲ့တိုင်ပင်ပြီး Botox ထိုးတာမျိုးလို ထိရောက်တဲ့ ကုသမှုတွေကို ခံယူကြည့်ဖို့ အကြံပြုချင်ပါတယ်။

ကိုယ့်ရဲ့ နေ့စဉ်ဘဝမှာ ဒီအချက်လေးတွေကို သေချာလိုက်နာပြီး ယုံကြည်မှုအပြည့်နဲ့ ဖြတ်သန်းလိုက်ရအောင်! ✨

Skin 101 Clinic
အမှတ် ၂၁၀၊ ပထမထပ်၊ မြတ်ဆုမွန်ကွန်ဒို၊ ကမ္ဘာအေးဘုရားလမ်းမပေါ်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်- 09961477888, တနင်္လာနေ့တိုင်းပိတ်ပါတယ်၊ Open 10-6pm
Booking ၁ ရက်ကြိုတင်ပေးနိုင်ပါတယ်

17/04/2026

✨ ဒီနေ့ကျရောက်တဲ့ မြန်မာနှစ်ဆန်း (၁) ရက်နေ့မှာ ချစ်ရတဲ့ Skin 101 Aesthetic Clinic ရဲ့ မိတ်ဆွေများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတွေနဲ့ ပြည့်စုံပြီး စိတ်သစ်၊ လူသစ်၊ အသားအရေအသစ်နဲ့ အလှပဆုံး ဖြတ်သန်းနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ 🙏

နှစ်ဟောင်းက အသားအရေ ပြဿနာတွေကို ထားခဲ့ပြီး နှစ်သစ်မှာ ပိုမိုကြည်လင်ဝင်းပတဲ့ အသားအရေလေး ပိုင်ဆိုင်နိုင်စေဖို့ Skin 101 က အမြဲအသင့်ရှိနေမှာပါရှင့်။ 🧡

#မြန်မာနှစ်သစ်

14/04/2026

မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကြီးမှာ အားလုံးပဲ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့ကြပါစေ... ✨

Skin 101 Aesthetic & Laser Clinic ရဲ့ ချစ်ရတဲ့ Customer တွေနဲ့အတူ မြန်မာပြည်သူ/ပြည်သား အားလုံးပဲ ဒီနှစ်သစ်ကူးအခါသမယမှာ စိတ်အမောတွေအားလုံး ရေစင်နဲ့အတူ ဆေးကြောသွားပြီး အေးချမ်းပျော်ရွှင်တဲ့ သင်္ကြန်ရက်မြတ်လေးကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ 🙏🏻💛

သင်္ကြန်တွင်း ခရီးသွားမယ့်သူတွေ၊ ရေကစားမယ့်သူတွေအနေနဲ့လည်း နေလောင်ဒဏ်နဲ့ အသားအရေပျက်စီးမှုတွေကနေ ကာကွယ်နိုင်ဖို့ Sunscreen လေး ပုံမှန်လိမ်းပေးဖို့နဲ့ ရေများများသောက်ပေးဖို့ကိုလည်း Skin 101 ကနေ ဂရုတစိုက်နဲ့ သတိပေးချင်ပါတယ်နော်။ ☀️💧

အားလုံးပဲ ပျော်ရွှင်စရာ မဟာသင်္ကြန်ပွဲတော်ကြီး ဖြစ်ပါစေနော်။ သင်္ကြန်အပြီးမှာလည်း ပိုမိုလှပကြည်လင်တဲ့ အသားအရေလေးတွေနဲ့ နှစ်သစ်ကို ယုံကြည်မှုအပြည့်နဲ့ ဖြတ်သန်းနိုင်ဖို့ Skin 101 က အမြဲတမ်း အသင့်စောင့်ကြိုနေပါတယ်။ 🥰

11/04/2026

မနက်ဖြန် (၁၂.၄.၂၀၂၆) ဟာ သင်္ကြန်ပိတ်ရက်ရှည် မတိုင်ခင် ဆေးခန်းရဲ့ နောက်ဆုံးဖွင့်ရက်လေး ဖြစ်ပါတယ်💦✨

ပူပြင်းတဲ့ နွေအပူဒဏ်နဲ့ ပင်ပန်းမှုတွေကို အမောပြေသွားစေဖို့... မနက်ဖြန် ဆေးခန်းကို လာရောက်မယ့် ချစ်ရတဲ့ Customer တွေကို "မုန့်လက်ဆောင်း" ချိုအေးမွှေးလေးနဲ့ ကြိုဆိုစောင့်မျှော်နေပါတယ်နော်။ 🥥🧊🌿

08/04/2026

သင်္ကြန်မှာ ယုံကြည်မှုရှိရှိနဲ့ အလှဆုံးဖြစ်ချင်သူတွေ၊ ရေမကစားဘဲ Clinic မှာ Treatment လေးတွေယူပြီး အေးအေးဆေးဆေး အနားယူချင်သူတွေ အားလုံးအတွက် Skin 101 ရဲ့ "Thingyan Promotion" လေး ရှိနေပါတယ်။ 💦

စိတ်ချရဆုံး Medical-grade ကုသမှုတွေကို အထူးသက်သာတဲ့ နှုန်းထားတွေနဲ့ ရယူနိုင်မယ့် ဒီ Promotion ထဲမှာ ဘာတွေပါဝင်လဲဆိုတော့ -

✨ မျက်နှာလေး အမြန်ဆုံး ကြည်လင်ဝင်းပဖို့ - Carbon Laser & IPL Treatment
✨ အရွယ်တင်နုပျိုပြီး သဘာဝအတိုင်း လှနေဖို့ - Botox Treatment, HIFU & Biostimulator
✨ အမွှေးအမျှင်ကင်းစင်ပြီး ယုံကြည်မှုပိုဖို့ - Hair Removal ✨ လန်းဆန်းတက်ကြွပြီး အမောခံနိုင်ဖို့ - NAD Drip
✨ သွယ်လျလှပတဲ့ Body လေးနဲ့ အထာကျဖို့ - S- Pen

⚠️ အရေးကြီးဆုံးက ဒီ Promotion ကြီး ပြီးဆုံးဖို့ အချိန် (၅) ရက်တိတိပဲ လိုပါတော့တယ်! ⚠️

Thingyan အမှီ လူများတတ်တာမို့ ကြိုတင် Booking လေးယူပေးဖို့တော့မမေ့နဲ့နော်။ 🧡

Skin 101 Clinic
အမှတ် ၂၁၀၊ ပထမထပ်၊ မြတ်ဆုမွန်ကွန်ဒို၊ ကမ္ဘာအေးဘုရားလမ်းမပေါ်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်- 09961477888, တနင်္လာနေ့တိုင်းပိတ်ပါတယ်၊ Open 10-6pm

07/04/2026

"သင်္ကြန်ကာလ ဆေးခန်းပိတ်ရက် အသိပေးကြေညာခြင်း 💦"

မြန်မာတို့ရဲ့ ကျက်သရေမင်္ဂလာအပေါင်းနဲ့ ပြည့်စုံလှတဲ့ ရိုးရာနှစ်သစ်ကူး သင်္ကြန်အခါသမယမှာ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတွေနဲ့ ပြည့်စုံပြီး ပျော်ရွှင်အေးချမ်းတဲ့ အားလပ်ရက်လေးကို ဖြတ်သန်းနိုင်ကြပါစေလို့ Skin 101 မှ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်ရှင့်။ 🙏✨

ချစ်ရတဲ့ လူနာများအနေနဲ့ ဆေးခန်းလာပြဖို့ ရက်ချိန်းယူရာမှာ အဆင်ပြေစေရန်အတွက် ဒီနှစ် သင်္ကြန်ကာလ ဆေးခန်းပိတ်မယ့်ရက်လေးကို ကြိုတင် အသိပေးချင်ပါတယ်။

📅 ပိတ်မည့်ရက် ။ ။ ဧပြီလ (၁၃) ရက်နေ့ မှ (၁၈) ရက်နေ့အထိ
📅 ပြန်လည်ဖွင့်လှစ်မည့်ရက် ။ ။ ဧပြီလ (၁၉) ရက်နေ့ (ပုံမှန်အချိန်အတိုင်း ပြန်လည်ဖွင့်လှစ်ပါမည်)

ပိတ်ရက်မတိုင်ခင် ဆေးခန်းလာပြချင်သူတွေ၊ Treatment ယူချင်သူတွေနဲ့ လိမ်းဆေး/သောက်ဆေး ကြိုတင်ဝယ်ယူချင်သူများ အနေနဲ့ အခုကတည်းက Page Messenger ကနေ ကြိုတင် Booking ယူထားလို့ ရပါပြီနော်။

သင်္ကြန်တွင်း အပြင်သွား၊ ရေကစားတဲ့အခါမှာလည်း အသားအရေ မပျက်စီးရလေအောင် နေလောင်ခံခရင်မ် (Sunscreen) လေး သေချာလိမ်းဖို့ မမေ့ကြနဲ့ဦးနော်!
အားလုံးပဲ ပျော်ရွှင်စရာ သင်္ကြန်ပွဲတော်လေး ဖြစ်ပါစေရှင့်! 🩵💦

05/04/2026

Skincare တွေကို ဈေးကြီးပေး ဝယ်သုံးကြည့်တယ်။ အွန်လိုင်းက Review တွေ၊ သူများတွေ သက်သာတယ်ဆိုတဲ့ နည်းလမ်းတွေကို အလွယ်တကူ လိုက်လုပ်ကြည့်ကြတယ်။ ဒါပေမယ့်... တကယ်တမ်း ကိုယ့်မျက်နှာပေါ် ရောက်တဲ့အခါ ဘာလို့ ပိုဆိုးသွားရတာလဲ? 🤔

မင်မင်တို့ အမြဲတမ်း သတိပေးချင်တဲ့ အချက်တစ်ချက် ရှိပါတယ်။ 👉 လူတစ်ယောက်ရဲ့ လက်ဗွေရာတွေ မတူညီကြသလိုပဲ၊ မင်တို့ရဲ့ အသားအရေ အမျိုးအစား (Skin Type) နဲ့ ပြဿနာ အရင်းအမြစ်တွေဟာ တစ်ယောက်နဲ့ တစ်ယောက် လုံးဝ (လုံးဝ) မတူညီပါဘူး။

သူများအတွက် အကောင်းဆုံးဖြစ်ခဲ့တဲ့ အလှကုန်နဲ့ ကုသမှုတွေက ကိုယ့်အတွက်တော့ အဆိပ်အတောက် ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် အသားအရေ ပြဿနာတွေကို တကယ် ထိထိရောက်ရောက် ဖြေရှင်းချင်တယ်ဆိုရင် "လူတိုင်းနဲ့ ကိုက်ညီတယ်" ဆိုတဲ့ စမ်းတဝါးဝါး လုပ်ရပ်တွေကနေ ရုန်းထွက်ပြီး၊ ကိုယ့်အသားအရေအတွက် သီးသန့် အကြံဉာဏ် (Exclusive Consultation) ရယူဖို့ မဖြစ်မနေ လိုအပ်ပါတယ်။

🏥 Skin 101 မှာဆိုရင်... အတွေ့အကြုံရင့် ဆရာဝန်တွေ ကိုယ်တိုင် အချိန်ပေးပြီး
လူနာတစ်ယောက်ချင်းစီရဲ့
✅ Skin Barrier အခြေအနေ
✅ နေ့စဉ် နေထိုင်မှုပုံစံ (Lifestyle)
✅ မျိုးရိုးဗီဇ စတာတွေကို အရင်ဆုံး သေချာ ဆွေးနွေးမေးမြန်းပါတယ်။ ပြီးမှသာ အဲဒီလူနာအတွက် အမှန်ကန်ဆုံးနဲ့ အထိရောက်ဆုံးဖြစ်မယ့် သီးသန့် ကုသမှုလမ်းကြောင်း (Customized Treatment Plan) ကို စေတနာရှေ့ထားပြီး ပြောပြကုသပေးနေတာ ဖြစ်ပါတယ်။

ကိုယ့်ရဲ့ အသားအရေအတွက် စမ်းတဝါးဝါးနဲ့ အမှားတွေ ထပ်လုပ်နေမိတုန်းပဲလား? ကိုယ့်အသားအရေရဲ့ အားနည်းချက်၊ အားသာချက်တွေကို တိတိကျကျ သိရှိပြီး ကိုယ်နဲ့ အတိအကျ ကိုက်ညီမယ့် မှန်ကန်တဲ့ ကုသမှုတွေ ခံယူချင်တယ်ဆိုရင်တော့ အခုပဲ Skin 101 Page Messenger မှာ Booking လေးတင်ထားနိုင်ပါတယ်နော်။

Skin 101 Clinic �အမှတ် ၂၁၀၊ ပထမထပ်၊ မြတ်ဆုမွန်ကွန်ဒို၊ ကမ္ဘာအေးဘုရားလမ်းမပေါ်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်- 09961477888, တနင်္လာနေ့တိုင်းပိတ်ပါတယ်၊ Open 10-6pm�Booking ၁ ရက်ကြိုတင်ပေးနိုင်ပါတယ်

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address

No. 210, A1, First Floor, Myat Su Mon Condo, Kabaraye Pagoda Road, Mayangone
Yangon
11021