Nobel’s Skincare Bee

Nobel’s Skincare Bee

Share

ပစ္စည်းမှန် စျေးနှုန်းမှန်သော Authentic စစ်စစ် Skincare များကို စိတ်ချ ယုံကြည်စွာမှာယူလို့ရပါတယ်ရှင့်❤️❤️

Viber/ Telegram - 09965862842 **Online Shop**

Photos from Nobel’s Skincare Bee 's post 22/11/2025

ကိုယ့်ရဲ့ ဆယ်ကျော်သက် Life ကို ဝက်ခြံကြောင့်
ဖြစ်သော စိတ်ပိုင်းဆိုင်ရာ trauma တွေနဲ့ ဖြတ်သန်းခဲ့ရတဲ့ Acne guys လေးတွေရှိကြလားရှင့် ❤️
အဲဆို မင်မင်ရဲ့ ဒီစာလေးကို အဆုံးထိ ဖတ်သွားပေးကြပါနော် 🥰🥰

မင်မင်ရဲ့ Acne Journey ဘယ်လိုစတင်ခဲ့လဲ ????

!!!!ရန်ကုန်စရောက်တဲ့အချိန် 2018 လောက်က
နဖူးနဲ့ မေးစေ့တစ်လျှောက် အဆီဖုသေးသေးလေးတွေ စုပြုံပီး စထွက်လာတယ်။ အဲတုန်းက အသက် 19/20 လောက်ပေါ့။ Skincare တို့ MLM products ဆိုတာ ဘာမှန်းမသိသေးတဲ့ အချိန် online ကနေ reviews ကောင်းနေတဲ့ MLM product တစ်ခုကို စမ်းသုံးကြည့်တယ်။ စစသုံးပီးပီးခြင်း တစ်ပတ်နှစ်ပတ်လောက်တော့ မျက်နှာလေးက ကြည်ပီးတော့ဝက်ခြံလေးတွေပါ ပါးလာတာ။ (6)လ လောက်ကြာတော့ မျက်နှာပေါ်က ဝက်ခြံတွေ အကုန် အရှင်းပျောက်သွားတဲ့အချိန် ကိုယ့်ကိုကိုယ် အရမ်းပျော်ခဲ့ရတဲ့အချိန်ပေါ့ 😆အဲအချိန်ထိ MLM မှန်းမသိသေးဘူး 🥲အဲပစ္စည်းတစ်မျိုးတည်းကိုပဲ့ သုံးနှစ်သုံးမိုးကြာအောင် သုံးခဲ့သေးတာ (နုံလိုက်တာဆိုတာ )🙄2021 လောက်မှ သူငယ်ချင်းတစ်ယောက်က သူ့အသိတစ်
ယောက်က အဲပစ္စည်းသုံးပီး မျက်နှာပျက်စီးသွားတယ်
ဆိုပီး လာပြောကာမှ ကိုယ်က သိရတာ 😌😌

*2022 နှစ်ကုန်ရောက်တော့ မေးစေ့လည်ပင်း နောက်ကျောပါ မကျန် မျက်နှာတစ်ခုလုံး အဆီဖုရော
Hormone ဝက်ခြံရော အကုန်စုပြုံးပီး ထွက်လာပြန်ရော။ အဲဒါနဲ့ပဲ့ Aesthetic Clinic တစ်ခုမှာ နှစ်လတစ်ကြိမ်လောက် PRP သွားလုပ်ဖြစ်တယ်။ ကြားထဲမှာလဲ ကောင်းနိုးနိုးနဲ့ ပြခဲ့တဲ့ အရေပြားဆေးခန်းရယ်
သုံးခဲ့တဲ့ Skincare တွေဆိုတာ ရေတွက်လို့တောင်မနိုင်ပါဘူး 😥😥ဒါပေမဲ့ ဝက်ခြံက လုံးဝအရှင်းကြီး
ပျောက်သွားလားဆိူတော့လဲ မပျောက်သွားဘူး 🙄
( ဝိုငိးစုခိုင်သိန်း သီချင်းလိုပဲ့ ) ဝင်လာလိုက် ပြန်ထွက်လိုက်နဲ့ပဲ့ 😆😆

❤️2024 Nov 11 လောက်မှာ အသိတစ်ယောက်ကညွှန်းလို့
နာမည်ကြီး အရေပြားဆေးခန်းတစ်ခုမှာ သွားပြဖြစ်တယ်။ Drက အရင်သုံးခဲ့တဲ့ skincare တွေကို
တစ်ခုမကျန် သေချာမေးတယ်။ Dr ကတော့ သေချာရှင်းပြပါတယ်..ညီမလေးမျက်နှာက steroid ထိထားတယ် Hormone ဝက်ခြံလဲဖြစ်တော့ စိတ်ရှည်ရှည်နဲ့
သေသေချာချာ အချိန်ယူပီးကုမှရမယ်တဲ့ 😌😌ရတယ် ဆရာ !!! ညီမ ပိုက်ဆံဘယ်လောက်ကုန်ကုန်
လှရငိပီးရော ဆိုတဲ့ စိတ်နဲ့ ဟော်မုန်းဝက်ခြံကို အနိုင်တိုက်မယ်လို့ 💪💪 ဆရာကလဲ စိတ်အရမ်းရှည်တဲ့ထဲ ပါပါတယ်။ သောက်ဆေး လိမ်းဆေး
သုံးရမယ့် skincare လေးတွေ အစားအသောက် အနေအထိုင်က အစ အသေးစိတ်ရှင်းပြတယ် 😍
ကိုယ်ကိုတိုင်ကလဲ ဆရာပြောတဲ့အတိုင်း သေချာလိုက်လုပ်တယ်….အဆီအဆိမ့် နို့ထွက်ပစ္စည်းကလွဲရင် ကျန်တာ အကုန်စားတယ် 😃တစ်နေ့ကို ရေ 4လီတာလောက်တော့ နေ့တိုင်းသောက်ဖြစ်တယ် 🌺

အခုဆိုရင်ဟော်မုန်းဝက်ခြံကို အနိုင်တိုက်နိုင်ခဲ့တာ
မှတ်မှတ်ရရ တစ်နှစ်ကျော်ပါပီ 💪💪အခုလိုမျိုး
မင်မင် ဝက်ခြံကင်းစင်ပီး ပြုံးပျော်ရွှင်နိုင်တာဟာ
ဆရာ့ရဲ့ကျေးဇူးကြောင့်ပါ 🙂

**အခုချိန်မို့လို့သာ အဲလိုစာတွေရေးနိုင်တာပါ ❤️
တစ်ချိန်တုန်းက ကိုယ့်ကိုကိုယ် သတ်သေချင်လောက်တဲ့ အထိ မျက်ရည်နဲ့မျက်ခွက်နဲ့ ဖြတ်သန်းခဲ့ရတဲ့ အချိန်ကာလတွေ ကိုယ့်ကိူတိုင်ကလွဲပီး ဘယ်သူမှ မသိခဲ့ပါဘူး 😭😭ဒါပေမဲ့ တစ်ချိန်ကျရငိ ငါလှရမယ်ဆိုတဲ့ စိတ်နဲ့ အားတင်းထားခဲ့တာ 💪💪💪
!!!!အဲကြောင့် Acne Guys လေးတွေကို ပြောချင်တာက … စိတ်ဓါတ်မကျပါနဲ့ ❤️❤️
မိမိစိတ်ကို strong ဖြစိအောင် အမြဲတမ်းပြင်ဆင်ထားပါ 🌸🌸🌸

🌺နောက် post တွေမှာ မင်မင် သုံးခဲ့တဲ့ Skincare products လေးတွေရှင်းပြပေးသွားမှာမို့ …..

page လေးကို .. Like &Follow 🌸
လုပ်ပေးထားကြပါဦးနော် ❤️❤️❤️

Aww မေ့နေတာ !! မင်မင်ပြခဲ့တဲ့ ဆေးခန်းက
Dr Wai Clinic ပါ (booking လေးတော့ ကြိုလုပ်ရပါတယ် ) 💕💕

🌸အားလုံးပဲ့ ဝက်ခြံကင်းစင်ပီး …..
ပြုံးပျော် နိုငိကြပါစေရှင့် 💕💕💕
(စာလေးရှည်သွားရင် sry ပါ ) 💕💕

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Website

Address

Yangon