Shwe Phue Seven Health & Beauty Online Media

Shwe Phue Seven Health & Beauty Online Media

Share

To explore a key factor for beauty and health.

18/02/2026

👙 Bikini Area ကို Laser လုပ်တော့မယ်ဆိုရင် ဒါတွေသိထားဖို့လိုမယ်နော်! ✨

‌ကိုယ်ကကော Bikini Arae / Brazilian Area တွေကို Care
လုပ်ဖို့မေ့နေပြီလား??

Bikini Area မှာရှိတဲ့ မလိုလားအပ်တဲ့ အမွေးအမျှင်တွေကို ဓားနဲ့ရိတ်တာ၊ Waxing လုပ်တာတွေကြောင့် အသားအရေ ပွန်းပဲ့တာ၊ အဖုအပိမ့်ထွက်တာ (Ingrown hair) တွေကြောင့် စိတ်ညစ်နေရပြီလား? 🧐

အခုနောက်ပိုင်း ခေတ်စားလာတဲ့ Laser Hair Removal က ပျိုမေတို့အတွက် အကောင်းဆုံးဖြေရှင်းနည်းတစ်ခု ဖြစ်လာပါတယ်။ Laser မလုပ်ခင်နဲ့ လုပ်ပြီးရင် သိထားသင့်တဲ့ အချက်လေးတွေကို မျှဝေပေးချင်ပါတယ်ရှင်။

✅ Laser လုပ်ခြင်းရဲ့ ကောင်းကျိုးများ (Benefits)
Long-term Result: အမွေးအမျှင်တွေကို သိသိသာသာ ပါးလွှာသွားစေပြီး ရေရှည်မှာ လုံးဝမပေါက်တော့အောင် ကူညီပေးပါတယ်။

Goodbye Strawberry Skin: ဓားနဲ့ရိတ်ရင်ဖြစ်တတ်တဲ့ အဖုအပိမ့်တွေ၊ ယားယံတာတွေကို ကင်းဝေးစေပါတယ်။

Brightening: အမွေးအမျှင်တွေ နည်းသွားတဲ့အတွက် အသားအရေကို ပိုမိုဖြူဝင်း ချောမွေ့စေပါတယ်။

Confidence: ရေကူးဝတ်စုံဝတ်တဲ့အခါပဲဖြစ်ဖြစ်၊ နေ့စဉ်ဘဝမှာပဲဖြစ်ဖြစ် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု တိုးစေပါတယ်။

🛑 ဆောင်ရန်/ရှောင်ရန်များ (Dos & Don'ts)

မလုပ်ခင်မှာ: ရိတ်ရုံပဲရိတ်ပါ:

Laser မလုပ်ခင် ၁ ရက်အလိုမှာ ဓားနဲ့ပဲ ရိတ်ပေးပါ။ Waxing လုပ်တာ၊ နှုတ်တာမျိုး အနည်းဆုံး (၄) ပတ် ကြိုရှောင်ရပါမယ် (Laser က အမွေးအမြစ်ကို ဖျက်ဆီးဖို့ လိုအပ်လို့ပါ)။

နေရောင်ခြည်ရှောင်ပါ: Laser လုပ်မယ့်နေရာကို နေပူထဲ အလွန်အကျွံ ထိတွေ့တာမျိုး မလုပ်ပါနဲ့။

လုပ်ပြီးနောက်မှာ (After Care):
ပွပွချောင်ချောင်ဝတ်ပါ: လုပ်ပြီးပြီးချင်း ၂၄ နာရီအတွင်း အရမ်းကြပ်တဲ့ ဘောင်းဘီတွေကို ရှောင်ပါ။
အပူရှောင်ပါ: ရေပူနဲ့ချိုးတာ၊ Sauna ဝင်တာ၊ လေ့ကျင့်ခန်း အပြင်းအထန်လုပ်တာတွေကို ၁ ရက်၊ ၂ ရက်ခန့် ရှောင်ပေးပါ။

Moisturize လုပ်ပါ: ဆရာဝန်ညွှန်ကြားတဲ့ Aloe Vera Gel သို့မဟုတ် Soothing Cream လေးတွေ လိမ်းပေးပါ။

💭 အတွေ့အကြုံအရ ပြောပြရရင်...
အစပိုင်းမှာတော့ နည်းနည်းလေး ကျိန်းစပ်စပ် ခံစားရနိုင်ပေမယ့် နောက်ပိုင်းမှာတော့ တကယ်ကို သက်သာသွားပါတယ်။
အဓိကကတော့ စိတ်ချရတဲ့ Clinic နဲ့ ကျွမ်းကျင်တဲ့ ပညာရှင်တွေဆီမှာ လုပ်ဖို့ အရေးကြီးဆုံးပါပဲ။ 💖

ဘယ်နှစ်ကြိမ်လောက် လုပ်ရမလဲဆိုတာကတော့ တစ်ယောက်နဲ့တစ်ယောက် အမွေးအမျှင် ပေါက်နှုန်းပေါ်မူတည်ပြီး ကွာခြားနိုင်ပါတယ် (ပုံမှန်အားဖြင့် ၆ ကြိမ်ကနေ ၈ ကြိမ်အထိ လိုအပ်နိုင်ပါတယ်)။

✨ ကိုယ်တိုင်လည်း Laser လုပ်ဖို့ စဉ်းစားနေတယ်ဆိုရင် "Ready" လို့ Comment မှာ ရေးခဲ့ပေးဦးနော်! ✨

29/01/2026

ဝက်ခြံ (Acne) ဆိုတာ အရေပြားပေါ်က အဆီအိတ်ကလေးတွေနဲ့ မွေးညင်းပေါက်လေးတွေ ပိတ်ဆို့ရာကနေ ဖြစ်လာတာပါ။ ဝက်ခြံဖြစ်ပွားရတဲ့ အဓိက အကြောင်းရင်း နဲ့ အဖြစ်နိုင်ဆုံး အခြေအနေတွေကို အောက်မှာ အလွယ်ကူဆုံး ရှင်းပြပေးထားပါတယ်။

ဝက်ခြံဖြစ်စေတဲ့ အဓိက အကြောင်းရင်းများ
ဝက်ခြံဟာ ဒီအချက်တွေ ပေါင်းစပ်မိတဲ့အခါ အဖြစ်များဆုံးပါပဲ-
အဆီထုတ်လုပ်မှု များခြင်း (Excess Oil): အရေပြားက အဆီ (Sebum) တွေ အလွန်အကျွံ ထွက်လာခြင်း။
မွေးညင်းပေါက် ပိတ်ဆို့ခြင်း: ဆဲလ်သေတွေနဲ့ အဆီတွေ စုမိပြီး ချွေးပေါက်ပိတ်သွားခြင်း။
ဘက်တီးရီးယား (Bacteria): C. acnes လို့ခေါ်တဲ့ ဘက်တီးရီးယား ပွားများလာခြင်း။
ရောင်ရမ်းခြင်း (Inflammation): ပိတ်ဆို့နေတဲ့နေရာမှာ နီမြန်းပြီး ပြည်တည်လာခြင်း။

ဝက်ခြံကို ပိုဆိုးစေတဲ့ အခြေအနေများ

အောက်ပါ အခြေအနေတွေနဲ့ ကြုံရတဲ့အခါ ဝက်ခြံ ပိုထွက်လာတတ်ပါတယ်-
ဟော်မုန်း အပြောင်းအလဲ: အပျိုဖော်/လူပျိုဖော်ဝင်စအချိန်၊ ရာသီလာခါနီးအချိန်နဲ့ ကိုယ်ဝန်ဆောင်ချိန်တွေမှာ ဟော်မုန်းကြောင့် အဆီပိုထွက်တတ်ပါတယ်။
စားသောက်နေထိုင်မှု: သကြားဓာတ်များတဲ့ အစားအစာတွေ၊ နို့ထွက်ပစ္စည်းတွေနဲ့ အဆီအစိမ့်များတာတွေက အချို့သူတွေမှာ ဝက်ခြံကို လှုံ့ဆော်ပေးပါတယ်။
စိတ်ဖိစီးမှု (Stress): စိတ်ဖိစီးမှုက ဝက်ခြံကို တိုက်ရိုက်မဖြစ်စေပေမဲ့ ဖြစ်ပြီးသားဝက်ခြံကို ပိုဆိုးစေပါတယ်။
မသင့်တော်သော အလှကုန်များ: အဆီပြန်တဲ့ မိတ်ကပ် ဒါမှမဟုတ် Skin care တွေက ချွေးပေါက်ကို ပိတ်စေနိုင်ပါတယ်။
ပတ်ဝန်းကျင်: ဖုန်မှုန့်၊ ညစ်ညမ်းတဲ့လေနဲ့ စိုထိုင်းဆများတဲ့ ရာသီဥတု။

အကြံပြုချက်: ဝက်ခြံကို လက်နဲ့ ညှစ်ခြင်း၊ ဆိတ်ခြင်းဟာ အမာရွတ် ထင်ကျန်စေရုံသာမက ပိုးဝင်မှုကို ပိုမို ပြန့်နှံ့စေနိုင်ပါတယ်။

21/01/2026

မျက်နှာမသစ်ဘဲ အိပ်ပျော်သွားတာမျိုးက တစ်ခါတစ်လေ ဖြစ်တတ်တဲ့ကိစ္စဆိုပေမဲ့ ရေရှည်မှာတော့ အသားအရေအတွက် တော်တော်လေး ထိခိုက်စေနိုင်ပါတယ်။ တစ်နေကုန် ကပ်ညှိလာတဲ့ ဖုန်မှုန့်တွေ၊ ချွေးတွေနဲ့ မိတ်ကပ်တွေက အရေပြားပေါ်မှာ ပိတ်မိနေတဲ့အတွက် အောက်ပါပြဿနာတွေ ဖြစ်လာနိုင်ပါတယ် -
၁။ ဝက်ခြံနဲ့ အဖုအပိမ့်များ ထွက်ခြင်း
တစ်နေကုန် ထွက်ထားတဲ့ အဆီပြန်မှုတွေနဲ့ ဖုန်မှုန့်တွေဟာ ချွေးပေါက်တွေကို ပိတ်ဆို့စေပါတယ်။ ဒါက ဝက်ခြံဖုတွေတင်မကဘဲ ဆားဝက်ခြံ (Blackheads/Whiteheads) တွေကိုပါ ဖြစ်စေပါတယ်။
၂။ အသားအရေ ညစ်နွမ်းလာခြင်း
အရေပြားဟာ ညဘက်မှာ ဆဲလ်အသစ်တွေ ပြန်လည်ဖြစ်ပေါ်လေ့ရှိပါတယ်။ မျက်နှာမသစ်တဲ့အခါ ဆဲလ်သေတွေက အပေါ်မှာ အထပ်လိုက် ပိတ်နေပြီး အသားအရေကို မွဲခြောက်ပြီး ညစ်နွမ်းသွားစေပါတယ်။
၃။ အရေးအကြောင်း စောစီးစွာ ဖြစ်ပေါ်ခြင်း
ပတ်ဝန်းကျင်ကလာတဲ့ ညစ်ညမ်းမှုတွေ (Free Radicals) က အရေပြားထဲက ကော်လာဂျင် (Collagen) တွေကို ဖျက်ဆီးပစ်ပါတယ်။ ဒါကြောင့် မျက်နှာမသစ်ဘဲ အိပ်တာများရင် အရေးအကြောင်းတွေ စောစောပေါ်လာပြီး အိုမင်းရင့်ရော်မှုကို မြန်ဆန်စေပါတယ်။
၄။ မျက်စိပိုးဝင်ခြင်းနဲ့ ယားယံခြင်း
အကယ်၍ မိတ်ကပ် (အထူးသဖြင့် Mascara နဲ့ Eyeliner) တွေ မဖျက်ဘဲ အိပ်မိရင် မျက်တောင်အိတ်လေးတွေ ပိတ်ဆို့ပြီး မျက်စိစပ်တာ၊ နီမြန်းတာ ဒါမှမဟုတ် မျက်စိစွန်တာမျိုးတွေ ဖြစ်တတ်ပါတယ်။
၅။ အရေပြား ခြောက်သွေ့ယားယံခြင်း
မသန့်စင်ထားတဲ့ အသားအရေဟာ Skincare တွေကို စုပ်ယူနိုင်စွမ်းမရှိသလို၊ အစိုဓာတ်လည်း ဆုံးရှုံးစေတဲ့အတွက် အသားတွေ ပတ်တာ၊ ယားယံတာတွေ ဖြစ်နိုင်ပါတယ်။
အကြံပြုချက်: အကယ်၍ ပင်ပန်းလွန်းလို့ မျက်နှာမသစ်နိုင်ဘူးဆိုရင်တောင် အိပ်ရာဘေးမှာ Cleansing Wipes (မိတ်ကပ်ဖျက်ဂွမ်းဖတ်) လေးတွေ ဆောင်ထားပြီး အမြန်သုတ်ပေးတာက ဘာမှမလုပ်ဘဲ အိပ်တာထက် အများကြီး ပိုကောင်းပါတယ်။
မနက်ဖြန် မနက်ကျရင်တော့ မျက်နှာကို သေချာသန့်စင်ပြီး အစိုဓာတ်ဖြည့်ပေးဖို့ (Moisturizer လိမ်းဖို့) မမေ့ပါနဲ့နော်။

23/12/2025

မင်္ဂလာပါရှင့် ဒီတခေါက် အလှတရားနဲ့ ပတ်သက်ပြီး ကုသမှု ယူလာတာများလာကြတဲ့ Hair Removal Laser အကြောင်းလေးကို ရှင်းပြချင်ပါတယ်ရှင့် ✅

✨Hair removal laser ကိုဘယ်အရွယ်မှာလုပ်ရင် ဘယ်လိုအကျိုးရလဒ်တွေရရှိနိုင်လဲ?????

Hair removal Laserလုပ်ဖို့ အသင့်တော်ဆုံးအသက်အရွယ်အပိုင်းအခြားများ

✅အသက်၁၄နှစ်ကနေ၁၈နှစ်
ဒီအသက်အရွယ်အပိုင်းအခြားမှာဆယ်ကျော်သက်လူငယ်လေးတွေဟာLaser hair removal လုပ်ခြင်းရဲ့Resultကိုသက်ရောက်မှုရှိနိုင်တဲ့ ဟော်မုန်းပြောင်းလဲခြင်းကိုတွေ့ကြုံခံစားတတ်ကြရပါတယ်။

ကုသမှုအကြိမ်ရေပြည့်ကုသပြီးပေမယ့်ဟော်မုန်းပြောင်းလဲမှုကြောင့်အမွှေးအမျှင်အသစ်လေးတွေပြန်ထွက်လာတတ်ပါတယ်။
ဟော်မုန်းပြောင်းလဲမှုကြောင့်ကုသမှုresultကိုထိခိုက်နိုင်ပါတယ်။
အသားရည်နုနယ်သေးတာမို့skin recovery timeလေးကြာတတ်ပါတယ်။
ဒေါက်တာတို့အကြံဉာဏ်ပေးချင်တာကတော့
ဆယ်ကျော်သက်အရွယ်မှာဟော်မုန်းအပြောင်းအလဲကြောင့်အမွှေးအမျှင်လေးတွေများလာတာ၊အနံ့ဆိုးလေးတွေထွက်တတ်တာတို့ဖြစ်တတ်တာမို့
ဒီအသက်အရွယ်အပိုင်းအခြားမှာLaser Hair removal treatment ကိုပြုလုပ်လို့ရနိုင်ပါတယ်။ဒါပေမယ့် မိဘအုပ်ထိန်းသူရဲ့ခွင့်ပြုချက်ပါဖို့တော့လိုပါတယ်။
ကုသမှုလေးကို ၃ပတ်တစ်ကြိမ်နဲ့၅ကြိမ်ကနေ၇ကြိမ်ထိပြုလုပ်ဖို့လိုပါတယ်။
ကုသမှုresultလေးကြာရှည်ခံချင်တယ်ဆိုရင်တော့ရေရှည်ထိန်းသိမ်းတဲ့အနေနဲ့နောက်ပိုင်းမှာလည်း၂လတစ်ကြိမ်သို့မဟုတ်၃လတစ်ကြိမ်ပြုလုပ်ပေးသင့်ပါတယ်နော်။

✅အသက်၁၈နှစ်ကနေ၃၀နှစ်
ဒီအသက်အရွယ်အပိုင်းအခြားကတော့Hair removal Laser Treatment လေးလုပ်ဖို့အကောင်းဆုံးအချိန်လေးပါဘဲ။
ဟော်မုန်းအပြောင်းအလဲတွေလည်းမရှိတော့ဘဲအမွှေးအမျှင်ထွက်နှုန်းလည်းပုံမှန်ဖြစ်လာတဲ့အချိန်ကာလဖြစ်ပါတယ်။
Laser treatmentလေးတစ်ကြိမ်ပြီးတိုင်းမှာလည်းအသားအရည်ကနီမြန်းရောင်းရမ်းတာတွေသိပ်မဖြစ်ဘဲRecoveryမြန်မြန်ရနိုင်ပါတယ်။
Hair follicles လေးတွေကလည်းhealthyဖြစ်ပီးအရောင်ရင့်တဲ့အတွက်laserပစ်တဲ့အချိန်မှာထိရောက်မှုပိုရှိနိုင်ပါတယ်။
ဒီအသက်အရွယ်မှာဆိုရင်ကုသမှုအကြိမ်ရေ အနည်းငယ်နဲ့ထိရောက်တဲ့Resultလေးကိုရနိုင်ပါတယ်။

✅အသက်၃၀နှစ်ကနေ၅၀နှစ်
အမွှေးအမျှင်လေးတွေမည်းနက်နေသေးတယ်ဆိုရင်တော့ဒီအသက်အရွယ်မှာလည်းLaser hair removalလုပ်ခြင်းကထိရောက်တဲ့resultကိုရနိုင်ပါတယ်။
အသက်၄၅နှစ်ကျော်လာတဲ့အခါမှာတော့အမွှေးအမျှင်လေးတွေအနည်းငယ်ဖြူလာတတ်တာမို့Laserရဲ့ထိရောက်မှုနည်းတာမျိုးဖြစ်နိုင်ပါတယ်။
ကိုယ်ဝန်ဆောင်ခြင်း၊နို့တိုက်ခြင်း၊သွေးဆုံးခြင်းစသည်တို့ကြောင့်ဖြစ်တဲ့ဟော်မုန်းအပြောင်းအလဲတွေကြောင့်လည်းတခါတလေမှာအမွှေးအမျှင်အသစ်လေးတွေပိုထွက်လာတတ်ပါတယ်။
ကုသမှုအကြိမ်ရေပြည့်ယူပြီးပေမယ့်နောက်ထပ်ကုသမှုထပ်ယူဖို့လိုတတ်ပါတယ်။

ဒီအချက်လေးတွေရှိပေမယ့်Laser Hair removal treatment လေးဟာအသားအရည်လေးတွေချောမွေ့ပြီးအမွှေးအမျှင်ကင်းစင်စေဖို့အတွက်အကောင်းဆုံးtreatment လေးတခုဖြစ်နေဆဲပါဘဲ။
ကုသမှုမခံယူခင်မှာတော့ နားလည်တတ်ကျွမ်းတဲ့ဆရာဝန်နဲ့အရင်ဆုံးတိုင်ပင်ဆွေးနွေးဖို့
အကြံဉာဏ်ပေးချင်ပါတယ်နော်။

17/12/2025

✔️အသားရေနဲ့ပတ်သက်ပြီး စိတ်ဒုက္ခအပေးဆုံး တင်းတိတ်~~ တင်းတိတ်ဆိုတာဘာလဲ?? ဘယ်လိုကုသမှုယူရမလဲ?? ဘယ်လိုနေထိုင်ဆင်ခြင်ရမလဲ??
ရှင်းပြပေးပါမယ်နော် ✔️

✨တင်းတိတ်ဆိုတာ နဖူး၊ ပါးမို့၊ နှာတံ နဲ့ နှုတ်ခမ်းပေါ်နေရာတွေမှာ အမည်းကွက် သို့ အညိုကွက်လေးတွေ ပေါ်လာတာကို ဆိုလိုပါတယ်။ ကိုယ်ဝန်ဆောင်ချိန်နဲ့ နေရောင်ခြည်ဒဏ်ကြောင့် ဖြစ်တတ်တာမို့ pregnancy mask သို့ sun mustache လို့လည်း ခေါ်ကြပါတယ်။
✔️ကိုယ်ဝန်တားဆေးနဲ့ ဟော်မုန်းဆေးများကလည်း တင်းတိတ်ကို ဖြစ်စေနိုင်ပါတယ်။
✔️ပူလွန်းသော ရာသီဉတု၊ ချွေးထုတ်ခန်းများ၊ ချွေးထွက်များပြီး ခန္တာကိုယ်အပူချိန်မြင့်စေသော workout များကလည်း တင်းတိတ်ထွက်ခြင်းကို အားပေးပါတယ်။

✅မျက်နှာအသားရောင် ပြောင်းလဲလာခြင်းများ စဖြစ်ပေါ်လာပြီဆိုလျှင် တင်းတိတ်လား ??တခြားအချင်းအ‌ရာတွေကြောင့် များလားဆိုတာ ဘယ်လိုခွဲခြားကြမလဲ????ဘယ်လိုကာကွယ်ကြမလဲ???

(၁) PIH ( မျက်နှာအရေပြား ထိခိုက်ပြီးနောက် အရောင်ပြောင်းလဲလာခြင်း )
*ဝက်ခြံ၊ မျက်နှာကိုထိခိုက်မိတာတွေ၊ နေလောင်တာတွေကြောင့် မျက်နှာအရေပြားအရောင်က နဂိုမူလအရောင်ထပ် ပိုရင့်ပြီး အနီရောင်၊ အညိုရောင်၊ အမဲရောင်တွေဖြစ်ပြီး ကျန်နေခဲ့တတ်ပါတယ်။
*ဝက်ခြံကို လက်နဲ့ခဏခဏ မထိုးဆိတ်မိအောင် နေတာတွေ၊ ရုတ်တရက် အများကြီးထွက်မလာအောင် ကရုတစိုက်နေတာတွေ၊ မျက်နှာကို ထိခိုက်ဒဏ်ရာ
မရအောင် နေတာတွေက PIH ဖြစ်နိုင်မှုကို ကာကွယ်ပေးနိုင်ပါတယ်။

(၂ ) တင်းတိပ်နဲ့ အစက်အပြောက်များ
*ဟော်မုန်းအပြောင်းအလဲတွေ၊ အပူနဲ့ နေရောင်ခြည်ထိတွေ့မှု အချိန်ကြာမြင့်တာတွေက တင်းတိပ်နဲ့ အစက်အပြောက်တွေကို ဖြစ်ပေါ်စေတတ်ပါတယ်။
*အညို ဒါမှမဟုတ် အညိုရင့်ရောင် အကွက်တွေနဲ့ အမဲစက်တွေ ဖြစ်တတ်ပြီးတော့ နေရောင်ခြည် ထိတွေ့မှုကို လျှော့ချတာတွေ၊ နေလောင်ခံခရင်မ် သေချာလိမ်းပေးတာတွေက တင်းတိပ်နဲ့ အစက်အပြောက်ဖြစ်တာတွေကို သက်သာစေပါတယ်။

(၃) အသက်အရွယ်ကြောင့် ဖြစ်တတ်သော အစက်အပြောက်များ
* နေရောင်ခြည်နဲ့ ခရမ်းလွန်ရောင်ခြည် ထိတွေ့မှုတွေက အသက်အရွယ်ကြီးမြင့်လာတာနဲ့အမျှ အစက်အပြောက်တွေ ဖြစ်ပေါ်လာတတ်ပါတယ်။
* နေရောင်ခြည်တိုက်ရိုက်ထိတွေ့တဲ့ နေရာတွေမှာဖြစ်တတ်ပြီးတော့ နေရောင်ခံခရင်မ် သေချာလိမ်းပေးတာတွေ၊ နေရောင်နဲ့ တိုက်ရိုက်မထိတွေ့အောင် အဝတ်အစား ဝတ်ဆင်တာတွေက ကာကွယ်ပေးနိုင်ပါတယ်။

💥💥အသားရေအရောင်စပြောင်းလာပြီး
သင့်မျက်နှာမှာ အသေအချာ တင်းတိတ်များဖြစ်ပေါ်လာပြီဆိုလျှင် တင်းတိတ်ကို ဘယ်လိုကာကွယ်ကြမလဲ??

၁။ Sunscreen ကို နေ့စဉ်လိမ်းပေးရပါမယ်
၂။ နေပူထဲထွက်ခြင်းကို ရှောင်ကြဉ်ပါ။ မဖြစ်မနေ နေပူထဲထွက်ရပါက ထီးဆောင်းပါ ၊ ဦးထုပ်ဆောင်းပါ
၃။ ထမင်းဟင်းချက်ပြုတ်တဲ့အခါ မျက်နှာကို အငွေ့မဟပ်မိအောင် သတိပြုပါ
၄။ သားဆက်ခြားခြင်းနဲ့ ဟော်မုန်းအပြောင်းအလဲဖြစ်ခြင်းတွေဟာ တင်းတိပ်ကို ပိုဆိုးစေနိုင်တဲ့အတွက် ထိုအချိန်ကာလတွေမှာ မိမိရဲ့ဆရာဝန်နဲ့ တိုင်ပင်ဖို့ လိုအပ်ပါတယ်
၅။ Expoliation အပြင်းအထန်လုပ်ခြင်းများကို ရှောင်ကြဉ်ရပါမယ်
၆ ။ Skin Care ရွေးချယ်တဲ့နေရာမှာ အသားအရေကို နူးညံ့ပျော့ပြောင်းစေတဲ့ Aloe, Glycerine နဲ့ Panthenol တို့ပါဝင်တဲ့ skin care အမျိုးအစားများကို ရွေးချယ်အသုံးပြုသင့်ပါတယ်

ဒါ့အပြင် အမြန်ဆုံးနဲ့စနစ်ကျစ်ိတ်ချရသောနည်းလမ်းများနဲ့ ကုသမှုယူချင်ရင်တော့ Aesthetic Clinic များ မှာကျွမ်းကျင်ဒေါက်တာများနဲ့တိုင်ပင်ဆွေးနွေးပြီး Melasma ကုသမှုများကိုရွေးချယ်ကုသမှုယူနိုင်ပါတယ်။
ဒါ့ကြောင့်တင်းတိတ်ဖြစ်ပြီဆိုတဲ့အချက်တွေနဲ့ကိုက်ညီတယ် ဒါတွေကိုပျောက်ကင်းချင်တယ် ထပ်ပြီးကောင်းနိုးရာရာသုံးပြီးတင်းတိတ်ပြန့်ပွားလာ‌တွေ
ဖြစ်မှာစိတ်ပူတယ်ဆိုရင် စိတ်ချယုံကြည်ရပြီး သိသာသောရလဒ်များပေးနိုင်သော ကိုယ့်နေထ်ိုင်မှု Life Style/Skin Care/Aesthetic Clinic စသည်ဖြင့် သေချာရွေးချယ်ကြဖို့အကြံပြုချင်ပါတယ်ရှင့်

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address

U Tun Myat Street
Yangon
11211