Skin Collections by Dr. Yi Mon - Thingangyun Branch

Skin Collections by Dr. Yi Mon - Thingangyun Branch

Share

အရေပြားနှင့် အလှအပပိုင်းဆိုင်ရာ၊ Spa treatments များကို ကျွမ်းကျင်ဆရာဝန်များနှင့် ကုသနိုင်ပါသည်။

17/06/2026

မဖြိုးရဲ့ လက်တွေ့ Aurora Collagen Booster စမ်းထားတဲ့ review လေး 😍😍😍

12/06/2026

Skin Collections မှာ ချိုင့်ခွက်ကုထုံးများကို အသေးစိတ် အစုံအလင်ရှိတဲ့ထဲက တစ်ကြိမ်ဆို တစ်ကြိမ်သိသာပြီး လူကြိုက်များတဲ့ Scar Biostimulator treatment လေးနဲ့ မိတ်ဆက်ပေးပါမယ်နော်။ 🥰

ချိုင့်ခွက်ဆိုတာက ကြိမ်ဖန်များစွာ ဝက်ခြံပေါက်ပြီးတဲ့အခါမှာ အထဲမှာဖြစ်ပေါ်လာတဲ့ အမာရွတ်ကြိုးတွေကြောင့် အသားကို ဆွဲချထားသလိုဖြစ်သွားလို့ အသားကချိုင့်ပြီး ဖြစ်လာတဲ့အရာလေးတွေပါ။

ဒီ Scar Biostimulator treatment ဟာဆိုရင် အထဲမှာဖြစ်နေတဲ့ အမာရွတ်ကြိုးလေးတွေကို ရှင်းလင်းပစ်ပြီး collagen တက်အောင် အစားထိုးပစ်ပြီး ချိုင့်ခွက်များကို အလျင်အမြန်ပြန်ပြည့်စေတဲ့နည်းဖြစ်ပါတယ်။ အလွယ်ပြောရရင် ချိုင့်စေတာကိုလဲ ဖြတ်ပြီး ခွက်တာကိုလဲ ဖြည့်ပေးတာမျိုးပါ။

ချိုင့်ခွက်တွေဟာ တစ်ခါဖြစ်ပြီးရင် နှစ်ပေါင်းများစွာ တစ်သက်လုံး ကျန်တတ်တဲ့အမျိုးအစားဖြစ်တာမလို့ ပုံမှန်အတိုင်းဆို ပျောက်ဖို့ အရမ်းခက်ပေမယ့် ဒီကုထုံးလေးနဲ့ဆို တစ်ကြိမ်ဆို တစ်ကြိမ် သိသာမှာ အမှန်ပါပဲနော်။

ရှောင်ရန်ကတော့ ပြုလုပ်ပြီး ၅-၇ရက်လောက် ညိုတာ စိမ်းတာရှိနိုင်လို့ သွားစရာရှိသော၊ အပြင်ထွက်များသော ရက်တွေမလုပ်ပဲ၊ နားနားနေနေ နေရတဲ့ရက်တွေမှာ လာလုပ်ဖို့ရယ်၊ ဝက်ခြံအထွက်များသေးရင် ဝက်ခြံ၊ အဆီပြန်တာတွေကို အရင်ကုပြီးမှ လုပ်ဖို့ရယ် ဖြစ်ပါမယ်နော်။ 😍

အခြားအမာရွတ်၊ ချိုင့်ခွက် ကုထုံးအသေးစိတ်ကိုတော့ ကွန်မန့်မှာ ထပ်တင်ပေးထားမှာမလို့ ဝင်ကြည့်ပေးသွားပါအုံးနော်။ ဘယ်ကုထုံးနဲ့ ကိုယ်နဲ့ အလိုက်ဖက်ဆုံးဖြစ်မလဲဆိုတာအတွက်ကို ဆေးခန်းမှာ ဆရာဝန်နဲ့ အသေးစိတ်လာရောက်တိုင်ပင်ဆွေးနွေးဖို့လဲ ဖိတ်ခေါ်ပါတယ်နော်။ 🥰

📍Skin Collections San Chaung
📍 Skin Collections Thingangyun
📍 Skin Collections Nay Pyi Taw
📍 Skin Collections Taungoo

09/06/2026

Skin Collections ရဲ့ Lip F.ill.er များထဲက တစ်ခု 🥰

Lip f.ill.er လုပ်တဲ့အခါ မိမိရဲ့ နဂိုမူလပုံစံပေါ်မူတည်ပြီး တစ်ယောက်နဲ့တစ်ယောက် ပုံဖော်လို့ရမယ့် နှုတ်ခမ်းပုံချင်း မတူပါဘူးနော်။ ဆရာ/ဆရာမတို့ဆီမှာ fi.ll.er ထိုးတဲ့အခါ မိမိနဂိုမျက်နှာနဲ့ အလိုက်ဖက်ဆုံးဖြစ်မယ့် ပုံစံကို ရွေးပြီး သဘာဝအကျဆုံး လုပ်ပေးပါတယ်။ သိသိသာသာလေး လိုချင်လဲရသလို၊ မသိမသာလေး လိုချင်တယ်။ ပြန်နုချင်ရုံပဲဆိုလဲ ရပါတယ်နော်။ 😘

08/06/2026

ကောင်းတာလေးတွေဆို ကိုယ်တိုင်စမ်းပြီး သဘောကျမှ တင်ပေးတတ်တဲ့ Skin Collections ရဲ့ ထုံးစံအတိုင်း အရမ်းကောင်းတဲ့ Collagen b.oost.er t.reatment အသစ်လေးနဲ့ မိတ်ဆက်ပေးပါမယ်နော်။ 😍

သူကလေ လိုတိုရှင်းပြောရမယ်ဆိုရင် ဒီနေ့လုပ် နောက်နေ့တန်း ကြည်တောက်ရှင်းဂလိုးလေးပါ။ ❤️
သူ့မှာပါတဲ့ HA အစွမ်းကြောင့် ဒီနေ့ထည့်၊ နောက်နေ့ အသားရည်တန်းကြည်လင်ပြီး ကော်လဂျင်အစွမ်းကြောင့် နောက် ၂ပတ်ကနေ တစ်လအတွင်းမှာ အသားရည် အရမ်းညက်ပြီး တင်းရင်းကာ၊ အရေးအကြောင်းများထိပါ သက်သာသွားစေပါတယ်နော်။

အချိန်မပေးနိုင်သူတွေ၊ တစ်ခါဆို တစ်ခါ တန်းပြီး result တက်ချင်တဲ့သူတွေအတွက် အထူးသင့်တော်သောလေးပါ။ 😍😍😍
Bacteria ကနေ သေချာမွေးမြူထားတဲ့ ကော်လဂျင်ဖြစ်တာကြောင့် ဓာတ်မတည့်မှု မရှိဆုံး၊ အသားရည်နှင့် အလိုက်ဖက်ဆုံး ကော်လဂျင်အမျိုးအစား ဖြစ်ပါတယ်နော်။

အရင်ကဆို ကော်လဂျင်ထွက်အောင် လှုံဆော်တဲ့ဆေးတွေပဲရှိခဲ့ပြီး တိုက်ရိုက် ကော်လဂျင်ထည့်ပေးနိုင်တဲ့ နည်းပညာမရှိခဲ့ရာကနေ ဒီနှစ်ထဲမှာတော့ တိုက်ရိုက်ကော်လဂျင်ဖြည့်တင်းပေးနိုင်တဲ့ အခုလို Aurora Collagen b.oost.er တွေ ပေါ်လို့လာပါပြီ။ 🥰

တစ်ကြိမ်ပြုလုပ်လျှင် ၂-၃လ ဝန်းကျင်မှ ထိန်းသိမ်းနိုင်လျှင် ထိန်းသိမ်းနိုင်သလို ခံပါတယ်။ လက်ရှိမှာ အသားရည်ကို အမြန်ဆုံး ကောင်းမွန်စေနိုင်တဲ့ ကုထုံးလေးပဲ ဖြစ်ပါတယ်နော်။ 😍😍😍

Before and after ကိုလဲ ကွန်မန့်မှာ တင်ပေးထားပါတယ်နော်။ ❤️

31/05/2026

Perfect Lip treatment ဆိုတာ လိုတိုရှင်းပြောရရင် နှုတ်ခမ်းကို စိုတင်းဖူးစေတာလေးပါ။ ❤️

သူ့ဆီမှာပါတဲ့ Hyaluronic acid ကြောင့် နှုတ်ခမ်းမှာ အကြောင်းကြောင်းတွေနဲ့ တွန့်နေတာ၊ နှုတ်ခမ်းသားခြောက်နေတာ၊ နှုတ်ခမ်းကွဲတာ၊ နှုတ်ခမ်းအသားရည်မွဲနေတာကို သက်သာစေပြီး စိုစိုဖူးဖူးလေး ဖြစ်စေပါတယ်။

Peptides & growth factors များကြောင့် နှုတ်ခမ်းအသားရည်ရဲ့ ကော်လဂျင်ကို လှုံ့ဆော်ပေးကာ နှုတ်ခမ်းအသားကိုလဲ နူးညံ့ကာ တင်းတင်းရင်းရင်းဖြစ်စေပါတယ်။

နှုတ်ခမ်းလိုပဲ နူးညံ့တဲ့နေရာဖြစ်တဲ့ နို့.သီးထိပ် ကွဲခြင်းကိုလဲ သက်သာစေနိုင်ပါတယ်။ 😍

27/05/2026

ဟယ်လို မင်္ဂလာပါရှင့် ❤️
ဒီတစ်ခေါက်မှာတို့ ဆရာ/ဆရာမတို့ Skin Collections ဆေးခန်းရဲ့ ပုံစံလေးတွေ၊ ဆေးကုသပေးတဲ့အခါ တစ်ဦးတစ်ယောက်ချင်းအလိုက် ဘယ်လိုကုသပေးလဲဆိုတဲ့ ပုံစံလေးတွေ၊ စျေးနှုန်းသတ်မှတ်ပုံလေးတွေကို customer တို့ကို ဗဟုသုတအဖြစ် မျှဝေပေးချင်ပါတယ်။ 🤗

ပထမဦးစွာ Skin Collections ရဲ့ ဆောင်ပုဒ်လေးကို ပြောပြရမယ်ဆိုရင် “ Professional dermatology-based beauty clinic that gives personalised skin solutions at accessible pricing.”
“အသားရည်ကို အပြင်ပန်းမဟုတ်ပဲ အတွင်းပိုင်းထိ သေချာဆန်းစစ်ပြီး လူတစ်ယောက်ချင်းစီနဲ့ ကိုက်ညီတဲ့ကုသမှုများကို ပေးတဲ့ professional အလှအပနှင့် အရေပြားဆေးခန်း” ပဲ ဖြစ်ပါတယ်။

ဆရာ/ဆရာမတို့ Skin Collections ဆေးခန်းမှာ လာပြတဲ့အခါ တစ်ဦးတစ်ယောက်ချင်းစီရဲ့ အသားရည်မတူညီမှုတွေ၊ ကိုယ်လိုချင်တဲ့ပုံစံတွေ၊ ကိုယ်လက်ရှိအသားရည်ကို ဘယ်လိုထိန်းသိမ်းဖြစ်လဲ?၊ နောက်လဲ အသားရည်ကို ဘယ်လောက်ထိ ဆက်ထိန်းသိမ်းနိုင်လဲ?၊ နေထိုင်မှုပုံစံ၊ သုံးတဲ့ Skincare အစရှိသည်တို့ကို အသေးစိတ်မေးမြန်း ဆန်းစစ်ပြီးမှ ပြဿနာတခုချင်းစီအတွက် လုပ်လို့ရတဲ့ကုထုံးအမျိုးမျိုးရဲ့ အားသာချက်၊ အားနည်းချက်တွေ၊ နာကျင်မှု၊ ဆောင်ရန်ရှောင်ရန်တွေနဲ့ ကုသရမယ့်ခန့်မှန်းအကြိမ်အရေအတွက်၊ ဈေးနှုန်းတွေကို သေချာရှင်းပြပြီးမှ အလိုက်ဖက်ဆုံးဖြစ်စေမယ့်ကုထုံးမျိုးကိုရွေးပြီးညွှန်းပေးတာမျိုးလုပ်ပေးလေ့ရှိပါတယ်။ ဆရာဝန်ညွှန်းပေးတဲ့ကုထုံးကို မလုပ်ချင်ပဲ တခြားသက်ဆိုင်ရာကုထုံးကို မိမိစိတ်ကြိုက်ရွေးချယ်ပိုင်ခွင့်ရှိတာကလည်း Skin Collections ရဲ့ ထူးခြားမှုပါ။ 🥰

Customer ဘက်ကနေ ပြောတဲ့စကားသံတွေ၊ စိုးရိမ်စိတ်တွေ၊ လိုချင်တဲ့ results တွေ၊ ဘတ်ဂျက်တွေကအစ အသေးစိတ်နားထောင်ပြီးမှ သေချာဆွေးနွေးလေ့ရှိပါတယ်။

ရေရှည်ကျန်းမာလှပရေးကို ဦးစားပေးတာဖြစ်လို့ လိုအပ်တဲ့ကုထုံး အတိအကျကိုပဲ သေချာညွှန်ပြပေးပြီး ကုသလေ့ရှိပါတယ်။ ဒါကြောင့်မလို မလိုလားအပ်တဲ့ side effects တွေ၊ ဆိုးကျိုးတွေမဖြစ်စေဖို့ စိတ်ချလို့ ရပါတယ်။

ဆရာ/ဆရာမတို့ရဲ့ ဆေးခန်းပုံစံက Clean + Premium + Affordable ဆိုတဲ့ သန့်ရှင်းမှု+အဆင့်မြင့်မှု+စျေးနှုန်းသက်သာမှုတို့ကို အခြေခံပြီး ဖွင့်လှစ်ထားတာဖြစ်ပါတယ်။ ကုထုံးတွေကို “စျေးအသင့်တင့်ဆုံးနဲ့ အထိရောက်ဆုံး” ပြုလုပ်ပေးတာ ဆရာ/ဆရာမတို့ရဲ့ ဆောင်ပုဒ်ပါ။

စျေးနှုန်းအနေနဲ့က လာနေကျသူလေးတွေဆို သိကြပါတယ်။ Skin Collections ဆေးခန်းမှာဆိုရင် discount တွေ၊ package တွေဆိုတာ မရှိသလောက်ရှားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဆရာမတို့က တစ်ကြိမ်ဆို တစ်ကြိမ်ထိရောက်မယ့် ကုထုံးတွေကို စျေးအသင့်တင့်ဆုံးတစ်ခါထဲ သတ်မှတ်ထားပေးပြီးသားဖြစ်လို့ပါ။ နောက်တစ်ချက်အနေနဲ့က လူတစ်ယောက်က ရာသီဥတု၊ အချိန်အခါ၊ ဖြစ်တဲ့အကြောင်းအရင်း၊ အသားရည်ထိန်းသိမ်းမှုပေါ်လိုက်ပြီး တစ်ကြိမ်နဲ့ တစ်ကြိမ်မှာ အသားရည်ပုံစံမတူနိုင်တဲ့အတွက် package ဝယ်ထားမိရင် မလိုအပ်ပဲ လုပ်နေရမှာစိုးလို့ဆိုပြီး package မဖြစ်မနေလိုတာလေးတွေကလွဲရင် ကျန် treatment များက package မရှိနေတာလဲ ပါပါတယ်။ ဒါပေမယ့် ဒီ ၂၀၂၆ နှစ်အတွက် ဆရာ/ဆရာမတို့ရဲ့ royal customers လေးတွေအတွက် မန်ဘာကတ်လေးတွေပြုလုပ်ပေးပြီး လက်ဆောင်လေးတွေပေးတာတွေ၊ အကျိုးခံစားခွင့်တွေ ထည့်ပေးထားတာလေးတွေတော့ ပြုလုပ်ပေးတာရှိပါတယ်နော်။ 😘

ကဲ…. ဒီလောက်ဆိုရင် စာလဲရှည်ပြီမလို့ တစ်ခန်းရပ်လိုက်ပါမယ်နော်။ နောက်ကျရင်လဲ ဆရာ/ဆရာမတို့ အချိန်အားရင်အားသလို အရေပြားနဲ့ပတ်သတ်တဲ့ ဗဟုသုတလေးတွေလဲ မျှဝေပေးဖို့ရှိတာမလို့ page လေးကို like လုပ်ထားဖို့တော့ မမေ့ပါနဲ့အုံးနော်။ အခုလို အဆုံးထိ ဖတ်ရှုပေးတဲ့အတွက်လဲ အထူးပဲ ကျေးဇူးတင်ပါတယ်ရှင့်။ ဆရာ/ဆရာမတို့ရဲ့ လိုအပ်ချက်လေးတွေရှိရင်လဲ ပွင့်ပွင့်လင်းလင်း ထောက်ပြပေးနိုင်ပါတယ်နော်။ Bye Bye!!! 💕

23/05/2026

“Dermatology Aesthetic Clinic of the year in Myanmar”
“Rising star Clinic of the Year in Myanmar” ဆုရ Skin Collections Clinic မှ Dr ရည်မွန် သင်္ဃန်းကျွန်း Skin Collections ဆေးခန်းတွင် (၂၇.၅.၂၆) ဗုဒ္ဓဟူးနေ့ နှင့်(၂၈.၅.၂၆) ကြာသပတေးနေ့များ လာထိုင်မှာဖြစ်လို့ ဘိုကင်ယူလိုသူများ ဘိုကင်တင်လို့ရပါပြီရှင့် 🤗

သင်္ဃန်းကျွန်းဆေးခန်းကို နေ့စဉ်ဖွင့်သွားမှာဖြစ်ပြီး အပတ်စဉ် အင်္ဂါနေ့တရက်တော့ ဆေးခန်းပိတ်ပါမယ်။ Dr ရည်မွန်မထိုင်တဲ့ရက်တွေမှာ Dr. Lia ထိုင်မှာဖြစ်ပါတယ်။

လိပ်စာလေးကတော့…
Skin Collections Thingangyun
09752552552
အမှတ် ၂၈-K၊ နဝရတ်လမ်း၊ ဆယ်သိန်းရပ်ကွက်၊ သုမင်္ဂလာအပိုင်း ၂၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့။ (Junction ဇဝန အနောက်ဘက် ရပ်ကွက်) ဖြစ်ပါတယ်။

ဆရာမက ထိုင်းနိုင်ငံတွင် အရေပြားအထူးကုဘွဲ့ယူထားပြီး အရေပြားနှင့် အလှအပကုထုံးများကို အသေးစိတ် အထူးပြုလေ့လာထားသောကြောင့် အရေပြားနှင့် အလှအပဆိုင်ရာများကို ​​​သင်္ဃန်းကျွန်းဆေးခန်းမှာ အထူးကုနှင့် လာရောက်ဆွေးနွေးနိုင်ပါတယ် 🤗

ဘိုကင်တင်လိုသူများ page messenger or 09752552552 သို့ ဆက်သွယ်ပြီး ဘိုကင်တင်ပေးရန်လဲ မေတ္တာရပ်ခံပါတယ်နော် 🤗

အသင့်တင့်ဆုံးစျေးနှုန်း၊ ကွာလတီအကောင်းဆုံးဆေး၊ ကျွမ်းကျင်ဆရာဝန်နှင့် အသေးစိတ် လာရောက်ပြသလိုပါက Skin Collections မှာ ပြပါနော်။ 🤎

ဒေါက်တာရည်မွန်က လက်ရှိမှာ သင်္ဃန်းကျွန်း၊ စမ်းချောင်း၊ တောင်ငူ၊ နေပြည်တော် ၄နေရာမှာ ရက်အလိုက် ဆေးခန်းထိုင်ဖြစ်ပါတယ် 🤗

ဒေါ်လာစျေးတွေ တက်နေပေမယ့် ဆေးစျေးတွေကို အတတ်နိုင်ဆုံး မတက်အောင် တချို့ဆေးမကုန်မချင်း အရင်စျေးနဲ့ထားပေးပါ့မယ်ရှင့်။
ဆေးတွေအကုန်လုံးကို ဆရာမကိုယ်တိုင် ကွာလတီစီစစ်ထားပြီး ကွာလတီအကောင်းဆုံးဆေးများကို စျေးအသင့်တင့်ဆုံး ထားပေးပါတယ်။ 😍

18/05/2026

ဆရာမတို့ Skin Collections မှာ နှုတ်ခမ်းလေးတွေကို သဘာဝအဆန်ဆုံးနဲ့ ဖူးဖူးလေး ကြွနေအောင်ပဲ ပုံဖော်ပေးဖြစ်ပါတယ်။ စကားပြော၊ လှုပ်ရှားမှု ဘယ်လောက်ရှိရှိ သဘာဝအကျဆုံးပုံစံလေးနဲ့ လှစေရပါမယ်နော်။ 🥰

Photos from Skin Collections by Dr. Yi Mon - Thingangyun Branch's post 15/05/2026

နေရောင်ကြောင့် အမည်းစက်တွေ ထွက်ပြီး အလှပျက်နေပြီလား. . .☀️🤔

ဒါဆိုရင် အမည်းစက်တွေကင်းပြီး ဖြူဝင်းတဲ့ အသားအရေကို ပြန်လည်ရရှိဖို့ 𝐒𝐤𝐢𝐧 𝐜𝐨𝐥𝐥𝐞𝐜𝐭𝐢𝐨𝐧𝐬 ကို လာခဲ့လိုက်တော့နော်။💃💕

𝐒𝐤𝐢𝐧 𝐜𝐨𝐥𝐥𝐞𝐜𝐭𝐢𝐨𝐧𝐬 မှာအမည်းစက်ထွက်ပြီးအသား
အရေညစ်သူတွေအတွက်👇

• မျက်နှာဖြူစင်ဝင်းပကုထုံး (၇၀,၀၀၀)
• ချက်ချင်းဖြူလေဆာ (၈၀,၀၀၀)
• နာကျင်မှုမရှိ အမည်းစက်ပျောက်ကုထုံး (၁၀၅,၀၀၀) ဆိုပြီး ၃မျိုး ရှိပါတယ်။🤗

မိမိအသားအရေအလိုက် သင့်တော်တဲ့ 𝐭𝐫𝐞𝐚𝐭𝐦𝐞𝐧𝐭 ကို ‌ဒေါက်တာတို့က ရွေးချယ်ပေးမှာဖြစ်လို့ လိုချင်တဲ့ ရလဒ်မရမှာ စိတ်ပူစရာ မလိုဘူးနော်။ တစ်ကြိမ်ဆို တစ်ကြိမ် သိသာတဲ့ 𝐭𝐫𝐞𝐚𝐭𝐦𝐞𝐧𝐭 တွေ ဖြစ်တာကြောင့် အမည်းစက်တွေကြောင့် စိတ်ညစ်နေရတယ်ဆို အခုပဲ 𝐒𝐤𝐢𝐧 𝐜𝐨𝐥𝐥𝐞𝐜𝐭𝐢𝐨𝐧𝐬မှာ 𝐛𝐨𝐨𝐤𝐢𝐧𝐠 တင်လိုက်ပါနော်။👩‍⚕️🤗

𝐒𝐤𝐢𝐧 𝐂𝐨𝐥𝐥𝐞𝐜𝐭𝐢𝐨𝐧𝐬 𝐂𝐥𝐢𝐧𝐢𝐜 ( 𝐒𝐤𝐢𝐧 & 𝐀𝐞𝐬𝐭𝐡𝐞𝐭𝐢𝐜 𝐂𝐥𝐢𝐧𝐢𝐜, 𝐘𝐚𝐧𝐠𝐨𝐧)
𝟎𝟗𝟒𝟎𝟎𝟗𝟒𝟗𝟕𝟎𝟎
📍အမှတ် ၅၆၊ ဖျာပုံလမ်း (ကျွန်းတောလမ်းမှအဝင်)၊ စမ်းချောင်း၊ ရန်ကုန်။

𝐒𝐤𝐢𝐧 𝐂𝐨𝐥𝐥𝐞𝐜𝐭𝐢𝐨𝐧𝐬 ( 𝐒𝐤𝐢𝐧 & 𝐀𝐞𝐬𝐭𝐡𝐞𝐭𝐢𝐜 𝐂𝐥𝐢𝐧𝐢𝐜, 𝐓𝐚𝐮𝐧𝐠𝐨𝐨)
𝟎𝟗𝟒𝟎𝟎𝟔𝟓𝟎𝟑𝟎𝟎
📍ဗိုလ်မှူးဖိုးကွန်းလမ်း၊ မြန်မာ့အလှတည်းခိုခန်း မျက်နှာချင်းဆိုင်တိုက်၊ အပေါ်ဆုံးထပ် (𝐂𝐁 𝐛𝐚𝐧𝐤 မျက်စောင်းထိုး/ ပဒေသာကော်ဖီမှုန့် ဘေးကပ်ရပ်)၊ တောင်ငူမြို့။

𝐒𝐤𝐢𝐧 𝐂𝐨𝐥𝐥𝐞𝐜𝐭𝐢𝐨𝐧𝐬 ( 𝐒𝐤𝐢𝐧 & 𝐀𝐞𝐬𝐭𝐡𝐞𝐭𝐢𝐜 𝐂𝐥𝐢𝐧𝐢𝐜, 𝐍𝐚𝐲 𝐏𝐲𝐢 𝐓𝐚𝐰)
📍အမှတ် ၁၅/၈၇၆၊ ၁၈လမ်း (ခရေလမ်းနှင့် ခွာညိုလမ်းကြား)၊ နှင်းဆီပန်းအဝိုင်းအနီး ပေါင်းလောင်း၃ရပ်ကွက်၊ ပျဥ်းမနားမြို့နယ် နေ ပြည်တော်။ 𝐓𝐞𝐥: 𝟎𝟗𝟒𝟓𝟎𝟎𝟎𝟐𝟐𝟏𝟎

𝐒𝐤𝐢𝐧 𝐂𝐨𝐥𝐥𝐞𝐜𝐭𝐢𝐨𝐧𝐬 (𝐀𝐞𝐬𝐭𝐡𝐞𝐭𝐢𝐜 & 𝐂𝐥𝐢𝐧𝐢𝐜, 𝐓𝐡𝐢𝐧𝐠𝐚𝐧𝐠𝐠𝐲𝐮𝐧)
𝟎𝟗 𝟕𝟓𝟐𝟓𝟓𝟐𝟓𝟓𝟐
📍အမှတ်(𝟐𝟖𝐊)၊ နဝရက်လမ်း၊ ဆယခသိန်းရပ်ကွက်၊ သုမင်္ဂလာအပိုင်း(၂)၊ သင်္ကန်းကျွန်းမြို့နယ်၊ရန်ကုန်မြို့။

ဆေးခန်းက ဘိုကင်စနစ်နဲ့သွားတာမလို့ သက်ဆိုင်ရာ ဖုန်းနံပါတ်များကိုဆက်သွယ်ပြီး ဘိုကင်ကြိုယူနိုင်ပါတယ်ရှင့်။🙏✨

13/05/2026

𝐁𝐨𝐭𝐨𝐱 လို့ပြောလိုက်ရင် အရေးကြောင်းတွေအတွက်ပဲလို့ ထင်နေတာလား . . .🤔

🙅‍♀️နိုးပါနော်။ချိုင်းချွေးနံ့ပြင်းရင်လည်း 𝐁𝐨𝐭𝐨𝐱 ထိုးလို့ ရပါတယ်။🫣

𝐁𝐨𝐭𝐨𝐱 ထိုးလိုက်တဲ့အခါ👇

• ချွေးဂလင်းတွေကို လှုံ့ဆော်မှုနည်းသွားတာကြောင့် ‌ချွေးထွက်နည်းသွားပါတယ်။💦🚫

• 𝐁𝐨𝐭𝐨𝐱 ထိုးပြီး ၃ရက်ကနေ ၇ရက်ဆို စပြီး သိသာလာပါပြီ။ ၂ပတ်ဆိုရင်တော့ တော်တော်ကြီး သိသာနေပါပြီ။⏳✅

• တစ်ခါထိုးထားရင် အနည်းဆုံး ၆လလောက် ခံပါတယ်။🗓️✨

• နာကျင်မှုနည်းပါးပါတယ်။😇

• ၁၅မိနစ်၊ နာရီဝက်လောက်သာ ကြာမြင့်ပါတယ်။🕚🙌

ခုလို နွေရာသီဆို ချွေးထွက်များတဲ့အခါ ချွေးနံ့လည်း ပြင်းလာပါတယ်။ ဒါကြောင့် အင်္ကျီမှာ ချွေးကွက်တာ၊ လူကြားထဲမှာ ကိုယ့်ကိုယ်ကို ယုံကြည်မှုပျောက်ဆုံးတာတွေ ဖြစ်တတ်ပါတယ်။☀️😓

𝐔𝐧𝐝𝐞𝐫𝐚𝐫𝐦 𝐛𝐨𝐭𝐨𝐱 နဲ့ဆို ချွေးထွက်တာကို စိုးရိမ်စရာမလိုဘဲ လူကြားထဲမှာ ယုံကြည်ချက်ရှိရှိ လက်မြှောက်နိုင်မှာ ဖြစ်ပါတယ်။🙆‍♀️✨

𝐒𝐤𝐢𝐧 𝐜𝐨𝐥𝐥𝐞𝐜𝐭𝐢𝐨𝐧𝐬 မှာ 𝐔𝐧𝐝𝐞𝐫𝐚𝐫𝐦 𝐛𝐨𝐭𝐨𝐱 ကို ကျွမ်းကျင်တဲ့ ဆရာဝန်များက ပြုလုပ်ပေးတာ ဖြစ်တာကြောင့် ချွေးထွက်များလို့ စိတ်ညစ်နေတယ်ဆို ခုပဲ 𝐛𝐨𝐨𝐤𝐢𝐧𝐠 တင်လိုက်ပါနော်။👩‍⚕️📞

𝐒𝐤𝐢𝐧 𝐂𝐨𝐥𝐥𝐞𝐜𝐭𝐢𝐨𝐧𝐬 𝐂𝐥𝐢𝐧𝐢𝐜 ( 𝐒𝐤𝐢𝐧 & 𝐀𝐞𝐬𝐭𝐡𝐞𝐭𝐢𝐜 𝐂𝐥𝐢𝐧𝐢𝐜, 𝐘𝐚𝐧𝐠𝐨𝐧)
𝟎𝟗𝟒𝟎𝟎𝟗𝟒𝟗𝟕𝟎𝟎
📍အမှတ် ၅၆၊ ဖျာပုံလမ်း (ကျွန်းတောလမ်းမှအဝင်)၊ စမ်းချောင်း၊ ရန်ကုန်။

𝐒𝐤𝐢𝐧 𝐂𝐨𝐥𝐥𝐞𝐜𝐭𝐢𝐨𝐧𝐬 ( 𝐒𝐤𝐢𝐧 & 𝐀𝐞𝐬𝐭𝐡𝐞𝐭𝐢𝐜 𝐂𝐥𝐢𝐧𝐢𝐜, 𝐓𝐚𝐮𝐧𝐠𝐨𝐨)
𝟎𝟗𝟒𝟎𝟎𝟔𝟓𝟎𝟑𝟎𝟎
📍ဗိုလ်မှူးဖိုးကွန်းလမ်း၊ မြန်မာ့အလှတည်းခိုခန်း မျက်နှာချင်းဆိုင်တိုက်၊ အပေါ်ဆုံးထပ် (𝐂𝐁 𝐛𝐚𝐧𝐤 မျက်စောင်းထိုး/ ပဒေသာကော်ဖီမှုန့် ဘေးကပ်ရပ်)၊ တောင်ငူမြို့။

𝐒𝐤𝐢𝐧 𝐂𝐨𝐥𝐥𝐞𝐜𝐭𝐢𝐨𝐧𝐬 ( 𝐒𝐤𝐢𝐧 & 𝐀𝐞𝐬𝐭𝐡𝐞𝐭𝐢𝐜 𝐂𝐥𝐢𝐧𝐢𝐜, 𝐍𝐚𝐲 𝐏𝐲𝐢 𝐓𝐚𝐰)
📍အမှတ် ၁၅/၈၇၆၊ ၁၈လမ်း (ခရေလမ်းနှင့် ခွာညိုလမ်းကြား)၊ နှင်းဆီပန်းအဝိုင်းအနီး ပေါင်းလောင်း၃ရပ်ကွက်၊ ပျဥ်းမနားမြို့နယ် နေ ပြည်တော်။ 𝐓𝐞𝐥: 𝟎𝟗𝟒𝟓𝟎𝟎𝟎𝟐𝟐𝟏𝟎

𝐒𝐤𝐢𝐧 𝐂𝐨𝐥𝐥𝐞𝐜𝐭𝐢𝐨𝐧𝐬 (𝐀𝐞𝐬𝐭𝐡𝐞𝐭𝐢𝐜 & 𝐂𝐥𝐢𝐧𝐢𝐜, 𝐓𝐡𝐢𝐧𝐠𝐚𝐧𝐠𝐠𝐲𝐮𝐧)
📍အမှတ်(𝟐𝟖𝐊)၊ နဝရက်လမ်း၊ ဆယခသိန်းရပ်ကွက်၊ သုမင်္ဂလာအပိုင်း(၂)၊ သင်္ကန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့။
𝟎𝟗 𝟕𝟓𝟐𝟓𝟓𝟐𝟓𝟓𝟐

ဆေးခန်းက ဘိုကင်စနစ်နဲ့သွားတာမလို့ သက်ဆိုင်ရာ ဖုန်းနံပါတ်များကိုဆက်သွယ်ပြီး ဘိုကင်ကြိုယူနိုင်ပါတယ်ရှင့်။🙏✨

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Website

Address

အမှတ်/28-K၊ နဝရတ်လမ်း၊ သင်္ကန်းကျွန်းမြို့နယ်၊ ရန်ကုန်။
Yangon
11071

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00
Sunday 09:00 - 18:00