Aung Kyaw Naing
Change will not come unless we wait for someone else or another time
06/12/2025
14/10/2023
ဥပေက္ခာ နှင့် ဆုံးမလိုက်ပါ
~~~~~~~~~~~~~~~~~~~~~
🔹 မိသားစုဝင်ကိုပဲ ဖြစ်ဖြစ်
🔹 ဆွေမျိုးမောင်နှမကိုပဲ ဖြစ်ဖြစ်
🔹 ပတ်ဝန်းကျင် အသိုင်းဝိုင်းကိုပဲ ဖြစ်ဖြစ်
🔹 သူငယ်ချင်း အပေါင်းသင်း ဖြစ်ဖြစ်
မည်သူ့ အပေါ်မှာမဆို (၃)ခါ (၃)ကြိမ်အထက် ပို၍
မိမိကိုယ်တိုင် မဆုံးမပါနှင့် …
ဆုံးမလို့ရတဲ့ လူဟာ
တစ်ကြိမ်တစ်ခါထည်းနှင့် ဆုံးမလို့ရ၏ဆုံးမ မရတဲ့ လူဟာ အကြိမ်ပေါင်းများစွာ ဆုံးမလို့လည်း လုံးဝမရပါ ။
လူတစ်ချို့ဟာ
အင်မတန်မှ အသိခေါက်ခက် အဝင်နက်လွန်း၍မိမိရဲ့ သွန်သင်လမ်းပြ ဆုံးမမှု့များအပေါ်မှာလှောင်ရယ် အပြစ်တင်ရယ်စား ကဲ့ရဲ့ကြပါသည်။
မိမိသည် မေတ္တာတရားထားရှိ၍
အဆိုးဘက် မရောက်အောင်
အကောင်းဘက်ကို ဆုံးမသင်ပြပါသော်လည်း
သင်ကကော ဘယ်လောက်ကောင်းနေလို့လည်း
ဘယ်လောက် သိလို့ တတ်လို့လည်း
ဘုရားလိုလို တရားလိုလို
ဆရာကြီးလိုလို လာမလုပ်နဲ့သင်နှင့် ဘာမှမဆိုင်ဘူး
သင်သာ ကောင်းအောင်နေစမ်းပါ
အဲ့ဒီလို
မညှာမတာ အားမနာတမ်း ပြက်ရယ်ပြု အပြစ်တင် တုန့်ပြန်လာခဲ့ရင် မိမိသည်သာအရှက်ကွဲ ဝမ်းနည်းခံစားရလိမ့်ပါမယ်မိမိသည်သာ ရင်ထုမနာ ကြေကွဲစွာနာကြင်ရလိမ့်မယ်။
ထိုလူတို့သည်
မေတ္တာတရားနှင့် မထိုက်တန်သောလူညံ့ လူဖျင်းတွေပဲ ဖြစ်ပါတယ်။
မေတ္တာတရားနှင့် မထိုက်တန်သော ထိုလူမျိုးကိုမိမိရင်ဘက်ထဲမှာ နေရာမပေးပါတော့နှင့်ဦးနှောက်အာရုံမှာ ထည့်မထားပါတော့နှင့် ထိုလူအပေါ် အချစ်လည်းမထား အမုန်းလည်းမပွား၊ဝမ်းလည်းမသာ ဝမ်းလည်းမနည်း၊သိလည်းမသိ ရှိလည်းမရှိ၊ခင်လည်းမခင် မြင်လည်းမမြင်ဤသို့ အသိညဏ်အတွေးအခေါ်ဝါဒကြီးဥပေက္ခာတရားနှင့်သာ အဆုံးသတ်လိုက်ပါတော့ ။
ဥပေက္ခာ ဟူသည်
ထိုလူတို့အတွက် ဘဝသင်ခန်းစာသေခန်းပြက် အဆုံးမဖြစ်ပါသည်။ထိုလူမျိုးတို့သည် နောင်တစ်ချိန်မှာမိမိ၏ မေတ္တာတရား လမ်းပြမှု့ တန်းဖိုးကို နောင်တကြီးစွာ သိမြင်လာကြလိမ့်မည်။
ဥပေက္ခာတရားဟူသည်
ထိုလူတို့နှင့် ပတ်သတ်သောအချစ်အမုန်းတို့ နာကြင်လောင်မြိုက်မီးများဝေဒနာ အပူသောကတွေကို
ဖြေဖျောက် ပေးစွမ်းနိူင်သော ဘုရားဆေးတော်ကြီးတစ်ပါး ဖြစ်ပါလေ၏။
မဟာဗောဓိမြိုင်ဆရာတော်ကြီး
အပင်ပန်းဆုံး လူ(၃)ဦး
၁။မိဘတာဝန်ယူထားသူ
၂။သိတတ်တဲ့သူ
၃။ကိုယ်ချင်းစာတတ်တဲ့သူ
27/12/2021
ဒီနေ့ ဖတ်ဖို့....
ဘဝ အတွက် ခွန်အား ဖြစ်စေ သော စာတစ်ပုဒ်
📖 📖 📖 📖 📖 📖 📖 📖 📖
ဂရုမစိုက်ခြင်း_အတတ်ပညာ?
👍👍👍👍👍👍👍
၁။ အများနဲ့မတူ ကွဲပြားခြားနားတဲ့အယူအဆတွေကို လက်ခံလို့
ဝေဖန်ခံရကောင်း ဝေဖန်ခံရပါလိမ့်မယ်။ ဂရုမစိုက်ပါနဲ့။
၂။ အတားအဆီးတွေ့ရင် ဂရုမစိုက်ပါနဲ့။
သူ့ထက်အရေးကြီးတဲ့အရာတွေကို ဂရုစိက်ရဦးမှာမို့ပါ။
၃။ ခံစားချက်ဆိုတာ ဘဝအတွက်သိပ်အရေးမကြီးလို့ ဂရုမစိုက်ပါနဲ့။
၄။ Facebook ဆိုတာ အကြောင်းအရာတော်တော်များများ
ရှိတဲ့နေရာဖြစ်တယ်။ သင့်ဦးနှောက်က အမှိုက်ပုံးမဟုတ်လို့ အားလုံးကို
လိုက်ပြီး ဂရုမစိုက်ပါနဲ့။
၅။ လူတွေက အောင်မြင်လည်းဝေဖန်မယ်
မအောင်မြင်လည်းဝေဖန်မယ် ဘာမှမလုပ်လည်း ဝေဖန်မယ်။
ဒါကြောင့် ဘယ်လိုထင်ထင်ဂရုမစိုက်ဘဲ ကိုယ့်အလုပ်ကို
ကိုယ်အကောင်းဆုံးလုပ်ပါ။
၆။ ပတ်ဝန်းကျင်က သင့်မိသားစုစားစရာမရှိလို့ဆိုပြီး
သင်ဒုက္ခရောက်ချိန်မှာ အလကားတင်ကြွေးထားမဲ့သူ မရှိပါဘူး။
ဒါကြောင့် ပတ်ဝန်းကျင်တစ်ခုလုံးကို ခေါင်းထဲထည့်ပြီး
ဂရုစိုကျမနပေါနဲ့။
၇။ သင့်မိတ်ဆွေရင်းတွေက တစ်ခါတစ်ရံ သင့်လုပ်ရပ်ကို
လှောင်ပြောင်ကောင်း လှောင်ပြောင်လိမ့်မယ်။ ဂရုမစိုက်ပါနဲ့
တစ်ချို့သော မိတ်ဆွေရင်းတွေက သူစိမ်းထက် ကိုယ့်အပေါ်ပိုပြီး
မနာလိုကြီးကြတယ်
၈။ မိသားစုဝင်တွေက သင့်လုပ်ရက်ကို
ကန့်ကွက်ချင်ကန့်ကွက်လိမ့်မယ်။ သူတို့က သင့်အလုပ်အပေါ်
သင်နားလည်သလောက် နားမလည်သေးဘူးဆိုတာ
သင်ကိုယ်တိုင်သိနေတာဘဲ။ ဂရုမစိုက်ပါနဲ့
တဖြေးဖြေးနဲ့နားလည်လာအောင် နားချပါ။
တစ်ခါတစ်လေ ဂရုမစိုက်ခြင်းဟာ သင့်ကို
ချည်နှောင်မှုကလွတ်မြောက်စေလို့ ဂရုမစိုက်ခြင်းဆိုတဲ့
အတတ်ပညာကို ကျွမ်းကျင်အောင်လေ့ကျင့်ပါ။
to original writer
25/10/2021
Haga clic aquí para reclamar su Entrada Patrocinada.
