Leave it.
အချစ်တွေး ထပ်သူကျမယ် ဆိုရင် လာခဲ့ပါ😢
စိတ်တအားမပူပါနဲ့
မနက်ဖြန်မှာ
ငါတို့မရှိတော့တာလည်း ဖြစ်နိုင်ပါတယ် ။
🥹🥹
ကိုယ်သာ ပြောစရာရှိခဲ့ပြီး
သူကပြောစရာမရှိတော့သော
ယတိပြတ်မှုကို
ငါချိန်းဆိုခဲ့ပါတယ်
ငါစောင့်ခဲ့တယ် ။
🥹
မေ့သင့်တဲ့သူနဲ့မေ့မရက်တဲ့သူ... 😢
@ဂျူးရယ်
ညီလေးရာ..!?🤌🏼😢
မေတ္တာက စစ်ခဲ့ပါတယ် လူပေးမှားသွားခဲ့တာပါ ။
ငါဒီလောက်ချစ်တာကို ဘာလို့ နည်းနည်းလေးတောင်မှ ပြန်ငဲ့မကြည့်ပေးတာလဲဆိုတဲ့ အတွေးတွေ ၀င်ခဲ့ဖူးသလို ချစ်နေရင်းက ကိုယ့်မှာ ဘာကိုဆက်ပြီး မျှော်လင့်လို့ မျှော်လင့်ရမယ်မှန်း သိမနေတော့တဲ့အထိ ဆက်ဆံရေးတခုမှာ လမ်းပျောက်ခဲ့ဖူးတယ် ။
တနေ့ကျရင်ဆိုပြီး ... ယုံကြည်ချင်သေးပေမယ့် တနေ့ထက် တနေ့ ပိုဝေးဝေးလာတဲ့ အမှန်တရားဟာ ကိုယ့်အရှေ့မှာပဲမို့ လက်သင့်မခံချင်လည်း လက်ခံလိုက်ရတာတွေပဲ များလာတယ် ။ ဆက်ပြီးရှိချ င်တယ် ထပ်ပြီးချစ်ချင်ခဲ့သေးတယ် ဒါပေမယ့် ကိုယ့်အချစ်ကို ရှေ့တန်းတင်ရင်တင်သလောက် ကိုယ်ပဲ နာကျင်လာရတဲ့အခါ ငါ့မေတ္တာများ မစစ်ခဲ့လို့များလားလို့ ကိုယ့်ကိုယ်ကိုယ် သံသယတွေ၀င်ပြီး ကိုယ့်ကိုယ်ကိုယ်ပဲ အပြစ်တင်ခဲ့ဖူးတယ် ။
တကယ်တမ်းကျတော့ ... ကိုယ်ချစ်ပေးခဲ့တာလည်း တကယ်ဟုတ်ခဲ့တယ် ။ ကိုယ့် သူ့အပေါ်ထားတဲ့ မေတ္တာဟာလည်း တကယ်စစ်ခဲ့ပါတယ် ။ ရောင်ပြန်ကျတော့ ကိုယ်မဟုတ်တဲ့ တခြားတယောက်ကို သွားဟပ်နေခဲ့တာကို နောက်ကျမှ သိခဲ့ရတာ ။ အဆုံးသတ်မှာ ... မေတ္တာစစ်ပေမယ့် လူပေးမှားပြန်ရင်လည်း နာကျင်ရတာပါပဲ ။
15/02/2026
အသူသူ ခံစားရအောင်😊
Click here to claim your Sponsored Listing.
