Dhamma For All

Dhamma For All

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Dhamma For All, Singapore.

28/05/2026

မေတ္တာအကျိုး (၁၁) မျိုး

မေတ္တာတရားကို ပွားများသူသည် အကျိုး (၁၁) မျိုး ရနိုင်ကြောင်း ဗုဒ္ဓရှင်တော်မြတ် ဟောကြားထားသည်။ အဲဒီအကျိုးတွေကတော့ —

“အိပ် နိုး ချမ်းသာ၊
ကောင်းစွာ အိပ်မက်၊
ချစ်လျက် လူ နတ်၊
စောင့်လတ် နတ်များ၊
မီး ဆိပ် ထားတို့၊
ရှောင်ရှား ကိုယ်မှာ၊
သေခါ မတွေ၊
လားလေ ဗြဟ္မာ…”

1. ချမ်းသာစွာ အိပ်စက်ရခြင်း

2. ချမ်းသာစွာ နိုးထရခြင်း

3. အိပ်မက်ဆိုး မမက်ခြင်း

4. လူအများ ချစ်ခင်ခြင်း

5. နတ်၊ ဘီလူးတို့ ချစ်ခင်ခြင်း

6. နတ်တို့ စောင့်ရှောက်ခြင်း

7. မီး၊ အဆိပ်၊ လက်နက် စသည်မှ ကင်းခြင်း

8. စိတ်တည်ငြိမ်မှု (သမာဓိ) လျင်မြန်စွာ ရခြင်း

9. မျက်နှာကြည်လင် ဝင်းပခြင်း

10. သေခါနီး မတွေမဝေ ငြိမ်းချမ်းစွာ ကွယ်လွန်ရခြင်း

11. အရဟတ္တဖိုလ် မရသေးလျှင်လည်း ဗြဟ္မာပြည် ရောက်နိုင်ခြင်း

မေတ္တာတရားကို စိတ်ရင်းမှန်ဖြင့် ပွားများသူသည် —
စိတ်ငြိမ်းချမ်းခြင်း၊ အိပ်ပျော်ကောင်းခြင်း၊ မျက်နှာကြည်လင်ခြင်း၊ လူနတ်ချစ်ခင်ခြင်း စသော အကျိုးတရားများကို ရရှိနိုင်ပါသည်။

ဒီအကျိုးတွေ အပြည့်အဝရဖို့ မေတ္တာကို ဈာန်အဆင့်ထိ ပွားများရမယ်လို့ ဆိုထားပေမယ့်၊ သာမန်လူတစ်ယောက်အနေနဲ့လည်း စိတ်ရင်းမှန်နဲ့ အကြိမ်ကြိမ် ပွားများနေမယ်ဆိုရင် စိတ်ငြိမ်းချမ်းလာခြင်း၊ ဒေါသလျော့လာခြင်း၊ အိပ်ပျော်ကောင်းလာခြင်း၊ မျက်နှာကြည်လင်လာခြင်း စတဲ့ လက်တွေ့အကျိုးတွေကို ခံစားရနိုင်ပါတယ်။

အဓိကအားဖြင့် မေတ္တာတရားဟာ —

လက်ရှိဘဝမှာ စိတ်ချမ်းသာစေပြီး

လူမှုဆက်ဆံရေးကောင်းစေကာ

နောင်ဘဝကောင်းကျိုးနှင့် နိဗ္ဗာန်လမ်းကိုပါ အထောက်အကူပြုတဲ့ တရားဖြစ်တာကြောင့် နေ့စဉ် ပွားများသင့်ကြောင်း တိုက်တွန်းထားပါတယ်။

မေတ္တာတရားကို နေ့စဉ်ပွားများရင်း စိတ်အေးချမ်းသာကြပါစေ 🙏

#မူရင်းရေးသားသူကိုဂါရဝပြုပြန်လည်ပူ‌ဇော်ကုသိုလ်ယူပါသည် 🙏
#မေတ္တသုတ်အသံထွက်ရွတ်ဖတ်ပူဇော်နည်း
#မေတ္တသုတ်အကျိုး၁၁မျိုး
#မေတ္တသုတ် 🙏

27/05/2026

ပါချုပ်ဆရာတော်ဘုရားကြီး🙏🙏🙏

သရဏဂုံ နှင့် သီလတော်မြတ် ခံယူဆောက်တည်ခြင်း🙏🙏🙏

ဘုရားရှိခိုးရာတွင် မျက်လုံးလေးမှိတ်၍ လက်အုပ်လေးချီကာ ဘုရားအာရုံပြု၍ လိုက်ဆိုရင်း သီလခံယူဆောက်တည်ကြပါစို့။

ဤသို့ သရဏဂုံနှင့် သီလတော်မြတ်ကို ကြည်ညိုစွာ ခံယူဆောက်တည်ခြင်းဖြင့် ကုသိုလ်ကောင်းမှုများ တိုးပွားပြီး စိတ်၏အေးချမ်းခြင်း၊ ကိုယ်၏ချမ်းသာခြင်းများ ရရှိကြပါစေ။ 🙏

#ပါချုပ်ဆရာတော်ဘုရားကြီး #ပါမောက္ခချုပ်ဆရာတော်

12/05/2026

🙏ကုသိုလ်လုပ်ဖို့က မခက်ဘူး
ကုသိုလ်လုပ်ဖို့ သတိရတာကခက်တာ 🙏

ပါမောက္ခချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ

🌿 တရားနာခြင်းသည် စိတ်အေးချမ်းမှုရဲ့ အစပါ 🌿

ဘဝမှာ ပင်ပန်းမှုတွေ၊ စိတ်ဖိစီးမှုတွေများလာတဲ့အချိန်
တရားတော်များနာယူခြင်းက စိတ်ကို အေးချမ်းစေပြီး
အတွေးအမြင်ကောင်းတွေ ပေးနိုင်ပါတယ် 🙏

ဒီ Video လေးကို နားဆင်ပြီးကုသိုလ်ယူရင်း စိတ်ချမ်းသာမှုတွေ ရရှိကြပါစေ ✨

#ပါချုပ်ဆရာတော်
#ဒေါက်တာနန္ဒမာလာဘိဝံသ

Photos from Dhamma For All's post 01/05/2026

ဘုရားပုံတော်များ ဓမ္မဓါန ..🙏🙏🙏

ကောင်းခြင်းမင်္ဂလာအဖြာဖြာနဲ့ပြည့်စုံကျပါစေ 🙏🙏🙏

30/04/2026

🙏🍂 ကဆုန်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်တို့အတွက် အလွန်ထူးခြားသော နေ့မြတ်ကြီးတစ်နေ့ ဖြစ်သည်။

ဘုရားအလောင်းတော် သုမေဓာရှင်ရသေ့သည် ဤဘဒ္ဒကမ္ဘာတွင် လေးဆူမြောက်ဖြစ်သော ဂေါတမအမည်ဖြင့် ဘုရားစင်စစ် ဖြစ်မည်ဟု ဒီပင်္ကရာမြတ်စွာဘုရားထံမှ နိယတဗျာဒိတ်ကို ကဆုန်လပြည့်နေ့တွင် ခံယူခဲ့သည်။

မဟာသက္ကရာဇ် ၆၈ ခုနှစ် ကဆုန်လပြည့်နေ့တွင် ဂေါတမဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားကို ဖွားမြင်တော်မူခဲ့သည်။

မဟာသက္ကရာဇ် ၁၀၃ ခုနှစ် ကဆုန်လပြည့်နေ့ အရုဏ်တက်ချိန်တွင် ဂေါတမဘုရားအလောင်းတော်သည် သဗ္ဗညုတဉာဏ်တော်ကို ရရှိကာ ဘုရားဖြစ်တော်မူခဲ့သည်။

မဟာသက္ကရာဇ် ၁၄၈ ခုနှစ် ကဆုန်လပြည့်နေ့တွင် မလ္လာမင်းတို့၏ အင်ကြင်းဥယျာဉ်၌ ဘုရားရှင် ပရိနိဗ္ဗာန် စံဝင်တော်မူခဲ့သည်။

ဤသို့ ထူးခြားချက် (၄) ရပ်နှင့် ပြည့်စုံသဖြင့် ဗုဒ္ဓဘာသာဝင်အပေါင်းတို့သည် ကဆုန်လပြည့်နေ့ကို “ဗုဒ္ဓနေ့” ဟု သတ်မှတ်ခဲ့ကြသည်။

ဘုရားရှင်သည် ဤနေ့တွင် သဗ္ဗညုတရွှေဉာဏ်တော်ကို ရရှိရန်အတွက် ဗောဓိပင်အောက်၌ တရားအားထုတ်တော်မူခဲ့သည်။

ထို့ကြောင့် ဗုဒ္ဓဘာသာဝင်တို့သည် ဗောဓိပင်အား ရေသွန်းလောင်းခြင်းစသော ကုသိုလ်ကောင်းမှုများကို ပြုလုပ်ကြသည်။
ကဆုန်လတွင် ရေရှားပါးသဖြင့် ညှိုးနွမ်းနိုင်သော ဗောဓိပင်ကို လန်းဆန်းစိုပြေစေရန် ရည်ရွယ်၍ ရေသွန်းလောင်းကြခြင်း ဖြစ်သည်။
ထိုအလေ့အထသည် ယနေ့ထိ ဆက်လက်တည်ရှိနေပြီး နှစ်စဉ် ကဆုန်လပြည့်နေ့တွင် ညောင်ရေသွန်းပွဲများကို ကျင်းပလျက်ရှိကြသည်။

ဗျာ၊ ဖွား၊ ပွင့်၊ စံ — ဤလေးတန်ကို မှတ်ရာ ဗုဒ္ဓနေ့

🌟 ကဆုန်လပြည့် ဗုဒ္ဓနေ့ 🌟
​✨ ဗျာ ဒိတ်တော်ခံ
✨ ဖွား မြင်တော်မူ
✨ ပွင့် ထွန်းတော်မူ
✨ စံ မြန်းတော်မူ

ယနေ့မှစ၍ ​စိတ်သွားတိုင်းကိုယ်ပါ လိုအင်ဆန္ဒများပြည့်ဝပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေလို့ ဆုတောင်း​မေတ္တာပြုအပ်ပါတယ်🙏🙏🙏

Dhamma For All

Photos from Dhamma For All's post 26/04/2026

🙏 ဘုရားရှိခိုး အစဉ်လိုက် 🙏

ဘုရားရှိခိုးနည်းများကို
ဓမ္မဒါနအဖြစ် မျှဝေပေးလိုက်ပါတယ်။
ဒီပုံလေးများတွင် နံပါတ်အစဉ်အလိုက်
ဖော်ပြထားသောကြောင့်
နေ့စဉ် ပုံမှန် ဘုရားရှိခိုးလိုသူများအတွက်
အဆင်ပြေစွာ လိုက်နာနိုင်ပါသည်။

ပဌာန်း ရွတ်ချင်သူများအတွက်လည်း
မေတ္တာသုတ် ရွတ်ပြီးနောက် ပဌာန်းကို ဆက်လက် ရွတ်ဆိုနိုင်ပါသည် 😊

#ဘုရားရှိခိုးနည်း

Want your business to be the top-listed Beauty Salon in Singapore?
Click here to claim your Sponsored Listing.

Website

Address

Singapore