April Seng Journey
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from April Seng Journey, Health/Beauty, Singapore.
07/12/2023
😣🐜🐜🐜😫😫😫
ကြည့်တိုင်းသဘောကျရသူ🥰🥰
27/11/2023
ကိုယ့်အသံရဲ့ Key ကို ဘယ်လိုရှာရလဲ? (အပိုင်း-၁)
~~~~~~~~~~~~~~~~~~~~~~~
🎶 ဒီမေးခွန်းကို ဂစ်တာနဲ့ပါတ်သတ်တဲ့ Facebook Group တစ်ခုထဲမှာ ဝါသနာရှင်တစ်ယောက် မေးထားတာကို တွေ့လိုက်တဲ့အတွက် မသိသေးသူတွေ ဗဟုသုတရအောင် ဒီ post ကို ရေးတင်ဖြစ်တာပါ။
🎶 တကယ်တော့ လူတစ်ယောက်မှာ Key ပုံသေသတ်မှတ်ချက် မရှိပါဘူး။ သီချင်းအပေါ်ပဲ မူတည်ပါတယ်။ ဥပမာ - ကိုယ့်အသံဟာ သီချင်းတစ်ပုဒ်မှာ Key-G နဲ့ အဆင်ပြေပေမယ့်၊ အခြားသီချင်းတစ်ပုဒ်မှာကြတော့ Key-C နဲ့ အဆင်ပြေရင် ပြေသွားမှာပါ။ ဒါ့ကြောင့် လူတစ်ယောက်ရဲ့အသံဟာ Key ပုံသေသတ်မှတ်လို့မရဘဲ၊ ကိုယ့်အသံဟာ ဘာ Key လဲလို့ မေးလာရင် ဘယ်သီချင်းအတွက်လဲ လို့ ပြန်မေးရမှာဖြစ်ပါတယ်။
🎶 ဒါပေမယ့် လူတွေရဲ့အသံကို ပုံသေသတ်မှတ်တဲ့နည်းတော့ ရှိပါတယ်။ အဲဒါကတော့ အသံရဲ့ကြိမ်နှုန်း (Frequency) နဲ့ တိုင်းတာသတ်မှတ်ကြတာဖြစ်ပါတယ်။ Frequency ကိုတိုင်းတဲ့ယူနစ်ကတော့ Hz (Hertz) လို့ ခေါ်ပါတယ်။ ဘယ်လိုသတ်မှတ်သလဲဆိုရင် လူတစ်ယောက်ရဲ့ အနိမ့်ဆုံးဆိုနိုင်တဲ့အသံ (Lowest Pitch) နဲ့ အမြင့်ဆုံးအော်နိုင်တဲ့အသံ (Highest Pitch) တို့ဖြင့် တိုင်းတာ သတ်မှတ်ကြတာ ဖြစ်ပါတယ်။ အဲဒီလိုသတ်မှတ်တာကို Vocal Range (သို့မဟုတ်) Pitch Range (သို့မဟုတ်) Vocal Register စသဖြင့် အမျိုးမျိုး ခေါ်ကြပါတယ်။
📌 ဥပမာ - ကမ္ဘကျော်အဆိုတော် တေလာဆွစ်ရဲ့ အနိမ့်ဆုံးဆိုနိုင်တဲ့အသံဟာ 110Hz ဝန်းကျင်ရှိပြီး၊ အမြင့်ဆုံးအသံကတော့ 880Hz ဝန်းကျင်အထိရှိပါတယ်။
🎶 အနောက်တိုင်းဂီတမှာ အသံ ၁၂-သံ ရှိတာကြောင့် Vocal Range ကို Hz တန်ဖိုးတွေနဲ့ မပြောဘဲ၊ နုတ်အမည်တွေနဲ့လည်း ပြောဆိုနိုင်ပါတယ်။
[ဂီတအသံ ၁၂-သံ]
A A♯ B C C♯ D D♯ E F F♯ G G♯ (သို့မဟုတ်)
A B♭ B C D♭ D E♭ E F G♭ G A♭ A
အဲဒီအသံ ၁၂-သံကိုပဲ ထပ်ကာထပ်ကာ ရေတွက်ပိုင်းခြားတာကို Octave လို့ခေါ်ပါတယ်။ စန္ဒယားတစ်ခုမှာဆိုရင် ယေဘုယျအားဖြင့် Octave ၇-ခုရှိပါတယ်။ (ပုံထဲမှာ Octave နံပါတ်တွေနဲ့အတူ နုတ်တစ်ခုချင်းစီရဲ့ Frequency တွေလည်း ဖော်ပြထားပါတယ် လေ့လာကြည့်ပါ)
🎶 ဒါ့ကြောင့် တေလာဆွစ်ရဲ့ Vocal Range ကို ပြောတဲ့အခါ Hz တွေနဲ့မပြောဘဲ၊ "A2 to A5" လို့လည်း သတ်မှတ်ကြပါတယ်။ A2 ရဲ့တန်ဖိုးဟာ 110Hz ရှိပြီး၊ A5 ကတော့ 880Hz ရှိလို့ပဲ ဖြစ်ပါတယ်။ အဲဒီတော့ တေလာဆွစ်ရဲ့အသံဟာ ဘာ Key လဲလို့ သတ်မှတ်ချက်မရှိပါ။
ဘယ် Key နဲ့ရေးထားတဲ့သီချင်းပဲဖြစ်ဖြစ် သီချင်းရဲ့သံစဉ်ဟာ A2 နဲ့ A5 ကြားမှာပဲရှိနေတယ်ဆိုရင် တေလာဆွစ်က ဆိုနိုင်မှာပဲ ဖြစ်ပါတယ်။
🎶 နောက်တနည်းနဲ့ ပြောရရင် Key-A ပဲဖြစ်ဖြစ်၊ Key-C ပဲဖြစ်ဖြစ်၊ Key-G ပဲဖြစ်ဖြစ်၊ ဆိုရမယ့် သီချင်းရဲ့သံစဉ်ဟာ အနိမ့်ဆုံး A2 နှင့် အမြင့်ဆုံး A5 အကြားမှာ ရှိနေတယ်ဆိုရင် တေလာဆွစ်က အဲဒီသီချင်းကို သီဆိုနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် လူတစ်ယောက်ရဲ့အသံကို Key ဖြင့် ပုံသေသတ်မှတ်လို့ မရရပါ။ Vocal Range ဖြင့်သာ သတ်မှတ်ပြောဆိုနိုင်မှာ ဖြစ်ပါတယ်။
👉 နောက်တစ်ပတ်မှာ ကိုယ့်အသံရဲ့ Vocal Range ကို ဘယ်လိုရှာကြည့်ရမလဲဆိုတာရယ်၊ Vocal Range အမျိုးအစားတွေအကြောင်းရယ် ဆက်လက် ရေးသားပါမည်ခင်ဗျာ။
🔴 အပိုင်း-၂ ဖတ်ရန် Link 👇👇👇
https://www.facebook.com/61552070604644/posts/122127742874069020/
(⚠️ post အား ပြန်လည်ကူးယူဖော်ပြလိုပါက Melody Rose - Gita Alinn အား Credit ပေးရန်နှင့်၊ မူရင်း post Link အား ဖော်ပြပေးရန် မေတ္တာရပ်ခံအပ်ပါသည်။)
🌹🌹🌹
ဂီတဖြင့် ပျော်ရွှင်နိုင်ကြပါစေ...
Melody Rose
27th Nov, 2023
~~~~~~~~~~
#ဂီတသီအိုရီ
27/11/2023
26/11/2023
ဆေးချင်ဝူးးးးး😖🫣🫣
ဘဝမှာ
Hkrung Rawt Sai
😔☺️
😅😅😅
Click here to claim your Sponsored Listing.
