Cook For Healthy
I want to be a healthy ကျန်းမာပျော်ရွှင်လှပပြည့်စုံစေရမယ်
29/07/2020
မင်္ဂလာပါ
Cook For Healthy မှ ဒီနေတင်ပေးချင်တာလေးက
မင်မင်လုပ်စားဖြစ်တဲ့ Healthy Breakfast လေးတမျိူး
မိတ်ဆက်ပေးပါမယ်။
#အရမ်းကိုလွယ်ကူမြန်ဆန်ပြီးစားကောင်းပါတယ်
#ငှက်ပျောOatပူတင်း
ပါဝင်ပစည်းလေးတွေကိုကြည့်ရအောင်
ဒါတယောက်စာအချိူးပါရှင်
-ကြက်ဥတလုံး
-Oat တထုပ်
-ငှက်ပျောသီးတလုံး (မှဲ့တာလေး)
-အဆီထုပ်နို့ အနည်းငယ်
-သစ်ကြမ်ပိုးခေါက်မှုန့်
ကဲလုပ်နည်းလေးဆက်ဖတ်ကြည့်ပါ
ကြွေခွက်ထဲကြက်ဥတလုံးငှက်ပျောသီးOatMealတထုပ် ရောထည့်ပြီး နွားနို့ထည့်ပီး ခဏခေါက်ပေးပါ ပြီးလျှင် အပေါ်မှာသစ်ကြမ်းပိုးခေါက်မှုန့်လေးဖြူးလိုက်ပြီး Microwaveထဲ ၅မိနစ်ပေါင်းလိုက်တာပါ ကဲပုံထဲကလိုစားချင်စရာမနက်စာလေးတခွက်ရပါပီ ဗိုက်လည်းအဆာခံ ကျန်းမာရေးနဲညီညွတ်ဆိုတော့ခုဘဲလုပ်စားကြည့်လိုက်ပါ
Microwave မသုံးတဲ့သူတွေက ရေနွေးဆူနေတဲ့အိုးထဲလေး ပါဝင်ပစည်းပါ ကြွေခက်လေးထည့်ပြီး ပုံမှန် အပေါင်းတွေပေါင်းနေကျပုံစံလေးနဲ မီးအေးအေးနဲ့ ၁၀မိနစ်လောက်ဆိုစားလိုရပါပြီနော်😊
အားလုံးဘဲကျန်းမာလှပါ့ကျပါစေ
20/06/2020
စားချင်တာတွေစားပြီးရင်လည်းရ ခုလို
Detox Juiceလေးလုပ်သောက်ဖို့မမေ့ပါနဲ့နော်
မင်မင်ကတော့ အိမ်မှာ သံပုရာသီး ပူစီနံ သခွါးသီး အမြဲဆောင်ထားပြီး ဒီလိုလေးအမြဲစိမ်သောက်
ဖြစ်တယ် ရံဖန်ရံခါ အသီးအနှံလေးတွေရေခဲသေတ္တာထဲရှိလိုကြုံရင်လည်း အသီးလေးတွေထည့်ပြီး
စိမ်သောက်ဖြစ်တယ် ရေ သီးသန့်သောက်ရတာ
ထပ်ပိုလည်းအရသာရှိတယ် ခန္ဓာကိုယ်ထဲကအဆိပ်တွေလည်းထုပ်ပြီးသားဖြစ်စေတယ်။
အားလုံးဘဲကျန်းမာလှပါ့ကျပါစေ🤗
20/06/2020
မင်္ဂလာပါမိတ်ဆွေများရှင့်
ဒီနေ့ မင်မင်သုပ်စားဖြစ်တဲ့ Healthy Salad
🥕မုန်လာဥနီ🥕 သုပ်လေးပါ
ဥနီရဲကောင်းကျိူးလေးတွေဖတ်ကြည့်ပါ
🥕🥕🥕🥕🥕🥕🥕🥕🥕🥕🥕🥕
ကိုယ်ခံအားတိုးစေတယ်
ဆံပင်တွေကိုသန်စွမ်းစေတယ်
ဆီးချိူထိန်းပေးနိုင်ပါတယ်
အသားအရည်ကြည်လင်စေပါတယ်
သွားတွေကိုသန်မာစေပါတယ်
ဝိတ်ကျစေပါတယ်
ကင်ဆာရောဂါကိုကာကွယ်ပေးနိုင်ပါတယ်နော်
🥕မုန်လာဥနီလေးသုပ်စားကြည့်မယ်🥕
🥕ဥနီကို ဂျစ်လေးနဲအမျှင်လေးတွေခြစ်ပီး ရေခဏ(၁၅)မိနစ်ခန့်စိမ်ထားပါတယ် သုပ်စားတဲ့အခါ ကျွတ်ကျွတ်လေးဝါးလိုကောင်းအောင်ပါနော်။ ကြက်သွန်နီလေးပါးပါးလှီး ပူစီနံလေးညှပ်ထည့် သံပုရာသီးတစိတ်ညှစ်ထည့် ဆီချက်ဟင်းစားဇွန်းတဇွန်း ဆားအနည်းငယ် နှမ်းစိလေးတွေဖြူးပြီး သမအောင်မွှေပေးလိုက်ယုံပါဘဲ လွယ်ကူမြန်ဆန်လိုက်တာ 😋
🥕အရသာလည်းရှိ ကယ်လိုရီနဲ့ အဆီတွေလည်းအများကြီးမပါဝင်ဘဲ စားလို့ လည်းကောင်း ဗိုက်လည်းပြည့် ဝိတ်ကလေးလည်း ထိန်းပီးသားပေါ့နော် မင်မင်ကတော့ ဒီနေ့အတွက် နေလည်စာပြင်ဆင်ရင်းနဲ့ ချစ်တဲ့မိတ်ဆွေများကို မျှဝေလိုက်ပါတယ်။
အားလုံးဘဲကျန်းမာလှပါ့ကျပါစေ🤩
17/06/2020
မင်္ဂလာပါမိတ်ဆွေများရှင့်
ဒီနေ့ မင်မင်ချက်ထားတဲ့ စွတ်ပြုတ်လေး
ပြပေးချင်ပါတယ် ။
ဘာလည်းဆိုတော့. . .
" ပုဇွန်ဝက်သားလုံး " စွတ်ပြုတ်လေးပါနော်
🦐🦐🦐🦐🦐🐷🐷🐷🐷🐷🐷🐷🐷🐷
ပါဝင်ပစည်းများနဲ့ ချက်ပြုတ်ပုံလေးကတော့
- အရင်ဆုံး ကြက်ရိုးပြုတ်ပါတယ် ။
- ပုဇွန် အနည်းငယ် (မင်မင်တယောက်စာဆိုတော့ ပမာဏကိုယ့်ဘာသာကိုမှန်းထည့်ပါတယ်)
- ဝက်သား နှုတ်နှုတ်စင်းထားတာ ပုဇွန်ရဲ့ ၂ဆ (ပုဇွန် ၁ဆ ဝက်သား၂ဆ ) ကို ပဲငံပြာရည် ဟင်းစားဇွန်းတဇွန်း ဆား ငရုတ်ကောင်းမှုန့် အနည်းငယ် ကော်မှုန် ဟင်းစားဇွန်းတဇွန်း နှမ်းဆီမွှေးအနည်းငယ် ထည့်ပြီး ရောကျိတ်ပါတယ်။
* (ဒီနေရာမှာဝက်သားမစားသူများကတော့ ကြက်အသားကြိတ်ထားတာလေးသုံးပါနော်
မင်မင်က ရေခဲသေတ္တာထဲအဆင်သင့်ရှိနေတာနဲ
အဆင်ပြေသလိုချက်လိုက်လို့ပါ 😋
ကြက်သားနဲ့ လည်းအရမ်းစားကောင်းပါတယ်) အလုံးလေးတွေလုံးပြီး ဆူနေတဲ့ကြက်ရိုးပြုတ်ထဲ ထည့်ပါတယ် အရိုးပြုတ်ရည်အရသာအတွက် ဆားအနည်းငယ်နဲ ပဲငံပြာရည်အရည်ထည့်ပါတယ်။
အသားလုံးလေးတွေက ၅မိနစ်လောက်ဆိုကျက်ပါပီနော် အိုးချခါနီး ကြိုက်နှစ်သက်ရာ အရွက်လေးတွေခပ်ထည့်ပီး သုံးဆောင်နိုင်ပါပြီနော် ။
- အရသာလည်းရှိ ကယ်လိုရီလည်းအများ အဆီတွေလည်းအများကြီးမပါဝင်ဘဲ စားလိုလည်းကောင်း ဗိုက်လည်းပြည့် ဝိတ်ကလေးလည်း ထိန်းပီးသားပေါ့နော် မင်မင်ကတော့ ဒီနေ့အတွက်ညစာပြင်ဆင်ရင်းနဲ့ ချစ်တဲ့မိတ်ဆွေများကို မျှဝေလိုက်ပါတယ်။
အားလုံးဘဲကျန်းမာလှပါ့ကျပါစေ🤩
28/05/2020
မင်္ဂလာပါ မိတ်ဆွေများရှင့်
မပေါ်လာအတော်လေးကြာမှ Cook for Healthy Page လေးမှာ ပြန်လည်ကြိုဆိုပါတယ် ဒီနေတင်ပေးမဲ့ Healthy Food ကတော့ Healthy Salad ဆိုပိုမှန်ပါမယ်နော် ထောပတ်သီးသုပ်လေးပါ ထောပတ်သီးကို ကြက်သားနဲသုပ်စားတာတခါတင်ဖူးပါတယ်။ ခုကတော့ ပုဇွန်ထုပ်မီးကင်လေးနဲသုပ်စားဖြစ်ပါတယ်နော် အရမ်းလွယ်ကူအချိန်ကုန်မြန်ပြီး ဗိုက်လည်းပြည့်စေတယ် ကျန်းမာသောကိုယ်ခန္ဓာလေးပိုင်ဆိုင်ဖို့လည်းအထောက်ကူဖြစ်ပါတယ်နော် မင်မင်ကတော့ ညစာလေးသုပ်စားလိုက်တယ် အဆာခံပြီး တကယ်စားလိုကောင်းဗိုက်လည်းပြည့်ပါနော် 🥑🍤
သုပ်နည်းလေးကိုအောက်မှာ အသေးစိတ်
ဖတ်ကြည့်ပါအုံးရှင့်
ပါဝင်ပစ္စည်းများ။
- ထောပတ်သီးတလုံး
- ခရမ်းချည်သီးတလုံး
- ကြက်သွန်နီ တခြမ်း
- သခွါးသီး အနည်းငယ်
- ပူစီနံရွက်အနည်းငယ် (နံနံပင်ထည့်လည်းရ)
- ပုဇွန် (ငရုတ်ကောင်း ဆားနယ် ဆီးလေးပါလေယုံသုတ်ကင်ပါ)
- သံပုရာသီး တခြမ်း အရည်ညစ်ရန်
- ဆား
- ငရုတ်ကောင်းမှုန့် ဖြူးစားရန်
- သံလွင်ဆီ ထမင်းစားဇွန်း တဇွန်း
အားလုံးကိုပုံပါအတိုင်းပြင်ဆင်ပြီး သုပ်လိုက်
ဒါပါဘဲနော် လွယ်ကူမြန်ဆန်အရသာရှိ
အားလုံးဘဲကျန်းမာလှပါ့ကျပါစေ
27/02/2020
21/01/2020
မင်္ဂလာပါ
ပဲပင်ပေါက် ပဲပြုတ် ပုဇွန်ကြော်
===================
သူ့အရသာက မြိတ်ကတ်ကြေးကိုက်ဆန်ဆန်လေးပါ ကတ်ကြေးကိုက်ကြော်ထဲထည့်တဲ့ဆန်ပြားဖယ်ထားပါတယ် ဆန်ပြားကပါတဲ့ calories ကိုမလိုချင်လို့ပါ ကြော်ပုံကြော်နည်းလေးဖတ်ကြည့်ပါ👇🏻
ပါဝင်ပစ္စည်းများ
- ပဲပင်ပေါက်
- ပဲပြုတ်
- ကြက်သွန်ဖြူ
- ကြက်သွန်နီ
- အရေုာင်တင်မှုန့်
- ရှာလကာရည် (သို့) ထားဝယ်ပအုံးရည်
- ငံပြာရည်
- ပုဇွန် အခွံနွှာပီးသား
အရင်ဆုံးဆီသတ် ဖြူနီ ထည့်ပီး ကျွန်မက ဆီကြောက်သူမို့ ပါတယ်ဆိုယုံလေးဘဲသုံးပါတတယ် ပုဇွန်ထည့် အရောင်တင်မှုန့်ထည့် ပုဇွန်လေးတွေကွေးလာရင် ရှာလကာရည်လေးအနည်းငယ်ထည့် ပဲပင်ပေါက်ထည့် ပဲပြုတ်ထည့် အရသာအပေါ့ငန်အတွက်ငံပြာရည်လေးထည့်ပီး ခဏမွှေ ပဲပင်ပေါက် ကျွတ်တာလေးစားချင်လို အကြာမထားဘဲမီးပိတ်အိုးချပါတယ်။
ဒီနည်းလေးက ဝိတ်လျော့နေသူတွေအတွက်ကြော်စားဖြစ်တာပါ ခုလိုတင်ပေးတဲ့ရည်ရွယ်ချက်က ဝိတ်ချနေသူတွေ ကိုယ်စားချင်တာလေးတွေကို အရသာရှိအောင် ကျန်းမာရေးနဲညီညွတ်ပီး အရမ်းဝိတ်မတတ်စေအောင်လုပ်စားလ်ုရတယ်ဆိုတာလေးသိစေချင်ယုံ Admin ကျွန်မလုပ်စားဖြစ်တယလေးတွေမျှဝေယုံသပ်သပ်ပါနော် Professional Chef မဟုတ်တဲ့အတွက်လိုအပ်ချက်များရှ်ပါက နားလည်ဖြည့်စွပ် ပေးကျပါ ခုဖေါ်ပြပါချက်နည်းတ တယောက်စာ ကိုယ့်လက်မှန်းနဲ့ကိုယ်ပါနော် လိုအပ်သလိုအချိန်အဆဖြင့် အဆင်ပြေကျပါစေ။
အားလုံးဘဲကျန်းမာလှပါ ဝိတ်ကျကျပါစေ
font
မဂၤလာပါ
===================
ပါဝင်ပစ္စည်းများ
- ပဲပင်ပေါက်
- ပဲပြုတ်
- ကြက်သွန်ဖြူ
- ကြက်သွန်နီ
- အရေုာင်တင်မှုန့်
- ငံပြာရည်
15/01/2020
မင်္ဂလာပါ
ဒီနေတော့ #ငါးခူမွှေချက်ထမင်းသုပ် လုပ်စားဖြစ်ပါတယ်
ထမင်းသုပ်ကိုအတတ်နိုင်ဆုံး Calories လျှော့အောင်ကြိုးစားကြည့်ထားပါတယ်။
ငါးခူမွှေချက်
=======
ငါးခူကို စပါးလင် ငံပြာရည်အနည်းငယ်ထည့်ပြုတ်ပြီး အသားနွှင်ပါ ကြက်သွန်ဖြူ နီ ဂျင်း စပါးလင်ရောကြိတ်ထားတာနဲ အရောင်တင်မှုန်လေးထည့် ဆီထည့်ပီး မွှေချက်လေးချက်ပါတယ် အရသာအတွက် ငါးငံပြာရည်ထည့်ပါတယ် အချိူမှုန့်မသုံးပါ ငါးရဲ့သဘာဝအရသာအချိူဘဲယူပါတယ်
ငါးခူမွှေချက်ထမင်းသုပ်
=================
-ထမင်းအဖြူ (ဆန်လုံးညို) ပိုကောင်းပါတယ် ဟင်းချိူပန်ကန်လုံးအသေးတခွက်စာ
-ခရမ်းချဉ်သီးတလုံး
-ကြက်သွန်နီ တလုံး
-သံပုရာသီးတစိတ်
-ငရုတ်သီးစိမ်း အနည်းငယ်
-ငံပြာရည်
-ငါးခူမွှေချက်
ခုသုပ်ထားတာ ပဲမှုန်မသုံးထားပါဘူး ဆီချက်မသုံးထားပါဘူး ငါးမွှေချက်ကပါလေယုံဆီလေးနဲဘဲသုပ်ထားတဲ့အတွက် ဆီတွေများမှာမပူပါနဲ ဒါဆို ပြီးပြည့်စုံတဲ့ထမင်းသုပ်တပွဲရပါပီနော်
စားချင်တဲ့အစာကို အတတ်နိုင်ဆုံး ဘယ်လိုကျန်းမာရေးနဲမျှတအောင်စားမလည်းတွေးပီးသုပ်ထားတဲ့ထမင်းသုပ်တပွဲပါ ထမင်းတွေအများကြီးမပါသလို ခရမ်းချဉ်သီးနဲကြက်သွန်နီအသားပေးပိုထည့်ထားလို့ ထမင်းလျှော့စားပီးဝိတ်ချချင်တဲ့သူတွေတွက်အဆင်ပြေမယ်ထင်ပါတယ်နော် ကြိုက်နှစ်သက်ရာ ဟင်းခါးလေးတခွက်နဲတွဲစားမယ်ဆိုပိုလို့ပြည့်စုံကျပါစေ။
For Healthy
Gyi
မင်္ဂလာပါ
ငါးခူမွှေချက်
=======
ငါးခူကို စပါးလင် ငံပြာရည်အနည်းငယ်ထည့်ပြုတ်ပြီး အသားနွှင်ပါ ကြက်သွန်ဖြူ နီ ဂျင်း စပါးလင်ရောကြိတ်ထားတာနဲ အရောင်တင်မှုန်လေးထည့် ဆီထည့်ပီး မွှေချက်လေးချက်ပါတယ် အရသာအတွက် ငါးငံပြာရည်ထည့်ပါတယ် အချိုမှုန့်မသုံးပါ ငါးရဲ့သဘာဝအရသာအချိုဘဲယူပါတယ်
=================
-ထမင်းအဖြူ (ဆန်လုံးညို) ပိုကောင်းပါတယ် ဟင်းချိုပန်ကန်လုံးအသေးတခွက်စာ
-ခရမ်းချဉ်သီးတလုံး
-ကြက်သွန်နီ တလုံး
-သံပုရာသီးတစိတ်
-ငံပြာရည်
-ငါးခူမွှေချက်
အားလုံးဘဲက်န်းမာလွပ့က်ပါစေ။
For Healthy
10/01/2020
မင်္ဂလာပါ
ဒီနေ Admin လုပ်စားဖြစ်တာလေးတခုမျှဝေပေးပါမယ် ခုခေတ်စားနေတဲ့ Keto နည်းနဲ့ ဝိတ်ချနေတဲ့တွေအတွက် အရမ်းအဆင်ပြေသလို ဝိတ်တတ်စေတဲ့အစားအသောက်မျ်ူးရှောင်စားချင်သူတွေအတွက် စားကောင်းမဲ့နည်းလေးပါနော် သူကတော့ ပန်းဂေါ်ဖီအဖြူ ပန်ကိတ်လုပ်နည်းလေးပါ။ ပန်းဂေါ်ဖီ အဖြူ (Cauliflower)ကို တချို့သောဝိတ်ချသူတွဟာ ဆန်အစားထိုး အနေနဲ့ Cauliflower Rice ဆိုပြီးစားကျပါတယ် နောက်ပိုစ်တခုမှာ Cauliflower Rice လုပ်ပီး စားတာလေးတင်ပေးပါမယ်။ ခုကတော့ Cauliflower Pan Cake လေးလုပ်ကြည့်ရအောင်ပါ ပြုလုပ်ဖို non- stick ဒယ်လေးတခုလိုပါမယ်။
ပါဝင်ပစ္စည်း
- ထောပတ် အနည်းငယ်
- ပန်းဂေါ်ဖီ အဖြူထုပ်
- ကြက်ဥ
- ငရုတ်ကောင်း
- ဆား
အရမ်းကိုလွယ်ကူရိုးရှင်းပီး လုပ်ရလွယ်ပါတယ်။
ပထမဦးစွာ ပန်းပွင့်လေးကို ရေဆူဆူမှာတမိနစ်လောက်ပြုတ်ပါ ပြီးတာနဲ့ ဂျစ်လေးနဲခြစ်ချပါအမှုန်လေးတွေရရင် ကြက်ဥ ဆား ငရုတ်ကောင်းမှုန့် (မကြိုက်ရင်ဖယ်နိုင်ပါတယ်)
ထည့်ပြီး သမအောင်မွှေပြီး ဒယ်အိုးပူလာရင် ထောပတ်လေးသုတ်ပြီး Pancake တခုစာ အဝိုင်းလေးထည့်ပြီး အိုးပူမှာကပ်ပြီး ဟိုဖက်ဒီဖက်လေးလှည့်ပေးပြီး အချိန် ၃ ၄ မိနစ်အတွင်းဆိုကျက်ပါပြီ။ သူ့ချည်းစားလိုအဆင်ပြေသလို ခရမ်းချည်ဆောစ့်လေးနဲတွဲစားလည်းအဆင်ပြေ အချိူးအစားကတော့ ကိုယ်လိုသလောက်မှန်းပါနော် ပြပေးထားတဲ့ပုံက တယောက်စာတခါစားစာလုပ်ပြထားတာပါ။ ဝိတ်ချနေတဲ့သူဆို ကိုယ်လိုအပ်တဲ့တနေ့တာ Caloriesအလိုက်တွက်ပီး ကြက်ဥအနည်းများထည့်ပါ။ အားလုံးဘဲကျန်းမာလှပ့ကျပါစေ။
=============================================
မဂၤလာပါ
ပါဝင်ပစ္စည်း
- ထောပတ် အနည်းငယ်
- ပန်းဂေါ်ဖီ အဖြူထုပ်
- ကြက်ဥ
- ငရုတ်ကောင်း
- ဆား
20/12/2019
5 Healthy Easy Salad Recipes For Weight Loss
5 Healthy Salad Recipes For Weight Loss | Easy Salad Recipes http://serious-fitness-programs.com/weightloss Follow Us On Facebook: https://www.facebook.com/TheSeriousfitness Tools and ingredients: black ceramic knife :...
22/11/2019
မင်္ဂလာပါ
Cook For Healthy မှ ကြိုဆိုပါတယ်
စာမရေးဖြစ်တာကြာပါပြီ Healthy ဖြစ်တာလေးတွေချက်ပြီးမတင်ဖြစ်တာလည်းကြာပြီပေါ့နော် တကယ်တော့ ကိုယ်တိုင်က ချက်ဖြစ်စားဖြစ်ပေမဲ့ အကြောင်းအမျိူးမျိူးကြောင့် Page နဲအလှမ်းဝေးပြီး post တွေမတင်ဖြစ်ဘူးဖြစ်နေခဲ့ပါတယ် ခုတလော ဘာ မှမတင်ဖြစိပေမဲ့ ချစ်ခင်တဲ့စိတ် အသိမှတ်ပြုစိတ်များနဲ့ Page ကို Like လေးတွေတိုးတိုးလာလို ဒီပေစ့် အပေါ် တာဝန်ယူ ဖွင့်ထားပြီး ခုကျ ပျက်ကွက်သလိုခံစားမိလို စာရေးပြီး ပြောရခြင်းဖြစ်ပါတယ် Admin ကျွန်မ စားဖြစ်တဲ့ Healthy Meals ချက်တာတွေပြန်တင်ပါမယ် တပတ်မှာအနည်းဆုံး new post တခုထပ်မနည်းတင်နိုင်အောင်ကြိုးစားပြီးတင်ပေးပါမယ် ကိုယ်တိုင်စားဖြစ်တာလေးတွေ Sharingပါမယ်ရှင့်
အားလုံးဘဲကျန်းမာလှပါ့ကျစေဖို့
ချစ်တဲ့ Admin
====================================================
မဂၤလာပါ
စာမရေးဖြစ်တာကြာပါပြီ Healthy ဖြစ်တာလေးတွေချက်ပြီးမတင်ဖြစ်တာလည်းကြာပြီပေါ့နော် တကယ်တော့ ကိုယ်တိုင်က ချက်ဖြစ်စားဖြစ်ပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် Page နဲအလှမ်းဝေးပြီး post တွေမတင်ဖြစ်ဘူးဖြစ်နေခဲ့ပါတယ် ခုတလော ဘာ မှမတင်ဖြစိပေမဲ့ ချစ်ခင်တဲ့စိတ် အသိမှတ်ပြုစိတ်များနဲ့ Page ကို Like လေးတွေတိုးတိုးလာလို ဒီပေစ့် အပေါ် တာဝန်ယူ ဖွင့်ထားပြီး ခုကျ ပျက်ကွက်သလိုခံစားမိလို စာရေးပြီး ပြောရခြင်းဖြစ်ပါတယ် Admin ကျွန်မ စားဖြစ်တဲ့ Healthy Meals ချက်တာတွေပြန်တင်ပါမယ် တပတ်မှာအနည်းဆုံး new post တခုထပ်မနည်းတင်နိုင်အောင်ကြိုးစားပြီးတင်ပေးပါမယ် ကိုယ်တိုင်စားဖြစ်တာလေးတွေ Sharingပါမယ်ရှင့်
ချစ်တဲ့ Admin
09/08/2019
ပဲကြာဆန် အမဲသားလွှာ ချဉ်စပ်သုပ်
ထိုင်းစတိုင် ကိုရီးယားစတိုင်မဟုတ်ဘဲ
ကိုယ်စတိုင်နဲ့ကိုယ်သုပ်ပလိုက်ပြီ
ဝိတ်လျှော့နေတဲ့သူတွေအတွက်လည်းအကိုက်ဘဲ😉
ပါဝင်ပစ္စည်းလေးတွေပြောပါမယ်
====================
- ပဲကြာဆန်
- ကြက်သွန်ဖြူ
- ကြက်သွန်နီ
- သံပုရာသီး
- အမဲသားလွှာ သိုမဟုတ် တခြားကိုယ်နှစ်သက်ရာ ပင်လယ်စာ
- ငရုတ်သီးစိမ်း
- ကိုက်လန်ရွက် အရွက်ကြိုက်လိုထည့်တာပါ
- နံနံပင်
- ငံပြာရည် ဆား
သုပ်နည်း
=====
အမဲလွှာလေးတွေနဲ့ကြက်သွန်ဖြူ ဒါးပြားရိုက် ဆီလေးပါလေယုံထည့်ပီး အိုးထဲလှိမ့် အမဲသားလွှာကျက်ပီဆိုရပါပီ ဟော့ပေါ့ထဲစားတဲ့အလွှာပါးလေးမို့ခဏနဲ့နူးပါတယ်နော် နောက်ပီး ကြက်သွန်နီပါးပါးလှီး ငရုတ်သီးစိမ်းလေးတွေပါးပါးလှီး နံနံပင်လေးတွေညှပ် အသုပ်ထဲထည့်မယ်နော် နောက်တဆက့်ပဲကြာဆန် ရေနွေးဆူထဲ ၂မိနစ်ပြုတိ ချခါနီးကိုက်လန်ရွက်လေးထည့် အိုးပေါ်ကချ ရေစစ် အားလုံးရောပြီး သံပုရာသီးညစ် ငံပြာရည်လေးနဲ့ သုပ် ဆီလည်းမပါ အရသာရှိ ချဉ်စပ်ပဲကြာဆန်သုပ်လေးရပါပြီ
Click here to claim your Sponsored Listing.