Kay Zin Aye

Kay Zin Aye

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Kay Zin Aye, Health/Beauty, Singapore.

14/07/2024

#ကိုယ့်သမိုင်းကိုယ်ဖောက်ပါ

ဘဝမှာတစ်ယောက်ထဲ
ရုန်းကန်နေရလို့ စိတ်ဓာတ်မကျပါနဲ့

တစ်ယောက်ထဲဆိုလည်း
တစ်ယောက်ထဲဖြစ်အောင်လုပ်

အားမငယ်နဲ့ လူတိုင်းမှာ ပြီးပြည့်စုံတဲ့
မွေးရာပါ ပါရမီဆိုတာ ဘယ်သူမှ
ပါမလာကြပါဘူး

ဘဝဆိုတာ
ကိုယ်တိုင်ဖန်ဆင်းရှင်ပဲ

ဘဝဆိုတာ
လှေငယ်တစ်စင်းနဲ့တူတယ်

ကိုယ်ဦးတည်ရာကိုရောက်ဖို့
ကိုယ်တိုင်ပဲ့ကိုင်နိုင်ရမယ်

ဘယ်သူ့ကိုမှအားမကိုးပါနဲ့
ငွေမရှိရင် လောကကြီးမှာနေရတာ
မျက်နှာငယ်ရတယ်

အချစ်ဆိုတာလည်းငွေရှိမှ
အချစ်ရှိတာ
အမျိုးဆိုတာလဲ
ရွှေရှိမှ အမျိုးတော်ကြတာ
ဒါက လောကလူ့သဘာဝရဲ့နိယာမပဲ

ကိုယ့်သမိုင်းကိုယ်ရေးပါ
ကိုယ်လျှောက်မဲ့လမ်း
ကိုယ်တိုင်ဖောက်ပါ

လူတိုင်းဟာ ကိုယ်အဆင်ပြေရင် ကြိုဆိုမယ့်သူရှိပေမယ့် ကိုယ်အဆင်မပြေရင်
ဘယ်သူမှအရေးမလုပ်ဘူး

ဘဝဆိုတာ လက်တွေ့ခံစားဖူးမှ
ကိုယ်ချင်းစာတက်ကျတာပါ

ဘဝဆိုတာ နိမ့်လိုက်မြင့်လိုက်ပဲ

ဗုံလုံတစ်လှည့်ငါးဖျံတစ်လှည့်ပဲ
အမြဲတမ်းနိမ့်ကြမနေဘူး
အပြောင်းအလဲဆိုတာအမြဲရှိပါတယ်

အဲဒါတွေကို သင်ခန်းစာအဖြစ်
ယူတက်ရင် ကျေနပ်စရာပါ

ဘာပဲဖြစ်ဖြစ်
လောကဇာတ်ခုံပေါ်မှာ
ဇာတ်ဆရာအလိုက် ကရတဲ့အခါ
မင်းသားနေရာက
သရုပ်ဆောင်ရတာရှိသလို

တခါတေလ လူကြမ်းနေရာကနေ
သရုပ်ဆောင်ရတာလဲရှိတာပဲ

ဝမ်းနည်းမနေနဲ့ စိတ်ဓာတ်ကျမနေနဲ့
အခွင့်အရေးဆိုတာ
နှစ်ခါမလာတက်ဘူးတဲ့

ငေးမှိုင် တွေးပူ
နောင်တ ရမနေပါနဲ့

တောင့်ခံထားပါ အားတင်ထားပါ
ကံဆိုးခြင်းတွေပီးရင်
ကံကောင်းခြင်းတွေ
ရောက်လာပါလိမ့်မယ်

မုန်းတိုင်းပြီးရင်
လေပြေလာသလိုမျိုးပေါ့

အဓိက က
စိတ်ဓာတ်ခိုင်မာဖို့
စိတ်ဓာတ်မကျဖို့
ဘဝကို အရှုံးပေးမသွားဖို့
အောင်မြင်တာရှိသလို
ရှုံးနိမ့်တာလည်းရှိတက်ပါတယ်.။

အောင်နိုင်သည်ဖြစ်စေ
ရှုံးနိမ့်ခဲ့သည်ဖြစ်စေ

အဓိကက
ဘဝအတွက် ခံနိုင်ရည်ရှိဖို့နဲ့
စိတ်ဓာတ်တွေ ကျိုးပျက်ယိမ်းယိုင်
မသွားဖို့ပဲအရေကြီးတာ မဟုတ်လား..


Uploader.

16/06/2024

ကိုယ် မနက်စာ မစားခင်
ကိုယ့်မိဘရော
နံနက်စာ စားရရဲ့လား ဆိုတာ
သတိရပေးပါ။

ကိုယ် နေ့လည်စာ စားနေရင်
ကိုယ့်မိဘရော
ဘာတွေနဲ့ စားနေမလဲ

ကိုယ် ညနေစာ စားဖို့ပြင်ရင်
ကိုယ့်မိဘရော
ညစာအတွက် အဆင်ပြေရဲ့လား
ဆိုတာလေးတွေ
သတိရပေးပါ။

ကိုယ် အ၀တ်ကောင်းလေးတွေ
ဝယ်ရင်
ကိုယ့်မိဘရော
ဘယ်လို အဝတ်တွေ ဝတ်နေလဲ
တွေးကြည့်ပေးပါ။

ကိုယ် သရေစာတွေ စားနေရင်
အဖေနဲ့ အမေ ဘာစားချင်မလဲ
စဉ်းစားကြည့်ပေးပါ။

ကိုယ် လစာတွေ ရခဲ့ရင်
ကိုယ့်မိဘရော
သုံးစွဲဖို့ လုံလောက်ရဲ့လား လို့
တစ်ချက်လောက် တွေးကြည့်ပေးပါ။

တကယ်တော့
လူဆိုတာ အတ္တသမားတွေမို့
ငါ့သမီး
ငါ့သား နဲ့
ငါ့မယား၊ ငါ့ယောက်ျားကိုဘဲ
သတိတရ ရှိပြီး
ကိုယ့်မိဘကို မေ့နေတတ်တယ်လေ…

ရသင့်တဲ့ သတိလေးတွေ ဆို
မှားမယ် မထင်ပါဘူးနော်…

Want your business to be the top-listed Beauty Salon in Singapore?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address

Singapore