10 Quite

10 Quite

Share

10 Quite follow back

Photos from 10 Quite's post 31/07/2024

ကိုယ့်မွေးသက္ကရာဇ်ကို ကြည့်ခြင်းဖြင့်
ကိုယ့်ရဲ့နက္ခတ်ကိုသိနိူင်ပါတယ်
==============

နက္ခတ် အဟောများ
💎💎💎🍊🍊🍊
နတ်နက္ခတ်၊ လူနက္ခတ် ကောင်းတယ်။ ဘီလူးနက္ခတ် မကောင်းပါ။ အိမ်ထောင်ပြုလျင် နတ်နက္ခတ်နှင့် လူနက္ခတ် ပြုလိုရတယ်။
လူနက္ခတ် နှင့် လူနက္ခတ်ပြုလိုရတယ်။
ဘီးလူနက္ခတ်နှင့်ဘီးလူနက္ခတ်ပြုလိုရတယ်

💔💔💔💔💔💔မှတ်ချက်။
လူနက္ခတ်နှင့် ဘီးလူနက္ခတ်အိမ်ထောင် မပြုရပါ။ဘီးလူနက္ခတ်နှင့်လူနက္ခတ်
အိမ်ထောင်မပြုရပါ။ပြုလျှင်အဆင်မပြေပါ။

#နတ်နက္ခတ်
💙💙💙
ထိုနက္ခတ်ပိုင်ရှင်တို့သည် လူဖြောင့်စိတ်တို များ ဖြစ်ကြသည် မိမိသာမှန်ပါစေ ငြိမ်ခံလေ့မရှိဘဲ မှန်ရာကို အားမနာတမ်း ပြောဆိုဝံ့သည်။ အပြိုင်အဆိုင်ပြုလုပ်ရခြင်းနှင့် တိုက်ခိုက်ရခြင်းကိုပျော်မွေ့သူဖြစ်သည်။

အပြောအဆို လိမ္မာသိမ်မွေ့သလောက် စိတ်ဓာတ်ရေးရာမှာ လွန်စွာ မာကြောသူ များဖြစ်သည်။ တဇွတ်ထိုးလည်း လုပ်ကိုင် တတ်သည်။

သစ္စာနှင့်မေတ္တာယှဉ်လာလျှင်တောင် သစ္စာကို ဦးစားပေးသူများဖြစ်ပြီး မှန်ကန်မှု ကို နှစ်သက်သူများဖြစ်သည်။

နတ်နက္ခတ်တို့၏သဘောမှာ အနေအထိုင်တည်ကြည်ခန့်ငြားသည်။ သို့သော် မကောင်းသောအချက်မှာ တယူသန်စိတ်နှင့် တဇွတ်ထိုးပြုလုပ်တတ် သော စိတ်ဖြစ်သည်။ ထိုစိတ်ကို ထိန်းချုပ် နိုင်မှသာ မိမိအလိုရှိရာကို လှမ်းကိုင်နိုင် သူများဖြစ်လိမ့်မည်။

မိတ်ဆွေအပေါင်းအသင်းမင်သူဖြစ်၍ ထိုသူတို့နှင့်ပတ်သက်လျှင် ကူညီပံ့ပိုး တတ်သည်။ ထို့ကြောင့် အပေါင်းအသင်း ဆရာသမားများ၏ အကူအညီများ မကြာခဏ ရတတ်သည်။ လောဘမကြီး
သောသူများဖြစ်သော်လည်း လွန်စွာ ချမ်းသာစိတ်ပြင်းပြသူများဖြစ်သည်။

မိမိရှိလျှင်လည်း မနှမြောဘဲ ပေးကမ်း တတ်သူ များဖြစ်သည်။

သီချင်းသီဆိုမှု၊ ကခုန်မှုများကို နှစ်သက် သည်။ စတိုင်ကျကျနေထိုင်တတ်သည်။ ကိုယ့်ခြေထောက်ပေါ်မရပ်မချင်း မိဘဆွေမျိုးများထံမှ လိုသမျှကို နားပူ နာဆာပြုလုပ်တတ်သည်။

အချစ်ရေးတွင်လည်း အပေါင်းအသင်း လောက် မမင်။ ချစ်သူ အိမ်ထောင်ဘက်နှင့် အချိန်တော်တော်များများအတူမရှိတတ် သူငယ်ချင်းအပေါင်းအသင်း နှင့် အပြင် နေရာများတွင် အချိန်ကုန်သည်က များ တတ်သည်။

သို့သော် အမှန်တကယ် ချစ်တတ်သူများ လည်းဖြစ်ကြသည်။ မရည်ရွယ်သူများနှင့် လည်း ဖူးစာဆုံလေ့ရှိတတ်ကြသည်။

အပေါင်းအသင်းမင်သူဖြစ်၍ အပေါင်း အသင်းကောင်းလျှင် ကောင်းသလို ကောင်းသည့်ဘက်သို့ရောက်ရှိသွားတတ်ပြီး မကောင်းလျှင် မကောင်းသကဲ့သို့ မကောင်းမှုဘက်သို့ အားသာသွားတတ် သည်။ စိတ်အရောင်ဆိုးလွယ်သည်။

မိမိရပ်တည်ချက်မှ တခြားသို့ နားယောင် လွယ်သည်။ စိတ်ဓာတ်မာသော်လည်း နားယောင်လွယ်ခြင်းသည် ယုံကြည်လွယ် သည့် အားနည်းချက် ကိုဖြစ်စေသည်။

ထိုနက္ခတ်ပိုင်ရှင်များ လိုက်နာရမည့်အချက်များမှာ ---
၁။ လူ့အောက်ကျို့ပေါင်းလေ နက်နဲသော ပညာရပ်များ အများမရနိုင်သော အမည် ကောင်းများရရှိတတ်သဖြင့် အောက်ကျို့ ပေါင်း ပါ။

၂။ နားယောင်လွယ် ယုံကြည်လွယ်သူု ဖြစ်သဖြင့် သူတစ်ပါးကို ယုံကြည်မလွယ် လေ တိုးတက်လေ ဖြစ်သဖြင့် ယုံကြည် မလွယ်ပါနှင့်

၃။အပေါင်းအသင်းများလျှင်များသည့်အလျောက် အကုန်လုံးကို ပေါင်းသင်းခြင်း မပြုဘဲ ရှောင်သင့်သူရှောင် ပေါင်းသင့် သူပေါင်း မရှောင်နိုင်လျှင်လည်း ကိုယ် ပေါင်းစိတ်ခွာအတိုင်းနေထိုင်ရမည်

၄။ စိတ်ရှည်သည်းခံပါ။ စိတ်ရှည်သည်းခံခြင်းသည် နတ်နက္ခတ် ပိုင်ရှင်တို့အတွက် ထိပ်ဆုံးသို့ ရောက်ရှိ မည့်လမ်းပင်ဖြစ်သည်။

#လူနက္ခတ်
🎎🎎🎎
ထိုနက္ခတ်ပိုင်ရှင်များသည် စကားအပြောအဆို မာသည်။ ပြတ်သားတတ်သည်။

ကွေ့ဝိုက်ပြောရသည်ထက် တည့်တည့် မခြွင်းမချန် ပြောလိုကြသည်။ အပြောမာသော်လည်း စိတ်နှလုံးသိမ်မွေ့ သည်။

ကိုယ်ကာယအားဖြင့်လည်း မည်သူ့အပေါ်မှ ရန်ပြုလိုစိတ်မရှိသူ များ ဖြစ်သည်။ ဘ၀တွင် သုခနှင့်ဒုက္ခယှဉ်လျှင် ဒုက္ခကိုပိုမိုရင်ဆိုင်ရသူများဖြစ်သဖြင့် ဘ၀အသိအမြင် ဘ၀အတွေ့အကြုံ များပြား သူများဖြစ်သည်။

လက်တွေ့ဆန်သော ဘ၀ကိုဖြတ်သန်းရသူ များဖြစ်သဖြင့် စိတ်ကူးယဉ်မှုနည်းပါး သူ များဖြစ်ကြသည်။

ဘ၀ပထမအရွယ်မှစ၍ အခက်အခဲမျိုးစုံကို ကြုံတတ်သူများဖြစ်ပြီး အရွယ်ရလာချိန် တွင် တော်ရုံတန်ရုံကို ခံနိုင်ရည်ရှိသူ စိတ်ထားတတ်သူများဖြစ်နေသည်။

အရာရာကိုလေ့လာလိုက်စားလိုစိတ် စူးစမ်းလိုစိတ်ရှိသည်။ ဘ၀တွင်လည်း ပြောင်းလဲခြင်းများစွာရှိနေတတ်ပြီး မွေးရပ်မြေမှပြောင်းရွှေ့နေထိုင်ရခြင်း ရုတ်တရက် အိမ်ထောင်ကျခြင်း၊ မိဘများ နှင့်ခွဲခွာရခြင်း ညီအစ်ကိုမောင်နှမ ဆွေမျိုးများနှင့်ခွဲခွာရခြင်းမျာြး?ကုံတွေ့ရသူများဖြစ်သည်။

မိမိအပေါ်ကို တင်စီးသောစကား မာနထောင်လွှားစွာ ပြောဆိုသော စကားများကို မခံချင်သူများဖြစ်ပြီး အများစုမှာ ချက်ချင်းလိုနှင့် မတဲ့တတ်။ မိသားစုနဲ့အဆင်မပြေတတ်ပေ။

ချစ်သူရည်စား များပြားတတ်ခြင်း သို့မဟုတ် အချစ်ရေး အိမ်ထောင်ဘက် အပြိုင်အဆိုင်များကို ကြုံတွေ့တတ်ကြ သည်။ နောက်ဆုံးပြိုင်စရာမရှိလျှင် ချစ်သူအချင်းချင်း လင်မယားအချင်းချင်း အပြိုင်စိတ်ဆိုးခြင်း အပြိုင် စိတ်ကောက် တတ် ကြပေသည်။

ဘ၀လုပ်ငန်းများတွင် ပညာရေးလုပ်ငန်း များထက် စီးပွားရေးများတွင် ပိုမို အကျိုးပေးသူများလည်းဖြစ်သည်။

လိုက်နာရန်အချက်များကတော့ ---
၁။ စကားပြောမာကျောသူဖြစ်လျှင် သိမ်မွေ့စွာပြောဆိုပါက စကားပြောပညာ နှင့် နဂိုရှိပြီးသားဘ၀ အသိပညာ ပေါင်း စပ်မိပြီး လူအများ အားကိုးအားထားသူ ဖြစ်လာမည်ဖြစ်ပြီး အောင်မြင်ရေးအတွက် လည်း အထောက်အပံ့များ ဖြစ်ပေ လိမ့်မည်။။ ထို့ကြောင့် စကားမာမာ ပြောခြင်း အားရှောင်ကြဉ်ပါ။

၂။နောက် အတိုက်အခံသဘောမျိုးတွေ ကိုရှောင်ပါ။ ပြန်လည်တုံ့ပြန်ချင်းထက် ဥပက္ခာပြုလိုက်ခြင်းဖြင့် မထင်မှတ်သော ကျော်ကြားမှု ကောင်းသတင်းများအား ပိုင်ဆိုင်ပေလိမ့်မည်။

၃။စိတ်ကိုငြိမ်အောင်ထိန်းချုလ်ပါ။ ရုတ်တရက်တုံ့ပြန်မပြောခင် စိတ်ကို ငြိမ်အောင်ထိန်းချုပ်ပြီးမှပြောဆိုပါက ပိုမိုကောင်းမွန်လိမ့်မည်။

၄။ကိုယ်ကာယအား စိတ်နှလုံးအားဖြင့် ကောင်မွန်သူဖြစူဓစူယကသက်သဖြင့် စကားအပြောအဆိုကို ဆင်ခြင်စွာ ပြောဆို ခြင်းသည်ပင် လူနက္ခတ်ပိုင်ရှင်တို့အတွက် ထိပ်ဆုံးရောက်ရှိမည့် လမ်းပင်ဖြစ်.သည်။

#ဘီလူးနက္ခတ်
🌘🌘🌘
ထိုနက္ခတ်ပိုင်ရှင်တို့သည် စိတ်ဓာတ်ပြင်းပြ သူများဖြစ်ပြီး တိုက်လျှင်နိုင်ရမည် ယှဉ်လျှင်သာရမည်ဆိုသည့် စိတ်ထားမျိုး ရှိတတ်ကြသည်။။
အများစုမှာ မခံချင်စိတ် များပြားသူများ ဖြစ်သည်။

အအရာရာကို လေ့လာလိုက်စားသော သူများဖြစ်ပြီး ဟိုစပ်စပ်ဒီစပ်စပ် လုပ်တတ် သောသူများဖြစ်သည်။ ထိုကဲ့သို့ ပြုလုပ် သဖြင့် တစ်ခါတစ်ရံ အလုပ်ကိစ္စများတွင် တစ်၀က်တစ်ပြက်များ ဖြစ်နေတတ်ကြ သည်။
ကျေးဇူးတရားကိုသိတတ်သောသူများလည်းဖြစ်သည် ။ထိုသူတို့၏ စိတ်ဓာတ်သည သူကောင်းလျှင် ကိုယ်ကောင်းမည်။ သူမကောင်းလျှင် ကိုယ်မကောင်းနိုင် ဟူသော ကြည့်မှန်သဖွယ် နေထိုင်ကြ သည်။
ပေါင်းရသင်းရလွန်စွာခက်သောသူများဖြစ်ပြီး ကွယ်ရာတွင် ဝေဖန်အပြစ်ပြောခံရ ခြင်းများ ကြုံရတတ်ပြီး ထိုသို့ပြောသည်ကို လည်း ဂရုစိုက်လေ့မရှိသူများလည်း ဖြစ်သည်။

အပေါင်းအသင်းများကိုလည်း ကိုယ့် အပေါ်တကယ်နားလည်သူကိုသာ ရွေးချယ်ပေါင်းလေ့ရှိသည်။

လူအများနောက်လိုက်ထက် ဆရာလုပ်တတ်ခြင်း အမိန့်ပေး
တတ်ခြင်း သြဇာပေးလိုစိတ်များရှိသည်။ ထို့ကြောင့် ကိစ္စတော်တော်များများတွင် သိအောင်ကြိုးစားလေ့ရှိကြသည်။

ဤနက္ခတ်ပိုင်ရှင်များသည် သေလျှင် မြေကြီးရှင်လျှင်ရွှေထီးဟူသော စိတ်ထားမျိုးလည်းရှိပြန်သည်။ တခါတစ်ရံ ဝေခွဲမရသောကိစ္စများတွင် နောက်ဆုတ် လေ့မရှိ ရှေ့သို့သာ တုံးတိုက်တိုက် ကျားကိုက်ကိုက် ပြုမူတတ်ကြသည်။

ထိုအချက်သည် မှားမှန် ချင့်ချိန်မှု အားနည်းတတ်သော အဓိကအားနဲချက် တစ်ခုဖြစ်သည်။ ထိုအချက်ကိုတော့ အထူးပြုပြင်ရပေမည်

သူတို့သည် မည်သည့်နေရာတွင်မဆို ထင်ပေါ်ကျော်ကြားလိုကြသည်။ ငယ်စဉ်အခါတွင် အခက်အခဲများနှင့် ကြုံတွေ့ရတတ်သည်။

ချစ်သူ အိမ်ထောင်ဘက်များနှင့် ပတ်သက် ပြီး ခံစားလွယ် ပေါက်ကွဲလွယ် တတ်သည်။ သို့သော် နှစ်နှစ်ခါခါ ချစ်တတ်သူများ ဖြစ်သည်။

စီးပွားရေးနှင့်ပတ်သက်ပြီး စုပေါင်း လုပ်ခြင်း ထက် တစ်ဦးထဲလုပ်ကိုင်လျှင် ပိုမိုကောင်းမွန်ပြီး အများအကျိုး နှင့် သက်ဆိုင်သောလုပ်ငန်းများတွင် အကျိုး လွန်စွာပေးသူများဖြစ်သည်။

ထိုနက္ခတ်ပိုင်ရှင်များလိုက်နာဆောင်ရွက်ရမည့်အချက်များမှာ ---

၁။ထင်ပေါ်ကျော်ကြားလိုသော လောဘရှိသဖြင့် ထိုလောဘကိုထိန်းချုပ်ပါ

၂။မဝေခွဲနိုင်သောကိစ္စများတွင်တောင် တုံးတိုက်ကျားကိုက် စွန့်စား တတ်သူများ ဖြစ်သဖြင့် အမှားတွေဖြစ်တတ်ပြီး ဘ၀အတက်အကျမြန်တတ်သည်။ ထို့ကြောင့် ရှည်ကြာသောအောင်မြင်မှု မြဲမြံသော ရပ်တည်မှုများကို အလိုရှိပါက သေချာစဉ်းစားဆင်ခြင်ခြင်း၊ ရှေ့တစ်လှမ်း အတွက် နောက်တစ်လှမ်းဆုတ်၍ အားယူ ခြင်းများ ကို ချိန်ဆလုပ်ဆောင်ပါ။

၃။မခံချင်စိတ်များပြားသဖြင့် မခံချင်စိတ် ကြောင့် တစ်ခါတစ်လေ လောကကြီး ကိုပင် အရွဲ့တိုက်တတ်ကြသည်။ ထိုမခံချင်စိတ်အား စနစ်တကျ ထိန်းချုပ် ခြင်း မှန်ကန်သောနေရာတွင် အသုံချတတ် ခြင်း သည်ပင်


Glory Myanmar
GLORY Talents & Models Agency

ထိုနက္ခတ်ပိုင်ရှင်များအတွက် ထိပ်ဆုံးသို့ရောက်ရှိမည့်လမ်းပင်ဖြစ်ပေသည်။

#ပြန်လည်မျှ​ဝေခြင်းသာ

20/07/2024

ကံကောင်းတဲ့ လူသားများ

Want your business to be the top-listed Beauty Salon in Singapore?
Click here to claim your Sponsored Listing.

Category

Website

Address

Singapore