Yoon’s Med Journal

Yoon’s Med Journal

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Yoon’s Med Journal, Health/Beauty, Singapore.

15/05/2025

✍🏻 အခုတစ်လော သတင်း​တွေမှာ COVID-19 ကို ထိုင်းနိုင်ငံ၊ ဟောင်ကောင်နဲ့ စင်္ကာပူတို့လို့ နိုင်ငံတွေမှာ ကူးစက်မြန်ပြီး ပြန်ဖြစ်နေတာကို တွေ့ရပါတယ်။

⁉️ ဒီ COVID-19 ဟာ ဘယ်သူ​တွေမှာ ကူးစက်ခံရနိုင်​ချေ
အများဆုံးဖြစ်မလဲ?

✔️အသက် ၆၀ နဲ့ အထက် လူကြီးများ
✔️သက်ကြီးရွယ်အိုများ
✔️ကျန်းမာ​ရေး အားနည်းသူများ မှာ ပြင်းထန်တဲ့ COVID-19 ရောဂါဖြစ်ပွါးနိုင်​ခြေ ပိုများသူများဖြစ်ပါတယ်။

✍🏻 ဒါကြောင့်် အိမ်မှာ သက်ကြီးရွယ်အို ကလေးငယ်တွေရှိလျှင် ကိုယ်ကနေတစ်ဆင့် သူတို့ဆီ မကူးသွားအောင် ကိုယ်ကလဲ သူများဆီကနေ မကူးအောင် အောက်ပါအတိုင်း ကြိုတင် ကာကွယ်ကျရအောင်နော် 🙌🏻✨

🧼 လက်ကို မကြာခဏ​ဆေး​ကြော​ပေးပါ (အထူးသဖြင့်အပြင်ကပြန်လာလျှင် လက်ကို အရင်ဆေး​ကြောပါ)

😷 လူစည်ကား​သော​နေရာများ သွားလျှင် နှာ​ခေါင်းစည်း (Mask) တပ်ပါ

🤧 နှာ​ချေ/ချောင်းဆိုးလျှင် ပါးစပ်/နှာခေါင်း ကို လက်နဲ့အုပ်ပါ

🤒 နေမကောင်းလျှင် မလိုအပ်ပဲ အပြင်ထွက်ခြင်း၊ ခရီးသွားခြင်း၊ မိတ်​ဆွေသူငယ်ချင်းများနှင့်​တွေ့ခြင်း များကို လျှော့ချပါ

🤧 နှာရည်ယိုခြင်း၊ လည်ချောင်းနာခြင်း၊ ခေါင်းကိုက်ခြင်း(သို့) ဖျားခြင်းကဲ့သို့သော ရောဂါလက္ခဏာများ ပြလျှင် အိမ်မှာအနားယူပါ

🙌🏻 COVID-19 ကာကွယ်ဆေး မထိုးရသေးလျှင် ကာကွယ်ဆေးထိုးခြင်းဖြင့် အထိရောက်ဆုံးကာကွယ်ပါ

အများပြည်သူကျန်းမာရေး အတွက် အသိပညာ ဗဟုသုတများကို ယွန်းက ဆက်လက် sharing လုပ်ပေးသွားပါမယ်။



Reference: https://www.moh.gov.sg/newsroom/update-on-covid-19-situation-

14/05/2025

✍🏻 ယွန်းက ဒီနေ့မှာတော့ Amlodipine (အမ်လိုဒပင်း) လို့ခေါ်တဲ့ ဆေးရဲ့ အသုံးပြုပုံ၊ သတိထားရမယ့် အချက်၊ ဖြစ်တတ်တဲ့ ဘေးထွက်ဆိုးကျိုး​တွေကို ပြောပြပေးသွားမှာဖြစ်ပါတယ်။

✨Amlodipine ကို သွေးတိုးရောဂါမှာ ကုသဖို့ အတွက် အသုံးပြုပါတယ်။ နှလုံး​သွေးတိုး​ရောဂါ အခံရှိတဲ့သူ​တွေမှာ ဆရာဝန်ညွှန်ကြား​ပါတယ်။

✍🏻 ဆေးမသောက်ခင်မှာ ဆရာဝန်ကို ကြိုသတိပေးထားသင့်တဲ့အချက်များ။

Amlodipine မသောက်သုံးခင် အောက်ပါအခြေအနေတွေရှိရင် ဆရာဝန်ကို ပြောပြထားသင့်ပါတယ်။

✅ကိုယ်ဝန်ရှိရင် ဒါမှမဟုတ် ကလေးနို့တိုက်နေရင်။

✅ ကိုယ်ဝန်​ဆောင်ဖို့ စီစဉ်ထားရင်။

✅ ဆေးနဲ့ ဆေး ရဲ့ ပါဝင်ပစ္စည်းတွေနဲ့ ဓာတ်မတည့်ရင်

✅ တခြားစွဲသောက်နေတဲ့ ဆေးတွေရှိရင် (ဆရာဝန်ညွှန်ကြားထားတဲ့ဆေး၊ အားဆေး၊ တိုင်းရင်း​ဆေး၊ ဆေးဖက်ဝင်အပင်​ဆေး) စသဖြင့် ရှိလျှင် ဆရာဝန်ကို​သေချာ​ပြောပြထားပါ။

❗️ဘေးထွက်ဆိုးကျိုးများ ❗️

တခြားဆေးတွေလိုပဲ သူ့မှာလည်း ဘေးထွက်ဆိုးကျိုး အနည်းငယ် ရှိနိုင်ပါတယ်။ အဖြစ်များတဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့

⭕️ မူးဝေခြင်း/ ခေါင်းကိုက်ခြင်း
⭕️ ခြေထောက် ဖောရောင်ခြင်း
⭕️ မျက်နာ နီမြန်းခြင်း
⭕️ ထိုင်နေရာ မှ (သို့) လှဲနေရာ မှ ရုတ်တရက် ထလိုက်တဲ့အခါ ခေါင်းမိုက်ခနဲ ဖြစ်သွားတတ်ခြင်း

ခုပြောတဲ့ ဘေးထွက်ဆိုးကျိုးတွေက လူတိုင်းမှာ ဖြစ်ချင်မှဖြစ်မှာပါ။ တစ်ဦးနဲ့တစ်ဦးလည်း ကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဆေးရပ်လိုက်ရင် ဒါမှမဟုတ် ဆေးပမာဏလျှော့လိုက်ရင် သက်သာသွားပါတယ်။ အဲ့လိုမှမဟုတ်ပဲ
မသက်သာလျှင် ဆရာဝန်နဲ့ ပြန်တိုင်ပင်ကြည့်ပါ။

🔎 သတိပြုရန်:
ဤပို့စ်သည် အများပြည်သူကျန်းမာရေးအသိပညာပေးရန်အတွက်သာဖြစ်ပါသည်။ ဆရာဝန်ညွှန်ကြား ချက်ဖြင့်သာ သောက်သုံးသင့်ပါတယ်။

13/05/2025

Can Spinning Classes Be Dangerous? Here’s What You Need to Know About Rhabdomyolysis ✍🏻

💪🏻Spinning classes are a great cardio workout, but did you know they can sometimes lead to a serious condition called rhabdomyolysis?😱

💡 Rhabdomyolysis happens when your muscles break down rapidly leading to muscles death. When this happens, toxic components such as myoglobin enter your bloodstream and kidneys. This can cause acute kidneys injury and may even lead to kidney failure if left untreated.

Be aware of these symptoms after intense workouts over a short period:
⚠️ Severe muscle pain, especially in thighs
⚠️ Muscle weakness or swelling
⚠️ Dark-colored urine (like cola or tea)
⚠️ Nausea or fatigue

It’s more likely to occur if:
🧍🏻‍♀️You’re new to high-intensity workouts
💥 You push yourself too hard
🔥 You exercise in hot environments

How to protect yourself:
💪🏻 Start slow, especially if you’re new
💪🏻 Stay well-hydrated 💦
💪🏻 Listen to your body and rest if needed
💪🏻 Seek medical help if symptoms appear

Don’t be afraid to enjoy your workouts — but know your limits! Stay safe, stay informed.




Learn more: https://www.sgh.com.sg/news/tomorrows-medicine/rise-in-cases-of-muscle-breakdown-from-spin-cycling-study

13/05/2025

💙 Welcome to Yoon’s Med Journal!

ယွန်းရဲ့ ပေ့ချ်​လေးက​နေ ကြိုဆိုပါတယ်

Pharmacist တစ်ယောက်အ​နေနဲ့ ကျန်းမာ​ရေး ဗဟုသုတ နဲ့ ဆေးနဲ့ ဆေးဝါးများ​ အ​ကြောင်းကို Knowledge sharing လုပ်​ပေးသွားမှာဖြစ်ပါတယ် ✨☺️

✅ ကိုယ်ရဲ့​နေ့စဉ် သောက်​သုံး​နေတဲ့ အား​ဆေး နဲ့ တစ်ခြား ရောဂါအတွက် ဆေးများရဲ့ အကျိုးပြုပုံ…သတိထားရမယ့် ဆောင်ရန်​ ရှောင်ရန်များ

✅ ကျန်းမာ​ရေး နဲ့ အားကစား ဗဟုသု​တ​တွေကို လေ့လာ ချင်တယ် ဖတ်ချင်တယ်ဆိုရင် ဒီ page လေးကို follow လုပ်ထားပါ​နော် ✨☺️💙

I’m Yoon — a pharmacist passionate about sharing tips and knowledge about health, medicine and wellness ✨🩷

This page is my space to share clear, practical tips on everyday health, medicine safety, and wellness — no jargon, no confusion, just honest info that helps you live better.

Whether you’re here to learn more about your medications, supplements, or general health, I hope you find something useful here! ✨

Follow me for more tips and insights on health!

Want your business to be the top-listed Beauty Salon in Singapore?
Click here to claim your Sponsored Listing.

Category

Culinary Team

Attire

Website

Address

Singapore