The Beautiest

The Beautiest

แชร์

ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก The Beautiest, สุขภาพ/ความงาม, Bangkok.

26/09/2025

foodpanda က ည ၇နာရီကျော်ရင် FPDINNERဆိုတဲ့ code နဲ့ အနည်းဆုံး 8000ဖိုးမှာရင် 3000 mmk discount ရတယ်နော် codeကအ​ရေအတွက် ကန့်သတ်ချက်လေးတော့ရှိတဲ့ပုံဘဲနော် ✌️
စားချင်တာလေးတွေ ၇နာရီကျော်မှ မှာစားကြ 🤭
foodieတို့အတွက် တစ်ကွက်ပါ 🥰

Photos from The Beautiest's post 25/09/2025

Essence ကောင်းကောင်းရှာနေတဲ့သူတွေအတွက် အသင့်တော်ဆုံး essence လေးကတော့ Rovectin Hyaluronic Essenceလေးကိုသာ tryကြည့် ၁၀ယောက်မှာ ၁၀ယောက်လုံးကြိုက်ကြမှာအသေအချာဘဲနော်

Rovectin Aqua Hyaluronic Essence က Hyaluronic Acid 7မျိုးပါဝင်ပြီး၊ အရေပြားအတွင်းပိုင်းထိ အစိုဓာတ်ကို ပြည့်ဝစွာရရှိစေပြီး အသားအရည်ကိုစိုပြေကြည်လင်စေတဲ့Essence ဖြစ်ပါသည်။

Hyaluronic Acid အပြင် အသားအရောင်မညီတာတွေကို သက်သာစေတဲ့ Niacinamide ပါဝင်ပါတယ်

ကိုယ်ဆို toner step ပါ skipလို့ရတယ် အများကြီးသုံးစရာမလိုဘဲ ၃/၄စက်နဲ့ လုံလောက်ပါတယ် လိမ်းလိုက်ရင် အသားထဲစိမ့်ဝင်လွယ်ပြီး လိမ်းပြီးတာနဲ့ အသားကိုစိုပြီးတင်းရင်းနေတာနော် ❤️

180ml နဲ့ 100ml ဆိုပြီး 2 sizeရှိတာကို 100mlကို အရင်စမ်းသုံးကြည့်ပြီး အရမ်းကြိုက်လို့ 180ml ကို 60000 ကျော်နဲ့ Apr လထဲကဝယ်ထားတာ ခုပုံပါအတိုင်း ကျန်သေးတော့ budgetလည်းကိုက်တယိနော် 🤭

ဘူးသေးလေးထဲကိုတော့ ခရီးသွား အပြင်သွားတဲ့အချိန်သယ်လို့လွယ်အောင် ခွဲထည့်ပြီးလည်းသုံးပါတယ်
ကုန်သွားရင်နောက်ထပ်ဝယ်မဲ့ product ထဲမှာပါတယ်နော် 💙
All skin type သုံးနိုင်ပေမဲ့ ကိုယ်တွေလို combination skin သမားတွေအတွက် နတ်ဆေးဘဲမို့ try ကြည့်ဖို့ ညွှန်းချင်ပါတယ်နော် 😊

24/09/2025

မနေ့က exfoliating ဘာလို့ အရေးကြီးလဲ ပြောပြပြီးပြီဆိုတော့ ဒီနေ့မှာ ဘယ်လို exfoliating တွေလုပ်လို့ရလည်းဆိုတာ sharingလုပ်ချင်ပါတယ်။

Physical Exfoliating နဲ့ Chemical Exfoliating ဆိုပြီး ၂မျိုးရှိတယ်

Physical Exfloliating ဆိုတာကတော့ Scrub, Brush, Sponge ကဲ့သို့သော ပစ္စည်းများကို အသုံးပြုရပါသည်။

Scrub: သကြား၊ ဆား၊ ကော်ဖီမှုန့်၊ အသီးအစေ့အမှုန့်များ ပါဝင်သော ထုတ်ကုန်များဖြင့် မျက်နှာနှင့် ခန္ဓာကိုယ်ကို ညင်သာစွာ ပွတ်တိုက်ပေးရသည်။
Brush/Sponge: မျက်နှာသစ်ရာတွင် အသုံးပြုသော brushအပျော့စား သို့မဟုတ် Sponge ကဲ့သို့သော ပစ္စည်းများဖြင့် ဆဲလ်သေများကို ဖယ်ရှားနိုင်သည်။

အဆီပြန်သောအသားအရေ အတွက် ပိုမိုသင့်တော်သည်။ ထိခိုက်လွယ်သော (Sensitive) အသားအရေပိုင်ရှင်များ အနေဖြင့် ကြမ်းလွန်းသော Scrub များကို ရှောင်သင့်သည်။

Chemical Exfoliating ဆိုတာကတော့ Acid ပါဝင်သော ထုတ်ကုန်များကို အသုံးပြု၍ ဆဲလ်သေများကိုပွတ်တိုက်စရာမလိုဘဲ လိမ်းထားရုံဖြင့် ဆဲလ်သေများကို သူ့အလိုလို ကွာကျစေပါသည်။

Chemical Exfoliant များတွင် အဓိကအားဖြင့် အောက်ပါ (၃) မျိုး ပါဝင်ပါသည်။

AHA (Alpha Hydroxy Acid):
Glycolic Acid:အရေပြားအတွင်း ကောင်းစွာစိမ့်ဝင်နိုင်သည်။ အသားအရေ မညီညာခြင်း၊ အမည်းစက် နှင့် အရေးအကြောင်းများအတွက် အထူးသင့်တော်သည်။
Lactic Acid: Glycolic Acid ထက် ပိုမိုနူးညံ့သည်။ အစိုဓာတ်ကိုပါ ထိန်းသိမ်းပေးနိုင်သောကြောင့် ခြောက်သွေ့သောအသားအရေ နှင့် ထိခိုက်လွယ်သော အသားအရေများအတွက် သင့်တော်သည်။

BHA (Beta Hydroxy Acid):
Salicylic Acid: အဆီပြန်ခြင်း၊ ချွေးပေါက်ကျယ်ခြင်း၊ ဝက်ခြံ နှင့် ဆားဝက်ခြံ ပြဿနာများအတွက် အထူးထိရောက်သည်။ ဝက်ခြံဖြစ်စေသော ဘက်တီးရီးယားများကိုပါ တိုက်ဖျက်ပေးနိုင်သည်။
PHA (Polyhydroxy Acid): AHA နှင့် ဆင်တူသော်လည်း မော်လီကျူးပိုကြီးသောကြောင့် အရေပြားအတွင်းသို့ ဖြည်းညှင်းစွာ စိမ့်ဝင်သည်။ ထို့ကြောင့် အလွန်ထိခိုက်လွယ်သော (Very Sensitive) အသားအရေပိုင်ရှင်များ အတွက် အထူးသင့်တော်သည်။

Tips 🌟
✔️ Normal/Oily skin → တပတ် ၂~၃ ကြိမ်
✔️ Sensitive/Dry skin → တပတ် ၁ ကြိမ် လောက်သာ လုပ်သင့်ပါတယ်
✔️ Exfoliating လုပ်ပြီးနောက် moisturizer သေချာပြန်လိမ်းဖို့လိုပါတယ်
✔️ Exfoliating ကို ညနေဘက်လုပ်ဖို့ဘဲ recommended လုပ်ပါတယ်
✔️ Exfoliating လုပ်ပြီး နောက်ရက် အပြင်ထွက်မယ်ဆိုရင် Sunscreen မဖြစ်မနေလိမ်းပေးပါ
✔️ Brush ၊ Sponge ၊ Glove စတဲ့ tools တွေကို သန့်ရှင်းရေးသေချာလုပ်ပေးပါ

❌Physical exfoliating နဲ့ Chemical exfoliating ကိုတစ်ရက်ထဲ မလုပ်သင့်ပါ over exfoliating ဖြစ်နိုင်ပါတယ်

Over-exfoliating ၏ လက္ခဏာများ 🌀
အသားအရေ နီမြန်းခြင်း၊ စပ်ဖျဉ်းဖျဉ်းဖြစ်ခြင်း
အသားခြောက်ခြင်း၊ အဖတ်လန်ခြင်း
Skin Barrier ပျက်စီးပြီး အလွန်အမင်း ထိခိုက်လွယ်လာခြင်း
ဝက်ခြံများ ပိုဆိုးလာခြင်း
အသားအရေ တင်းပြီး နေရခက်ခြင်း စတာတွေဖြစ်နိုင်ပါတယ်

ဒါ့ကြောင့် မိမိ၏ အသားအရေအမျိုးအစားနှင့် လိုက်ဖက်သော နည်းလမ်းကို ရွေးချယ်ပြီး၊ သင့်တော်သော အကြိမ်အရေအတွက်အတိုင်း ညင်သာစွာ ပြုလုပ်ပေးမှသာ အကောင်းဆုံးရလဒ်ကို ရရှိနိုင်မှာ ဖြစ်ပါတယ်။

Skin Exfoliating သည် ကျန်းမာလှပသော အသားအရေကို ပိုင်ဆိုင်ရန်အတွက် အရေးပါသော အဆင့်တစ်ခုဖြစ်တာမို့ ကိုယ့်ရဲ့skincare routine ထဲမှာထည့်ပြီး tryကြည့်ကြပါနော် ✌️

23/09/2025

နာမည်ကြီးskincareတွေသုံးနေပေမဲ့ skincare effects အပြည့်အဝမရဘူးလို့ခံစားနေရတဲ့သူတွေရှိလား?
အဲ့ဒါဆိုရင် ကိုယ့်ရဲ့ skincare routine ထဲမှာ exfoliating stepလေးထပ်ထည့်ပေးကြည့်ပါ ပိုသိသာလာပါလိမ့််မယ်

Exfoliating က ဘာလို့ essential ဖြစ်တာလဲ?

မျက်နှာအသားအရေရဲ့ အပေါ်ယံအလွှာမှာ ပုံမှန်အားဖြင့် ဆဲလ်သေတွေ၊ ဖုန်မှုန့်တွေနဲ့ အညစ်အကြေးတွေက စုပုံနေတတ်ပါတယ်။ Exfoliating လုပ်တယ်ဆိုတာက ဒီဆဲလ်သေတွေနဲ့ အညစ်အကြေးတွေကို ဖယ်ရှားပေးတဲ့ step တစ်ခုဖြစ်တယ်။

အဲ့ဒါတွေကို မဖယ်ရှားပေးရင်အချိန်ကြာလာတာနဲ့ အမျှ Skincare က အသားအရေထဲ စိမ့်ဝင်ဖို့ ခက်ခဲလာတယ် အပေါ်ယံအလွှာမှာ ဆဲလ်သေတွေက အတားအဆီးလို ဖြစ်နေတဲ့အတွက် သင်လိမ်းလိုက်တဲ့ serum, moisturizer စတဲ့ Skincare တွေဟာ အရေပြားရဲ့ နက်ရှိုင်းတဲ့အလွှာထဲကို ကောင်းကောင်းစိမ့်ဝင်နိုင်ခြင်း မရှိတော့ပါဘူး။ အဲဒီအခါမှာ ထုတ်ကုန်ရဲ့ အာနိသင်ကို အပြည့်အဝ မရရှိနိုင်တော့ပါဘူး။

ချွေးပေါက်ပိတ်တာတွေ ဖြစ်လာတယ်: ဆဲလ်သေတွေက ချွေးပေါက်တွေကို ပိတ်ဆို့ပြီး ဝက်ခြံနဲ့ အဖုလေးတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။

အသားအရေ မွဲခြောက်ပြီး မကြည်လင်တော့ဘူး: ဆဲလ်သေတွေကြောင့် အသားအရေက ကြမ်းတမ်းပြီး ညစ်နွမ်းနေတတ်ပါတယ်။

တစ်ပတ်ကို (၁-၂) ကြိမ်လောက် exfoliate လုပ်ပေးရင် လုံလောက်ပါတယ်။ ပုံမှန် Exfoliating လုပ်ပေးခြင်းအားဖြင့် သင်သုံးတဲ့ Skincare တွေရဲ့ အာနိသင်ကို အပြည့်အဝရရှိစေမှာဖြစ်ပြီး အသားအရေကိုလည်း ကြည်လင်တောက်ပစေမှာပါ။

နောက်ရက်မှာ exfoliating နည်းလမ်းလေးတွေကို sharingလုပ်ပေးမှာမို့ page လေးကို like လေးလုပ်သွားပေးဦးနော် 👍

22/09/2025

နာမည်ကြီး K Beauty Brand တစ်ခုဖြစ်တဲ့ Skin1004 ရဲ့ Brighting Ampoule အဖြူရောင်လေးအကြောင်း honest review sharingလုပ်ပေးချင်ပါတယ် 🤍

အထဲမှာပါတဲ့အဖြူရောင်capsules လေးတွေက
လိမ်းလိုက်ရင် အသားထဲစိမ့်ဝင်သွားတာကလည်း
သူ့ရဲ့ထူးခြားချက်ပေါ့နော်

toner ထက်ပျစ်ပြီး serumလောက်လည်း မပျစ်ဘဲ လိမ်းလိုက်ရင် ထူထူပျစ်ပျစ်ကြီးမဖြစ်ပေမဲ့ အသားထဲစိမ့်ဝင်ဖို့ နည်းနည်းစောင့်ရတယ် မဟုတ်ရင်ကပ်စီးစီးလေးနည်းနည်းဖြစ်တယ်
(texture ကိုသိရအောင် dropတံလေးကနေ ချပြထားတယ်နော်)

skin type တော်တော်များများနဲ့ သင့်တော်ပြီး dry skinသမားတွေဆိုရင်တော့ တခြားအစိုဓာတ်ပေးနိုင်တဲ့ product တစ်ခုခုနဲ့တွဲသုံးရင်အဆင်ပြေနိုင်တယ် သူချည်းဘဲကတော့ လုံလောက်တဲ့ အစိုဓာတ်မရနေဘူး

Niacinamide ကိုစမ်းသုံးကြည့်ချင်ပေမဲ့ မတည့်မှာကြောက်သူတွေ နဲ့ ဝက်ခြံသမားတွေ Brighting အတွက်ထည့်သုံးချင်လည်း ဒါလေးကိုအရမ်းစမ်းသုံးကြည့်လို့
ရတယ်နော်

ကိုယ်တိုင်ခံစားချက်ကတော့ သူများတွေပြောသလို result အရမ်းသိသာတယ်တော့ မခံစားရလို့ ထပ်ဝယ်မလားဆိုမဝယ်ဘဲ တခြားအရောင်ampouleလေး tryကြည့်ဖို့ စဉ်းစားထားပါတယ် စမ်းသုံးပြီးရင် honest review လေးထပ်ပြောပေးမယ်နော်

ဒီ ampoule လေးလိမ်းနေတဲ့သူတွေရှိရင်လည်း reviewလေးပြောပေးဦးနော်
တခြားအရောင်လိမ်းနေတဲ့သူဆိုလည်း ကောင်းတာ ဆိုးတာလေးတွေမျှဝေပေးပါဦးနော် ✍️

10/09/2025

ကျန်းမာခြင်းသည်လာဘ်ကြီးတစ်ပါးဆိုတဲ့အတိုင်း ကိုယ်ကျန်းမာပြီးစိတ်ချမ်းသာမှ ဆုံးဖြတ်ချက်တွေမှန်ကန်ပြီး လုပ်ဆောင်သမျှဖြစ်ထွန်းအောင်မြင်မှာပါ

ယနေ့ITခေတ်မှာ လူတွေက Electronic devices တွေကိုအသုံးပြုအလုပ်လုပ်ကိုင်ရတာများပြီး ကိုယ်လက်လှုပ်ရှားမှုနည်းပါးလာပါတယ် အဲ့လိုလှုပ်ရှားမှုနည်းတာက ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာအတွက်မလိုလားအပ်တဲ့ဆိုးကျိုးတွေဖြစ်ပေါ်စေနိုင်ပါတယ်

ယောဂ (Yoga) လေ့ကျင့်ခန်းဟာ ရုပ်ပိုင်းဆိုင်ရာအကျိုးကျေးဇူးသာမက စိတ်ပိုင်းဆိုင်ရာအကျိုးကျေးဇူးတွေလည်းရရှိမှာပါ

ရုပ်ပိုင်းဆိုင်ရာအကျိုးကျေးဇူးများ
1. ခန္ဓာကိုယ်ကြွက်သားနဲ့အကြောများကို ကြံခိုင်ပျော့ပျောင်းစေသဖြင့် ကိုယ်ဟန်အနေအထားမှန်ကန်ပြီး ခါးနာခြင်းကဲ့သို့ နာကျဉ်မှုမျိုးကို သက်သာစေခြင်း
2. အရိုးပွခြင်း နှင့် အဆစ်အမြစ်ရောင်ရမ်းခြင်းကဲ့ဆို နာတာရှည်နာကျဉ်ရောင်ရမ်းမှုများကိုသက်သာစေခြင်း
3. သွေးလည်ပတ်မှုကောင်းမွန်စေသောကြောင့် နှလုံးကျန်းမာကောင်းမွန်စေခြင်း
4. အစာခြေစနစ်ကိုပိုကောင်းမွန်စေပြီး အစာအိမ်ကျန်းမာရေးအတွက်အထောက်အကူပြုခြင်း
5. ဇီဝကမ္မဖြစ်စဉ်ကို တိုးတက်စေသဖြင့် ကိုယ်အလေးချိန်လျှော့ကျစေခြင်း

စိတ်ပိုင်းဆိုင်ရာအကျိုးကျေးဇူးများ
1. အသက်ရှူနည်းစနစ်များ နှင့် လှုပ်ရှားမှုများကိုသတိနဲ့အာရုံစိုက်ခြင်းက စိတ်ဖိစီးမှုဟောမုန်းများကိုလျှော့ချပေးခြင်း
2. အာရုံစူးစိုက်မှုပိုကောင်းပြီး မှတ်ဥာဏ်ကောင်းစေခြင်း
3. endorphin ထုတ်လုပ်မှုကိုတိုးမြင့်လာစေခြင်းကြောင့် စိတ်ဓာတ်ကျခြင်း စိတ်အားငယ်ခြင်းကို လျှော့နည်းစေခြင်း
4. နှစ်ခြိုက်စွာအိပ်ပျော်စေခြင်း

ဒီလိုအကျိုးကျေးဇူးတွေကြောင့် လူတိုင်းကကိုယ့်ကျန်းမာရေးအတွက် အနည်းဆုံး တစ်နေ့ကို 15မိနစ်လောက်တော့ အချိန်ပေးပြီး Yogaလုပ်သင့်ပါတယ်

Computer အသုံးပြုပြီး အထိုင်းများသောသူများအတွက် အခြေခံYoga Poseလေးတွေကို နမူနာအနေနဲ့ထည့်ပေးထားလို့ လိုက်လုပ်ကြည့်ပြီး Yoga နဲ့ပတ်သတ်တဲ့အတွေ့အကြုံလေးတွေcommentမှာမျှဝေခဲ့ပါဦးနော် 🧘🧘‍♀️

10/09/2025

ဒီ page လေးကို ပစ်ထားတာ ကြာပီဆိုတော့ ဒီ pageလေးမှာ စျေးတွေရောင်းခဲ့တုန်းက အားပေးခဲ့ကြတဲ့ Customerတွေရော နေကောင်းကျန်းမာရဲ့လား ဘယ်နိုင်ငံတွေရောက်နေကြပြီလဲ မင်မင်ကိုမှတ်မိသေးရင် commentလေးမှာ ပြောသွားပေးဦးနော် ❤️

20/10/2021

🏮🏮 သီတင်းကျွတ်မှာ အိမ်ဝေးနေတဲ့ သူရဲကောင်းတွေတိုင်းကို ဒီပုံလေးနဲ့ ဂုဏ်ပြုပါရစေ.. 🏮🏮

#‌တော်လှန်သီတင်းကျွတ်

#ဆီမီးသပိတ်
#ဓမ္မကို_ဂုဏ်ပြုပူဇော်
#အဓမ္မကို_လောင်ကျွမ်း

02/07/2021

မင်မင်ကစျေးပြန်မရောင်းသေးပါဘူးနော်
ခုmaskတွေကမင်မင်ကိုယ်တိုင်သုံးဖို့မှာရင်းတူတူမှာချင်တဲ့သူတွေအတွက်တစ်ခါထဲမှာပေးတာပါ
စျေးပြန်ရောင်းချင်ပေမဲ့ခုချိန်မှာလူတိုင်းကမကုန်သင့်တာမကုန်အောင်ခြိုးခြံချွေတာပီးနေနေရလို့ မရောင်းချင်သေးပါဘူး ပီးတော့ နိုင်ငံအခြေအနေကလည်းဘာဖြစ်မလဲဆိုတာမခန့်မှန်းနိုင်ဘူးဆိုတော့လေ
မင်မင်ရဲ့customerလေးတွေ ကျန်းမာရေးဂရုစိုက်ကြပါနော် ခုချိန်မှာအရင်ကထပ် ကိုယ့်ကိုကိုယ် ၂ဆပိုပီးဂရုစိုက်ကြပါ
❗Maskတပ်ပါ
❗လက်ကိုခဏခဏဆေးပါ
❗အတတ်နိုင်ဆုံး လူစုလူဝေးနေရာတွေရှောင်ပီး ခပ်ခွာခွာနေကြပါနော်

Photos from The Beautiest's post 01/07/2021

လူကြီးmask က အဖြူ အနက်အပြင်တခြားအရောင်းလေးတွေလည်းရတယ်နော်
ကလေးmaskကတော့ ပန်းရောင်လေး နဲ့ အပြာ ကာတွန်းပုံလေးနဲ့ဟာရမယ်နော် သူကတော့လူကြီးထက်စျေးနည်းနည်းများသွားမယ်နော်

လူကြီး mask - 2000 (10ခုပါ 1ထုတ်)
ကလေး mask - 2300 (10ခုပါ 1 ထုတ်)
Preorder ပါ
လမ်းခရီးအခြေအနေကြောင့် ၂ပတ်(သို့) ၃ပတ်လောက်ကြာနိုင်ပါတယ်ရှင့်

Photos from The Beautiest's post 01/07/2021

KF94 mask လေးတွေမင်မင်လည်းမှာရင်း လိုချင်တဲ့သူရှိရင် တစ်ခါထဲမှာလို့ရတယ်နော် သယ်ခလောက်ဘဲယူပီးဝယ်ပေးမှာမို့ သူများထက်စျေးသက်သာမယ်နော်

📌 KF94 mask က 4 Layered Mask မို့ ရိုးရိုး Mask တွေထက် ပို Save ဖြစ်ပြီး ပိုးမွှား တွေကို 94% ထိ ကာကွယ်ပေးပါတယ်

📌3D type မလို့ စကားပြောရတာ အသက်ရှူရတာလည်း very comfortable ဖြစ်တယ်

📌မျက်မှန်သမားတွေ ပုံမှန် mask တွေက အငွေ့ရိုက်ပေမယ့် KF94 mask က အငွေ့မရိုက်ပါဘူး

Photos from The Beautiest's post 29/06/2021

Mask တွေ ထူလို့ ပါးတာရှာဝယ်တယ်၊ တပ်တယ်ဆိုတာ မလုပ်သင့်ဘူး။

US CDC က Mask ကို နှစ်ထပ်တပ်ဖို့ အကြံပြုထားတယ်။ Surgical mask ကို mask အရင်းနားလေးမှာ ထုံးပြီး တပ်ခိုင်းတယ်။ အဲ့အပေါ်မှာ အဝတ်နဲ့ ချုပ်ထားတဲ့ mask ထက်အုပ်ပြီး တပ်ခိုင်းတယ်။ အဝတ် mask ကိုတော့ မထုံးဘဲ တပ်ခိုင်းတယ်။

Surgical mask တခုထဲကို မထုံးဘဲ တပ်ရင် ၅၆.၁ % ကာကွယ်နိုင်တယ်။

ထုံးပြီးတပ်ရင် ၇၇ % ကာကွယ်နိုင်တယ်။

ရိုးရိုး အဝတ် mask တခုထဲ တပ်ရင်
၅၁.၄ % ကာကွယ်နိုင်တယ်။

ထုံးထားတဲ့ surgical mask ပေါ် .. အဝတ် mask အုပ်ပြီး နှစ်ထပ်တပ်ရင် ၈၅.၄ % ကာကွယ်နိုင်သတဲ့။

Edit - သတိထားဖို့က အမျိုးအစားတူတဲ့ Mask ၂ ထပ်မတပ်ဖို့ (Surgical mask ၂ ထပ်မတပ်မိဖို့) နဲ့ KN95 အပေါ်ကဆိုဘာ Mask မှထပ်မအုပ်ဖို့လည်း လိုပါတယ် ။

Crd - Paing Soe Moe
https://www.facebook.com/100009042236399/posts/2839152476396132/?d=n

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง ร้านเสริมสวย ใน Bangkok?
คลิกที่นี่เพื่อเป็นสมาชิก?

ทีมทำอาหาร

เสื้อผ้า

เบอร์โทรศัพท์

เว็บไซต์

ที่อยู่

Bangkok