San Hteik Htar -Online Marketplace

San Hteik Htar -Online Marketplace

แชร์

ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก San Hteik Htar -Online Marketplace, ความงาม เครื่องสำอาง และการดูแลตนเอง, Bangkok.

31/10/2025

Hello 👋👋 မင်္ဂလာရှိသော နေ့သစ်လေး ဖြစ်ပါစေနော် "စံထိပ်ထား"ရဲ့ မိတ်ဟောင်း မိတ်သစ် များ အားလုံး စိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်းများပြည့်စုံပီး လိုအင်ဆန္ဒများပြည့်ဝ ပါစေလို့ ဆုမွန်တောင်းပေးပါတယ်နော်
u

07/07/2025

7.7 sale လေးနဲ့ Bata shoe လေးတွေ promotion sale လေးရှိတယ်နော် 🤩🤩🤩 40-50% လေးမို့အရမ်းတန်ပါတယ်နော်
မှာယူမယ်ဆို ဖိနပ်ဆိုဒ်လေး cb မှာပြောပေးမယ်ဆို မင်မင် ရမယ့် ဖိနပ်‌ဒီဇိုင်းလေးတွေ ပြပေးမယ်နော် 😊😊
ပုံလေးက new year sale ကပုံလေးမို့ အာ့ဒီဇိုင်းလေးတွေ ဆိုဒ်ရှိမှ ရပါ့မယ်နော် 👌👌

30/06/2025

မနက်ဖြန် ထွက်မယ့် ထိုင်းထီလေးပါရှင့် 😊😊
ဘတ် 6 သန်း ကံထူးလေးဖြစ်ဖို့ ရွေးချယ် ကံစမ်းလို့ရပါပီနော်

23/06/2025

ဘယ်နေရာရောက်ရောက် ဈေး‌လေးရောင်းစကားလေးပြောရတာကိုက ကိုယ့်ဝါသနာလား မသိ ☺️☺️ CB လာမေးတဲ့ သူတိုင်းနဲ့ လေပေးလေးဖြောင့် စကားလေးကောင်းနဲ့ ကိုယ့်အစ်ကို၊ကိုယ့်အစ်မ တွေလို စိတ်ရင်းနဲ့ သေချာရှင်းပြ၊သေချာလိုက်ဝယ်ပေးနဲ့ ငယ်ငယ်က မိဘတွေပြောတဲ့ ကိုယ့်စေတနာ ကိုယ်အကျိုးပေးတယ်ဆိုတာ ဒါမျိုးကိုခေါ်တာနေမှာ ..ခုဆို တစ်ယောက်စကား တစ်ယောက်နားနဲ့ ကိုယ် မအားလို့ post မတင်ဖြစ်လဲ cb ၊ viber လာ ပီး လိုချင်တာလေးပြော ၊ပစ္စည်းလေးတွေမှာနဲ့ ကိုယ် တင်လိုက်တဲ့ ပစ္စည်းလေးတွေဆိုလဲ ချက်ခြင်း အားပေးတဲ့ တစ်ဦး တစ်ယောက်စီတိုင်း ကျေးဇူးပါရှင့် 🙏🙏
ကိုယ် လုပ်နေတဲ့ အလုပ်တွေတိုင်းမှာ အားပေး၊ ကူညီ ပေးတဲ့သူတိုင်းက ကိုယ့်ရဲ့ကျေးဇူးရှင်ပါပဲနော် ... ကိုယ့်ရဲ့ကျေးဇူးရှင် တိုင်းကို ရင်ထဲကနေကို မှတ်တမ်းတင်ထားပါတယ်ရှင့် 🫰
ကိုယ်ရဲ့နောက်ကနေ ပံ့ပိုးပေးသောသူတိုင်းလဲ ကျေးဇူးပါရှင့် ❤️❤️❤️
🇾🇪 Made ပစ္စည်းအစုံ၊အလင်မှာယူအားပေးလို့ရပါတယ်နော်
☺️☺️☺️

22/06/2025

1 ရက်နေ့ထွက်မယ့် ဘတ် (၆)သန်းလေးကံထူးရှင်ဖြစ်ဖို့ ရွေးချယ်ကံစမ်းလို့ရပါပီနော် 🙏🙏🙏

22/06/2025

ကိုယ်ဘာလေးပဲလုပ်လုပ် နောက်ကနေအမြဲပံ့ပိုးပေးတဲ့
💓💓 မာတာမိခင် 💓💓
ကိုယ်အတွက်အမြဲအဆင်သင့်ရှိပီးအကုန်လိုက်လုပ်ပေးသောသူ၊💕💕ကိုယ်ဘာလေးပဲရောင်းရောင်းဝယ်ယူအားပေးတဲ့ ကိုယ်ချစ်ရတဲ့အစ်မတွေ၊🫰🫰ကိုယ့်ကိုယုံကြည်စိတ်ချစွာအမြဲအားပေးတဲ့ ကိုယ်ချစ်ရသောကာကာလေးတွေ❤️❤️ ကိုကျေးဇူးအထူးပါနော်🥰🥰🥰
ခုဆို ထိုင်းထီးလေး (၇) စောင်ပဲ ကျန်ပါတော့တယ်ရှင့်☺️☺️
(၁) ရက်နေ့ထွက်မယ့် ထိုင်းထီလေးမှာ ဘတ်(၆) သန်းကံထူးဖို့အားပေးလို့ရပါပီနော် 😁😁

22/06/2025

မင်မင့်ဆီမှာ ထိုင်းထီလေးတွေ အားပေးလို့ရပါတယ်နော်...😊

၁.၇.၂၀၂၅ ထွက်မယ့်ထီလေးတွေပါရှင့် ..

📣📣ထီ ပေါက်ဖို့အခွင့်အရေးများတဲ့ ထိုင်းထီလေးတွေပါရှင့် အက္ခရာ မပါလို့ နံပါတ်လေးပဲဆိုတော့‌ပေါက်ဖို့အခွင့်အရေးပိုများတယ်နော် ...

📣📣ပေါက်ခဲ့ရင် မင်မင်ကိုယ်တိုင်ထုတ်ပေးမှာဖြစ်လို့ပူစရာမလိုပါဘူးရှင့် .. နံပါတ်လေးတွေရွေးပီး kpay ,wave pay mobile banking လေးနဲ့ရှင်းလို့ရပါတယ်နော်..

🍀🍀 တစ်စောင် ၁၄၅၀၀ 🍀🍀 ပါနော်

ကြိုက်တဲ့ဂဏန်းလေးတွေ့ရင် မင်မင့် CB လေး လာပြောလို့ရပါတယ်နော် 🫰🫰

🌟ဘတ် ၆ သန်း ကံထူးရှင်ကြီးတွေ ဖြစ်ကြပါစေနော် 🌹🙏

Photos from San Hteik Htar -Online Marketplace's post 31/05/2025

Uniqlo မှာလဲ 6.6 promotion sale လေးရှိတယ်နော် ... Sale price လေးကော .. original price လေးကောနဲ့ အလှလေးတွေ အစုံမို့ ကာကာလေးတွေ အကြိုက်တွေ့ရင် မေးလို့ရပါတယ်‌ရှင့်
100% authentic ✓✓✓

Photos from San Hteik Htar -Online Marketplace's post 30/05/2025

Hello 👋👋 ကာကာလေးတို့ရေ Beverly hills polo club လေးက ဒီဇိုင်းအသစ်တွေနဲ့ sale လေးရှိလို့ လာပြောပြတာနော်
ဝက်ဝံရုပ်လေးထဲကရွေးမလား..စာသားလေးထဲကရွေးမလား
မမတို့အတွက် ဝက်ဝံ ဒီဇိုင်းအသစ်လေးကလှချက်နော်...မိုးတွင်းလေးမှာ အပေါ်ထပ် shirt လေးနဲ့ လန်းချင်လဲ ရသေးတယ်နော်.promotionလေးက ❤️❤️June 1 ❤️❤️....ထိမို့အမြတ်လေး အော်ဒါတင်ပေးနော် .... အထည်လေးတွေ ရွေးချင်လဲ မင်မင်နဲ့cb မှာ အချိန်ညှိပီး ဆိုင်လေးရောက်ရင် ပုံလေးတွေ ပြပေးမယ်နော် ..

29/05/2025

Positive Energy များတဲ့သူ ဖြစ်အောင်နေထိုင်ပါ ။
ကိုယ်နဲ့ ပတ်သက်လာသမျှ လူတွေဟာ ကိုယ့်ကြောင့် တိုးတက်ရတာမျိုး ၊ ပျော်ရွှင်ရတာမျိုး ၊ စိတ်လုံခြုံနွေးထွေးရတာမျိုး ခံစားရအောင် နေထိုင်ပါ ။

လူတစ်ယောက်နား ကပ်လိုက်လို့ အပူတွေကူးစက်တာ
မျိုး ကြုံရဖူးတယ်မဟုတ်လား ။ တွေ့တာနဲ့ အဆင်မပြေကြောင်းတွေ ညည်းညူမယ် ၊ သူများအတင်းတွေ ပြောမယ်ဆိုတဲ့သူတွေဟာ Negative Vibes တွေ ကြီးစိုးနေတာပဲ ။ အဲ့သလို လူမျိုးမဖြစ်စေနဲ့ ။

အတင်းမပြောနဲ့ … မညည်းညူနဲ့ ။ ဆဲဆို ရိုင်းစိုင်းတာတွေ မပြောနဲ့ ။ ကောင်းတာပြောပြော ဆိုးတာပြောပြော စကားဟာ စကားပဲမဟုတ်လား ။ တိုးတက်ရာ တိုးတက်ကြောင်းတွေ ပြောတတ်သူဖြစ်အောင်လေ့လာပါ။ စာအုပ်တွေဖတ်တာဟာ positive energy များတဲ့သူဖြစ်စေပါတယ် ။ အဓိပ္ပာယ်ရှိတဲ့စကားတွေပြောတတ်လာတယ် ၊ တွေးတောဆင်ခြင်နိုင်စွမ်းတွေ ပိုကောင်းလာတယ် ၊ စိတ်သဘောထား ပြည့်ဝတဲ့သူဖြစ်စေတယ် ။ ဒါမှသာ ကိုယ့်ဘေးနားက လူတွေကိုလဲ အထောက်ကူဖြစ်နိုင်မှာ ။

ပျော်စရာတွေ မျှဝေပါ ။ ဟာသတွေပြောပါ ။ ချစ်သူခင်သူတွေနဲ့ နွေးထွေးစွာနေထိုင်ပါ ။ မေတ္တာတရားထားပြီး ဆက်ဆံပြောဆိုပါ ။ အဓိကက စိတ်ပါပဲ … စိတ်ကောင်းကောင်းထားမယ် ၊ စိတ်ကို ကြည်အောင်နေမယ်ဆို အကြည်ဓာတ်တွေဟာ ကိန်းအောင်းလာမှာပါပဲ ။ ဒါဆို ကိုယ့်ဘေးနားကပ်သူတိုင်းဟာ အေးချမ်းရတာပါပဲ ။

Positive energy ရှိတာဟာ ရုပ်ရည် ၊ အချိုးစား ပြေပြစ်နေမှ မဟုတ်ဘူး … သူ့ရဲ့ အကောင်းမြင်စိတ်ထားကိုက ဆွဲဆောင်မှုအားရှိနေတာ ။ အဲ့ဒါက သူ့ကို ပိုကြည့်ကောင်းစေတာ ။ Positive Vibes တို့ဆိုတာဟာ သူ့အလိုလို ဖြစ်တည်နေတာမဟုတ်ပဲ ကိုယ်တိုင် ဖန်တီးတည်ဆောက်ရတာမျိုးပါ ။

Good listener တွေဟာ positive energy များသူတွေပါပဲ ။ လူတော်တော်များများဟာ သူတို့ပြောချင်တာပဲ ဇွတ်ပြောတတ်ကြတယ် … တစ်ဖက်လူစကားဆို သိပ်နားထောင်မပေးတတ်ကြဘူး ။ Good listener တွေဟာ တစ်ဖက်လူ ခံစားချက်ကို သေချာနားထောင်ပေးတယ် ၊ စာနာပေးတယ် ၊ စိတ်ရှည်တယ် ။ သူတို့ဆီ ရင်ဖွင့်ရရင် ကိုယ့်ရဲ့ အပူချိန်တစ်ဝက်လောက်က လျော့ကျသွားစေတာပဲ ။ စိတ်လုံခြုံနွေးထွေးရတယ် ။

ထပ်တူခံစားပြီး ၊ စိတ်ရှည်စွာနားထောင်ပေးခြင်းဟာ
ကူညီခြင်း တစ်မျိုးပါပဲ ။

လူတွေဟာ စကားပြောဖော်ဆိုတာ လိုအပ်တယ် ။ အထူးသဖြင့် သူတို့ရဲ့ ခံစားချက်ကို စိတ်ရှည်စွာ နာထောင်ပေးတတ်သူမျိုးကို ပိုလိုအပ်ကြတယ် ။ ရင်ထဲက အပူတွေကို ရင်ဖွင့်လိုက်တာနဲ့ တစ်ဝက်လောက်က ငြိမ်းချမ်းသွားရတာပဲ မဟုတ်လား ။

လူတွေဟာ ပြောဆိုရင် ပြောနိုင်တယ် …
နားထောင်ပေးဖို့တော့ ခက်ကြတယ် ။ ဒါ့ကြောင့် ကိုယ်တိုင်က နားထောင်ပေးတတ်အောင် လေ့ကျင့်ပါ ။ ဒါဟာ လူချစ်လူခင်ပေါစေသလို … ကိုယ့်ဘေးကလူတွေအတွက် အကျိုးပြုပါတယ် ။

ဒါ့ကြောင့် ကိုယ့်ဘေးက ဘယ်သူ့ကိုမဆို သူတို့ပြောချင်တာရှိရင် နားထောင်ပေးလိုက်ပါ ။
သူတို့အတွက် များစွာ အကူညီရသလို ကိုယ်လည်း ကုသိုလ်ရပါတယ် ။

Positive energy များသူတွေဟာ လူချစ်လူခင်ပေါများတယ် ၊ မျက်နှာပွင့်တယ် ၊ လူအများလေးစားကြတယ် ။ ဒါ့ကြောင့် ကိုယ်တိုင်က Positive Energy များအောင်ကြိုးစားပြီး နေထိုင်ပါ ၊ ဘေးကလူတွေကိုမျှဝေပါ ။

ဒါဆို ကိုယ့်ကမ္ဘာလေးဟာ ပိုစိမ်းလန်းပြီး ၊ ပိုအေးချမ်းပါလိမ့်မယ် ။ ကိုယ့်ဘေးမှာပွင့်တဲ့ ပန်းကလေးတွေဟာလည်း ပို၍ မွှေးပျံပါလိမ့်မယ် ။


#𝓡𝓔𝓛𝓐𝓧

28/05/2025

https://www.facebook.com/share/19FMsA5Kjn/

ကမ္ဘာမှာ NB.1.8.1 ကိုဗစ် ၁၉ မျိုးစိတ်သစ် ကူးစက်မှု မြင့်မားနေ

ကမ္ဘာတစ်ဝန်းမှာ COVID-19 ကပ်ရောဂါကို ဆက်လက်တိုက်ဖျက်နေစဉ်မှာ မျိုးဗီဇပြောင်းဗိုင်းရပ်စ်အသစ်တွေလည်း ဆက်တိုက်ပေါ်ထွက်လျက်ရှိပါတယ်။ ကျွမ်းကျင်သူတွေ မကြာခင်က အာရုံစိုက်လာတဲ့ မျိုးဗီဇပြောင်းဗိုင်းရပ်စ်တစ်မျိုးကတော့ NB.1.8.1 ဖြစ်ပြီး သုတေသီတွေကြားမှာ အလေးအနက်လေ့လာမှုတွေ ပြုလုပ်နေရတဲ့ မျိုးဗီဇခွဲအသစ်တစ်ခု ဖြစ်ပါတယ်။

💥NB.1.8.1 နဲ့ပတ်သက်တဲ့ အဓိကအချက်အလက်တွေက အောက်ပါအတိုင်း ဖြစ်ပါတယ်။

💢မျိုးဗီဇအမျိုးအစား: NB.1.8.1 ဟာ COVID-19 ရဲ့ မျိုးရိုးခွဲတစ်ခုဖြစ်ပြီး ကူးစက်နိုင်စွမ်း၊ ရောဂါလက္ခဏာပြင်းထန်မှုနဲ့ ကာကွယ်ဆေးအာနိသင်တို့ကို ကျော်လွှားနိုင်တဲ့ တမူထူးခြားတဲ့ မျိုးဗီဇပြောင်းလဲမှုတွေ ပါဝင်ပါတယ်။
💢ဇာစ်မြစ်: ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှာ တရုတ်နိုင်ငံမှာ ပထမဆုံးတွေ့ရှိခဲ့ပြီး၊ အခုအခါမှာတော့ ထိုင်းနိုင်ငံနဲ့ အခြားနိုင်ငံတော်တော်များများမှာလည်း ဒီမျိုးဗီဇပြောင်းကို တွေ့ရှိနေရပါပြီ။
💢ကူးစက်နိုင်စွမ်း: ဒီမျိုးဗီဇပြောင်းဟာ အရင် LP.8.1.x မျိုးဗီဇပြောင်းထက် ၁.၅ ဆ ကနေ ၁.၆ ဆအထိ ပိုမိုကူးစက်မြန်ဆန်ပါတယ်။
💢ကိုယ်ခံအားစနစ်ကို ကျော်လွှားနိုင်ခြင်း: NB.1.8.1 ဟာ ကာကွယ်ဆေးကြောင့်ရရှိတဲ့ ကိုယ်ခံအားအပါအဝင် ကိုယ်ခံအားစနစ်ကို ကျော်လွှားနိုင်စွမ်း မြင့်မားတာကို တွေ့ရပါတယ်။
💢ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ သတ်မှတ်ချက်: ကမ္ဘာ့ကျန်းမာရေးအဖွဲ့က NB.1.8.1 ကို လျင်မြန်စွာ ကူးစက်နိုင်တဲ့အတွက် "စောင့်ကြည့်ရမယ့် မျိုးဗီဇပြောင်း" အဖြစ် သတ်မှတ်ထားပါတယ်။
💢ရောဂါပြင်းထန်မှု: လက်ရှိအချိန်အထိတော့ NB.1.8.1 ဟာ အရင်မျိုးဗီဇပြောင်းတွေထက် ပိုမိုပြင်းထန်တဲ့ရောဂါကို ဖြစ်စေတယ်ဆိုတဲ့ ရှင်းလင်းတဲ့အထောက်အထား မရှိသေးပါဘူး။ အဖြစ်များတဲ့ ရောဂါလက္ခဏာတွေကတော့ အိုမီခရွန်မျိုးဗီဇပြောင်းရဲ့ လက္ခဏာတွေဖြစ်တဲ့ လည်ချောင်းနာခြင်း၊ ချောင်းဆိုးခြင်း၊ နုံးချိခြင်း၊ ခေါင်းကိုက်ခြင်း၊ ဖျားခြင်းနဲ့ နှာစေးခြင်းတို့နဲ့ ဆင်တူပါတယ်။
💢ကျန်းမာရေး အပေါ် သက်ရောက်မှု: ရောဂါလက္ခဏာတွေဟာ ယေဘုယျအားဖြင့် မပြင်းထန်ပေမယ့် လျင်မြန်တဲ့ပျံ့နှံ့မှုကြောင့် နိုင်ငံအသီးသီးမှာ ရောဂါဖြစ်ပွားသူအရေအတွက် မြင့်တက်လာခြင်း၊ ဆေးရုံတက်ရောက်ကုသမှုခံယူရသူ ဦးရေများပြားလာခြင်းနဲ့ သေဆုံးမှုတွေ ဆက်လက်ဖြစ်ပေါ်နေပါတယ်။
💢ထိုင်းနိုင်ငံရဲ့ လက်ရှိအခြေအနေ: ထိုင်းမှာ အဓိကကူးစက်နေတဲ့ မျိုးဗီဇပြောင်းကတော့ အိုမီခရွန် JN.1 ဖြစ်နေဆဲဖြစ်ပေမယ့် မကြာမီကာလမှာ NB.1.8.1 က ပိုမိုပျံ့နှံ့လာနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းထားပါတယ်။

💥သတိပြုစောင့်ကြည့်ရမယ့်အချက်တွေက အောက်ပါအတိုင်း ဖြစ်ပါတယ်။

💢ကူးစက်မှု လျှင်မြန်ပြီး ကိုယ်ခံအားစနစ်ကို ကျော်လွှားနိုင်စွမ်းရှိတာကြောင့် NB.1.8.1 ဟာ အနီးကပ်စောင့်ကြည့်ရမယ့် မျိုးဗီဇပြောင်းတစ်ခု ဖြစ်ပါတယ်။
💢ကမ္ဘာ့ နိုင်ငံတော်တော်များများက ရောဂါဖြစ်ပွားမှုကို လျှော့ချဖို့ ကြိုတင်တုံ့ပြန်ဆောင်ရွက်မှုတွေပြုလုပ်နေပါတယ်။
💢ရောဂါလက္ခဏာအများစုက မပြင်းထန်ပေမယ့် ကူးစက်မှု မများပြားစေဖို့နဲ့ စိုးရိမ်စရာ လူအုပ်စုထဲမှာ ပါတဲ့ပြည်သူတွေကို ကာကွယ်နိုင်ဖို့အတွက် ဂရုစိုက်ရမှာ ဖြစ်ပါတယ်။

Ref : Nation Thailand

#ဘန်ကောက်လမ်းညွှန်ကိုစိုင်း

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง ร้านเสริมสวย ใน Bangkok?
คลิกที่นี่เพื่อเป็นสมาชิก?

ประเภท

เว็บไซต์

ที่อยู่

Bangkok