DocdocDash Myanmar

DocdocDash Myanmar

แชร์

ထိုင်း, မလေးရှား, စင်ကာပူ, ဟောင်ကောင်, တူရကီ စတဲ့ နိုင်ငံတွေမှာ စိတ်ချရတဲ့ ဆေးရုံ, ဆေးခန်း တွေရှာဖွေဖို့ နဲ့ ရက်ချိန်း ရယူဖို့ 🏥

07/02/2026

📣 DocDocDash ၏ စာမျက်နှာအသစ် "Docdocdash ကျန်းမာရေး AI" သို့ ကူးပြောင်းခြင်း အသိပေးကြေညာချက်

မင်္ဂလာပါ DocDocDash မိသားစုဝင်များခင်ဗျာ။ 🙏

ပထမဆုံးအနေနဲ့ ကျွန်တော်တို့ရဲ့ "DocDocDash Myanmar" Page ကို စတင်တည်ထောင်ချိန်မှစ၍ ယနေ့ချိန်ထိ ယုံကြည်စွာဖြင့် လက်တွဲအားပေးခဲ့ကြတဲ့ အသုံးပြုသူ မိတ်ဆွေတစ်ယောက်ချင်းစီတိုင်းကို အထူးပင် ကျေးဇူးတင်ရှိပါတယ်။ လူကြီးမင်းတို့ရဲ့ ယုံကြည်မှု (Trust) နဲ့ ပံ့ပိုးမှု (Support) တွေက ကျွန်တော်တို့အတွက် ရှေ့ဆက်လှမ်းဖို့ အကြီးမားဆုံး ခွန်အားတွေ ဖြစ်ခဲ့ပါတယ်။ ❤️

ယခုအခါမှာတော့ ကျွန်တော်တို့အနေနဲ့ ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေ၊ ပိုမိုဆန်းသစ်တဲ့ နည်းပညာတွေနဲ့အတူ ခရီးလမ်းသစ်တစ်ခုကို စတင်တော့မှာ ဖြစ်ပါတယ်။
ဒါကြောင့် ကျွန်တော်တို့ရဲ့ Page ကို "Docdocdash ကျန်းမာရေး AI" အဖြစ် အမည်သစ်၊ page သစ်ဆီသို့ ပြောင်းရွှေ့ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း ဝမ်းမြောက်စွာ အသိပေးအပ်ပါတယ်။ 🎉

page အသစ်မှာ ဘာတွေထူးခြားလာမလဲ? 🤔 ✨

✨ Certified Myanmar Doctor ပါဝင်ခြင်း: လူကြီးမင်းတို့ရဲ့ ကျန်းမာရေးကိစ္စရပ်များကို ပိုမိုစိတ်ချယုံကြည်စွာ တိုင်ပင်နိုင်ရန်အတွက် လက်မှတ်ရ မြန်မာဆရာဝန်ကိုယ်တိုင် အဖွဲ့တွင် ပါဝင်အားဖြည့်ထားပြီး၊ ပိုမိုတိကျမှန်ကန်သော အကြံပြုချက် များကို ပေးစွမ်းသွားမှာပါ။ 👨‍⚕️👩‍⚕️
✨ တိကျခိုင်မာတဲ့ ကျန်းမာရေးဗဟုသုတများ
✨ ပိုမိုကောင်းမွန်သည့် သုံးစွဲသူအတွေ့အကြုံ
အောက်ပါ Link လေးကနေတဆင့် Page အသစ်ကို Like & Follow လုပ်ထားပေးကြဖို့ မေတ္တာရပ်ခံ ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ။ 👇

🔗 Page အသစ်ကို ဒီမှာ Follow လုပ်ပါ: https://www.facebook.com/profile.php?id=61587037277746
ပုံစံသစ်၊ အသွင်သစ်နဲ့ ပြန်လည်ဆုံတွေ့ကြမယ်နော်။ 💪

16/01/2026

😷ကျန်းမာရေးကို ဆိုးဆိုးဝါးဝါးထိခိုက်စေနိုင်တဲ့ ထိုင်းနိုင်ငံ တစ်ဝန်းမှာဖြစ်နေတဲ့ လေထုညစ်ညမ်းမှု (PM 2.5) ‼️

🚨PM 2.5 ဆိုတာက 2.5 Micro Meter ထက်တောင်သေးငယ်တဲ့ ဖုန်မှုန့်ကို ဆိုလိုတာဖြစ်ပြီး အစိုးရသတ်မှတ်ထားတဲ့လေထုစံနှုန်းက တစ်ကုဗမီတာ အတွင်း 37.5 Micro Meter ဖြစ်ပါတယ်

💨ဖုန်မှုန့်အရွယ်အရမ်းသေးငယ်လွန်းတာကြောင့် ခန္ဓာကိုယ်တွင်းဝင်ရောက်နိုင်ခြေအရမ်းမြင့်ပါတယ် အဆုတ်ကတစ်ဆင့် သွေးကြောတွေအထိပါ ဝင်ရောက်သွားနိုင်ပြီး နှလုံးရပ်တဲ့အထိ ဖြစ်စေနိုင်ပါတယ် ❤️‍🩹

❄️ရာသီဥတုအေးတဲ့ဒဏ်နဲ့ပေါင်းသွားပြီး ကျန်းမာရေးကိုဆိုးဆိုးဝါးဝါးထိခိုက်စေနိုင်ပါတယ်

✅ဘယ်လိုနေထိုင်ရမလဲ
(၁)ဖြစ်နိုင်ရင်အိမ်ထဲကနေအပြင်မထွက်ပါနဲ့
(၂) အိမ်မှာနေတဲ့အခါ ပြတင်းပေါက်တွေမဖွင့်ပါနဲ့ Air Purifier ရှိပါကသုံးပေးပါ
(၃)အပြင်ထွက်တဲ့အခါ သာမာန် Mask တွေထက် ပိုပြီးကာကွယ်မှုပေးနိုင်တဲ့ Mask တွေကိုသာတပ်ပေးပါ
(၄)ခန္ဓာကိုယ်နွေးထွေးအောင်ထားပြီး ကျန်းမာရေးနဲ့ညီတဲ့အစားအသောက်တွေစားပါ (၅) မျက်စိတွေစပ်တယ် နှာပိတ်တယ် အသက်ရှုမတာတွေ လည်ချောင်းနာတာတွေဖြစ်ခဲ့ရင်မပေါ့ဆပဲဆေးရုံ ဆေးခန်း အမြန်ပြသသင့်ပါတယ်

🇹🇭ဘန်ကောက်က ဆေးရုံ ဆေးခန်းတွေမှာ ကျန်းမာရေးဆွေးနွေးတိုင်ပင်ချင်တယ် ခန့်မှန်းကုန်ကျစရိတ်တွေသိချင်တယ်ဆိုရင် ကျွန်တော်တို့ DocDocDash ကို အချိန်မရွေးဆက်သွယ်မေးမြန်းနိုင်ပါတယ်

DocDocDash Myanmar
LINE:
WhatsApp: +66 93 043 0010
Phone : +66 93 043 0010
Viber: +66 93 050 2588
Email: [email protected]

.5
#လေထုညစ်ညမ်းမှုဘန်ကောက်
#ဘန်ကောက်ဆေးရုံဆေးခန်း

#ဘန်ကောက်ဆေးကု

14/01/2026

🔥ရင်ဘတ်ထဲမှာ ပူလောင်ပြီး နေမထိထိုင်မသာဖြစ်ဖူးလား? ညဘက်ဆို အိပ်ကောင်းချင်းမအိပ်ရဘဲ ပါးစပ်ထဲ ချဉ်ခါးခါးအရသာကြီးနဲ့ လန့်နိုးလာတာမျိုးရော? တော်တော်များများကတော့ 'အော်... အစားမှားလို့နေမှာပါ' ဆိုပြီး လွယ်လွယ်လေး တွေးတတ်ကြတယ်။ တကယ်တမ်းတော့ ဒါဟာ သာမန် ရင်ပူတာ မဟုတ်ဘဲ GERD (အစာရေမြိုပြွန်ပြန်ရောဂါ) ရဲ့ အချက်ပေးခေါင်းလောင်းသံ 🔔 ဖြစ်နေနိုင်တယ်နော်

🧐ဒီတော့ ဘယ်လိုလုပ်မလဲ။ အကောင်းဆုံးနည်းလမ်းက အစာအိမ်နှင့်အူလမ်းကြောင်း အထူးကုဆရာဝန် (GI Specialist) နဲ့ တွေ့ဆုံဆွေးနွေးဖို့ပါပဲ။ ကိုယ့်ဘာသာ ဆေးတွေ အမှားအမှန်သောက်ပြီး စမ်းသပ်နေတာထက်၊ ဆရာဝန်က သင့်ရဲ့ လက္ခဏာတွေ၊ နေထိုင်စားသောက်ပုံပေါ် မူတည်တဲ့ အကြောင်းရင်းတွေနဲ့ ကျန်းမာရေးရာဇဝင်ကို စနစ်တကျ မေးမြန်းစစ်ဆေးပါလိမ့်မယ်။

ပြီးရင် လိုအပ်လား၊ မလိုအပ်ဘူးလားဆိုတာကို ဆုံးဖြတ်ပေးပါလိမ့်မယ်။ ရည်ရွယ်ချက်က လိုတာထက် ပိုမစစ်ဘဲ၊ ကိုယ့်အတွက် အတိအကျ ကုသမှုရဖို့ပါ

🇹🇭လက်ရှိမှာတော့ ဘန်ကောက်မြို့ဟာ ဒီလိုရောဂါရှာဖွေကုသမှုတွေ 🧐အတွက် စိတ်ချရဆုံး နေရာတစ်ခုပါ။
ဘာကြောင့်လဲဆိုတော့ နိုင်ငံတကာ လေ့ကျင့်သင်ကြားထားတဲ့ အထူးကုတွေ၊ အဆင့်မြင့် စက်ကိရိယာတွေ ရနိုင်သလို၊ ကုသမှုကိုလည်း အရမ်းမြန်မြန်ဆန်ဆန် ခံယူနိုင်လို့ပါ။ လူနာတွေဟာ ရက်ပိုင်းအတွင်း ဆရာဝန်နဲ့ တွေ့ခွင့်ရပြီး စစ်ဆေးမှုတွေကိုလည်း ပြီးအောင် ဆောင်ရွက်နိုင်ပါတယ်။ အင်္ဂလိပ်လိုလည်း ရှင်းရှင်းလင်းလင်း ပြောလို့ရပြီး ကုန်ကျစရိတ်ကလည်း ကြိုတင်သိရတဲ့အတွက် စိတ်ချရပါတယ်။

📲DocDocDash အက်ပ်>> https://sholink.to/docdocdash ကနေ အခုပဲ ဘန်ကောက်မှာရှိတဲ့ GI အထူးကုဆရာဝန်တွေ၊ ဆေးရုံတွေကို နှိုင်းယှဉ်ကြည့်လို့ရသလို၊ တိုင်ပင်ခ ဘယ်လောက်ကျမလဲဆိုတာ ကြိုတင်သိနိုင်ပါတယ်။ အရင်လူနာတွေရဲ့ အမြင်တွေကိုလည်း ဖတ်လို့ရပြီး မိနစ်ပိုင်းအတွင်း ချိန်းဆိုမှုကို ဘွတ်ကင်လုပ်နိုင်ပါတယ်။ မှန်ကန်တဲ့ ရောဂါရှာဖွေမှုဆိုတာ မှန်ကန်တဲ့ ဆရာဝန်နဲ့ စတင်ရမှာပါ။ DocDocDash က ဒီလမ်းကြောင်းပေါ် စိတ်ဖိစီးမှုမရှိဘဲ ရောက်အောင် ကူညီပေးနိုင်ပါတယ်။

📲ဒီလောက်ညွှန်းတဲ့ DocDocDash App လေးကနေ DocDocDash ရဲ့ Partner Hospital တွေမှာရက်ချိန်းယူရင် 2% Cash Back ပြန်ရဦးမှာမို့ အခုပဲ စမ်းသုံးကြည့်လိုက်တော့နော်

🩺လိုအပ်တဲ့ကုသမှုကိုရှာလို့မရခဲ့ရင် အချိန်မရွေးမေးနိုင်ပါတယ်
DocDocDash Myanmar
LINE:
WhatsApp: +66 93 043 0010
Phone : +66 93 043 0010
Viber: +66 93 050 2588
Email: [email protected]


#ကိုယ်တိုင်ဘိုကင်လွယ်လွယ်တင်
#အစာအိမ်အူလမ်းကြောင်းအထူးကုဘန်ကောက်
#ကိုယ်တိုင်နှိုင်းယှဉ်ရှာဖွေဘိုကင်တင်

#ထိုင်းဆေးကုသိလိုရာမေး

13/01/2026

နေ့စဉ်ဘဝမှာ အနှောင့်အယှက်ပေးနေတဲ့ လေပွတာ ၊ဗိုက်အောင့်ဗိုက်ကယ်တာတွေ၊ ဗိုက်အမြဲပူနေတာတွေ၊ ဝမ်းတစ်လှည့်ချုပ် ဝမ်းပျက်တစ်လှည့်ဖြစ်နေတာတွေ... ဒါတွေဟာ Irritable Bowel Syndrome (IBS) အူလမ်းကြောင်းလှုပ်ရှားမှုရဲ့ အဓိကလက္ခဏာတွေပါ 🤒

💊ဆေးဆိုင်ကဝယ်သောက်နေတာတွေနဲ့ ဆေးမှီးတိုတွေက ယာယီသက်သာစေရုံသာရှိပြီး ရောဂါရင်းမြစ်ကိုဖြေရှင်းမပေးနိုင်ပါဘူးနော် ❌

👉ဒီလိုရှုပ်ထွေးတဲ့ အူလမ်းကြောင်း ပြဿနာကို ကိုင်တွယ်ဖြေရှင်းဖို့ အစာအိမ်နှင့်အူလမ်းကြောင်း အထူးကုဆရာဝန်နဲ့ တိုင်ပင်ဖို့ကအရေးအကြီးဆုံးပါပဲ ✅

🔎ဆရာဝန်က IBS ရောဂါကို ရှာတွေ့ဖို့အပြင် တခြားသောအစာအိမ်နဲ့ အူလမ်းကြောင်း ရောဂါတွေ ရှိမရှိပါ သေချာအောင်လည်း စစ်ဆေးပေးနိုင်ပါတယ်

🥗🍱လိုအပ်ခဲ့ရင် ကုသမှုအတွက် စားသောက်နေထိုက်မှုပုံစံ၊ စိတ်ဖိစီးမှုထိန်းချုပ်နည်းတွေ၊ သင့်တော်တဲ့ဆေးဝါးတွေအတွက်ပါ အကြံညဏ်တွေပေးသွားမှာပါ ✨

🇹🇭🏥အဖြေရှာရခက်တဲ့ ဒီဝေဒနာကို ကုသဖို့ ဘန်ကောက်က 𝐉𝐂𝐈, 𝐀𝐀𝐂𝐈 𝐀𝐜𝐜𝐫𝐞𝐝𝐢𝐭𝐚𝐭𝐞𝐝 ခေတ်မီဆေးရုံ ဆေးခန်းတွေမှာ ကမ္ဘာ့အဆင့်မီ ကျွမ်းကျင်ဆရာဝန်ကြီးတွေ ရှိပါတယ်။ လနဲ့ချီရက်ချိန်း စောင့်စရာမလိုဘဲ ထိရောက်တဲ့ ကုသမှုချက်ချင်း ရယူနိုင်ပါတယ်။

🩺ကိုယ့်ရဲ့ အစာခြေစနစ် ကျန်းမာရေးအတွက် မှန်းဆနေတာတွေကိုရပ်လိုက်ပြီး ထိရောက်တဲ့ ကုသမှုရှာဖွေဖို့အတွက် ..
📲DocDocDash အက်ပ် >> https://sholink.to/docdocdash ကနေ အခုပဲ ဘန်ကောက်မှာရှိတဲ့ IBS နဲ့ အစာအိမ်အူလမ်းကြောင်း အထူးကုတွေကို ရှာဖွေပြီး ချိန်းဆိုမှု ပြုလုပ်လိုက်ပါ။

✅ဆရာဝန်အချက်အလက်တွေကို နှိုင်းယှဉ်ကြည့်ပြီး လူနာတွေရဲ့ တကယ့် Reviews တွေကို ဖတ်ပါ၊ ကုန်ကျစရိတ်ကြိုသိပြီး အခုပဲ App ကနေ အခုပဲ ရက်ချိန်းယူလိုက်ပါ

🩺လိုအပ်တဲ့ကုသမှုကိုရှာလို့မရခဲ့ရင် အချိန်မရွေးမေးနိုင်ပါတယ်
DocDocDash Myanmar
LINE:
WhatsApp: +66 93 043 0010
Phone : +66 93 043 0010
Viber: +66 93 050 2588
Email: [email protected]


#ကိုယ်တိုင်ဘိုကင်လွယ်လွယ်တင်
#အစာအိမ်အူလမ်းကြောင်းအထူးကုဘန်ကောက်
#ကိုယ်တိုင်နှိုင်းယှဉ်ရှာဖွေဘိုကင်တင်

#ထိုင်းဆေးကုသိလိုရာမေး

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง ร้านเสริมสวย ใน Bangkok?
คลิกที่นี่เพื่อเป็นสมาชิก?

เบอร์โทรศัพท์

เว็บไซต์

ที่อยู่

Bangkok
10330