Tway mi yr tin by sanni
You've got to seize the opportunity if it is presented to you
အိမ်ကိုလွမ်းတယ် အဖေနဲ့အမေရှိနေမယ့် အိမ်လေးကိုပြေးပီးပြန်ချင်တယ်။
မိသားစုလိုက်ဘုရားတွေအရင်လိုမိသားစုလိုက်လူစုံတက်စုံသွားပီးဖူးချင်တယ်။
အရင်လိုအဖေ့လက်လေးချိတ်ပီး စကားတပြောပြောလမ်းလျောက်ချင်တယ်။
အိပ်ယာဝင်ချိန်တွေတိုင်းအရင်လို အမေ့ခြေသလုံးပျော့ပျော့လေးတွေကို ဒေါ်သောင်းစိန်ဆေးကလေးလူးရင်းနှိပ်ပေးချင်တယ်။
အရင်လိုမောင်လေးနဲ့ဂိမ်းတွေငြင်းလိုက်ခုံလိုက်ဆော့ချင်တယ်။
အရင်လိုတူလေးတွေနဲ့ဆော့ချင်တယ် တူမလေးတွေနဲ့စက်ဘီးလျောက်စီးချင်တယ်။
သားလေ ဘာမှမဖြစ်ချင်တော့ဘူးအမေရယ် အမေတို့အဖေတို့နဲ့အတူတူ ဈေးလေးရောင်းပီး ရှိတာနဲ့စားပီး ပျော်သလိုလေးပဲဘဝကိုဖြတ်သန်းချင်တော့တယ်။
သားပြန်လာချင်ပီ.....။
အချစ်ဟာအလွမ်း
"တစ်ခါကတုန်းက"ဆိုတဲ့အသုံးအနှုန်းကို သူ့အကြောင်းတွေးမိတိုင်း ကိုယ့်ဘာသာရေရွတ်မိနေခဲ့တာအခါခါ
ကိုယ့်အနာဂါတ်တွေအကြောင်းပုံဖော်မိတိုင်း သူ့စကားသံလေးတွေ သူ့စိတ်ကူးနဲ့ကိုယ့်အာရုံတွေအတူတူပေါင်းစပ်ပီး မက်ခဲ့ဖူးတဲ့အိမ်မက်ရက်ရှည်တွေကိုအလိုလိုသတိရမိနေခဲ့တာအခါခါ
တကယ်ဆို ဝေးသင့်လို့ဝေးခဲ့ပြီးပြီပဲမို့ ကိုယ့်ဘက်ကကြိုးတွေကိုယ်တိုင်သိမ်းရမှာသိပေမယ့် အချိန်အတော်ကြာသူ့အပေါ်ကိုယ်စိတ်နှလုံးနှစ်မြှုပ်ထားခဲ့မိတော့ ကိုယ့်သံယောဇဥ်စူးနဲ့ကိုယ်မို့နာကျင်ရက်နဲ့လွတ်မချခဲ့တာလည်းအခါခါ
ချစ်ခင်ပေါင်းသင်းဆက်ဆံခြင်းရဲ့အဆုံးမှာကွေကွင်းခြင်းဟာတည်မြဲတာမှန်းလည်းသိပါလျှက် နေညိုတိုင်းအလိိုလိုငိုမိတဲ့ကိုယ်ဟာ သူမရှိလည်းအဆင်ပြေပါတယ်ပြောခဲ့မိတာလည်းအခါခါ
ကိုယ်မဟုတ်တဲ့သူတစ်ယောက်နဲ့ ကိုယ်နဲ့အတူတူမက်ခဲ့ဖူးတဲ့အိမ်မက်တွေကို သူဆက်ပီးတိုင်ပင်ပုံဖော်နေပြီလားရယ်လို့တွေးမိတိုင်း ကိုယ့်ပါးပြင်ပေါ်မိုးစိုခဲ့တာလည်းအခါခါ
တကယ်လို့များ လက်ထပ်ဖြစ်ခဲ့ရင်ကိုယ့်လိုအငိုသန်ပီး အကြောတင်းတဲ့ သမီးကလေးမွေးခဲ့ရင် ကိုယ်နာမည်ကလေး ပေးပေးပါလားကွယ်လို့ပြောချင်မိတာလည်းအခါခါရယ်ပါအချစ်ရယ်.....( ခုတော့ကိုယ့်အချစ်မဟုတ်တော့ပေမယ့်ပေါ့။)
Sanni
27.5.2025
တစ်နေကွယ် သေနယ်သို့တစ်ခါကူး
မေ့လျော့ကာ မသေဘူးမထင်လိုက်ပါနှင့်
နေကွယ်တာ အခါများရင်ဖြင့်
သေနယ်ရွှာ တစ်ခါသွားရမယ်
တားမရဘူး။
(သံဝေဂအလက်ာ)
18/01/2025
သို့/
မနက်ခင်းတစ်ခုအစပြုရာ နေထွက်ချိန်မှ နေဝင်ချိန်အဆုံးကိုယ်ဟာလိုက်ငေးမောနေမိတဲ့ သူရူးတကောင်။
ဘယ်သူ့ဆီစိတ်ရောက်နေမယ်မှန်းမသေချာတဲ့လူတယောက်ပုခုံးကိုအမှီသဟဲပြုရင်း ဘဝရဲ့ပူငန်စပ်ခါးဝေဒနာတွေကိုမျှဝေဖို့အထိ ရည်ရွယ်ချက်တွေအပြည့်နဲ့မျှော်ငံ့လင့်နေတဲ့ သူရူးတကောင်။
မြောက်လေအပြန်မှာ အိပ်ယာကအနိုးခက်တဲ့မင်းဆီကိုယ့်အလွမ်းကလေးတွေ လမ်းကြုံထည့်ပေးလိုက်ပါရဲ့မင်းစိတ်လက်ချမ်းသာစွာပွေ့ဖက်ခြုံ၍နွေးပါချစ်သူ အို မဟုတ်ဘူး ကိုယ်သာချစ်ရသူ။
တခါက ဆိုတဲ့အသုံးအနှုန်းကို ဝါကျခင်းပြရရင် မင်းသိပ်ချစ်ပါတယ်လို့ပြောခဲ့ဖူးတဲ့တခါကဒီလူဟာခုထိမင်းရဲ့နာမ်စားကလေးကို ခလုတ်ကန်သင်းတိုက်တာကအစ ခေါင်းမူးခေါင်းကိုက်ဖြစ်တာအဆုံးရေရွတ်၍သတိရနေမိတုန်းပါ။
ကိုယ်ကတိမ်တွေနောက်ကိုအပြေးလေးလိုက်နေမိတာကြာပါပီ
တကြိမ်မှာတော့တိမ်တွေဟာကိုယ့်အနားဆိုက်မြိုက်စွာနဲ့ရောက်ခဲ့တယ်။တကယ်တမ်းအနားရောက်ခဲ့တုန်းက ကိုယ့်မှာဖမ်းဆုပ်လို့မရခဲ့ပါဘူး။
ဒီနေ့မင်းကိုလွမ်းနေပါတယ်...ဒီစကားကိုမနက်ဖြန်တွေမှာကိုယ်ဆက်ရှိနေခဲ့ရင်ဆက်လက်ပြောနေအုံးမှာပါ
ဒီနေ့မင်းကိုလွမ်းနေပါတယ်။
(အငိုသန်တဲ့သူရူးတကောင်မှပေးစာ) စံနီ
Hello Guy!
နှစ်တစ်နှစ်ရဲ့ နောက်ဆုံးနေ့ရက်လေးတွေကို အမှတ်တရလေးတွေချန်ထားခဲ့စေချင်တယ်။
ကိုယ်ပြောချင်ခဲ့ပေမယ့် မပြောဖြစ်ခဲ့တဲ့စကားတွေရှိရင် သတ္တိမွေးပီးသာပြောလိုက်ဖို့ တိုက်တွန်းချင်ပါတယ်။အဲ့စကားတွေဟာ မိဘကိုဖြစ်စေ ချစ်သူရည်းစားကိုဖြစ်စေ မောင်နှမဖြစ်စေ ညီအကိုဖြစ်စေ မိတ်ဆွေအပေါင်းသင်းဖြစ်စေ သူငယ်ချင်းဖြစ်စေပြောဖို့သတ္တိမွေးပါ။
ကိုယ်ပြောမယ့်စကားက တဖက်လူကို နာကျင်စေသည်ဖြစ်စေ၊ပျော်ရွှင်ရသည်ဖြစ်စေ၊ခွင့်မလွှတ်နိုင်စရာဖြစ်စေပြောဖို့သတ္တိမွေးပါ။ဒီလိုပဲ တဖက်လူက ကိုယ့်ကို နာကျင်စေလို့ဖြစ်စေ၊ပျော်ရွှင်စေသည်ဖြစ်စေ၊ခွင့်မလွှတ်နိုင်စရာကိစ္စတွေဖြစ်စေ ပြောပြပီးရင်ဖွင့်ပါသတ္တိရှိပါ။
တစ်နှစ်ပတ်လုံးမှာ ကိုယ့်မိဘကိုချစ်တယ်လို့ ဘယ်နှခါပြောဖြစ်ခဲ့သလဲစဉ်းစားပါ။အကယ်၍တနှစ်ပတ်လုံးမှာ တခါလေးတောင် မပြောဖြစ်ခဲ့ဘူးဆိုရင် ဒါဟာသိပ်ကိုဝမ်းနည်းစရာပါ မိဘအတွက်ဝမ်းနည်းစရာမဟုတ်ပဲ ကိုယ်ကိုတိုင်အတွက် ဝမ်းနည်းစရာပါ။မိဘတွေဟာ သားသမီးတွေရဲ့ဂရုစိုက်မှုနဲ့လေးစားတန်ဖိုးထားမှုနဲ့အတူသားသမီးတွေရဲ့ ချစ်ခြင်းကိုခံယူဖို့အထိုက်တန်ဆုံးသူတွေပါ။
နောက်ဆုံးတစ်ခုအနေနဲ့စကားဖြတ်ရရင် စာတွေဖတ်ပါ၊လောကကြီးကိုလေ့လာပါ။ မိမိကိုယ်ကိုချစ်ပါမိမိကိုယ်ကိုဝေဖန်ပါမိမိကိုယ်ကိုမြှင့်တင်ပါမိမိကိုယ်တိုင်ကြိုးစားပါ။
စံနီ/ တွေးမိတာလေးတွေကိုရေးမိခြင်း
29.12.2024
17/12/2024
ဒါလေးတွေလိုချင်လို့ ဘယ်ကအလကားရနိုင်မလဲရှင့် လှူလိုပါက ဆက်သွယ်နိုင်ပါတယ်နော်
Hello Guys!
ဒီနေ့စံနီပိုစ့်တင်ရမယ့် အတွေးလေးတခုရလို့တင်ဖြစ်ခြင်းပါလို့ ဦးစွာပထမ စကားချီလိုက်ရပါသည်။
မနေ့ကလေ စံနီ အစပ်တွေတအားအစားများပီး ဗိုက်အောင့်တာ တညလုံးပဲ။ လှဲနေလို့လဲမရ ထိုင်လို့ကလဲမသက်သာ လမ်းလျောက်တော့ပိုဆိုး နောက်ဆုံးလူကလုံးဝမရတော့ပဲ ချွေးစီးတွေကျပီးနုံးချိလာတာ။ အဲ့တာနဲ့ ဘာလုပ်ရမယ်မှန်းလဲမသိတော့ ရေခဲသေတ္တာထဲက လိမ္မော်သီးအေးစက်နေတာကို မျက်နှာကိုကပ် နောက် အခွံတွေခွာပီးရှု အသီးကိုစား အစိကိုဝါး။ တကယ်တော့ လူကတအားနုံးချိနေတဲ့အပြင် ဆေးကရေရေရာရာမရှိလို့ အာရုံပြောင်းအောင် ကိုယ့်စိတ်ကိုလှည့်စားတာပါဝေဒနာကိုသတိမရအောင်။ ခနလေးပဲကြာတယ် ဗိုက်ကထိုးအောင့်နေရာကနေရစ်ရစ်ပီးနာလာတာ ရေအိမ်တအားဝင်ချင်တော့ နုံးချိတဲ့ကြားကဝင် ဝမ်းထဲအပူအပုပ်အစပ်တွေထွက်သွားတော့ တော်တော်လေး နေရသက်သာပေမယ့် ဗိုက်ကအောင့်တာတော့ကျန်နေသေးတာ အဲ ခနနေတော့ ထပ်ရစ်နာလာပြန်ကရော အဲ့လိုနဲ့ပဲ လေးငါးကြိမ်လောက် အခန်းကထွက် ရေအိမ်ဝင် အခန်းထဲပြန်ဝင် အဲ့လိုလုပ်နေရာက လူကလုံးဝမရတော့ဘူး နုံးချိပီး ချွေးအလူးနဲ့အိပ်ယာထဲခွေခေါက်လှဲပီးမျက်စိမှိတ်လိုက်တာ မိုးကိုလင်းကရော။မနက် 6:30အိပ်ယာကနိုးတာနဲ့ ဗိုက်ကအောင့်တာပဲ လုံးဝလှုပ်မရဘူး လှုပ်တာနဲ့ထိုးအောင့်တာ အစာစားပီးဆေးသောက်ဖို့လုပ်ပေမယ့်ဆေးကမရှိလို့ မနက်၉နာရီမှပဲ အစာမာမာစားမရလို့ကောဖ်ီနဲ့ပေါင့်မုန့်ကိုမျောချပီးဆေးဝင်အောင်သောက်ရတယ်ကိုယ်ကလဲဆေးကြောက်တဲ့သူမို့ပါ။ဆေးသောက်ပီးတော့ တအားထိုးမအောင့်ပေမယ့်ဗိုက်ကရစ်တာကမပျောက်သွားဘူး ဒီညစာကိုတော့ ကိုယ့်လက်ရာခေါက်ဆွဲလေးကြော်စားလိုက်ရတယ် အစပ်ကခုတလောတော့ မစားရဲတော့ဘူး။
ခုလိုမျိုး ပြောပြရတဲ့ရည်ရွယ်ချက်ကတော့ စံနီ့လိုမျိုး အစပ်တအားစားတဲ့သူတွေကို သတိထားပီး အစပ်လျော့စားစေချင်တဲ့စေတနာလေးနဲ့ ပြောပြရခြင်းပါ။တကယ်လက်တွေ့ခံရရင် လူကအီစလန်ဝေသွားလိမ့်မယ် တအားပျော့တဲ့သူဆိုဆေးရုံပါတက်ရနိုင်တယ် စံနီကဆေးကြောက်တဲ့အပြင် တအားလဲတုန်လှုပ်ပီးဘေးမှာစိတ်ပူမယ့်သူမရှိတော့ ကိုယ့်ဝေဒနာကိုယ်ကြိတ်ခံရင်းသက်သာသွားတာမို့ တခြားအစပ်ကြိုက်တဲ့သူတွေအတွက် ပြန်လည်မျှဝေလိုက်ရပါသည်ရှန်
စာအဆုံးထိဖတ်ပေးလို့ကျေးဇူးတင်ပါတယ်ရှင် လပ်ဗြူ😗
စံနီ
page လေးဖွင့်လိုက်ပါပီရှန်!
ဖေါ်လိုဝါအများကြီးရလာခဲ့ရင် Liveလွင့်ပီး ငိုပြမှာပဲဖစ်ပါတယ်
pageဖွင့်ရတဲ့ရည်ရွယ်ချက်ကတော့ ပေ့နိမ်းလေးအတိုင်းပါပဲရှန်
တွေးမိရာအကုန်တင်မှာမို့ ကိုယ်မျက်စိနှောက်စေချင်တဲ့သူရှိရင် ဗွိုက်ပေးကြပါအုံးရှန်
คลิกที่นี่เพื่อเป็นสมาชิก?
