Khun's Memories
ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Khun's Memories, สุขภาพ/ความงาม, Bangkok.
03/05/2026
ရှိတဲ့သူက ပေးရင် ( စေတနာ )
ကျေးဇူးတင်ရမယ်......တဲ့
မရှိတဲ့သူက ပေးရင်
မရှိတဲ့ကြားက ခြစ်ချုပ်ပြီးပေးတဲ့အတွက်
စေတနာမဟုတ်ဘူး
အဲဒါ ( ချစ်မေတ္တာ )
တန်ဖိုးထားရမယ်........တဲ့။
▪️မိုးဃ်ဇော်
11/03/2026
ခဏရပ်နားခြင်းဟာ နောက်ဆုတ်ခြင်းမဟုတ်ပါ
ဘဝဆိုတာ အမြဲတမ်း အရှိန်ပြင်းပြင်းနဲ့ ပြေးလွှားနေရမယ့် ပြိုင်ပွဲတစ်ခု မဟုတ်ဘူး။ တစ်ခါတလေမှာ ရှေ့ကိုပဲ ဇွတ်တိုးဖို့ ကြိုးစားနေမယ့်အစား၊ အသက်ဝဝရှူပြီး ခဏလောက် ငြိမ်သက်ကြည့်လိုက်ဖို့ လိုအပ်ပါတယ်။
ဘာလို့လဲဆိုတော့... ကျွန်တော်တို့ဟာ ပန်းတိုင်တစ်ခုတည်းကိုပဲ အာရုံစိုက်လွန်းတဲ့အခါ လမ်းခုလတ်မှာ ရှိနေတဲ့ လှပတဲ့ အခိုက်အတန့်လေးတွေကို မေ့လျော့ပြီး ကျန်ရစ်ခဲ့တတ်လို့ပါပဲ။
တကယ်တော့ "ရပ်နားခြင်း" ဆိုတာ ခရီးဆုံးသွားတာ မဟုတ်ပါဘူး။ အရှိန်အဟုန်နဲ့ ပြေးလွှားရင်း ပါလာတဲ့ ပင်ပန်းနွမ်းနယ်မှုတွေကို လမ်းဘေးက အမှိုက်ပုံးလေးထဲမှာ စွန့်ပစ်ခဲ့ဖို့နဲ့၊ ရှေ့ဆက်ဖို့ လိုအပ်တဲ့ အားအင်တွေကို ပြန်လည်ဖြည့်တင်းဖို့အတွက် ခေတ္တခဏ အချိန်ယူလိုက်တာပါ။ ဒီလို ရပ်နားလိုက်ခြင်းကပဲ နောက်တစ်ကြိမ် ပြန်လည်ခြေလှမ်းပြင်တဲ့အခါ ပိုမိုကောင်းမွန်တဲ့ အရှိန်အဟုန်ကို ရရှိစေမှာပါ။
ဒုက္ခရထားကြီး ဖြတ်မောင်းသွားတဲ့အထိ ခဏလေး စိတ်ရှည်လက်ရှည် စောင့်ဆိုင်းကြည့်လိုက်ပါ။ ဒီအတားအဆီးတွေ ဖယ်ရှားပြီးသွားတဲ့ တစ်နေ့၊ ကျွန်တော်တို့ဟာ အရင်ကထက် ပိုမိုခိုင်မာတဲ့ ခြေလှမ်းတွေနဲ့ လျှောက်လှမ်းနိုင်ပါလိမ့်မယ်။ ဘဝမှာ မြန်မြန်ရောက်ဖို့ထက်၊ ကိုယ့်ရဲ့ ခရီးစဉ်ကို ပျော်ပျော်ရွှင်ရွှင် ခံစားရင်း မှန်မှန်နဲ့ ခိုင်ခိုင်မာမာ ရောက်ရှိဖို့ကပဲ ပိုပြီး အရေးကြီးပါတယ်...။
By Hana
Photo by Hana
Tagged to Ken Shin
ဆုံမှတ်
Crd #
PAOH
Pinlaung.
16/11/2025
အပြစ်မြင်မခံရခြင်းဟာ အချစ်ခံရခြင်းတစ်မျိုးဖြစ်တယ်။
💭 ||
05/11/2025
30/10/2025
ဘာမှစိတ်ညစ်စရာမတွေးနဲ့
မနက်ဖြန်များစွာရှိတယ် ။
• ဒိုးလုံး •
29/10/2025
ကြုံနေရတဲ့ သောကတွေချင်းတူနေရင်တောင်
စိတ်အနားပေးစရာ
နေရာတခုရှိိတဲ့လူက ပိုသက်သာတယ်
အဲဒါက
အိမ်တလုံးလည်းဖြစ်နိုင်သလို
အိမ်နဲ့တူတဲ့ လူတယောက်လည်း ဖြစ်နိုင်တယ် ။
• လူခေး •
💭
29/10/2025
ယောက်ျားလေး တစ်ယောက်ရဲ့ ဗီဇကို
ဘယ်လို မိန်းမကမှ ပြုပြင်လို့မရဘူး။
ဒါပေမယ့် တစ်ခုတော့ ပြောလို့ရတာပေါ့။
အဲ့ဒီ မိန်းမကို သူ့တို့ဘဝထက်
ပိုချစ်မှသာ သူတို့ကို သူတို့ ပြုပြင်ကြတာ။
💭
# crd
28/10/2025
နယ်မြို့လေး လွမ်းတယ်ဆို ..........😔
คลิกที่นี่เพื่อเป็นสมาชิก?
