San Hka Ze Nyoi
Knowledge share
18/03/2026
မိသားစု စားဝတ်နေရေးအတွက်- စစ်မှန်တဲ့ မေတ္တာတွေနဲ့ အစွမ်းကုန် ကြိုးစားခဲ့တဲ့ သူမ-
အခန်းလေး ထဲမှာ နေမကောင်းဖြစ်ပီး- အဖော်မရှိ ၁ယောက်ထဲ ဆုံးသွားတဲ့ မိန်းကလေး။
သူမရဲ့နမည်က- ဆယ်မွန် အသက် 33ထဲ- ဝင်ကာစပါ။
ဆယ်မွန်က ခွန်ကယ်မြို့ကနေ- စမွတ်ပက်ကန်မှာ အလုပ်လာလုပ်တာ။
နေ့ဘက်ဆိုင်ကယ်ဆိုင်မှာ လုပ်ပီး- ညဘက်ဆို ဘီရာဆိုင်မှာ အလုပ်လုပ်တယ်။
မနက် 1-2နာရီမှ ဆယ်မွန်က- နေထိုင်ရာ အခန်းကို ပြန်ရတယ်။
ရက်-လ-နှစ်တွေ ကြာလာတော့- ပင်ပန်းမှု ဒဏ်တွေကြောင့်- ကိုခံအား ကျဆင်းလာတယ်။
မိဘတွေ အေးအေးဆေးဆေး - နေနိုင်ဖို့ နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့တဲ့ ဆယ်မွန့်မှာ-ကင်ဆာဆိုတဲ့ ရောဂါ-ရှိလာတယ်။
ဆယ်မွန်- နေမကောင်းတော့ သူငယ်ချင်းတွေက ဂရုစိုက် အားပေးခဲ့ကြတယ်။
အနားယူပါလားလို့ ပြောပေမဲ့- ရတယ် သူအလုပ်လုပ်နိုင်တယ် ဆိုတဲ့ မွန်ဟာ- နားမထောင်ခဲ့ဘူး။
မိဘကို ရှာကျွေးမယ်ဆိုတဲ့- စိတ်က ဆယ်မွန့်ကို အင်အားတွေ ဖြစ်စေတယ်လို့ ပြောပြခဲ့တယ်။
တခါတရံ- အလုပ်ပင်ပန်းလွန်းတဲ့ ဆယ်မွန်ဟာ- အလုပ်စားပွဲမှာ အိပ်ပျော်နေလဲ- သနားလို့ ဘယ်သူမှ -မနှိုးရက်ခဲ့ကြဘူး။
ဆယ်မွန့်ရဲ့ မိသားစု အခက်အခဲတွေကို- သူငယ်ချင်းတွေက- နားလည်ပေးခဲ့ကြတယ်။
ပီးခဲ့တဲ့ ၃ရက်လောက်က- ဆယ်မွန်က ငါ..နေမကောင်းဘူး။
ဝမ်းသွားနေတယ် ခွင့်ယူမယ်ဆိုပီး- အလုပ်ကနေ ခွင့်ယူသွားခဲ့တယ်။
အဆက်သွယ်မရတဲ့ ဆယ်မွန့်ဆီကို -သူငယ်ချင်းတွေ 15ရက်နေ့ ညက လိုက်လာကြတယ်။
တံခါးအတွင်းကသော့ပိတ်ထားပီး- အထဲမှာ မီးဖွင့်ထားတယ်။
သူငယ်ချင်းရေလို့ခေါ်တော့- ဆယ်မွန့်ဆီက ထူးသံမကြားရဘူး။
အဲနောက် ဝန်ထမ်းဆီက- သော့အပိုနဲ့ ဖွင့်ခဲ့ကြပီး-
အခန်းထဲမှာ ဆယ်မွန်က- ကုတင်ပေါ်မှာ မှောက်လျက် လဲကျနေတယ်။
ဆယ်မွန့်ရဲ့ လက်တဖက်က- ဖုန်းကိုင်ထားပီး မဆုံးခင်က တစုံတယောက်ကို- အကူအညီတောင်းဖို့ ကြိုးစားခဲ့ပုံ။
ကယ်ဆယ်ရေးတွေလာတော့- ဆယ်မွန် ဆုံးသွားပီတဲ့။
ဆယ်မွန်-နေထိုင်ရာ- အခန်းလေးထဲမှာ ဝမ်းသွားထားတာတွေ- သွေးနဲ့ဝမ်း ရောပီး သွားထားတဲ့ မစင်တွေက
ပေကျံနေတယ်။
ဝေဒနာ ဘယ်လောက်တောင် -ခံစားရသလဲဆိုရင်
မစင်တွေကို သန့်ရှင်းရေး မလုပ်နိုင်ခဲ့ဘူး။
ဆရာဝန် ဆေးစစ်ချက်က- ကင်ဆာဝေဒနာရှင်
ဆယ်မွန်ဟာ-
ပြင်းထန်စွာ ဝမ်းလျောခဲ့ပီး- သွေးဝမ်းတွေသွားပီး- နှလုံးရပ်ပီး ဆုံးသွားခဲ့တာတဲ့။
အလောင်းကိုတော့ ဆေးရုံကို- ထပ်စစ်ဆေးဖို့ ယူသွားပီ
ချစ်သူ မထားတဲ့ ဆယ်မွန်ဟာ- နောက်ဆုံးတော့ မိသားစုအတွက် ကြိုးစားရင်း ဆုံးသွားခဲ့ရတယ်။
တကယ်လို့သာ ဆယ်မွန့် ရဲ့အနားမှာ တစုံတယောက်သာ ရှိခဲ့ရင် ဆယ်မွန်ကို ကယ်တင်နိုင်မှာပါ။
ဆယ်မွန် ဆိုတဲ့ မိန်းကလေး -ကောင်းမွန်ရာ ရောက်ပါစေ။
Thailand News
18/03/2026
လူတစ်ဦး တစ်ယောက်ရဲ့အပေါ်မှာ နားလည်မှု
ရှိဖို့ ဆိုတာ
တစ်ကယ်တော့ မလွယ်လှပါဘူး။
တစ်ခါတစ်လေ နားလည်အောင် ကြိုးစားနေရ
တာကိုက ပင်ပန်းရပါတယ်။
နားလည်ဖို့ ကြိုးစားရင်နဲ့ပဲ သည်းမခံနိုင်တာတွေ
ပိုများလာတတ်ပါတယ်။
သူကလည်း သူ့စရိုက်နဲ့ သူ့အကျင့်နဲ့။
ကိုယ်ကလည်း ကိုယ့်စရိုက်နဲ့ ကိုယ့်အကျင့်နဲ့ကိုး။
စိတ်သဘောထားခြင်းကတော့…ဘယ်လိုမှ
မတူနိုင်ပါဘူး။
သေချာစဉ်းစားကြည့်ရင်…
ကိုယ့်စိတ်တောင်
ဒီနေ့နဲ့ မနက်ဖြန် မတူနိုင်ပါဘူး။
သူကောင်းမှ ကိုယ်ကောင်းမယ်ဆိုရင်
ကောင်းတဲ့သူ ဆိုတာ ဘယ်မှာ ရှိလာပါ့မလဲ
ဆိုသလို
မတူညီမှုတွေအတွက်
ကိုယ့်ဖက်က ကြိုးစားလို့ရတာ တစ်ခုတော့
ရှိပါတယ်။
ခွင့်လွှတ်ပေးလိုက်ခြင်း ပါပဲ။
တစ်ဖက်သားကို ခွင့်လွှတ်ပေးလိုက်တယ်
ဆိုရင်ပဲ....
စိတ်ထဲမှာ…ပေါ့ပါးသွားတယ်။
လွတ်လပ် သွားပါတယ်။
ခွင့်လွှတ်ခြင်းရဲ့ နောက်မှာ မေတ္တာစိတ်တွေ
ဖြစ်လာပါတယ်။
မေတ္တာစိတ်ဖြစ်လာတော့ ပိုပြီး ခွင့်လွှတ်တတ်လာ
ပါတယ်။
ဒါကြောင့်
တစ်ဖက်သားကို နားလည်မပေးနိုင်ရင်တောင်
ခွင့်လွှတ်ပေးနိုင်အောင် ကြိုးစားရင်
ဘဝမှာ အလွန် အေးချမ်းပါတယ်။
ဘဝဆိုတာ…တိုတိုလေးပါ။
တစ်ယောက်နဲ့ တစ်ယောက် ဘာကြောင့်များ
အာဃာတတွေ
အမုန်းတရားတွေ
မနာလိုမှုတွေ ထားနေမှာလဲ။
ခွင့်လွှတ်ခြင်းရဲ့ အရသာကို ခွင့်လွှတ်ခဲ့ဘူးသူတိုင်း
ခံစားဘူးပါလိမ့်မယ်။
လက်စားချေခြင်းဖြင့် ပြဿနာကို အဆုံးသတ်လို့
မရပါဘူး။
ပြဿနာတွေရဲ့ အဓိက အဆုံးသတ်က
ခွင့်လွှတ်ပေးလိုက်ခြင်းပါပဲ။
ဘာကြောင့် လူတွေက ခွင့်လွှတ်ရမှာကို
ကြောက်နေတာလဲ ဆိုရင်…
အဖြေက ရှင်းရှင်းလေးပါ။
ခွင့်လွှတ်ပေးလိုက်ရတာဟာ ရှုံးနိမ့်တယ်လို့
ထင်နေတတ်ကြလို့ပါပဲ။
I can forgive but I can't forget
တဲ့။
( လူ တစ်ယောက်ကို ခွင့်လွှတ်ပေးလိုက်ပါ။
ဒါပေမဲ့ သူနာမည်ကိုတော့ မှတ်ထားလိုက်ပါတဲ့ )
တစ်ခါတစ်လေ
လူတစ်ယောက်ကို ခွင့်လွှတ်ပေးလိုက်လို့
ရချင် ရလိမ့်မယ်။
ဒါပေမဲ့ သူရဲ့လုပ်ရပ်တွေကိုတော့ မေ့လို့ ရနိုင်မှာ
မဟုတ်ပါဘူး။
ဒါကြောင့် ...သူငယ်ချင်း
ကိုယ့်ကို အကောင်းမမြင်တဲ့ သူတွေကို
ခွင့်လွှတ်လိုက်ပါ။
သူတို့ကြောင့် ကိုယ်က ကောင်းအောင်
ကြိုးစား နေနိုင်လို့ပါပဲ။
ကိုယ့်ကို ချောက်ချသူတွေကို ခွင့်လွှတ်လိုက်ပါ။
သူတို့ကြောင့် ချောက်ထဲမရောက်အောင်
ကိုယ့်ကိုယ်ကို သတိထားပြီးတော့ နေထိုင်တတ်
လာလို့ပါပဲ။
ကိုယ့်ကို အထင်သေးသူတွေကို ခွင့်လွှတ်လိုက်ပါ။
သူတို့ကြောင့် နေ့သစ်တိုင်း တိုးတက်အောင်
ကြိုးစားချင်စိတ်တွေ ဖြစ်ပေါ်နေလို့ပါပဲ။
ကိုယ့်ကို လိမ်လည်ထိခိုက်သူတွေကို
ခွင့်လွှတ်လိုက်ပါ။
သူတို့ကြောင့် ကိုယ့်မှာ အသိတရားတွေ
တိုးပွားလာလို့ပါပဲ။
ကိုယ့်ကို ဝေဖန်ရှုပ်ချသူတွေကို ခွင့်လွှတ်လိုက်ပါ။
သူတို့ကြောင့်
ကိုယ့်ရဲ့ ဂုဏ်သိက္ခာကို မထိခိုက်အောင်
ပိုမို ထိန်းသိမ်းတတ်လာလို့ပါပဲ။
ဘဝမှာ တွေ့ကြုံရတဲ့လူတွေနဲ့ အခြေအနေတွေကို
အပြစ်တင် ငြီးငြူမနေပါနဲ့။
ကောင်းတဲ့လူတွေက သင့်ကို ပျော်ရွှင်မှုတွေ
ပေးပါလိမ့်မယ်။
ဆိုးတဲ့လူတွေက သင့်ကို အတွေ့အကြုံတွေ
ပေးပါလိမ့်မယ်။
အဆိုးဆုံးလူတွေက သင့်ကို သင်ခန်းစာတွေ
ပေးပါလိမ့်မယ်။
အကောင်းဆုံးလူတွေက သင့်ကို အမှတ်တရတွေ
ပေးပါလိမ့်မယ်။
ဘာပဲဖြစ်ဖြစ် သူငယ်ချင်းရေ...
ဘဝမှာ တစ်ခဏတာ ဆုံကြရသူ အချင်းချင်း
ခွင့်လွှတ်ခြင်းဖြင့် ဆက်ဆံနိုင်ပါစေ။
#မေတ္တာဖြင့်
ချပ်နည်းလေးတွေက ရိုးရှင်းပြီး မြန်ဆန်တဲ့ အစားအစာတွေကို ပြန်လေရှဲခြင်းဖြစ်သည် ချပ်နည်းလေတွေသိချင်ရင် မန့်ခဲ့လို့ရပါတယ် ကြိုးစားနေဆဲပါ 🫠
17/03/2026
ဘယ်သူ့ကိုမှ အားကိုးတကြီးနဲ့
မျှော်လင့်မထားပါနဲ့ အတက်နိုင်ဆုံး
ကိုယ့်အားကိုယ်ကိုးနိုင်အောင် ကြိုးစားပါ။
ဘာမှမသိရင် အောက်ကျို့ရတယ်။
ဒါကြောင့် သိအောင် လေ့လာပါ။
ဘာမှမရှိရင် မျက်နှာငယ်ရတယ်။
ဒါကြောင့် ရှိအောင် ကြိုးစားပါ။
စာဖတ်ပါ။
အမှားနည်းပြီး အသိတရားကြွယ်ဖို့ အတွက်
လူတစ်ယောက်မှာ နေ့စဉ်
အချိန်ပေးပြီး စာဖတ်နေဖို့လိုအပ်တယ်။
ငွေရှာပါ။
ရှာပြီးမစုဆောင်းရင်လည်း
အိတ်ပေါက်နဲ့ ဖားကောက် ဆိုရိုးစကားလိုပဲ
သေအောင်ရှာ ချမ်းသာမှာ မဟုတ်တဲ့
အတွက်ကြောင့် ပိုက်ဆံစုပါ။
ဘယ်သူ့အပေါ်မှ မမှီခိုဘဲ ဘယ်သူ့မျက်နှာကိုမှ
မကြည့်ဘဲ နေနိုင်တဲ့အထိ ကြိုးစားရှာဖွေပါ။
ကိုယ့်ဒဏ်ရာကို လူတိုင်းကို ချမပြနဲ့
မင်းသိအောင် ကိုယ်ချင်းစာပေးမယ့်သူထက်
မင်းမသိအောင် ကြိတ်ပျော်နေမယ့်သူက
ပိုများပါလိုက်မယ်.....
တစ်ခါတလေမှာ
အေးအေးဆေးဆေးလေး အနားယူပြီး
တစ်ယောက်ထဲ နေတတ်အောင် နေကြည့်ပါ။
လွတ်လပ်ပေါ့ပါး စိတ်ချမ်းသာလာပြီးတော့
တချို့အရာတွေက ကိုယ်ထင်ထားသလောက်
အရေးမကြီးမှန်း အရေးမပါမှန်းသိလာပါလိမ့်မယ်။
ပျော်ရွှင်မှုဆိုတာ တစ်ခြားသူဆီမှာ မရှိပါဘူး
ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပြီး ကိုယ့်ဘဝထဲကပဲ
ကိုယ်ကိုယ်တိုင် ရှာယူရတာပါ။
คลิกที่นี่เพื่อเป็นสมาชิก?
