Sharing is sweet by irina

Sharing is sweet by irina

Share

i am a doctor
and writing blogs for health and beauty. will do personal honest reviews for skincare and beauty supplies🩵🩵🩵

Sharing is sweet by irina 05/24/2026

ဟလို ဟလို ...... ✋✋✋

suncream လိမ်းပီး မိတ်ကပ်လိမ်းတဲ့နေ့ဆို မျက်နှာက (သို့ )မိတ်ကပ်အရောင်က ခဏလေးနဲ့ ဘာလို့မဲပီးညစ်သွားရတာလဲ ...... 🤔🤔🤔

ဟုတ်ကဲ့ ..... အဲ့တာဘာလို့လဲဆိုတော့ ......
⚡suncream တော်တော်များများမှာ အဆီဓာတ်ပါဝင်မှုများကျပါတယ် ..... suncream မှာပါဝင်တဲ့အဆီဓာတ်ရယ် ...... မျက်နှာကနေပူထဲသွားရင်ထွက်တဲ့ အဆီရယ် ..... လေထုထဲက oxygen ဓာတ်ရယ်ပေါင်းပီး oxidation ဖစ်ပီး မဲညစ်သွားရခြင်းဖြစ်ပါတယ် ..... 💡💡💡

⚡ နောက်တစ်ခုက suncream ထဲမှာပါတဲ့ ပါဝင်ပစ္စည်းများနှင့် မိတ်ကပ်တွင်ပါဝင်သော ပါဝင်ပစ္စည်းတို့ ဓာတ်ပြုပီးလည်း မဲညစ်သွားတာမျိုးဖြစ်နိုင်ပါတယ် .....

⚡နောက်အရေးကြီးဆုံးတစ်ချက်က suncream လိမ်းပီး အချိန်မစောင့်ပဲ မိတ်ကပ်တန်းလိမ်းရင်လည်း မိတ်ကပ်ကြာကြာမခံပဲ oxidize ဖစ်တာမျိုးဖစ်တတ်ပါတယ် .....

အဲ့တာဆိုတော့ ကျမတို့ဒါကိုဘယ်လိုဖြေရှင်းကြမလဲ ..... 🤔🤔🤔

💡water based or gel type suncream suncream မျိုးကို အသုံးပြုနိုင်ပါတယ် ..... အဆီဓာတ်ပါဝင်မှုနည်းပါးလို့ oxidization ဖစ်တာသက်သာစေနိုင်ပါတယ်......

💡suncream လိမ်းပီးရင် အနည်းဆုံး တစ်မိနစ်ခန့် စောင့်ပေးပါ ..... ပီးမှ မိတ်ကပ်ထပိလိမ်းသင့်ပါတယ်နော် .....

💡primer ခံပီးလိမ်းပေးရင် ပိုအဆင်ပြေပါတယ် ...... suncream လိမ်းပီးရင် primer သုံးပေးပီးမှ မိတ်ကပ်ထပ်လိမ်းပေးရင် အလွှာတစ်ခုခံလိုက်သလိုဖစ်ပီး oxidization ဖစ်တာသက်သာစေနိုင်ပါတယ်......

💡 နောက်တစ်ချက်က မိတ်ကပ်လိမ်းရင် spong လေးနဲ့သေချာဖိလိမ်းပေးရင်လည်း မိတ်ကပ်သား မမဲသွားပဲ ကြာရှည်ခံမှာပါနော် ......

💡 setting powder or powder foundation လေးထပ်လိမ်းပေးရင်လည်း မိတ်ကပ်မဲတာကို သက်သာစေနိုင်ပါတယ်နော် ......

အဲ့တော့ နွေရာသီမှာ suncream ကလည်း မလိမ်းမဖြစ်လိမ်းရမယ် ...... မိတ်ကပ်သားသေးလည်း လှချင်တယ်ဆိုရင် ဒီနည်းလမ်းလေးတွေ စမ်းကြည့်ဖို့ recommend ပေးပါတယ်နော် ......

မိတ်ကပ် oxidization ဖစ်တာကို စာရေးသူကိုယ်တိုင်လည်း ကြုံတွေ့နေရတာမို့ စာရေးသူလည်း ဒီနည်းလမ်းလေးတွေကို အသုံးပြုနေတာ အဆင်ပြေနေလို့ sharing လုပ်ပေးလိုက်ပါတယ်နော် ...... 🫶🏻🫶🏻🫶🏻

အားလုံးပဲ နွေရာသီမှာ suncream လိမ်းဖို့လည်း မမေ့ပဲ glow look လေးနဲ့လည်း လှနိုင်ကြပါစေနော် ...... 🩵🩵🩵
ချစ်သော
dr.irina 🧚

Sharing is sweet by irina

Sharing is sweet by irina 04/27/2026

သင်္ကြန်ရေကစားပီးတော့ နေလောင် ပျက်စီးသွားတဲ့ အသားအရေကို ဘယ်လို ပြန် care ကျမလဲ ..... 🤔🤔🤔

ဒါကတော့ ကျမတို့အမျိုးသမီးတွေသာမကပဲ အမျိုးသားတွေ ရေကစားကျတဲ့ လူကြီးလူငယ် ကျားမမရွေး ဖတ်သင့် လုပ်သင့်တဲ့ topic လေးဖြစ်ပါတယ်ရှင် ......

သင်္ကြန်ထွက်လည်ပီးတော့ အသားအရည်ပျက်စီး ညိုမဲသွားရင်တော့ ပြန်ကောင်းသွားအောင် နဂိုအသားအရည်လေးပြန်ရအောင် လုပ်ရမယ့် အချက်လေးတွေကတော့ .......

💧အသားအရည်ကို ပြန်လည်ဂရုစိုက်ရန် အနားပေးဖို့လို့ပါတယ် .....soothing care ပဲ ဖြစ်ပါတယ် ..... aloe vera gel or snail filtrate gel အစရှိတဲ့ gel လေးတွေလိမ်းပေးထားနိုင်ပါတယ် .....
aloe vera (ရှားစောင်းလတ်ပက်) ဟာဆိုရင် နေလောင်တာကိုသက်သာစေတဲ့ အထူးပြုသဘာဝပစ္စည်းဖြစ်ပါတယ် ...... 🍃🍃🍃

💧နောက်တစ်ချက် အရေးကြီးတာက ရေဓာတ်ပြန်ဖြည့်ပေးဖို့ပါပဲ ......
hyaluronic acid / niacinamide စတဲ့ serum မျိုုး ဖြစ်စေ moisturizer ဖြစ်စေ အသုံးပြုပေးနိုင်ပါတယ် ...... hyaluronic acid sheet masks လေးတွေကပ်ပေးလည်းရပါတယ် ......အတွင်းပိုင်းကနေ ရေဓာတ်ဖြည့်ပေးဖို့လည်းမမေ့နဲ့ဦးနော် ..... ရေများများလည်းသောက်ဖို့လိုအပ်ပါတယ်နော် ..... 🌟🌟🌟

💧အသားအရည်ညိုမဲသွားတာကိုပြန်လည်ဝင်းပဖို့ အတွက် vitamin c serum 🍊 ကိုအသုံးပြုပေးဖို့လိုအပ်ပါတယ် ..... vitamin c serum ဟာဆိုရင် နေလောင်ထားပီးညိုမဲနေသော အသားအရည်ကို ပြန်လည်ဖြူဝင်းအောင် ကုသပေးပါတယ် .....

💧နောက် အရေးကြီးဆုံးတစ်ချက်ကတော့ နေရောင်ခြည်ကို ဆက်လက်ကာကွယ်ပေးဖို့ဖြစ်ပါတယ် .....
အပြင်သွားရင် suncream ကို မဖြစ်မနေလိမ်းသွားသင့်ပါတယ်နော် ..... 🌟🌟🌟

နေလောင်သွားတဲ့ ကိုယ့်အသားအရည်ကိုပြန်ဂရုစိုက်တော့မယ်ဆိုရင်တော့ ဒီအချက်လေးတွေကို ပြုလုပ်ဖို့ကို အကြံပေးပါတယ်နော် ......
အားလုံးပဲ ကျန်းမာလှပသော အသားအရည်ကို ပိုင်ဆိုင်နိင်ပါစေလို့ ......

ချစ်သော
dr.irina 🧚

Sharing is sweet by irina

Photos from Sharing is sweet by irina's post 04/06/2026

hyaluronic acid ဆိုတာဘာလဲ ..... ????? 💧💧💧
skincare တွေရဲ့ ingredients တွေမှာတွေ့တွေ့နေတတ်တဲ့ hyaluronic acid ဆိုတာကြားဖူးမြင်ဖူး ကြမယ်ထင်ပါတယ် .....
ဒါဆို သူက ဘယ်လိုအလုပ်လုပ်တာဖြစ်မလဲ ..... ?????

များသောအားဖြင့် serum တွေမှာတွေ့ရတာများသလို essence tonar moisturizer တွေမှာလဲ ပါဝင်တတ်ပါတယ် ..... သူရဲ့အဓိကလုပ်ဆောင်ချက်ကတော့ ရေဓာတ်ဖြည့်ပေးဖို့ moisture ရရှိဖို့ပဲဖြစ်ပါတယ် ..... 💧💧💧

သူကတော့ humectants အမျိုးအစား ပဲဖြစ်တယ် ..... သူကလေထုထဲမှာရှိတဲ့ ရေဓာတ်တွေကိုအရေပြားပေါ်ကို သံလိုက်ဓာတ်လိုဆွဲငင်ယူခြင်းဖြင့် ရေဓာတ်ဖြည့်ပေးခြင်းဖြစ်ပါတယ် ..... တစ်ချိန်ထဲမှာ လိမ်းပီးပီးချင်းအရေပြားဟာ ရေဓာတ်ပြည့်ဝပီးကြည်ကြည်စိုစိုလေးဖြစ်သွားတာ မြင်ရမှာဖြစ်ပါတယ် ..... skin လေးကောင်းလာစေဖို့ အဓိကသော့ချက်ကတော့ ရေဓာတ်ဖြည့်ပေးခြင်းပဲဖြစ်ပါတယ်ရှင့် ..... 💧💧💧

hyaluronic acid ရဲ့ထူးခြားတဲ့အစွမ်းသတ္တိတွေကတော့
💧အရေပြားကို ရေဓာတ်ချက်ချင်းပြည့်ဝစေခြင်း
💧ရေဓာတ်ဖြည့်တင်းပေးတဲ့အတွက် အသားအရေကိုတင်းရင်းစိုပြေလာခြင်း
💧အရေးကြောင်းများသက်သာပီး ငယ်ရွယ်သောအသားအရေကိုပေးစွမ်းနိုင်ခြင်း
💧skin barrier ကိုကောင်းမွန်လာစေခြင်း
💧အသားအရည် ဖြူဝင်းလာပီး ချောမွေ့လာခြင်း
💧 all skin types (sensitive skins များအပါအဝင် ) အသုံးပြုလို့ရခြင်း
စတဲ့ အကျိုးကျေးဇူးများရရှိနိုင်ပါတယ်ရှင် .....
consistent use ( အဆက်မပြတ်သုံးစွဲပေးခြင်း ) အသုံးပြုပေးဖို့တော့လိုတာပေါ့နော် ..... day or night skincare routine တစ်ခုခုမှာ ထည့်သုံးပေးခြင်းဖြင့် ထိုရလဒ်များရရှိနိုင်ပါတယ်နော် ...... အပေါ်က moisturizer ထပ်လိမ်းပေးပီး moisture lock လုပ်ပေးခြင်းဖြင့် အကောင်းဆုံး ရလဒ်ရရှိစေပါတယ်နော် ..... 🌷🌷🌷

⛄စာရေးသူကတော့ hyaluronic acid serum အသုံးပြုရတာ သဘောကျသူတစ်ဦးဖြစ်ပါတယ်..... personally အရ ordinary , torriden စတဲ့ brand တွေ သုံးပါတယ် .....
အဲ့လောက်ဆိုရင်တော့ hyaluronic acid ပါတဲ့ skincare တွေကို ရွေးသင့်တာသိလောက်ပီတူတယ်နော် .....
အားလုံးပဲ ကျန်းမာလှပသော အသားအရေကိုပိုင်ဆိုင်နိုင်ကြပါစေနော် ......

ချစ်သော
dr irina 🧚

Photos from Sharing is sweet by irina's post 03/16/2026

physical suncream vs chemical suncream
အဲ့နှစ်မျိုးက ဘာကွာတာလဲ ..... ????? 🤔🤔🤔
အခြေခံအားဖြင့် suncream မှာ နှစ်မျိုးနှစ်စားရှိပါတယ် ..... physical suncream နဲ့ chemical suncream ပါ .....
physical suncream ဆိုတာ တစ်နည်းအားဖြင့် mineral suncream ပါပဲ ..... zinc oxide နှင့် titanium dioxide အမျိုးအစားများပဲဖြစ်ပါတယ် ..... သူက ဘယ်လိုအလုပ်လုပ်လဲဆိုတော့ uv rays တွေကို skin ပေါ်ကိုတည့်တည့်မကျစေအောင် တန်ပြန်ထွက်သွားအောင် ကြားခံအနေနဲ့ ကာကွယ်ပေးတယ် ..... sensitive skin တွေ acne prone skin တွေအတွက်လည်း အဆင်ပြေတယ် .....သူက မကောင်းတာကကျတော့ white cast (အဖြူကွက်)တွေ ကျန်နိုင်တယ် .....

chemical suncream တွေကတော့ avobenzone , octinoxate , oxybenzone အမျိုးအစားများပဲ ဖြစ်ပါတယ် .....သူကကျတော့ ဘယ်လိုအလုပ်လုပ်လဲဆိုတော့ uv rays တွေကိုစုပ်ယူပီးတော့ အပူအနေနဲ့ ပြန်လည်ထုတ်လွတ်လိုက်ပါတယ် ..... chemical suncream တွေက ပေါ့ပါးတယ် ရေစိုခံတယ် daily wear အတွက်အိုကေတယ် .....white casts (အဖြူကွက်) တွေမကျန်ဖူး ...... တစ်ခုမကောင်းတာက ခဏခဏ ထပ်လိမ်းပေးဖို့လိုအပ်တာပါ .....

sensitive skin ဆိုရင်တော့ physical sumcream ကိုရွေးသုံးသင့်ပါတယ် ..... ​ရေ
ကူးမယ် gym ဆော့မယ် သင်္ကြန်တို့ဘာတို့ဆို ရေစိုခံတဲ့ chemical suncream သုံးသင့်ပါတယ် ..... physical suncream လည်းသုံးချင်တယ် white casts လည်းနည်းချင်ရင်တော့ tinted version တွေကိုသုံးနိင်ပါတယ် ( tinted suncream လို့ရေးထားတာတွေပါ )

အဲ့တော့ physical suncream ပဲဖြစ်ဖြစ် chemical suncream ပဲဖြစ်ဖြစ် ဘယ်ဟာရွေးရွေး အဓိကကြည့်ရမှာတွေကတော့
🌟broad spectrum ( UVA ရော UVB ရော ကာကွယ်ပေးတာ ) ဖြစ်ရပါမယ်
🌟 oil free ဖြစ်ရင်ပိုကောင်းပါတယ်
🌟 paraben free ဖြစ်ရပါမယ်
🌟 fragrance free (အနံ့ မပါ ) ရင်ပိုကောင်းပါတယ်
🌟 spf က အနည်းဆုံး 30 ပါရပါမယ်
🌟noncomedogenic ( wont clog pores ) ဆိုတာပါရပါမယ်

အဲ့လောက်ဆိုရင်တော့ နစ်ခုကို ကွဲကွဲပြားပြားနားလည်ပီး ရွေးဝယ်လို့ရနိုင်ပီလို့ မျှော်လင့်ပါတယ်နော် ......
🌟 နေ့တိုင်း suncream လိမ်းဖို့မမေ့နဲ့ဦးနော် 🌟
ချစ်သော
dr.irina🧚


dr i

Photos from Sharing is sweet by irina's post 02/03/2026

မှိုတက်နေတဲ့ အစားစာတွေကို အပေါ်ယံပဲဖယ်ပီး စားလို့ရလား ???? 🤔🤔🤔

အဖြေက မရပါဖူး.....သဘောက ကျမတို့ဟင်းတစ်ပွဲချက်ထားတယ်ဆိုပါတော့ ..... ဒီဟင်းကိုနောက်နေ့တွေ ဆက်စားချင်လို့ ရေခဲသေတ္တာထဲ သိမ်းထားတယ်ပေါ့ .....

နည်းနည်းကြာတော့ အပေါ်ယံမှာမှိုအစိမ်းလေးတွေတွေ့တယ်ပေါ့ ..... အပေါ်ယံလေးရေဆေးပီးကျန်တာကို ဆက်စားလို့မသင့်တော်ပါဖူး ..... အဲ့လိုပဲပေါင်မှုန့်တွေမှာ expire နီးလာရင် မှိုလေးတွေတက်နေတာ တွေ့ရတတ်တယ်ပေါ့ ..... ကျမတို့မြန်မာတွေက သိတဲ့အတိုင်းနှမျောတတ်တယ်လေနော် ..... အပေါ်ယံကိုဖယ်ထုတ်ပီးအောက်ကဟာစားမယ်ပေါ့ ..... အဲ့ဒါမျိုးကလုံးဝမလုပ်သင့်ပါဖူး ..... လွှင့်ပစ်လိုက်ဖို့က အသင့်တော်ဆုံးပါပဲနော် ..... ☝️☝️☝️
ဘာလို့လဲဆိုတော့ .....

🚫 အမြစ်တွေက အစားအစာထဲမှာ ပြန့်နေနိုင်တယ်......

မှိုဆိုတာ အပင်တစ်ပင်လိုပဲ အမြစ်တွေ ရှိပါတယ်။ အပေါ်ယံမှာ မှိုတက်နေပြီဆိုရင် အဲ့ဒီမှိုရဲ့ အဏုကြည့်မှန်ဘီလူးနဲ့မှ မြင်ရတဲ့ အမြစ်လေးတွေ (Hyphae) ဟာ ဟင်းထဲကို နက်နက်ရှိုင်းရှိုင်း ပြန့်နှံ့သွားတာ ကြာပါပြီ။ အပေါ်ယံကို ခပ်ထုတ်လိုက်ရုံနဲ့ ဒီအမြစ်တွေကို မဖယ်ရှားနိုင်ပါဘူး။
🚫 အဆိပ်အတောက် (Mycotoxins) ထွက်နိုင်တယ်......
မှိုအချို့ဟာ Mycotoxins လို့ခေါ်တဲ့ အဆိပ်အတောက်တွေကို ထုတ်လွှတ်ပါတယ်။ ဒီအဆိပ်တွေက အပူပေးရုံ (နွှေးရုံ) နဲ့ ပျက်စီးသွားတာမျိုး မဟုတ်ပါဘူး။ ဒါကြောင့် နွှေးစားလည်း အဆိပ်အတောက်တွေက ကျန်ရှိနေနိုင်ပြီး အစားအသောက် အဆိပ်သင့်တာ၊ ဗိုက်အောင့်တာ၊ အော့အန်တာတွေ ဖြစ်နိုင်ပါတယ်။

🚫 ဘက်တီးရီးယားပိုးမွှားများပေါက်ဖွားနိုင်ပါတယ် .....
မှိုတက်နိုင်လောက်တဲ့အထိ အချိန်ကြာသွားပြီဆိုရင် အဲ့ဒီဟင်းထဲမှာ မှိုတင်မကဘဲ Staphylococcus aureus သို့မဟုတ် Salmonella လို့ခေါ်တဲ့ အစာအဆိပ်သင့်စေတဲ့ ဘက်တီးရီးယားတွေပါ အဆမတန် ပွားနေနိုင်ပါတယ်။ ၎င်းတို့က ပြင်းထန်တဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါကို ဖြစ်စေနိုင်ပါတယ်။

🚫 ဟင်းရဲ့ အမျိုးအစားက ပိုအရေးကြီးပါတယ် ......
• အရည်ပါတဲ့ဟင်းတွေ (သို့) နူးညံ့တဲ့ဟင်းတွေ: ဥပမာ- ဟင်းရည်၊ အသားဟင်း၊ ပဲဟင်း စတာတွေမှာ မှိုက အရမ်းပြန့်လွယ်ပါတယ်။ အပေါ်ယံဖယ်ရုံနဲ့ ဘယ်လိုမှ မလုံလောက်ပါဘူး......
• အကယ်၍ စားမိခဲ့ရင် အစာမကြေတာလည်းဖြစ်တတ်ပါတယ်...... ရေရှည်ဆိုးကျိုးအနေနဲ့ မှိုတက်နေတဲ့ အစားအစာကို စားမိရင် ချက်ချင်း ဗိုက်မနာရင်တောင် ရေရှည်မှာ အသည်းနဲ့ ကျောက်ကပ်ကို ထိခိုက်စေနိုင်ပါတယ် ..... ⚠️⚠️⚠️

နှမြောစရာကောင်းပေမဲ့ ကျန်းမာရေးက ပိုအရေးကြီးပါတယ်။" အထူးသဖြင့် ကလေးသူငယ်တွေ၊ သက်ကြီးရွယ်အိုတွေနဲ့ ကိုယ်ခံအားနည်းသူတွေဆိုရင် ပိုပြီးတော့တောင် သတိထားသင့်ပါတယ်..... 💉💉💉

ဒါဆိုရင် ကျမတို့ ဟင်းတွေကို ဘယ်လိုသိမ်းဆည်းကြမလဲပေါ့ ပိုပီးကြာကြာခံအောင် .....❄️❄️❄️
•☝️ ရေခဲသေတ္တာထဲ ထည့်ပါ: ဟင်းချက်ပြီး ၂ နာရီအတွင်း (အေးသွားတာနဲ့) ရေခဲသေတ္တာထဲ ချက်ချင်းထည့်ပါ။
•☝️ခွဲသိမ်းပါ: ဟင်းအများကြီးချက်ထားရင် တစ်ခါစားရုံပဲ ခွဲပြီး ဗူးလေးတွေနဲ့ သိမ်းပါ။ ခဏခဏ ပြန်နွှေးတာက ဟင်းကို ပိုပုပ်လွယ်စေပါတယ်။
• ☝️အေးခဲခန်း (Freezer): ၃ ရက်ထက်ပိုပြီး သိမ်းချင်တယ်ဆိုရင်တော့ ရေခဲသေတ္တာရဲ့ အပေါ်ထပ် (အေးခဲခန်း) ထဲမှာ သိမ်းတာ အကောင်းဆုံးပါ။

အစားအသောက်တွေ လွှင့်ပစ်ရတာ နှမြောစရာကောင်းပေမဲ့ အစာအဆိပ်သင့်ပြီး ဆေးရုံတက်ရတဲ့ စရိတ်က အစားအသောက်ဖိုးထက် အများကြီး ပိုများနိုင်တာမို့ လွှင့်ပစ်လိုက်ဖို့ အကြံပြုပါရစေနော် ...... ⛔⛔⛔
ချစ်သော
dr.irina 🧚
ချစ်သော
dr irina 🧚🧚🧚

12/31/2025

"new year night စပျစ်သီး၁၂လုံးစားခြင်း culture "

ဒီရိုးရာလေးကတော့ popular ဖြစ်နေတာကြာပီနော်..... new year ည ၁၂ နာရီ မှာ စားပွဲခုံအောက်ဝင်ပီး စပျစ်သီး၁၂ လုံးကိုတစ်မိနစ်တွင်းစားရမယ်လို့ဆိုကြပါတယ် ...... 🧚🧚🧚
ဒီရိုးရာလေးဟာ စပိန်လူမျိုးတွေကြားထဲ၁၉၀၉ ခုနှစ်လောက်မှစပီး စတင်ပျံနှံ့လာခဲ့တာဖြစ်ပါတယ် ..... စပျစ်သီးစိုက်ပျိုးရေးခြံများက ရောင်းအားကောင်းဖို့ ကြံစရင်းနဲ့ဒီဓလေ့လေးဟာ ပျံနှံ့ခဲ့ခြင်းဖြစ်ပါတယ်တဲ့ ..... အဲ့လိုနဲ့ latin america နိုင်ငံတော်တော်များများမှာလည်း new year ညတွင် စပျစ်သီး၁၂ လုံးစားခြင်းဟာ popular ဖြစ်လာခဲ့ပါတယ် .....
ယနေ့ခေတ်မှာတော့ နိုင်ငံတော်တော်များများမှာ review ကောင်းတွေရလာတဲ့ရိုးရာလေးတစ်ခုလိုဖြစ်လာပါတယ် ..... စပျစ်သီးတွေရောင်းမလောက်တော့အောင်ကိုဖြစ်လာတာပါ .....
စပျစ်သီးအစိမ်းဆိုပိုကောင်းပါတယ်တဲ့နော် .....စားရမယ့်အချိန်ကတော့ new year ၃၁ ရက်နေ့ည ၁၂နာရီဒေါင်ဆိုတာနဲ့ စပျစ်သီး၁၂ုံလုံးကို စားပွဲခုံအောက်ဝင်ပီး ၁ မိနစ်တွင်းကုန်အောင်စားရပါမယ် ..... စပျစ်သီးတစ်လုံးကို နောင်နှစ်သစ်ရဲ့တစ်လချင်းစီကိုကိုယ်စားပြုပါတယ်တဲ့ ..... တစ်လချင်းစီ ၁၂ ဆုတောင်းရင်လည်းရသလို ဆုတစ်ခုတည်းတောင်းရင်လည်းရပါတယ်တဲ့ ..... စပျစ်သီးလေးတစ်လုံးစီမှာ ချိုတဲ့အလုံးဆို အဲ့လအတွက်ချိုမြိန်ခြင်းကံကောင်းခြင်းတွေရမှာဖြစ်ပီး ချဉ်တဲ့အလုံးရတဲ့ လတွေဆို အခက်အခဲရှိမယ့်လတွေဖြစ်နိုင်တယ် လို့ဆိုပါတယ် ..... တစ်လုံးချင်းစီရဲ့ အရသာမှာပါ အယူလေးတွေရှိနေပါတယ်တဲ့နော် ..... 🧚🧚🧚
ဆုတောင်းတဲ့အခါမှာလည်း အချစ်ရေး စီးပွားရေး ကျန်းမာရေး ကြွယ်ဝခြင်းစတာတွေ ကံကောင်းစေရန်ဆုတောင်းလို့ရပါတယ်တဲ့နော် ..... 🩵🩵🩵
အတွင်းခံအရောင်လေးများကိုလည်းရွေးချယ်ဝတ်ဆင်ပီး စားဖို့လည်းလိုပါတယ်တဲ့နော် ..... 🤭🤭🤭
အနီ - အချစ်ရေး
အဝါ/လိမ္မော်- ကြွယ်ဝချမ်းသာရေး
အစိမ်း- ကျန်းမာရေး
အဖြူ- အေးချမ်းမှု/အသစ်တစ်ဖန်စတင်ရေး
အပြာ- တည်ငြိမ်မှု/ကျန်းမာရေး
အမဲ- အင်အားကြီးမားမှု/ကာကွယ်နိုင်မှု

တို့အတွက် အဆင်ပြေတာကို ရွေးဝတ်လို့ရပါတယ်တဲ့နော် ..... 🩵🩵🩵
အဲဒါဆိုတော့ စာဖတ်သူတို့ရော ဒီရိုးရာလေးကို လုပ်ဖို့အစီစဉ်ရှိကြလား ..... ✌️✌️✌️
စာရေးသူကတော့ ဒီနေ့ အလုပ်ကအပြန် စပျစ်သီးနဲ့ အတွင်းခံဝင်ဝယ်ပါမယ်ရှင် ......
စာရေးသူက အမေရိကန်နိုင်ငံ new york မြို့တွင်နေထိုင်နေသူတစ်ဦးဖြစ်ပါတယ် ..... စာရေးသူတို့ဆီမှာတော့ စပျစ်သီးတွဝယ်လို့ရနေပါသေးတယ် ..... ဈေးလည်းသိပ်တော့မတက်ပါဖူး ..... ဝယ်တဲ့အချိန် တခြားသူတွေလည်းလာဝယ်နေတာတွေ့လို့ may your wishes also come true လို့တောင် ဆုတောင်းပေးလိုက်သေးတယ် ..... သူတို့ကလည်း you too ..... ဘာညာပေါ့ ...... 😺😺😺
ကဲ..... စိတ်ဝင်စားသူများလည်း လိုက်လုပ်ကြည့်ရန် ဖိတ်ခေါ်ပါတယ်နော် ......

12/29/2025

တကယ်ကို super super long lasting တဲ့နှုတိခမ်းနီရှာနေလား ..... 🤭🤭🤭

8-12 hours ထိ lasting ဖြစ်တယ် .....
နှုတ်ခမ်းအဖတ်မလန်ဖူးကွာ .....
ပီးတော့ဈေးလည်းသင့်တယ် ..... 🤭🤭🤭
brand ကလည်းနမည်ကြီးပီးသား .....
maybelline superstay matte ink ပဲဖြစ်ပါတယ် ..... 🤎🤎🤎

မီကတော့ လက်ဆောင်ရတာပါ .....

တစ်နေ့က သူငယ်ချင်းတစ်ယောက်က မနက်တည်းကဆိုးလာတာ နေ့လည်စာစားပီးရော ညနေပြန်ခါနီးထိ နှုတ်ခမ်းနီမပျက်သေးလို့ မေးကြည့်မိတာ ......

maybelline superstay matte ink ဆိုးလာကြောင်းသိရတယ် ..... 💡💡💡

အဲ့ဒါနဲ့မီလိုချင်သွားတာသိလို့တူတယ်..... လက်ဆောင်ပေးတယ် ..... (ကျေးဇူးပါ မရေ 🥰)

ဒါနဲ့ မီဆိုးကြည့်တာ တကယ်ပါတော် .....

လိုချင်တာနဲ့ကွက်တိမတ်စိပါကွယ် .....
ကိုယ်လိုချင်တဲ့ အချက်က long lasting ဖြစ်ပီး နှုတိခမ်းမခြောက် အဖတ်မလန်တာကွယ် ...... ပီးတော့ အရမ်းကြာလို့ ပျက်သွားရင်တောင်ရုပိမပျက်သွားပဲ tint လောကိလေးကျန်ခဲ့တာမျိုး လိုချင်တာ .....

အဲ့တာမျိုး matte lipstick လိုက်ရှာနေတာကြာပီ .....
ကဲ.....တွေ့ပါပီရှန် ...... 🩵🩵🩵
sharing လုပ်ပေးလိုက်ပါပီနော် .....
ချစ်သော .....
dr.irina

Photos from Sharing is sweet by irina's post 12/23/2025

ဟလို ဟလို 🥰🥰🥰
tir tir cushion လေးသုံးဖူးကြလား ✨✨✨
အရမ်းကောင်းသောနော်

ct foundation နဲ့တောင်ယှဉ်လို့ရလောက်တယ် ( long lasting ကပိုလို့တောင်ကောင်းနေလားလို့ ..... ) 🤭🤭🤭
သူက full coverage ဖြစ်တယ်.....
ပီးတော့ semi matte cushion လေးပါ ..... အရမ်းလဲ မခြောက်ဖူး ..... hydration လဲပေးတယ် ..... 💧💧💧

အပေါ်က powder ထပ်မအုပ်လဲရတယ် ..... ပေါ့ပါးတယ် ..... မီဆို မျကိတွင်းညိုပီးချိုငိ့တာကို concelar သုံးစရာမလိုပဲ ဖုံးပေးနိုင်တယ် ..... 😺😺😺

ပြောရရင် အကြိုက်ဆုံး အချက်က ကြာလေမိတ်ကပ်သားတက်လေပဲကွာ .....
အရမ်းမိုက်သော ..... long lasting ဖြစ်ချက်ကတကယ်ပါ ..... 🧚🧚🧚

ဈေးကလည်း သင့်ပါတယ်ပဲပြောရမှာပေါ့နော် ....
မီကတော့ amazon ကဈေးချတုန်းကဝယ်ထားတာ $၁၅ ဝန်းကျင်လေးပဲ .....
မြန်မာပြည်က korea cosmetics online store တေမှာရနိုင်ပါတယ်နော် .....
shade တေက ၄၀ ကျော်တောင်ရှိတယ် .....
မီကတော့ 23N sand အရောင်လေးသုံးနေပါတယ်ရှင့် ...... 😻😻😻

made in korea product ပါနော် .....
ဒါမယ့်နည်းနည်းမှ လျော့မနေသော.....
နောက်ထပိ favourite လေးတစ်ခုပါရှင် ...... 🩵🩵🩵🩵🩵

Photos from Sharing is sweet by irina's post 11/06/2025

review လေးပါဗျို့ ..... 🫧🫧🫧
ကျမကတော့ ဒါလေးကိုနှစ်ပတ်ကျော်လောက် သုံးပြီးတော့ အရမ်းကြိုက်သွားလို့
review လေးရေးဖြစ်တာပါ.....
ဒါလေး နမည်ကြီးနေတာတော့ကြာပီ.....
အခုမှပဲသုံးဖြစ်တော့တယ်ကွယ်..... သုံးမိတာနောက်ကျလေးခြင်းဆိုပီး နောင်တရမိပါတယ်...... တကယ်ကောင်းသောလေးပါ.....
သူက အဓိကက brightening အတွက်ပေါ့နော် ..... niacinamide 4% tranexamic acid 2% ပါတယ် ..... အဲ့တာကြောင့်လေ brightening ဖြစ်တာသိသာတယ်ပြောရမယ် ...... ဝက်ခြံပေါက်ရင်
လည်း ချပ်သွားတာမြန်တယ်ပြောရမယ် .....
ဝက်ခြံအမာရွတ်တေလည်းပျောက်တာမြန်တယ် ..... အမဲစက်တေလည်းသက်သာတယ် ..... 💯💯💯

နောက်တစ်ခုကလေ centalla asiatica ပါတာ ...... madagascar ကနေရတဲ့ centalla asiatica ပါတော့ ဝက်ခြံအတွက်ကောင်းတယ် ..... အသားအရည်နီးမြန်းရောင်ရမ်းတာတေ သက်သာစေတယ်.....
ပြောရရင် skin barrier ကောင်းလာတယ်ကွာ ..... 💃💃💃

သူ့ထဲမှာ capsule သေးသေးလေးတေပါတယ် ..... madewhite (centalla derived madecassoside and niacinamide) ဆိုတဲ့ tiny beads လေးတေပါတယ် ..... အရေပြားပေါ်တင်လိုက်တာနဲ့စိမ့်ဝင်သွားတာအရမ်းမိုက်တယ်ကွယ် .....
ရေဓာတ်ပြည့်သွားသလို တကယ်ခံစားရတယ် ..... ကျမ skin မှာ သိသာတာကတောါလေ တင်းရင်းလာတာပဲ ..... တင်းတင်းပြောင်ပြောင်လေးဖြစ်လာတယ် ..... skin tone တဆင့်တက်လာတယ် ...... တကယ်မိုက်တယ်ကွယ် ..... ချွေးပေါက်ကတော့ ကျဉ်းသွားတာ သိပ်မသိသာဖူးပြောရမယ် .....
ကျမ skin tone တက်ချင်တာနဲ့ niacinamide ပါတဲ့ serum ဝယ်ဖို့စဉ်းစားတဲ့အချိန် ဒါလေးစဉ်းစားမိတာ မှနိသွားတယ်ပြောရမယ် ..... တကယ်ကို အရွေးမမှားသောလေးပါ ..... နောက်ထပ်လည်း ထပ်ဝယ်ဖြစ်ပါဦးမယ်ရှင် .....
အဝါတော့ အရင်ကသုံးဖူးတယ် ..... ကျမကတော့ ဒါလေးပိုကြိုက်တယ် .....
အားလုံးပဲ skincare လုပ်ဖို့ မမေ့ကြနဲ့နော် ...... 🧚🧚🧚
ချစ်သော
dr.irina

Photos from Sharing is sweet by irina's post 09/25/2025

💧niacinamide 💧
skin care ingredients တေထဲမှာပါပါနေတဲ့ niacinamide အကြောင်းလေးပြောပြချင်ပါတယ်နော် ......
niacinamide ဟာအခုခေတ်မှာဆိုရင် popular တော်တော်ဖြစ်နေပါပီနော်
skin care တေမှာတော်တော်များများတွေ့ရတယ်
တကယ်က niacinamide ဟာ vitamin b ရဲ့ အမျိုးအစားတစ်မျိုးဖြစ်ပီး vitamin b3 or niacin အမျိုးအစားဖြစ်ပါတယ်

🌡️vitamin b3 or niacin ဟာဆိုရင် အသားအရည်တွက်သာမက ခန္ဓာကိုယ်တွင်းအင်္ဂါများဖြစ်တဲ့ ကျောက်ကပ် နှလုံး အူလမ်းကြောင်းများ အတွက်ပါ အထောက်ကူပြုပါတယ် ....
🌡️vitamin b3 or niacin ကို အစိမ်းရောင်အရွက်များ အသားငါး ဥအမျိုးမျိုး ပဲနို့နဲ့ ဆယ်လမွန်ငါးတို့ကို စားသောက်ဖြင်းဖြင့် ရရှိနိုငိပါတယ် ။ ခန္ဓာကိုယ်မှာ niacin ပမာဏများလာရင် niacinamide အနေနဲ့ပြန်လည်ထုတ်လုပ်ပါတယ် ......
☝️niacinamide ကို serum တေ moisturizer ....suncream .....facial foam တေမှာတွေ့ရပါတယ်

niacinamide ရဲ့အဓိက အသားအရည်အတွက် အကျိုးကျေးဇူးတေကတော့

✨အသားအရည်ရဲ့ အစိုဓာတ်ကိုထိန်းထားပေးခြင်း ( moisturizing property )
အသားအရည်ရဲ့ အပေါ်ယံလွှာကိုကာကွယ်ပေးတဲ့ အဆီပြင် ( skin barrier ) ကို ပိုမိုအားကောင်းစေပီး အစိုဓာတ်ဆုံရှုံးခြင်းကို တားဆီးပေးတယ် ..... အဲ့တာကြောင့် အသားအရည်ကို ရေဓာတိပြည့်ဝပီး ကြည်လင်ဝင်းပစေတယ် .....

✨ ချွေးပေါက်တေကို ကျဉ်းစေတယ် ( pore minimizing effect )
ချွေးပေါက်တေကို ကျဉ်းစေပီးတော့ အဆီထွက်တာကိုလည်း ထိန်းပေးတာမို့လို့ ချွေးပေါက်ပိတ်တာကို တားဆီးပေးတယ် ..... အဲ့တာကြောင့် ဝက်ခြံ နဲ့အဆီဖုထွက်တာတေကို သက်သာစေတယ် .....

✨ အသားအရည် က
ကိုညီညာစေပီး အမည်းစက်အမာရွတ်တေကို လျော့ချပေးတယ် ( hyperpigmentation and dark spot reduction effect )
နေရောင်ခြည်ကြောင့် အမဲစက်ထွက်ခြင်းကိုလည်း လျော့ချပေးတယ်

✨ အိုမင်းရင့်ရော်မှုကို ကာကွယ်ပေးခြင်း ( anti-aging property )
နေရောင်ခြည် နဲ့ လေထုညစ်ညမ်းမှုနေတေကြောင့်အသားရည်ပျက်စီးတာတေကိုလည်း ကာကွယ်ပေးပါတယ်
❗ပီးတော့ niacinamide ကို vitamin c .hyraluronic acid . retinol တေနဲ့တွဲသုံးလဲ ရပါတယ်
စာရေးသူကတော့ niacinamide serum တစ်ခုဖြစိတဲ့ skin 1004 ရဲ့ brightening ampoule serum လေးစသုံးနေပါပီနော် ( တစ်ဖူးကုန်ရင် review လေးလည်းတငိပေးမယ် 😍)
😍 အဲ့တာကြောင့် skincare step တဆင့်လောကိမှာ niacinamide ပါတဲ့ skincare ကိုထည့်ပီးသုံးရငိ ပိုကောင်းတယိဆိုတာ သိလောကိပီပေါ့နော် 😍

အဓိကအားဖြင့်လေ အသားရည်ဝင်းချငိရင် ဖြူချင်ရင်ပေါ့ ..... niacinamide ပါသော serum or essence ကိုထည့်သုံးစေချငိပါတယ်နော် ..... တခြား step တေကြောင့် တင်းရင်းလာပါရဲ့ မျက်နှာလေးဝင်းပီး glow နေချင်ရင် niacinamide ပါတာတေ ရွေးချယ်သုံးစွဲလို့ရပါတယ်လို့ ....... 😍
ချစ်သော
dr.irina

(စာများကူယူခြင်း ခွင့်မပြုပါရှင့် ..... စိတ်တိုင်းကျ share လို့ပါရပါတယ် ❗)

Want your business to be the top-listed Beauty Salon in New York?
Click here to claim your Sponsored Listing.

Category

Website

Address

32 26 83rd Street
New York, NY
11371