T T Naing
Healthy life, healthy style🥰
မိုးအေးအေးလေးနဲ့ကိုယ်တိုင်ကြော် Homemade အကြော်လေးပါ၊အစုံတော့မဟုတ်ဘူး ယုံးပတီသီးကြော် ကြက်သွန်ကြော် ခရမ်းသီးကြော်လေးပါ။
#အကြော်
07/14/2026
လူတစ်ယောက်စီတိုင်းမှာထူးချွန်တာတစ်ခုခုတော့ရှိတတ်တယ်၊သူထူးချွန်တဲ့အရာကိုနောက်လူတစ်ယောက်လိုက်လို့ကြည့်ရင်လဲပထမလူရဲ့ အရည်အသွေးကိုတော့မမှီပါဘူး။
ဥပမာ အစားအသောက် မုန့်ဟင်းခါးလူတော်တော်များများချက်တတ်ပေမယ့် တစ်ချို့လူတွေရဲ့မုန့်ဟင်းခါးချက်တဲ့လက်ရာကကောင်းကိုကောင်းနေတာ။
နန်းကြီးသုပ်လဲအဲ့ဒီလို လက်ရာကောင်းကောင်းသုပ်နိုင်တဲ့သူရဲ့ လက်ရာစားပြီးရင်နောက်ထပ်ဘယ်လိုလူသုပ်သုပ်မမှီသလိုဘဲနော်။
တိုရှည်ကျမအရမ်းကြိုက်တယ် အခုထိမလုပ်တတ်သေးဘူး၊သူလဲအဲ့ဒီလို ဘယ်မှာလိုက်စားစားလက်ရာတွေတူမနေဘူး ကျမထက်တော်သောဟင်းချက်လက်ရာကောင်းသော သူများရဲ့အရည်အချင်းကိုအစဉ်အမြဲလေးစားလျှက်။
#အစားအစာ #ရွှေလက်ပိုင်ရှင်းများ
မေမေတစ်ယောက်ရဲ့သမီးလေးအပေါ်ချစ်တဲ့အချစ်တွေ၊သားသမီးတွေကိုမိဘတွေကချစ်လွန်းလို့စိုးရိပ်ပူပန်ပြီးတွေ့မြင်တဲ့အခါတိုင်းဆိုဆုံးမစကားတွေပြောချင်တယ်။ #မိဘ #အချစ်
07/08/2026
လူ့သဘာဝ။
နည်းပညာတွေတိုးတက်လာတာနှင့်အမျှအခုခေတ်ကြီးမှာ ဆိုရှယ်မီဒီယာ Social media ကိုအားလုံးနီးပါးအသုံးပြုလာကြတယ်။
သုံးပုံသုံးနည်းတွေကတော့အမျိုးမျိုးပေါ့ သိချင်တာတွေလေ့လာမယ်၊အပျင်းပြေသုံးမယ် အစုံပါဘဲ။
တင်နေတဲ့သူတွေကလဲ အမှန်တွေပါသလို လိုလိုပိုပို ချဲ့ကားထားတာတွေလဲအများကြီးပါ။
တင်နေတာတစ်မျိုး အပြင်မှာနေတာတစ်မျိုးတွေလဲအများကြီးပါ၊သူများတင်သမျှ ယုံကြည်အားကျနေပြီးအထင်ကြီးအားကျနေလို့ကတော့ အဆင်မပြေနိုင်ပါဘူး။
ဆိုရှယ်မီဒီယာကပုံရိပ်တွေကအတုအယောင်များပါတယ်၊အမှန်ကိုချပြသူကနည်းပါတယ် ။ကိုယ်သာလျှင်ကိုယ့်ဘဝရဲ့ပဲ့ကိုင်ရှင်မို့ ကိုယ့်ဘဝကို ကိုယ်သာအကောင်းဆုံးတည်ဆောက်နိုင်အောင်ကြိုးစားပါ။
သူများဘဝကသူများပါ။
#ဘဝ #လူ
ကျောင်းပိတ်ရက်ဆို ကလေးတွေပျော်တဲ့ရက်ပေါ့ ဒီလိုမေမေနဲ့ မုန့်စားမယ် ဈေးလျှောက်ဝယ်မယ်ဆိုရင်သူတို့အရမ်းပျော်ပါတယ်။
မုန့်ဆီကြော်အတု
နေ့ခင်းနေ့လည်အဆာပြေစားဖို့ အိမ်မှာအလွယ်တစ်ကူလုပ်စားတဲ့ မုန့်ဆီကြော်အတု ဂျုံကြော်လေးပါ၊ပွ6ဆးလေးနဲ့ လုပ်ရင်ပိုစားကောင်းပါတယ်။
#မုန့်ဆီကြော်
07/02/2026
ထမင်းမဝသောဟင်း။ ဒီလိုဂဏန်းဟင်းလေးချက်စားဖြစ်တဲ့နေ့ဆို ထမင်းစားရတာ မဝတော့ပါဘူး၊ဘာဖြစ်လို့လဲဆိုတော့
အဲ့ဒီဂဏန်းကိုစားနေရတာနဲ့ဘဲ အချိန်ကုန်ပြီး ထမင်းကိုကောင်းကောင်းမစားဖြစ်တော့တာပါ။
#ဂဏန်း
ထမင်းစားမိန်စေတဲ့ငါးကြော်ပူပူလေးကြော်ထားပါတယ်၊ဟင်းရည်ထပ်ချက်လိုက်ဦးမယ်နော်။
゚
မိုးရာသီသဘာဝ မိုးရွာနေချိန် ဖားလေး ခရုလေးတွေပျော်ရွှင်ချိန်အလှလေးပါ။
#မိုး
အဟာရလဲရှိပြီး အထားလဲခံပြီး ထမင်းဘူးထမင်းချိုင့် လေးတွေအတွက် အဆင်ပြေစေတဲ့ အမဲသား နူးအိမွှနေအောင်ကြော်ထားတာလေးပါ။တာရှည်ခံထားဖို့အတွက် ကြက်သွန်တွေမထဲ့ပါဘူး၊ဂျင်း ဆနွင်းမူန့် ဆား အချိုမူန့်သာထဲ့ပြီး နူးအိနေအောင်အရင်ပြုပ်ပြီးမှကြော်ထာပါ။
#အစားတစ်လိုင်း
Click here to claim your Sponsored Listing.
