MYO's Vlog
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from MYO's Vlog, Health/Beauty, Alrigga, Marsa Dubai.
11/06/2026
မြန်မာပြည်မှာတုန်းက delivery ကိုစက်ဘီးနဲ့
ပို့တဲ့သူလေးတွေမြင်ရင်အော်ဆိုင်ကယ်လေးနဲ့ဆို
သူတို့သက်သာမှာဆိုပြီးတွေးပြီးသနားဖူးတယ်
ဟော..Dubai ရောက်ပြန်တော့လည်း
ဆိုင်ကယ်စီးပြီး delivery ပို့နေတဲ့သူတွေမြင်ပြန်တော့လည်း
Dubaiရဲ့အရမ်းပူတဲ့ရာသီဥတုမှာပို့နေရလို့ငါ့မှာသနားနေပြန်ရော🥲သူများတွေကိုသနားနေရင်းကိုယ်ချင်းစာရင်း
အော်ကျွန်မတစ်နေ့တစ်နေ့သူတို့လို့နေပူထဲမလုပ်ရဘဲ
ဘာလို့ငြီးငြူနေမိပါလိမ့်သေချာလေးပြန်စဉ်းစားမိတော့
ကျွန်မကအပေါ်ကိုပဲငေးကြည့်နေမိတာကို
ကိုယ့်ကိုကိုပြန်လည်သုံးသပ်ရင်းပစ္စုန်ပန်လေးမှာပဲနေဖို့
နေ့တိုင်းသတိပေးရမယ်💪💪💪
ချစ်တဲ့
MYO❤️
09/06/2026
Dubai စာကြည့်တိုက်တဲ့
ကြည့်ပါအုန်းနောက်ဘက်နေရိုက်ထားတာ
လှလိုက်တာသူများနိုင်ငံတွေမှာဒီလိုစာကြည့်တိုက်တွေ
ကိုစနစ်တကျဆောက်လုပ်ပေးထားတာ
စာကြည့်တိုက်ထဲလည်းစာဖတ်သူတွေရှိတယ်
ကျွန်မတို့နိုင်ငံလေးမှာလည်းစာဖတ်ချစ်သူတွေရှိလို့
ဒီလိုတိတ်ဆိပ်ပြီးလှပတဲ့စာကြည့်တိုက်တွေရှိစေချင်လိုက်တာ
ချစ်တဲ့
Myo❤️
ပြင်ဦးလွင်သွားခဲ့တုန်းကမှတ်တမ်းလေး
ကျွန်မရဲ့အခင်ရဆုံးနဲ့အချစ်ရဆုံးသောသူတွေဆီ
သွားလည်ခဲ့ပါတယ်ခရီးသွားတာကြိုက်သူမို့
ကိုာ့်သူငယ်ချင်းဆီရောက်အောင်သွားခဲ့တယ်
ငယ်ဘဝမှာကောင်းတူဆိုးဘက်ကျွန်မရဲ့သူငယ်ချင်းလေး
ချစ်တဲ့
MYO❤️
New collection အသစ်ရောက်တိုင်း
try ကြည့်ဖြစ်တယ် fashion မှာအလုပ်လုပ်နေတာဆိုတော့
ကိုယ့်ရဲ့ customer လေးတွေကိုပြန်ပြောပြပေးလို့ရတာပေါ့
ကိုယ့်လှသလိုသူတို့ကိုလည်းလှစေချင်တယ်ရှင့်😝😝
အဲဒါကျွန်မရဲ့စေတနာပါရှင့်
ချစ်တဲ့
MYO
Dubai မှာပျော်နေလားဆိုတော့ကျွန်မမပျော်ပါဘူး
ဒါပေမယ့်ကျွန်မတို့တွေအမြဲပျော်ရွှင်အောင်နေထိုင်ကြတယ်
ဘဝကအတတ်အကျကြမ်းတယ်လို့လူတွေခနခန
ပြောဘူးကြမှာပါကျွန်မတို့တွေမှာတော့အတတ်မကြမ်းပဲ
အကျတွေပဲကြမ်းနေလို့ရေနွေးလေးသောက်ပြီး
ဗေဒင်လာမေးကြတယ်😝စတာဘာစတာဘာ
ကိုယ့်ရဲ့ဒုတိယမိသားစုလေးချစ်လို့ဆေးထိုးလိုက်သည်😘
ချစ်တဲ့
MYO❤️
08/06/2026
ကိုယ့်ရဲ့အခက်ခဲဆုံးအချိန်တွေမှာ
ကိုယ့်ကိုအများကြီးကူညီပေးခဲ့တဲ့ကိုယ့်ရဲ့
သူငယ်ချင်းဆိုပေမယ့်ကိုယ့်အမနဲ့မထူးခြားတဲ့ချစ်မ
ဝမ်းနည်းတဲ့အချိန်တိုင်းရင်ဖွင့်လို့ရတဲ့အမ
ဝမ်းသာတဲ့အချိန်တိုင်းအတူပျော်ပေးတဲ့အမ
ဘဝမှာကိုယ့်ရဲ့ကျေးဇူးရှင်တွေထဲကကျေးဇူးအမြဲ
တင်နေရပြီးကျေးဇူးရှင်တစ်ယောက်ပါ
ချစ်တဲ့
Myo❤️
05/06/2026
အိမ်ပြန်ချင်နေမိစိတ်ပူပန်မှုတွေများတဲ့အခါ
နောက်နှစ်တော့ဘယ်လိုအခြေနေမှာပဲဖြစ်ဖြစ်
ကိုယ့်ရဲ့နိုင်ငံလေးကိုပဲပြန်ပါတော့မယ်
ချစ်တဲ့
MYO❤️
02/06/2026
အလွမ်းများငြိမ်းစေသတည်းတဲ့
အလွမ်းတွေလည်းငြိမ်းခဲ့တာကြာပါပြီ
သံယောဇဉ်တွေလည်းဖြတ်ခဲ့တာကြာပါပြီ
အချစ်တွေလည်းမရှိတာကြာပါပြီ
ကျန်နေတာတစ်ခုပဲအမုန်းတွေ
အဲအမုန်းတွေပါမရှိဖို့ကြိုးစားနေပါတယ်
ချစ်တဲ့
Myo❤️
သူငယ်ချင်းရဲ့ဆုံးမတော်မူခန်းအဝတ်စားတွေအရမ်းဝယ်လို့တဲ့😝😝😝
ချစ်တဲ့❤️
MYO
ပိတ်ရက် Dubai Mall လူဘယ်လောက်များလည်းအဲမှာသာကြည့်တော့😄
Click here to claim your Sponsored Listing.
Category
Website
Address
Alrigga
Marsa Dubai
