SKS'tolimotsa
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from SKS'tolimotsa, Beauty, cosmetic & personal care, Mandalay, Airlie Beach.
02/08/2023
လွန်ခဲ့တဲ့ခြောက်နှစ်ကျော်ခုနှစ်နှစ်လောက်က စာအုပ်လေးကိုပြန်ဖွင့်ကြည့်မိတော့.. အဲ့ဒီတုန်းကရက်စွဲတွေထဲမှာပိတ်မိနေသေးတဲ့ ကိုယ့်ကိုကိုယ်ပြန်တွေ့ခဲ့တယ်
နောက်ဘဝတွေမှာတော့ ကျွန်တော်တို့နှစ်ယောက် ဒီ့ထက်ပိုကောင်းတဲ့ဘဝတွေနဲ့ပြန်တွေ့ကြရအောင်
ရခဲလှတဲ့ လူ့ဘဝမှာ
အဆင်တွေသာ ပတ်ငမ်းပါ😌🙆
ကျနော့်မှာ
ဆိုးဆိုးရွားရွား ချွတ်ယွင်းချက်တစ်ခုရှိတယ်
ကိစ္စတော်တော်များများ လွန်မြောက်သွားတဲ့အခါမှ
`` ငါ ဒီလိုပြောခဲ့ရမှာ
ငါဒီလို လုပ်ခဲ့ရမှာ´´ဆိုပြီး
ပိုသင့်တော်တဲ့ အချက်ကိုတွေ့ရှိရတာပဲ
ငယ်ရွယ်တုန်းက ကိစ္စမရှိပေမယ့်
ဒီအသက်ရွယ်ရောက်တော့
ဒါဟာ ဆိုးရွားတဲ့ ချွတ်ယွင်းချက်ကြီးကိုဖြစ်လို့
အချိန်ဟာ
ပြန်တောင်းယူလို့မရတော့ဘူးလေ
အလုပ်ရှာရတာ ခက်ခဲနေတဲ့သူတေရဲ့ post တေမြင်ရတာ စိတ်မကောင်းပါဘူး
cv form ကြီးကို group ထဲတင်ပီး
ဘာလုပ်ချင်ပါတယ် ပြောနေရင်လည်း
ဘယ်အလုပ်ရှင်မှ လာမခန့်ပါဘူး
ကုမ္ပဏီက မပေးတဲ့လစာကို
agency က ရေးပီး ခေါ်ရင်
ပျော်ပြီး သွားမလျှောက်နဲ့
ဆက်သွယ်လိုက်မယ်
ဒီနေရာကတော့လူရသွားပီ
ဒီလိုရာထူးကို ထပ်ခေါ်ရင်ဆက်သွယ်ပေးရမလားဆိုတော့ ပျော်ပီလေ ဖောင်ဖြည့်တာပေါ့
ပြီးရင် .. ပေး ..ဖောင်ဖိုး 5000 ပဲ
ကိုယ်ဆို အလုပ်တခုလျှောက်ဖ်ို့
agency နဲ့ သွားလျှောက်ဖူးတယ်
ကိုယ်က experience ရှိတယ်
language ပိုင်းရော IT ပိုင်းရော နားလည်တယ်
certificate လည်း စုံပလုံအောင်ရှိတယ်
အဲ့တော့ ရာထူးကို ကြီးတဲ့အပိုင်းပဲ လျှောက်ချင်တာ
Local မဟုတ်ဘဲ ဖက်စပ် company ဆိုရင်လုပ်ချင်
တယ်ပြောတော့
Agency က စောက်ရမ်းလည်တာနော်
ဒီလိုလူဆို လစာ ဘယ်လောက်ရနိုင်တယ် ဆိုတာ
သိတယ် ... ပြီးတော့ စာချုပ်ထုတ်ပေးတယ်
ပထမဆုံး လစာရဲ့ ဘယ်လောက်ရာခိုင်နူန်းကို
agency ပေးရမယ်
ဒုတိယ လစာကို ဘယ်နှစ်ရာခိုင်နူန်း ပေးရမယ်
အပြတ်ပေးချင်လည်းရတယ်
အဲ့လို စာချုပ်မျိုးတေရှိတယ် နော်
ဒါမှ မဟုတ်ရင် ခေါ်တဲ့သူဌေးက
Agency ကို ဝန်ဆောင်ခ အကုန်ပေးလိုက်မယ်
ပြီးတော့မှ ကိုယ့်လစာထဲက ပြန်ဖျက်လိုက်လို့ရတယ် အဲ့လိုလည်း ရှိတယ်
အဲ့လို ဂျင်ပေါ်ကထုံးလို agency တေရှိတယ်
ဝေါင်ဝေါင်ရှေးနော်
email နဲ့လျှောက်ခဲ့တဲ့ အလုပ်တေက
ဝန်ဆောင်ခကို company ကနေပဲ ယူတယ်
ဝန်ထမ်းဆီက မယူဘူး
အလုပ်ကို အခုမှ စလုပ်မယ့် သူဆိုရင်တော့
အလုပ်ကို မရွေးစေချင်ဘူး
အရာအားလုံးက အတွေ့အကြုံပဲ
MDY က အလုပ်တေက
sale & marketing
Restaurant နဲ့ပတ်သက်တာ
ဒါတေပဲ ပိုပေါတယ်
အဲ့နယ်ပယ်ထဲက ဖြစ်မှပဲ အလုပ်ကရှာရလွယ်မယ်
အခြေခံ promoter , sale girl , assistant
Helper အဲ့လိုမျိုးလေးတေဆ်ို
အတွေ့အကြုံမရှိသေးရင်လျှောက်ပီး လုပ်ကြည့်
လုပ်ငန်းခွင်ထဲရောက်သွားရင်
ဆက်ဆံရေးဆ်ိုတာ ကျယ်ပြန့်သွားတာပဲ
အဲ့ကနေ တဆင့်ချင်းဆီ တခြားအလုပ်ကို ကူးဖ်ို့
requirement တေ ဖြည့်ဖို့ ပဲလိုတယ်
လုပ်ငန်းခွင်ထဲ ရောက်သွားရင်
senior ဆိုတာကို စောက်ပေါမှန်းသိနေရင်တောင်
respect ပေးရတယ် ဘာလို့လဲဆို
ကိုယ့်အတွက် အတွေ့ကြုံယူနေချိန် သည်းခံရတယ်
HR နဲ့ပတ်သက်ပြီး အလုပ်ဝင်တော့
Senior က ကိုယ့်ကိုနှိပ်ကွပ်ချင်တော့
မိတ္တူပဲဆွဲခိုင်းတယ် အဲ့တော့ ဆွဲတယ်
၁ လလောက်ဆို မန်နေဂျာက
အဲ့မိတ္တူစက်ကို ကိုယ်ကလွဲပီး
တခြားသူတေကို မကိုင်ခိုင်းတော့ဘူး
မဆွဲတက် ဆွဲတက်နဲ့ ဆွဲရင်
စာရွက်တေပြုန်းတီးလို့
တခြားသူတေက မိတ္တူဆွဲပေးပါဦးလာပြောရင်
မအားသေးဘူး စောင့်နေ
မစောင့်နိုင်ရင် ကိုယ့်ဘာသာဆွဲဆိုတော့
သင်ပေးပါဦးတေ ဖြစ်လာတယ်
နောက်ဆို ကိုယ်ဆွဲစရာမလိုတော့ဘူး
လမ်းကြုံ ဒါလေး ဆွဲပေးပါဦး ပြောလိုက်ရုံပဲ
meeting report ဆို senoir က
meeting room ထဲသွားထိုင်ရမှာ ပျင်းလို့
ကိုယ့်ကိုလွှတ်တယ် ... သွားထိုင်တယ်
အကြမ်းရေးတယ် သူ့ကိုပြတယ်
လုပ်ရမှာပျင်းတော့ ကိုယ့်ကိုစာရိုက်ခိုင်းတယ်
သူကတော့ လာသမျှလူနဲ့ ရီလိုက်မောလိုက်
ကော်ဖိီလေးသောက်လိုက်နဲ့ပေါ့
အဲ့တုန်းက keyboard ပျောက်နေတဲ့အထဲပါသေးတယ်
တလုံးရိုက်ခါနီးရင် keyboard မှာလိုက်ရှာနေရတာ
ညီမ က စာရိုက်ရင် ကြာတယ် ဖြစ်ပါ့မလားမေးတော့... ရတယ် အေးဆေး အရင်ကလည်း ၃ ရက်လောက်နေမှ report တင်တာလို့ ပြောတော့
ကိုယ်လည်း သူခိုင်းတာမလုပ်ရင်
အလကားနေ မျက်မုန်းကျိုးနေပါ့မယ်ဆိုပီး
စာရိုက်တာ တနေ့လုံးတော့ရိုက်ရတယ်
ဒါပေမဲ့ ပီးသွားတယ်
အခုချိန်ရိုက်ရင်တော့ နာရီဝက်ပဲ
နောက်နေ့ rp တင်လိုက်တယ်
မန်နေဂျာက အံ့တေဘြနေတာ
အစောကြီးတင်ပေးလို့
အရင်ကဆို ဖုန်းတဂွမ်ဂွမ်နဲ့ meeting report
မပေးသေးဘူးလားဆိုမှ ပို့တာဆိုတော့
အစိုးရရုံးစာတဆျေို
ကိုယ့်ပဲသွားယူခိုင်းတာ
နေပူထဲ မသွားချင်လို့
အစတုန်းကတော့
ဟိုရောက်ရင်တန်းပြောတော့တာပဲ နင်တို့တေက တခါထည်းလာမယူကြဘူး
ငါတို့က ပြန်ရှာရတာ ဘာညာ ပွစိပွစိ
မောမောနဲ့ ပြန်ရောက်ရင်
Senior က traveling cost ရေးပီးပီ
အသွားအပြန်မှ 700 လောက်ကုန်တာကို
6000 လောက်တင်ထားတော့
အဲ့လောက်မကုန်ဘူး ညီမသွားတာ
ဘယ်လောက်ပဲ ကုန်တယ်ပြောတော့
မျက်လုံးနဲ့ပဲတချက်ကြည့်လိုက်တယ်
ကိူယ်လည်း ဘာမှမပြောတော့ဘူး
သူ့ဘာသာ ဆွဲထားတဲ့ TA ကတော့ အဟုတ်ပဲ
တွက်ပြထားတာကအစ
အဲ့ကတည်းကသိတယ်
ဒီမှာ ကြာကြာနေရင် ငါ့ပါ ကြံရာပါလုပ်မှာဆိုပီး
အတွေ့အကြုံပဲဆိုပီး ၂ နှစ်လောက်ပဲ လုပ်ခဲ့တယ်
နောက်ဆို ရုံးတေလွှတ်ရင် အချဉ်ပေါင်းပါ ဝယ်သွားတယ် ဟိုရောက်ရင်
အရှေ့မှာတွေ့လို့ ဝယ်လာတာ ဘာညာဆိုတာနဲ့
ကျေနပ်သွားရော
၂ ခါ ၃ ခါလောက်ဆ်ို
ညီမလေးရေ တောင်ဖြစ်သွားရော
အဲ့တုန်းကလည်း ဝင်ပီး ဘယ်လောက်မှမကြာဘူး
Admin supervisor ဖြစ်တယ်
ကိုယ့်ကို နှိပ်ကွပ်တဲ့ senior ကတော့
ဒီရာထူးက ဒီရာထူးပဲ
နောက်ထပ် ဝင်လာမယ့် ကလေးတေကို
ပညာပြမယ် နှိပ်ကွပ်မယ်
လုပ်သက်နဲ့ပဲ ရာထူးတိုးတာကလွဲရင်
ဒီတိုင်းက ဒီတိုင်းပဲ ဖြစ်နေဦးမှာပဲ
အလုပ်စဝင်ဖို့ စဉ်းစားရင်မစဉ်းစားနဲ့တော့
တိုက်ရိုက်ခေါ်တာမျိုးဆို သွားသာလျှောက်
ကိုယ်နဲ့ကိုက်ညီ ဖို့လည်း လိုသေးတယ်
မငြီးနဲ့ စိတ်ဓာတ်မကျနဲ့
မသေမချင်း အလုပ်လုပ်ရမှာ
လေ့လာမယ် သင်ယူမယ်
personal ကောင်းအောင်နေ
ပေါင်းသင်းဆက်ဆံရေးကောင်းအောင်ကြိုးစား
လောကကြီးက သံပုရာသီးတေချည်းတေပဲ
ပေးနေရင် ဖျော်သောက်ပလိုက်
ကျောက်ခဲတေနဲ့ ထုနေရင်
ကောက်ပီး အိမ်ဆောက်ပလိုက်
ဥပမာ ပြောတာ 💪💪
02/01/2022
❤
Click here to claim your Sponsored Listing.
Category
Website
Address
Mandalay
Airlie Beach, QLD
4802
