Soft Reverie
your life your choice �
ကိုယ်ပိုင်ဘဝ 💫
တဖြည်းဖြည်း အရွယ်ရောက်လာတော့ private lifeကို သဘောကျလာတယ် ။ စိတ်ဖိစီးစရာတွေ လည်း တဖြည်းဖြည်း များလာတယ်လို့လည်း ခံစားရတယ် ။
အပူပင်ကင်းကင်း နေခဲ့ရဖူးတယ်ဆိုတာကို မေ့ တောင်လာတတ်ရောပေါ့ ။ စိတ်မပါရတဲ့ ဆက်ဆံ ရေးတွေလည်း ငြီးငွေ့လာတတ်ပြီ ။ သမာရိုးကျ နေ့စဉ်ဘဝကိုလည်း စိတ်ကုန်စပြုလာပြီး အိပ်မရ တဲ့ညတွေဟာ ပိုများလာတယ်။
Publicမှာ ဟီးလာထနေပေမယ့် messenger မှာ စကားပြောဖြစ်တဲ့ အရေအတွက်ဟာ လက်ချိုးရေ တွက်လို့ရနေတယ် ။
ခရီးထွက်ရတာ ပိုနှစ်သက်လာတယ် ။ မိုးကျသံတွေ မက်မောလာတယ် ။ ပန်းတွေကို မြတ်နိုးတတ်ရမှန်း သိလာတယ် ။ ကော်ဖီတွေဟာလည်း တနေ့တာရဲ့ မပါမဖြစ် ဖြစ်လာခဲ့တယ် ။
လူနည်းနည်းလေးကို ပိုအတွင်းကျကျ ပေါင်း ဖြစ်လာတယ် မိသားစုက အရေးပါမှန်း ဘဝရဲ့ အစိတ်ပိုင်း တစ်ခုဆိုတာ နားလည်လက်ခံမိလာ တယ်
အချစ်ဆိုတာဟာ ပိုင်ဆိုင်ခြင်းတွေ ပေးဆပ်ခြင်း တွေထက် အချစ်ဟာ အချစ်လို့ပဲ ရှုမြင်တတ် သွားတယ် ။ ဘယ်သူမှ မရှိလည်းဖြစ်တာပဲဆိုတဲ့ သဘောကိုလည်း လက်ခံနိုင်သွားပြီ ။
ငွေဟာ မရှိမဖြစ်ဆိုတာကိုလည်း ယုံကြည်လာပြီး တနေ့တာ ရှင်သန်ခွင့်တွေမှာ ပျော်ပျော်နေခွင့်ရတာ ကို ဆုတစ်ခုအနေနဲ့လည်း ကျေးဇူးတင်တတ်နေပါ
20/10/2025
ပြန်ခေါ်လို့ ရသေးလား🥹
01/10/2025
ငါသာမကိတ်တာ ငါ့အိမ်က အိမ်မြှောင်ကိတ်ချက်
07/09/2025
လူတစ်ယောက်က မင်းကို ဆက်သွယ်ဖို့ မကြိုးစားဘူးဆိုရင်
ကိုယ်ကရော ဆက်ပြီး ဆက်သွယ် နေမှာလား။
စကားတစ်ခွန်း လက်ဆောင်ပေးမယ်။လူတစ်ယောက်ကို သိပ်ချစ်မိတဲ့အခါ သူ့ထက် ခြေလှမ်းနှစ်လှမ်း ရှေ့သို့ လှမ်းပြီး သူ့ဆီ သွားလိုက်ပါ။မင်းလာနေတာကို တွေ့နေရင်တောင် မင်းကို ဝမ်းပန်းတသာ
မကြိုဆိုဘူးဆိုရင် ရပ်လိုက်သင့်တယ်။နာကျင်စရာကောင်းပေမဲ့ဒါဟာ အကောင်းဆုံးအဖြေပါ။
ချစ်တဲ့စိတ်ကို လူတွေ ထိန်းချုပ်ဖို့
အခက်ဆုံးပဲ။ဒါကြောင့် မဆက်သွယ်ခြင်းအားလုံးက မချစ်ဘူး၊
အရေးမပါဘူးလို့ ဖော်ပြနေပါတယ်။ချစ်တဲ့အခါ မရမက ဆက်သွယ်ဖို့ ကြိုးစားမှာပဲလေ။
တစ်ဖက်က မင်းကို အလိုမရှိတော့ဘူးဆိုပြီး ပါးစပ်နဲ့ တိုက်ရိုက်မပြောဘဲ လုပ်ရပ်ဖြင့် ပြတဲ့အခါ ဒါကို နားလည်ဖို့ လိုပါတယ်။
Don't overthink.
မချစ်တော့လည်း မဆက်သွယ်တော့လည်း ဘာအရေးလဲ။
Your life is going on without someone ပါပဲနော်။
-နူးနူးအောင်
🅲🆁🅴🅳🅸🆃
#စာပေဥယျာဉ်
07/09/2025
🥺
အတိတ်ကပြန်မလာဘူး…….
အနာဂဏ်ကမသေချာဘူး။
အချိန်တစ်ခုက မြစ်ရေစီးသလိုပဲ
နှစ်ခါပြန်မရဘူး။
အသေချာဆုံးကဒီနေရာ ဒီအချိန်ဆိုတဲ့ပစ္စုန်ပန်ပါပဲ……။
04/09/2025
☺️
03/09/2025
စာသားလေး သဘောကျလို့ တချို့ကသူတို့ကပဲလိုခြင်ကြတာ သူတို့ပြန်ပေးဖို့ကျမေ့နေကြတယ် ဒါနဲ့များမေတ္တာဆိုပြီးခေါင်းစဉ်တပ်နေသေးတယ်🙂
02/09/2025
ငါတို့ငယ်ငယ်က အကောင်းဆုံး Skincare🤭🤭
Click here to claim your Sponsored Listing.
Website
Address
Singapore
Canberra, ACT
