Mudita
USA တိုက်ရိုက်ဖြည့်စွက်စာများ
27/07/2026
Life Extension Optimized Folate (L-Methylfolate 1700 mcg DFE)
ကျန်းမာရေးကောင်းမွန်ဖို့ Folate (Vitamin B9) က မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်တစ်မျိုးဖြစ်ပါတယ်။ Life Extension Optimized Folate ကတော့ ခန္ဓာကိုယ်က အလွယ်တကူအသုံးပြုနိုင်တဲ့ L-Methylfolate (Active Folate) ပုံစံနဲ့ ထုတ်လုပ်ထားတာကြောင့် စုပ်ယူအသုံးပြုမှု ပိုကောင်းစေပါတယ်။
အဓိကအကျိုးကျေးဇူးများ 🌿
- သွေးနီဥဖွဲ့စည်းမှုကို အားပေးကူညီ ပေးပြီး ကျန်းမာသောသွေးဆဲလ်များ ဖြစ်ပေါ်စေပါတယ်
- ဦးနှောက်နှင့် အာရုံကြောကျန်းမာရေးကို ထောက်ပံ့ပေးပြီး စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို ကူညီပေးနိုင်ပါတယ်
- DNA နှင့် ဆဲလ်အသစ်များ ဖွဲ့စည်းခြင်း၊ ဆဲလ်ကြီးထွားဖွံ့ဖြိုးခြင်းကို အားပေးပေးပါတယ်
-နှလုံးသွေးကြောကျန်းမာရေးအတွက် Homocysteine Level ကို ပုံမှန်ထိန်းသိမ်းရာတွင် ကူညီပေးနိုင်ပါတယ်
- ကိုယ်ဝန်ဆောင်ရန် စီစဉ်နေသူများနှင့် ကိုယ်ဝန်အစောပိုင်းအမျိုးသမီးများအတွက် Folate လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ပါတယ်ရှင့်
‼(ကိုယ်ဝန်ဆောင်နေသူများသည် ဆရာဝန်ညွှန်ကြားချက်ဖြင့်သာ သောက်သုံးသင့်ပါသည်။)
🌿 MTHFR Gene ပြောင်းလဲမှုရှိသူများတွင်လည်း အသုံးပြုလေ့ရှိသော Active Folate ပုံစံဖြစ်ပါတယ်နော်
မှာယူလိုပါက
09764326240
09883491972(Viber or pho)ကို
ဆက်သွယ်မေးမြန်းမှာယူနိုင်ပါတယ်ရှင့်
26/07/2026
ဗိုက်ပူနေလို့ စိတ်ညစ်နေသူများအတွက် အဓိက အကြောင်းရင်းတစ်ခုကတော့ ကျွန်ုပ်တို့ရဲ့ အူလမ်းကြောင်းထဲမှာ အညစ်အကြေးတွေနဲ့ အနည်အနှစ် ဂျီးတွေ ကပ်ငြိနေလို့ပဲ ဖြစ်ပါတယ်။
🩸 အူသန့်မှ သွေးသန့်မည်
လူတစ်ကိုယ်လုံးရဲ့ ကျန်းမာရေးအတွက် သွေးက အဓိကကျပြီး ထိုသွေးဟာ အူလမ်းကြောင်းကနေ စတင်ဖြစ်ပေါ်တာပါ။ ကျွန်ုပ်တို့ စားသုံးလိုက်တဲ့ အစားအသောက်တွေကရတဲ့ အာဟာရရည်ကို အူနံရံတွေက စုပ်ယူပြီး သွေးအဖြစ် ပြောင်းလဲပေးပါတယ်။
အူသန့်ရင် သွေးသန့်မယ်၊ အူမသန့်ရင် သွေးမသန့်ဘူး ဆိုတာ ထင်ရှားတဲ့ အမှန်တရားတစ်ခုပါပဲ။ အူလမ်းကြောင်းကို သန့်ရှင်းပေးမှသာ အဆိပ်အတောက်ကင်းတဲ့ သွေးသန့်ကို ရရှိပြီး ရောဂါဘယ ကင်းဝေးမှာ ဖြစ်ပါတယ်။
🥬 အူလမ်းကြောင်း သန့်ရှင်းရေး နည်းလမ်း
အူတွေကို သန့်ရှင်းအောင် ပြုလုပ်ဖို့က မခက်ခဲပါဘူး။ သဘာဝက ပေးထားတဲ့ စင်ထိုးစိုက်ပျိုးရသော အညွန့်အရွက်များကို စားသုံးပေးရုံပါပဲ။
စားသုံးပေးရမည့် အရာများ: ဘူးညွန့်၊ ဂေါ်ရခါးညွန့်၊ ရွှေဖယုံညွန့် စသည့် အညွန့်အရွက်များ။
ထူးခြားချက်: ဒီအညွန့်အရွက်တွေမှာ သေးငယ်တဲ့ အမွှေးအမျှင်လေးများ ပါရှိပါတယ်။
အကျိုးသက်ရောက်မှု: မျက်နှာသုတ်ပဝါမှာ ပါတဲ့ အမွှေးလေးတွေက အညစ်အကြေးကို ပြောင်စင်အောင် သုတ်သင်သလိုမျိုး၊ ဒီအရွက်တွေက အူနံရံမှာ ကပ်နေတဲ့ အညစ်အကြေးတွေကို သန့်ရှင်းသွားအောင် သုတ်သင်ပေးပါတယ်။
💡 ရရှိမည့် အကျိုးကျေးဇူးများ
၁။ အစာခြေလမ်းကြောင်း တစ်လျှောက်လုံး သန့်ရှင်းသွားမည်။
၂။ သန့်ရှင်းသော သွေးကို ရရှိပြီး အနာရောဂါ ကင်းဝေးမည်။
၃။ အူထဲမှာ အညစ်အကြေး ချိုးကပ်မှုကြောင့် ဗိုက်ပူနေသူများ တဖြည်းဖြည်း ဗိုက်ချပ်သွားမည်။
၄။ အသက်ရှည်ကျန်းမာပြီး လန်းဆန်းမှုကို ခံစားရမည်။
အကြံပြုချက်: အဆိုပါ အညွန့်အရွက်များကို ကြော်ချက်၍ဖြစ်စေ၊ ဟင်းချိုချက်၍ဖြစ်စေ ပုံမှန်စားသုံးပေးခြင်းဖြင့် ကျန်းမာသော ဘဝကို ပိုင်ဆိုင်နိုင်ကြပါစေ။ မိမိကိုယ်တိုင်လည်း လိုက်နာကျင့်သုံးရင်း မိမိရဲ့ မိတ်ဆွေများပါ သိရှိစေဖို့ ပြန်လည်မျှဝေပေးခြင်းဖြင့် ကျန်းမာရေး ကုသိုလ်ယူကြပါစို့။ 🥰🥰
26/07/2026
Life Extension Creatine Capsules လေးညွှန်းပေးမယ်နော်သူကတော့ဆေးမဟုတ်ဘဲ အားကစားလုပ်သူတွေ၊ gym ကစားသူတွေ၊ muscle strength တိုးချင်သူတွေ သောက်တဲ့ အာဟာရဖြည့်စွက် (dietary supplement) တစ်မျိုးပါ။
Creatine က ဘာအတွက်သောက်တာလဲဆိုတော့..☝🏻
Creatine က ခန္ဓာကိုယ်ထဲ muscle တွေအတွက် energy ထုတ်ပေးရာမှာ ကူညီတဲ့ compound တစ်မျိုးဖြစ်တယ် အများဆုံး အသုံးများတာတွေကတော့..
💪🏻Muscle strength တိုးစေပြီး
Gym performance ကောင်းမွန်စေတယ်
🏋🏻အလေးမ ပိုနိုင်စေနိုင်တယ်နော်
Muscle size နဲ့ lean muscle တိုးဖို့ ထိရောက်စွာ ကူညီပေးတယ်
🙋🏻ပင်ပန်းနွမ်းနယ်မှု လျော့စေတယ်
Workout ပြီး recovery ပိုမြန်စေတယ်နော် အဲ့တာ ကြောင့် ဘယ်သူတွေ သောက်လေ့ရှိလဲ ဆိုတော့
🏋🏻Gym / bodybuilding လုပ်သူ
Athlete
Running / football / sports လုပ်သူ🏃🏻⛹🏻
Muscle mass တိုးချင်သူတွေ အတွက် အားကိုး ရာ ဘဲ ပေါ့...
ဘယ်လိုသောက်ရမလဲဆိုတော့
ပုံမှန် creatine monohydrate ဆိုရင်
တစ်နေ့ 3–5 g လောက် သောက်လို့ရပါတယ်
💥ရေများများသောက်ဖို့ အရေးကြီးတယ်နော်။💥
သတိထားပီး သောက်ရမယ့်သူတွေက
Kidney disease ရှိသူနဲ့
သွေးပေါင် / ဆီးချို / chronic disease ရှိသူ
ကိုယ်ဝန်ဆောင် / နို့တိုက်မိခင်
များကတော့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ သောက်တာပိုပီးကောင်းပါတယ်နော်
*မှာယူလိုပါက*
09-764326240
09-883491972(viber or ph)
မှာယူလို့ရပါတယ်ရှင့် 🤗
24/07/2026
🌧️🎉 မိုးရာသီအထူး Live Sale ကြီး စတော့မယ်နော်...!! 🎉🌧️
ချစ်သော Customer တို့ရေ... ❤️
ဒီတစ်ခါတော့ အားလုံးစောင့်မျှော်နေကြတဲ့ Mudita Mira Live Sale ကို အထူး Promotion တွေနဲ့ ပြန်လာပါပြီ။ 🥰
25.7.2026 (စနေနေ့) ⏰ မနက် 10:30 နာရီ
Live ထဲမှာသာ ရရှိမယ့် အထူးအခွင့်အရေးများ... 🎁
✨ ဆေး ၁ ဗူး ဝယ်ယူရုံဖြင့် 2,000 Ks Discount ✨ ဆေး ၂ ဗူး ဝယ်ယူရုံဖြင့် Free Delivery ✨ ဆေး ၅ ဗူး ဝယ်ယူရုံဖြင့် 10,000 Ks Discount + Free Delivery
💊 USA Supplements၊ Vitamins နဲ့ ကျန်းမာရေးအတွက် လိုအပ်တဲ့ ဆေးဝါးအစုံကို ဈေးသက်သက်သာသာနဲ့ ဝယ်ယူနိုင်မယ့် အခွင့်အရေးပါ။
🚚 နယ်မှမှာယူသူများအတွက် တန်ဆာခ 3,000 Ks အထိ ကူညီခံပေးမှာဖြစ်ပါတယ်။
💥 Promotion က Live အတွင်းမှာသာ အကျုံးဝင်တာမို့ အခွင့်အရေးကို လက်မလွတ်လိုက်နဲ့နော်။
📲 လိုအပ်တဲ့ဆေးတွေကို Comment မှာဖြစ်ဖြစ်၊ Live ထဲမှာဖြစ်ဖြစ် မှာယူနိုင်ပါတယ်။
💚 25.7.2026 (စနေနေ့) | မနက် 10:30 နာရီ Mudita Mira Live Sale မှာ စောင့်နေမယ်နော်... 🥰
❤️ တန်တန်လေးဝယ်၊ များများလေး Save ကြရအောင်! ချစ်တဲ့ Mudita Mira
22/07/2026
🌿 ဆေးနည်းတိုမှတ်စု (၄၅) သွယ်
၁။ ဆီးခဏခဏသွားလျှင် - ဥသျှစ်ရွက်ကို သုပ်စားပေးပါ။
၂။ နှုတ်ခမ်းရေယုံပေါက်လျှင် - လေးညှင်းပွင့်ကို သွေး၍လိမ်းပါ။
၃။ ဝမ်းပျက်ဝမ်းလျှောဖြစ်လျှင် - ဧကရာဇ်မြစ်ကို ဆန်ဆေးရည်နှင့်သွေးသောက်ပါ (သို့မဟုတ်) မန်ကျည်းခေါက် သွေးသောက်ပါ။
၄။ ဝှေးဥရောင်ခြင်းအတွက် - ဝက်ကြိမ်ရွက်နှင့် ဆနွင်းစိမ်းကို ရောထောင်း၍ အုံပေးပါ။
၅။ နှလုံးအောင့်၊ မောကြပ်လျှင် - ဂျင်းစိမ်း (သို့မဟုတ်) မိတ်သလင်ကို ဆားနှင့်တို့စားပြီး ရေအေးသောက်ပါ။
၆။ အိပ်မပျော်သောရောဂါ - ဒန်ကျွဲပင်ပြုတ်ရည် (သို့မဟုတ်) မဲဇလီရွက်ဟင်းချို သောက်ပေးပါ။
၇။ နှာခေါင်းသွေးလျှံလျှင် - ကျောက်ချဉ်ကို အမှုန့်ပြု၍ ရှူပေးပါ။
၈။ ကင်းကိုက်မိလျှင် - ကျောက်ချဉ်သွေး၍ လိမ်းပါ။ (သားအိမ်ကိုက်ခဲပါက သက်ရင်းကြီးမြစ်နှင့် ဆင်သမနွယ်ရည် ရောသောက်ပါ)
၉။ သွေးပျစ်ခြင်းအတွက် - ရှောက်ရည်၊ သံပုရာရည် (သို့မဟုတ်) ကင်ပွန်းချဉ်ရွက်ပြုတ်ရည် သောက်ပေးပါ။
၁၀။ ကျောက်တည်ခြင်းအတွက် - ကျောက်ကွဲပင် (သို့မဟုတ်) ကဒက်ခေါက်ကို သံပုရာရည်နှင့် သွေးသောက်ပါ။
၁၁။ အဆီကျ၊ အကြောတက်ဆေး - သက်ရင်းကြီး၊ ငု၊ ပွေးကိုင်း၊ ရှားဖြူ၊ မန်ကျည်း၊ ကင်ပွန်းချဉ် (၆ မျိုး) အရွက်ရင့်များကို ကျိုသောက်ပါ။
၁၂။ ချောင်းဆိုးလျှင် - ခရေပွင့်ကို တစ်ညစိမ်ထားသောရေကို နံနက်တွင် စစ်သောက်ပါ။
၁၃။ ရင်ပြည့်ရင်ကယ်ဖြစ်လျှင် - ကြက်ဟင်းခါးသီးကို နှမ်းဆီ၊ ပရုပ်ဆီတို့ဖြင့်ဖျော်၍ ရင်ဘတ်ကို သပ်ချပေးပါ။
၁၄။ နှာပိတ်လျှင် - ကြိတ်မှန်ရွက်နှင့် ခွေးသေးပန်းရွက်ကြိတ်ရည်ကို ရှိန်းခိုအနည်းငယ်ထည့်၍ ငယ်ထိပ်မှ နှာခေါင်းအထိ ဆွဲလိမ်းပါ။
၁၅။ အတက်ရောဂါ - ဆင်ငိုမြက်ပြုတ်ရည်ကို တိုက်ပေးလျှင် အတက်ကျစေပါသည်။
၁၆။ ရေငတ်ဝမ်းကျရောဂါ - ဆီးစေ့အတွင်းမှအဆန်ကို အမှုန့်ပြု၍ နွယ်ချိုနှင့်ရောစားပါ။
၁၇။ ကင်းထိုးလျှင် - ငဖြူကြီးမြစ်ကို သွေး၍ လိမ်းပေးပါ။
၁၈။ ကြို့ထိုးခြင်းအတွက် - ကြက်သွန်နီကို ထန်းလျက်နှင့် ရောကြိတ်၍ စားပါ။
၁၉။ ခရုသင်းရောဂါ - ကျည်းသီးဆန်ကို ဆန်ဆေးရည်နှင့် ရော၍ ရက်ရှည်စားသုံးပါ။
၂၀။ ခြေတုန်လက်တုန်ဖြစ်လျှင် - ကြိတ်မှန်ရွက်ကို ယိုထိုး၍ စားပေးပါ။
၂၁။ ခါးနာခါးကိုက်ခြင်း - ညောင်ခြေထောက်ပင်မှထွက်သော နို့စေးကို လိမ်းပေးပါ။
၂၂။ ငှက်ဖျားတက်လျှင် - မြင်းခွာရွက်ရည်နှင့် ငရုတ်ကောင်းကို အချိုးကျကြိတ်၍ သောက်ပါ။
၂၃။ ခံတွင်းပျက်လျှင် - ကြိတ်မှန်ရွက်ယိုကို စားပေးပါ။
၂၄။ ခေါင်းတစ်ခြမ်းကိုက်လျှင် - ကျည်းသီးဆန်ကို ဆိတ်ကျင်ငယ်ရည်နှင့် သွေးလိမ်းပါ။
၂၅။ စကားထစ်လျှင် - နံနက်တိုင်း မြင်းခွာရွက်ကို ပုံမှန်စားပေးပါ။
၂၆။ စအိုယားနာ - ကြိတ်မှန်ရွက်ရည်ကို စအိုဝတွင် သုတ်လိမ်းပေးလျှင် ပိုးများကျဆင်းစေပါသည်။
၂၇။ ဆီးချုပ်လျှင် - ငုနှစ်ကို သွေး၍ ချက်အောက်တွင် လိမ်းပေးပါ။
၂၈။ ဆီးတစ်စက်စက်ကျလျှင် - ကြက်သွန်နီပြုတ်ရည်ကို သောက်ပေးပါ။
၂၉။ ဆီးချုပ်ခြင်းအတွက် - ကြက်သွန်နီအစိမ်းကို များများစားပေးပါ။
၃၀။ ဆီးအောင့်၊ ကျောက်တည်ခြင်း - ကြာဟင်းရွက်ကို နွားနို့၊ သကြားတို့နှင့် ရောစားပါ။
၃၁။ ဆီးချိုရောဂါ - ခံတက်ခေါက်ကို လေးခွက်တစ်ခွက်တင် ကျိုသောက်ပါ။
၃၂။ ဆီးအနှစ်ကျလျှင် - သင်္ဘောရွက်၊ ထန်းလျက်၊ ဆားတို့ကို ၃ ခွက် ၁ ခွက်တင်ကျို၍ တစ်နေ့လုံး သောက်ပါ။
၃၃။ ဆီးပူလျှင် - ဗူးသီးကို ပြုတ်၍ စားပေးပါ။
၃၄။ ဆံပင်ပြန်ပေါက်စေရန် - သံပုရာစေ့ကို ရေနှင့်ကြိတ်၍ ဦးရေပြားကို လိမ်းပေးပါ။
၃၅။ တင်းတိပ်အတွက် - နနွင်းနှင့် ငဖြူကြီးအစေးကို ရောစပ်လိမ်းပေးပါ။
၃၆။ ဝမ်းချုပ်လျှင် - ထန်းလျက်နှင့် မန်ကျည်းသီးကို ဆားအနည်းငယ်ထည့်၍ ကျိုစားပါ။
၃၇။ နားကိုက်လျှင် - ကြက်သွန်နီမီးဖုတ်ရည်ကို နွေးနွေးလေး နားထဲထည့်ပေးပါ။
၃၈။ နားအူ၊ နားလေထွက်ခြင်း - သင်္ဘောရွက်ကို မီးအုံ၍ အတို့အမြှုပ်အဖြစ် စားပါ။
၃၉။ နားပြည်ယိုလျှင် - ကျီးအာသီးကြိတ်ဖတ်ကို အုန်းဆီနှင့်ရော၍ နားထဲကျပ်ပေးပါ။
၄၀။ နားထဲပိုးဝင်လျှင် - ခရမ်းကစော့သီး မီးရှို့အခိုးခံပြီး မုန်ညင်းဆီနှင့် ကျပ်ပေးပါ။
၄၁။ နို့ကြောင်းပိတ်လျှင် - ကြိတ်မှန်ရွက်ကို ငါးကြင်းသားနှင့် ဟင်းချက်စားပါ။
၄၂။ နို့ထွက်ကောင်းစေရန် - စမြိတ်စေ့ကို လှော်၍ စားပေးပါ။
၄၃။ နှလုံးရောဂါအတွက် - ခရေခေါက်ပြုတ်ရည်သောက်ပါ၊ အပွင့်ရှူပါ၊ အသီးစားပေးပါ။
၄၄။ နှာခေါင်းသွေးလျှံလျှင် - ငှက်ပျောပင်မှ ထွက်သော အစေးကို ရှူပေးပါ။
၄၅။ အနံ့မရသောရောဂါ - ကြိတ်မှန်ရွက်ညှစ်ရည်ကို မကြာခဏ ရှူပေးပါ။
လူသားအားလုံး ရောဂါဘယများ ကင်းဝေးပြီး ကျန်းမာပျော်ရွှင်ကြပါစေ။
22/07/2026
Cinnamon, Cinsulin (သစ်ကြပိုးမှုန့်)
၁။ ခန္ဓာကိုယ် ဇီဝဖြစ်စဉ် (ဆီး၊ဝမ်း၊သွေး၊လေ) ညီညွတ် မှန်ကန်စေသည်။
၂။ ပိုလီဖီနော ကြွယ်ဝစွာ ပါဝင်သောကြောင့် အရွယ်တင် နုပျို၍ ကင်ဆာရောဂါ ကာကွယ်သည်။
၃။ အရောင်ကျစေသော အာနိသင်ရှိသဖြင့် ရေရှည် စားသုံးခြင်းဖြင့် နာတာရှည် ရောင်ရမ်းနာများကို သက်သာစေသည်။
၄။ ကိုလက်စရော နှင့် ထရိုင်ဂလစ်စရိုက် ကို ကျစေပြီး နှလုံးရောဂါ ဖြစ်ပွားမှုကို ကာကွယ်သည်။ နှလုံးသွေးကြောကျဉ်းရောဂါကို သက်သာစေသည်။
၅။ အင်ဆူလင် တုန့်ပြန်မှုအားကောင်းစေပြီး ဆီးချို ကျစေသည်။
၆။ ပါကင်ဆန်ရောဂါ နှင့် အယ်ဇိုင်းမား ရောဂါကဲ့သို့ အာရုံကြောများ ပျက်စီး၍ မှတ်ဥာဏ်ချို့ယွင်းမှုကို သစ်ကြံပိုးက ကာကွယ်ပေးသည်။
၇။ အူမကြီးကင်ဆာ ကာကွယ်နိုင်ကြောင်း သက်သေ ပြနိုင်ခဲ့သည်။
၈။ ဘက်တီးရီးယားနှင့် မှိုပိုးများကို ဆန့်ကျင်တိုက်ခိုက်နိုင်သည်။
၉။ သဘာဝ အပင် ၆၉ မျိုးနှင့် စမ်းသပ်ရာမှ သစ်ကြံပိုးသည် HIV -1 ဗိုင်းရပ်ကို ခုခံတိုက်ခိုက်နိုင်ကြောင်းတွေ့ရှိခဲ့သည်
၁၀။ menstrual pains ရာသီလာစဉ် နာကျင်ကိုက်ခဲခြင်း တွေကို သက်သာစေသည်။
သစ်ကြပိုး အမှုန့် (powder)၊ အခဲ (tablet)၊ အတောင့် (capsule) အမျိုးမျိုး ရှိသည်၊
အမှုန့်ဆိုလျင် လ္ဘက်စားဇွန်း (teaspoon) တဝက် တနေ့ တကြိမ် အစာစားပြီး သောက်ကြပြီး အခဲ၊ အတောင့်များကို တခါသောက် တလုံး တနေ့ ၂ ကြိမ် အစာစားပြီး သောက်သုံးလေ့ ရှိကြသည်
ဆီးချိုရှိသူများ အဓိက သောက်သုံးလေ့ ရှိကြသည်၊
Credit
*မှာယူလိုပါက*
09764326240
09883491972(Viber Or Ph)ကိုဆက်သွယ်မေးမြန်းမှာယူနိုင်ပါတယ်ရှင့်
21/07/2026
Electrolyte Superme Lemon🍋🍋🍋 &🍇🍇 berry
JIGSAW ELECTROLYTE SUPREME (ဓာတ်ဆား)
Vitamin C, D3, B6, B12, Biotin, Calcium, Iodine, Magnesium, Copper, Zinc, Selenium, Manganese, Chromium, Sodium, Potassium တို့ ပါဝင်သည်
အာနိသင်များ
သွေး၊ သုတ် (lymphatics) တို့အတွက် အဓိက လိုအပ်တယ်။ သွေးပေါင်ချိန်ကို မျှတအောင် လုပ်ပေးတယ်။ ကလာပ်စည်းတွေထဲကို အာဟာရဓာတ်များ ပို့ဆောင် ပေးတယ်။ ခန္ဓာကိုယ်တွင်း အက်စစ် နဲ့ alkaline ဓာတ် မျှတစေ တယ်။ (maintain acid base balalce)။ ဥဏှောက် နဲ့ အာရုံကြောတွေ အလုပ် ကောင်းကောင်း လုပ်ဖို့ လိုအပ်တဲ့ ဓာတ်တွေ ဖြစ်ပါတယ်။ ဥဏှောက်ထဲမှာ ရှိတဲ့ ကလာပ်စည်းတမျိုး (glial cells) အရေအတွက် ပွားစေတာကြောင့် တီထွင်မှုအားတွေ ကောင်းလာနိုင်ပါတယ်။ (creative thinking)။ ဥဏှောက်က ပို့ပေးလိုက်တဲ့ အချက်ပြတွေကို နာဗ်ကြောတွေဆီ ရောက်အောင်လဲ လုပ်ပေးပါတယ်။ Adrenal gland ကောင်းကောင်း အလုပ်လုပ်ဖို့လဲ ထောက်ပံ့ပေးပါတယ်။
sodium ဓာတ် အလွန်နည်းသွားတဲ့ သူတွေမှာ သတိ မရှိတော့တာ၊ ခွန်အား ဆုတ်ယုတ်တာ၊ ကပေါက်ကချာ ဖြစ်တာတွေ ဖြစ်တတ်ပါတယ်။ (Hyponatremia is a serious matter.)
ည မအိပ်ခင် ဖျော်သောက်ရင် မနက် အိပ်ရာက ထလာရင် စိတ်ရော ရုပ်ပါ ကြည်လင်နေပြီး လုပ်စရာရှိတာတွေကို ပိုပြီး ထိထိ မိမိ ဆောင်ရွက်နိုင်ပါတယ်။ ဥဏှောက် ခွန်အား အလွန် ကောင်းလာပါတယ်။
ရေ တခွက် (350ml) မှာ D ribose powder လ္ဘက်ဇွန်း တစ်ဇွန်းရယ်၊ electrolyte powder တဇွန်းရယ် ရောဖျော်ပြီး သောက်ကြပါတယ်၊ ဥဏှောက် နဲ့ အာရုံကြော ဝေဒနာရှင်များက တနေ့ ၂ ကြိမ် သောက်လေ့ရှိကြပါတယ်။
Credit-To a better health and Original writer
မှာယူလိုပါက
09-764326240
09-883491972(viber or ph)
ကို ဆက်သွယ်မှာယူနိုင်ပါတယ်။
21/07/2026
{ကင်ဆာရောဂါကို မကြောက်ကြပါနဲ့}
ယနေ့ခေတ် ဂျပန်ပြည်မှာ ဓာတ်စာဖျော်ရည်တစ်မျိုး ရေပန်းစားနေပါတယ်။ လူအများ စိတ်ဝင်တစားဖြစ်အောင် စတင်ဖော်ထုတ် တိုက်တွန်းခဲ့သူကတော့ ဂျပန်ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး အရှင်တိုမီဇာဝ ဖြစ်ပါတယ်။ လူသိများလာတဲ့ ဓာတ်စာဖျော်ရည်ကတော့ အာလူးစိမ်းဖျော်ရည်ပင် ဖြစ်ပါတယ်။
ဂျပန်နိုင်ငံမှာ အာလူးစိမ်းဖျော်ရည်ကြောင့် ရောဂါဝေဒနာ သက်သာပျောက်ကင်းသွားတဲ့ လူနာတွေ၊ မိသားစုဝင်တွေဆီက ကျေးဇူးတင်လွှာတွေ ဆရာတော်ဆီကို အမြောက်အမြား ရောက်ရှိခဲ့ပါတယ်။ ဆရာတော်က ဒီနှစ်အတွင်းမှာ ကင်ဆာဝေဒနာရှင် အများအပြားဟာ အာလူးစိမ်းဓာတ်စာကို မှီဝဲခဲ့ကြပြီး သိသိသာသာ သက်သာလာကာ သေမင်းအနားကနေ ပြန်လာနိုင်ခဲ့ကြတယ်လို့ မိန့်ကြားပါတယ်။
အသုံးပြုပုံကတော့...
အာလူးအစိမ်း လတ်ဆတ်တာကို ရေစင်အောင်ဆေးပြီး ထုထောင်းပါ။ ပြီးရင် ပိတ်စိမ်းပါးနဲ့ထုပ်ကာ အရည်ရအောင် ညှစ်ယူပါ။ အဲဒီအရည် ဖန်ခွက်တစ်ခွက်မှ နှစ်ခွက်အထိ နေ့စဉ်မှီဝဲသွားမယ်ဆိုရင် အသည်းရောဂါ၊ ဆီးချို၊ အစာအိမ်၊ ကျောက်ကပ်၊ နှလုံး၊ သွေးတိုး၊ ခါးနာ၊ ပုခုံးနာနဲ့ ကျီးပေါင်းနာ ရောဂါတွေ ပျောက်ကင်းစေတယ်လို့ ဆိုပါတယ်။ ပျောက်ကင်းကြောင်း အရပ်ရပ်က ထောက်ခံချက်များလည်း ရရှိထားတယ်လို့ ဆိုပါတယ်။
သာဓကတစ်ခုအနေနဲ့...
မစ္စတာတီဆိုသူဟာ နားရွက်အောက်မှာ အဖုတစ်ဖု ပေါ်လာတာကြောင့် ဆေးရုံပြသရာ ကင်ဆာကျိတ် ဖြစ်နေတာကြောင့် ခွဲစိတ်ကုသပြီး ဓာတ်ကင်ခဲ့ပါတယ်။ ဒါပေမဲ့လည်း ကင်ဆာဆဲလ်တွေက အဆုတ်အထိ ပျံ့နှံ့သွားပါတယ်။ ဆရာဝန်ကြီးများက ကင်ဆာဆဲလ်တွေ ပျံ့နှံ့ကုန်လို့ ကုသလို့ မရနိုင်တော့ဘူးလို့ ဆိုပါတယ်။ အဲဒီနောက် သူဟာ အာလူးစိမ်းဓာတ်စာ အကြောင်းကြားသိရတဲ့အတွက် အရှုံးမရှိဘူးဆိုပြီး စမ်းသောက်ကြည့်ပါတယ်။ အညွှန်းအတိုင်း နေ့စဉ်ရက်ဆက် ဇွဲရှိရှိနဲ့ သောက်ခဲ့ပါတယ်။
အခုဆိုရင် ကင်ဆာဆဲလ်တွေ လျော့ကျသွားပြီး ထိန်းချုပ်ထားနိုင်တဲ့အတွက် ကျန်းမာရေးနဲ့ ခွန်အားတွေ ပြန်ကောင်းလာပါတယ်။ မူလအလုပ်အကိုင်ကိုလည်း ပြန်လည်လုပ်ကိုင်နိုင်ပါပြီ။
သုတေသီ တိုမီဇာဝက သူ့ရဲ့ "ကင်ဆာရောဂါ မကြောက်ရ၊ ကျန်းမာစေမည့် နည်းလမ်းကောင်း" (The way to healthy life; Cancer not to be feared) ဆိုတဲ့စာအုပ်ထဲမှာ ကင်ဆာရောဂါ ခွဲစိတ်ကုသခဲ့သည့်တိုင်အောင် လူနာရဲ့ ကြောက်စိတ်ကြောင့် ကင်ဆာဆဲလ်တွေ ပျံ့နှံ့ကုန်ရတတ်ကြောင်း ဖော်ပြထားပါတယ်။ လူနာတွေဟာ ကင်ဆာဆေး အဆက်မပြတ် သောက်ရပြီး ဓာတ်ကင်ပြီးသွားရင်လည်း ပြင်းထန်တဲ့ ကုထုံးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေကို ခံစားရပါသေးတယ်။
အကျိုးဆက်အနေနဲ့ လူနာဟာ ခံတွင်းပျက်ခြင်း၊ အားအင်ကုန်ခမ်းခြင်းတို့ ဖြစ်လာရပါတယ်။ အာလူးစိမ်းဓာတ်စာကို သောက်ခြင်းအားဖြင့် ဘေးထွက်ဆိုးကျိုးတွေ မခံစားရဘဲ လူနာဟာ တစ်နေ့ထက်တစ်နေ့ အားအင်ပြည့်ဖြိုးလာတာ တွေ့ရပါတယ်။ အာလူးပင်ဟာ ပင်ကိုယ်က အာဟာရပြည့်ဝတဲ့ အစာတစ်ခု ဖြစ်တဲ့အတွက် အကျိုးမယုတ်ပါဘူး။ ပုံမှန်မှီဝဲခြင်းအားဖြင့် ကင်ဆာဆဲလ်တွေကို ဟန့်တားစေတယ်လို့ ဖော်ပြထားပါတယ်။ အာလူးစိမ်းဓာတ်စာဟာ ကိုယ်တိုင်လွယ်ကူစွာ ဖော်စပ်နိုင်ပြီး ချက်ချင်းသောက်သုံးနိုင်ပါတယ်။ ပြီးတော့ အချိန်တိုအတွင်းမှာပဲ အာနိသင်ကို ခံစားသိရှိနိုင်ပါတယ်။ ဓာတ်စာကို တစ်ပတ်၊ နှစ်ပတ်လောက် သောက်ပြီးတာနဲ့ နာကျင်ကိုက်ခဲမှု ဝေဒနာတွေ တစ်စတစ်စ လျော့ပါးသွားပါမယ်။ ခံတွင်းပြန်ကောင်းလာမယ်၊ အသားအရေ ပြန်လှလာပါမယ်။
အာလူးစိမ်းဓာတ်စာကို အထူးထောက်ခံတဲ့ နောက်တစ်ဦးကတော့ ဒေါက်တာ ကိုင်နိုရှိတ ဖြစ်ပါတယ်။ သူ့အဆိုအရ အာလူးကို ဥရောပတိုက်သားတွေက တစ်ချိန်တုန်းက "မဟာပထဝီမြေကြီးရဲ့ ပန်းသီး" (Apple of the great earth) လို့ ခေါ်ခဲ့ကြောင်း သိရပါတယ်။ အာလူးမှာ အာဟာရဓာတ်တွေ စုံလင်စွာပါရှိပြီး အထူးသဖြင့် ဗီတာမင်စီဓာတ်နဲ့ ထုံးဓာတ်တို့ အများဆုံး ပါဝင်ပါတယ်။ ရှေးဟောင်း ဂျာမန်ဆေးကျမ်းတွေမှာ အာလူးစိမ်းဓာတ်စာရည်ကို အစာအိမ်အနာပေါက်ခြင်း၊ ဝမ်းချုပ်ခြင်းတွေအတွက် အသုံးပြုကြောင်း ဖော်ပြထားပါတယ်။
ကင်ဆာဆဲလ်တွေကို ထိန်းချုပ်ခြင်းနဲ့ ပတ်သက်ပြီး အာကိတတက္ကသိုလ် ဆေးသုတေသနဌာနက ပါမောက္ခ ကာဂါမိက ပြောကြားရာမှာ ကင်ဆာဆဲလ်ကို ထိန်းချုပ်စေတဲ့ဓာတ်ကို ရှာဖွေဖော်ထုတ်နိုင်ခဲ့ပါတယ်။ အဲဒီဆေးနဲ့ ကြွက်ကလေးတွေအပေါ်မှာ စမ်းသပ်ကြည့်တဲ့အခါ အလားအလာ ကောင်းမွန်ကြောင်း တွေ့ရပါတယ်။ သူဟာ သူ့ရဲ့တွေ့ရှိချက်ကို စာတမ်းပြုစုပြီး မနှစ်က ဂျာမနီမှာ ကျင်းပခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ ကင်ဆာညီလာခံ (International Cancer Society Conference) မှာ ဖတ်ကြားတင်သွင်းခဲ့ပါတယ်။
နောက်ဆက်တွဲအနေနဲ့ အာလူးစိမ်းဓာတ်စာ ဖျော်နည်းဟာ အလွန်ပဲ လွယ်ကူပါတယ်။ အရွယ်တူ အာလူး (၃) လုံးကိုယူပြီး ရေစင်အောင်ဆေးပါ။ အခွံမနွှာရပါ။ အစိုပေါက်လေးများရှိရင် ဖယ်ရှားပေးပါ။ ပြီးရင် အာလူးကို သခွားခြစ်ဖြင့် အစလေးများဖြစ်အောင် ခြစ်ပေးပါ။ ပြီးနောက် အဲဒီအစလေးများကို သန့်ရှင်းတဲ့ ပိတ်စိမ်းပါးဖြင့်ထုပ်ပြီး အရည်ညှစ်ယူပါ။ အဲဒီအရည်ကို ခွက်ထဲထည့်ကာ အရသာကောင်းအောင် ပျားရည်အနည်းငယ် ရောစပ်ပြီး သောက်ပါ။ အဲဒီအာလူးအရည်ကို နံနက်တိုင်း တစ်ခွက်နှုန်းဖြင့် သောက်ပေးနိုင်ပါတယ်။
ဖြန့်ဝေသူ၏ အမှာစကား
ယနေ့ခေတ်မှာ ကင်ဆာရောဂါဟာ အလွန်အဖြစ်များပြီး ငွေကုန်ကြေးကျ များလှတဲ့ ရောဂါဖြစ်ပါတယ်။ ကင်ဆာရောဂါ ပျောက်ကင်းစေနိုင်တဲ့ တိုင်းရင်းဆေးနဲ့ နိုင်ငံခြားဆေး အမြောက်အမြား ပေါ်ထွက်နေပါတယ်။ ဗုဒ္ဓဘာသာအလိုအရ ခန္ဓာရှိလို့ ဝေဒနာရှိခြင်း ဖြစ်ပါတယ်။ မိမိပြုတဲ့ ကုသိုလ်၊ အကုသိုလ် အစုစုတို့ဟာ သံသရာမှာ ပြန်လည်လည်ပတ်ခြင်း ဖြစ်ပါတယ်။ ဒါကြောင့် စိတ်ဓာတ်မကျဘဲ၊ အားမငယ်ဘဲ မိမိတို့ရဲ့ ရောဂါဝေဒနာတွေကို စိတ်ဓာတ်ကြံ့ခိုင်စွာနဲ့ နည်းလမ်းပေါင်းစုံ ရှာဖွေကုသရမှာ ဖြစ်ပါတယ်။ မိမိရဲ့ ကုသိုလ်ကံတရား အကျိုးပေးရင် မိမိနဲ့ ကိုက်ညီတဲ့ ဆေးဝါးများ၊ ဆရာသမားများနဲ့ တွေ့ကာ ရောဂါအမြစ်ပြတ်ပြီး အရှင်းပျောက်ကင်း ချမ်းသာနိုင်ပါတယ်။
အထက်မှာ ဖော်ပြခဲ့တဲ့ အာလူးစိမ်းဖျော်ရည်ဟာ ကုန်ကျစရိတ် နည်းပါးတဲ့အပြင် ပြုလုပ်ပုံနည်းလမ်းဟာလည်း အလွန်ရိုးရှင်းပါတယ်။ လူသားတို့ စားသုံးတဲ့ သဘာဝဓာတ်စာ ဖြစ်တာကြောင့် ဘေးထွက်ဆိုးကျိုး မရှိပါဘူး။ ဒါကြောင့် ရောဂါဝေဒနာရှင်များ လက်တွေ့အသုံးချနိုင်စေဖို့အတွက် ဤဆေးနည်းအား တစ်ဆင့်ပြန်လည် မျှဝေပေးခြင်း ဖြစ်ပါတယ်။
အားလုံးပဲ ကျန်းမာပျော်ရွှင်သော ဘဝကို ပိုင်ဆိုင်နိုင်ကြပါစေ...။
21/07/2026
Dribose အကြောင်းလေးတင်ပါရစေနော် 😊
နှလုံးအတွက် ဒုတိယအားဆေးတစ်ခွက်
D-Ribose Powder အစွမ်း အံ့မခန်း
D-Ribose Powder သည်US မှ ထုတ်လုပ်သော ဖြည့်စွက်စာ အားဆေးတစ်မျိုး ဖြစ်ပါသည်။ အထူးသဖြင့် နှလုံးရောဂါ ဖြစ်နေသူများအတွက် အားထားရသော ဒုတိယနတ်ဆေးတစ်ခွက်ဟု ပင် ဆိုချင်ပါသည်။
သည်သို့ နတ်ဆေးပမာ အစွမ်းထက်လှသော D-Ribose ဗဟုသုတများကို ဝေမျှပေးသော US မှ ဆရာမကြီး ဒေါက်တာဒေါ်ခင်နွယ်ဝင်းကို ဂါရဝ ပြုပါသည်။
D-Ribose Powder သည် သကြားပမာ အမှုန့်ဖြစ်ပြီး သကြားလို မချိုပါ၊ သကြားနှင့် ဓာတုဖွဲ့စည်းပုံ မတူပါ။ သည့်အတွက် ချောင်းမဆိုးပါ။ အချိုမဟုတ်ပါ။
ရင်ဘတ်အောင့်ခြင်း(ဘယ်ဘက်၊ အလယ်၊ ညာဘက်) နောက်ကျောအောင့်ခြင်း၊ အသက်ရှူကြပ်ခြင်း၊ ပုံမှန်ထက်ပို၍ မောပမ်းခြင်းတို့ ဖြစ်လာလျှင် မဖြစ်မနေ နှလုံးကို စစ်ဆေးရတော့မည် ဖြစ်ပါသည်။
နှလုံးသွေးကြောကျဉ်းသည် ဖြစ်စေ၊ နှလုံးကောင်းသည် ဖြစ်စေ D-Ribose ကို သောက်နိုင်ပါသည်။
D-Ribose သည် ခန္ဓာကိုယ် စွမ်းအင်အတွက် အလွန် အသုံးဝင်ပါသည်။ အမောအပမ်း ခံနိုင်သည်။ အထူးသဖြင့် ကုန်ဆုံးသွားသော စွမ်းအင်တွေကို အမြန်ဆုံး ပြန်လည် ဖြည့်ဆည်းပေးပါသည်။
နှလုံးအတွက်သာမက
ကင်ဆာ၊
ဦးနှောက်နှင့် အာရုံကြော၊
ကျောက်ကပ်အားနည်းသူများ၊ ကြွက်သားတွေကို အလွန်အမင်း အသုံးပြုရသော အားကစားသမားများ အတွက် သောက်သုံးနိုင်ပါသည်။
ဆရာမကြီး ဒေါက်တာဒေါ်ခင်နွယ်ဝင်း အညွှန်း
“ Heart Attack ရလိုက်စဉ်က နှလုံး၏ ကလာပ်စည်း စွမ်းအင်တွေ အလွန်အမင်း ကျဆင်းသွားပါတယ်။ နှလုံးကို ပုံမှန် အလုပ်ပြန်လုပ်နိုင်စေဖို့ နှလုံး၏ ကလာပ်စည်းစွမ်းအင်တွေကို ပြန်လည် ဖြည့်ဆည်းပေးမှာ ဖြစ်ပါတယ်။
10-15Grams ခွဲပြီး နှစ်ကြိမ် သို့မဟုတ် သုံးကြိမ် သောက်သင့်ပါတယ်။ 1 teaspoon (လ္ဘက်ရည်ဇွန်း ၁ဇွန်း 5Grams)
1 teaspoon တစ်နေ့ ၂ကြိမ် မှ ၃ကြိမ် သောက်နိုင်ပါသည်။” ဟု ဆရာမကြီး ဒေါက်တာ ဒေါ်ခင်နွယ်ဝင်းမှ ရေးသားထားပါသည်။
အထူးသဖြင့် အသက်အရွယ်ကြီးရင့်သူတွေအတွက် ပုံမှန်မှီဝဲသင့်သော ဆေးစွမ်းကောင်း ဖြစ်ပါသည်။
ဖြည့်စွက်စာကို ယုံကြည်သူများ ဂရုမှ ကိုအောင်ကို ရေးသည့် D-Ribose Powder အကြောင်း။
ကိုအောင်ကို ရေးသားထားသည့် ဖြည့်စွက်စာ တစ်မျိုးခြင်း အကြောင်း စာအုပ်မှ ကူးယူ ဖော်ပြပါသည်။
နှလုံးသွေးကြော ပိတ်ပြီး heart attack ရတဲ့အခါ အောက်စီဂျင်ဓာတ်နည်းနေပြီ ဖြစ်တဲ့အတွက် နှလုံးကြွက်သားများဆက်လက် အလုပ်လုပ်ရန် D-Ribose ကို အရေးပေါ်အနေနဲ့ ဖျော်သောက်မယ်ဆိုရင် နှလုံး ကြွက်သားများ ပျက်စီးခြင်းမှ အတော်လေး ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။
(Damage to the heart muscle will be limited)
Stent ထည့်ထားသူတွေ၊
နှလုံးရောဂါသမားတွေ၊
ဥနှောက်နှင့် အာရုံကြောရောဂါသမားတွေ၊
ကျောက်ကပ်အားနည်းနေသူတွေ၊
ကင်ဆာဝေဒနာရှင်တွေ၊
အားကစားသမားတွေ၊
ကြွက်သားတွေကို အလွန်အသုံးပြုနေရသူတွေ၊ အသက်အရွယ်ကြီးရင့်သူတွေ တကယ့်ကို မှီဝဲသင့်ပါတယ်။
တစ်ခါသောက်ရင် လ္ဘက်ရည်ဇွန်း တဇွန်း တနေ့ ၁ ကြိမ်မှ ၃ ကြိမ်အထိ သောက်ကြပါတယ်။ ဆီးချိုရှိသူများလည်း သောက်လို့ ရပါတယ်။
Cread-To a better health and Original Writer
Heart Attack
ဘယ်ဘက် ရင်ဘတ်အောင့်လျှင်တော့ နှလုံး ကို စစ်ဆေးသင့်ပါသည်။ ရင်ဘတ် အလယ်က ဆိုလျှင် နှလုံး နှင့် အစာအိမ်လေတက်တာကြောင့် ဖြစ်နိုင်ပါသည်။ ညာဘက်ရင်ဘတ်အောင့်လျှင် နှလုံးနှင့် ကျီးပေါင်း မဖြစ်မနေ စစ်ဆေးသင့်ပါသည်။
"ကျနော် ဖြစ်ခဲ့စဉ်က ညာဘက်ရင်ဘတ်အောင့်ကာ စတင် ဖြစ်ခဲ့တာပါ၊ လည်ပင်း ကျီးပေါင်းကြောင့် ညာဘက် ရင်ဘတ်အောင့်တာ ထင်ပြီး ကျီးပေါင်း ကုရင်းနဲ့ အချိန်တွေ ကြာကာ နှလုံး Stent နှစ်ချောင်း ထည့်ရသည့် အဆင့်အထိ ရောက်သွားခဲ့တာပါ။”
နှလုံးအောင့်ခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ နောက်ကျော အောင့်ခြင်းတို့ ဖြစ်လာလျှင် မဖြစ်မနေ ကျန်းမာရေး စစ်ဆေးမှု လုပ်ရတော့မည် ဖြစ်ပါသည်။
ခက်တာက ငွေရေးကြေးရေး။ ပုဂ္ဂလိက ဆေးရုံမှာ Stent ထည့်မည် ဆိုလျှင် အနည်းဆုံး သိန်း ၅၀ အထက် ကုန်မည့်အရေးကလည်း စိတ်ကို ဖိစီးပါသည်။
သည့်အတွက် စောင့်ကြည့်ရင်းနှင့် အခြေအနေဆိုးကာ Heart Attack ရမှ ဆေးရုံသို့ ရောက်လာတတ်ပါသည်။
သည်အခါ ဆရာဝန်များအနေနှင့် အသက်လုရသည့် အခြေအနေမျိုးနှင့် ကြုံတွေ့ရပါသည်။ Stent ထည့်ပြီးမှ လေးငါးရက်အကြာ အသက်ဆုံးပါးရသည့် လူနာများလည်း ရှိပါသည်။ အများအားဖြင့် Heart Attack ရကာ ရောက်လာသော လူနာများသာ အသက်ဆုံးပါးရတာ များပါသည်။
သည့်အတွက် တတ်နိုင်သမျှ ငွေကြေးမနှမြောဘဲ ဖြည့်စွက်စာ ဆေးဝါးများ သောက်သင့်သည်ဟု ယူဆပါသည်။
Heart Attack ရခဲ့လျှင်
Heart Attack ရလျှင်D-Ribose ကို 5Grams လောက် တိုက်လိုက်လျှင် နာရီဝက် တစ်နာရီအထိ အသက်ဆက်နိုင်ကာ ဆေးရုံသို့ အသက်ကယ်ဖို့ အမှီ ရောက်သွားနိုင်ပါသည်။
သည်လောက်ဆိုလျှင်D-Ribose ၏ အစွမ်းကို သိလောက်ပါသည်။
ခွဲစိတ်ခန်းဝင်မည့် လူနာများ
“ခွဲစိတ်ခန်းဝင်မည့် လူနာများ နှစ်ပတ်ကြိုတင်၍ ဖြတ်ထားသင့်ကြောင်း” ဒေါက်တာဖြိုးမောင်မောင် ရေးသည်ကို မှတ်သားဖူးပါသည်။
D-Ribose သောက်တော့မည်ဆိုလျှင်
D-Ribose ကို ရေနှင့်ဖျော်၍ သောက်နိုင်ပါသည်။ ဖျော်ရည်များထဲထည့်ကာလည်း သောက်နိုင်ပါသည်။
စတင်သောက်လျှင်တော့ လ္ဘက်ရည်ဇွန်း တစ်ဝက် (2.5Grams) လောက်မှ စတင်သောက်သင့်ပါသည်။
များများ သောက်လျှင်တော့ 10-15Grams အထိ သောက်နိုင်ပြီး တစ်နေ့ကို နှစ်ကြိမ်၊ သုံးကြိမ်ခွဲ၍ သောက်ရမည် ဖြစ်ပါသည်။
အထူးသဖြင့် သက်ကြီးရွယ်အိုများအတွက် သောက်သင့်သော ဆေးစွမ်းကောင်း ဖြစ်ပါသည်။ ယခုခေတ်မှာတော့ အစားသောက်များ၏ ဘေးဒုက္ခကြောင့်
အသက် ၄၅ ကျော်လာပြီဆိုလျှင် နှလုံးနှင့်တကွ ခန္ဓာကိုယ်တစ်ခုလုံး အားနည်းလာရပြီ ဖြစ်ပါသည်။ သည့်အတွက် ဖြည့်စွက်စာများဖြင့် ကြိုတင်ကာကွယ်သင့်ပါသည်။
ထုတ်လုပ်သူမတူသောD-Ribose ဖြည့်စွက်စာဆေးများ
D-Ribose Power ကိုHealthy Origins မှ300Grams ဘူး အဖြစ် ထုတ်လုပ်ပါသည်။ ဈေးနှုန်းက 37,000Kyats ဝန်းကျင် ရှိပါသည်။
Life Extension က150Grams ဘူး အဖြစ် ထုတ်လုပ်ပြီး ဈေးနှုန်းက 27,000Kyats ဝန်းကျင် ရှိပါသည်။ မိမိနှစ်သက်ရာကို ဈေးနှုန်းချိန်ဆကာ သောက်နိုင်ပါသည်။
ကျွန်တော်ကတော့Health Origins တစ်နေ့2.5-5Grams အထိသာ သောက်ပါသည်။ ဆေးတစ်ဘူးကို တစ်လခွဲလောက် သောက်နိုင်သည့်အတွက် ငွေကြေးအရ တွက်ချက်လျှင် များသည်ဟု မဆိုနိုင်ပါ။
ပုံမှန် ဆေးရုံ၊ ဆေးခန်း သွားနေရသူများပင် သည်ဖြည့်စွက်စာဆေးများသောက်ပြီး အများကြီး သက်သာလာကာ ဆေးရုံ၊ ဆေးခန်းသို့ မသွားရတော့ဘဲ နေထိုင်ကောင်းမွန်လာသူအများကြီး ရှိနေပြီ ဖြစ်ပါသည်။
မပေါ့ဆပါနှင့်
“နှလုံးရောဂါလက္ခဏာများ ပြသလာပြီ ဆိုလျှင် ဖြည့်စွက်စာများသောက်၍ အိမ်တွင် နေပါ” ဟု မဆိုလိုပါ။
ဖြည့်စွက်စာများလည်း သောက်ပါ။ ဆေးရုံ၊ ဆေးခန်းများသို့လည်း အမြန်ဆုံးသွားရောက်ကာ ပြသပါ။ တတ်နိုင်လျှင် ပုဂ္ဂလိက ဆေးရုံများတွင် ပြပါ။ မတတ်နိုင်ပါက အစိုးရ ဆေးရုံများတွင် ပြပါ။
***နှလုံး သွေးကြောကျဉ်းတိုင်း Stent ထည့်ရမည် ဟု မစွဲပါနှင့်။ သက်ဆိုင်ရာ ဆရာဝန်များကသာ ဆုံးဖြတ်ပါလိမ့်မည်။***
မှာယူလိုပါက
09764326240
09883491972(viber or ph)
ကို ဆက်သွယ်မေးမြန်းမှာယူနိုင်ပါတယ်ရှင့်
Cliquez ici pour réclamer votre Listage Commercial.
Type
Contacter l'entreprise
Téléphone
Site Web
Adresse
No. 423, ရာဇာဓိရာဇ် ၂၃လမ်း, ၇ရပ်ကွက်, တောင်ဥက္ကလာပမြို့နယ်။
Democratic Republic Of The
