Zoe Lay
Informations de contact, plan et itinéraire, formulaire de contact, heures d'ouverture, services, évaluations, photos, vidéos et annonces de Zoe Lay, Santé/beauté, Democratic Republic of the.
နှင့် Eh Goal – သူ့ရဲ့ ထင်ပေါ်လာတဲ့ ပရိသတ်တစ်ဦးအဖြစ် ကျွန်ုပ် အခုပဲ အသိအမှတ်ပြုခံခဲ့ရပါတယ် 🎉
17/05/2024
လောဘသည် လူကို ဒုခသာ ပေးတက်၏
အဖေပေးတဲ့ရွှေအိုး
တခါတုန်းက လယ်ပိုင်ရှင်ကြီး တဦးမှာ သားနှစ်ယောက် ရှိတယ် ။ သားနှစ်ယောက်စလုံးဟာ ဉာဏ်ပညာကို အသုံးပြုခြင်း မရှိပဲ တဇွတ်ထိုးဆန်ဆန် လုပ်တတ်သူတွေ ပေါ့ ။ ဒါကြောင့်လည်း လယ်ရှင်ကြီးက သူ့သားနှစ်ယောက်ကို စိတ်မချနိုင် ဖြစ်နေရရှာ ပါတယ် ။ ဒီလိုနဲ့ တနေ့မှာတော့ လယ်ပိုင်ရှင်ကြီးလည်း မီးစာကုန် ဆီခမ်းချိန် ရောက်လာခဲ့ပါတယ် ။
လယ်ပိုင်ရှင်ကြီးဟာ မသေခင်မှာ သားတွေကို စိတ်ချရစေဖို့ ရွာထဲက ပညာရှိဆရာကြီး တဦးနဲ့ တိုင်ပင်ပြီး သေတမ်းစာ ရေးသားခဲ့တယ် ။ သေတမ်းစာထဲ မှာတော့ မိမိပိုင်တဲ့ လယ်မြေတွေထဲတွင် ရွှေအိုးကြီးတလုံး ရှိတယ် ။ သားနှစ်ယောက်ထဲက ထိုက်သူ ရစေဆိုပြီး ပါတာပေါ့။
လယ်ပိုင်ရှင်ကြီး သေခါနီး အချိန်မှာ လယ်ရှင်ကြီးက သားအငယ်ကို " ငါ့သား ဖေဖေရဲ့ လယ်မြေကြီးထဲမှာ ရွှေအိုးကြီးတလုံး ရှိတယ်။ အဖေသေရင် မင်းတို့ညီအကို နှစ်ယောက် တိုင်တိုင်ပင်ပင်နဲ့ အဲ့ရွှေအိုးကြီးကို ထိန်းသိမ်း လုပ်ဆောင်ကြ ၊ သားကြီးကိုလည်း အဲ့အကြောင်းပြောရအောင် သွားခေါ်ပေးပါ " လို့ ပြောတယ် ။
အကိုဖြစ်သူကို သွားခေါ်ဖို့ ထွက်လာတဲ့ ညီငယ်က စဉ်းစားတယ်။ လယ်မြေတွေကို တဝက်ပိုင်းပြီး အကိုနဲ့ငါ ရှာကြရင် ကံဆိုးလို့များ အကိုဘက်မှာ ရွှေအိုးပါခဲ့သော် ငါ ငတ်ရတော့မယ်။ တခုခုတော့ ကြံမှပဲ လို့ တွေးတယ်။ ဒါကြောင့် ဖခင် ခေါ်ခိုင်းပေမယ့် ညီလုပ်တဲ့သူဟာ အစ်ကိုကို တခွန်းမှ မပြောဘူး တဲ့။
အကိုကြီးလည်း ညနေယာခင်းမှ ပြန်လာတော့ ဖခင်ရဲ့အသက်ကို မမှီတော့ဘူးပေါ့ ။ ဖခင်သေပြီး မကြာခင်မှာ ညီအကိုနှစ်ယောက်က ဖခင်ရဲ့ ကြီးမားတဲ့ ယာခင်းကြီးကို ၂ ခြမ်း ခွဲလိုက်ကြ ပါတယ် ။ အမွေခွဲပြီး မကြာခင်မှာ ညီလုပ်သူဟာ သူ့ရဲ့ သူငယ်ချင်း နောက်လိုက် အပေါင်းနဲ့ ရောက်လာပြီး " အစ်ကို ယာအလုပ်တွေဟာ တယောက်တည်း လုပ်ရတာ ပင်ပန်းလှပါတယ် အကို့ ယာခင်းတွေကို ဝိုင်းဝန်း တူးဆွ ပေးပါရစေ "
အကိုဖြစ်သူ ကလည်း " ညီငယ်သည် ငါ့အပေါ်တွင် သိတတ်လှပေစွ " ဟု တွေးထင်ကာ ခွင့်ပြုပေးလိုက်ပေသည်။ အကိုကြီး ခွင့်ပြုချက် ရသည်နှင့် အစ်ကိုပိုင်သော ယာများအား နေ့မအား ညမနား ရက်အတော်ကြာ တူးဆွ ပါသော်လည်း ရွှေအိုးကြီးကိုမူ လုံးဝ တွေ့ခဲ့ခြင်း မရှိပေ ။
ထိုအခါ ညီငယ်က " တကယ်တော့ ငါသည်သာ ကံကောင်းသူပဲ ရွှေအိုးကြီးသည် ငါပိုင်သော ယာခင်းအတွင်း တွင်သာ ဧကန်မုချ ရှိနေလိမ့်မည် " ဟု ထင်ကာ ပင်ပန်းခြင်းကိုပင် မမှု အပျော်ကြီး ပျော်နေပေတော့သည် ။
အစ်ကိုဖြစ်သူလည်း မြေဆီလွှာ သန့်ရှင်း တူးဆွထားသော မြေပေါ်တွင် ဖခင်လက်ထက်က အတိုင်း သစ်သီးဝလံ စုံစွာ စတင် စိုက်ပျိုးတော့သည် ။
ညီငယ်မှာတော့ ဖခင်ပေးထားသော တခြား ငွေတိုငွေစလေး များနှင့် မိတ်ဆွေသူငယ်ချင်း နောက်လိုက်များကို ကျွေးမွေးငှါးရမ်းကာ မြေတူးဆွခြင်း အလုပ်သာ ပြုလုပ်လျှက် ရှိတော့သည် ။ ထို့ကြောင့် ညီဖြစ်သူသည် တနေ့တခြား စီးပွား ကျသထက် ကျလာ၍ အကိုဖြစ်သူမှာမူ သစ်သီးဝလံများ ရောင်းချရငွေ များကြောင့် ကြွယ်ဝချမ်းသာ၍ လာတော့သည် ။
အစ်ကိုဖြစ်သူ ကြွယ်ဝချမ်းသာ လာသည်ကို ညီငယ် သိသောအခါ " ငါသည် မျက်စိလျှမ်း၍ ရွှေအိုးကြီးအား မမြင်မိပါတကား ။ အစ်ကိုသည် ရွှေအိုးကြီးကို ရရှိသွားခြင်းသာ ဖြစ်ပေလိမ့်မည် ။ ငါ၏ ဝေစုအား သွားတောင်းအံ့ " ဟု တွေးပြီး အစ်ကိုဖြစ်သူထံသို့ ရောက်ရှိ လာလေသည် ။
အစ်ကိုဖြစ်သူလည်း မည်သို့ပင် ငြင်းဆိုစေကာမူ လက်မခံသဖြင့် ရွာထဲရှိ ပညာရှိ ဆရာကြီးထံသို့ ညီအစ်ကို ၂ ယောက် ရောက်ရှိလာတော့သည် ။ ပညာရှိဆရာကြီးလည်း အကြောင်းအရာ အလုံးစုံကို သိသောအခါ ညီငယ်အား " သင်သည် လူမိုက်သာ ဖြစ်ပေတော့သည် ။ သင်၏ဖခင် နောက်ဆုံး ပြောကြားခဲ့သော ရွှေအိုး ဆိုသည်ကား ဉာဏ်ပညာ၊ ဇွဲ ၊ လုံ့လ နှင့် ရိုးသားစွာ လုပ်ကိုင်ခြင်း တို့သာ ဖြစ်ပေသည် ။
ရိုးသားစွာ လုပ်ကိုင်ခြင်းအား သင်တို့ညီအစ်ကို နှစ်ယောက်၏ ဇွဲလုံ့လနှင့် ပေါင်းစည်းကာ အမျှော်အမြင်ရှိစွာ လုပ်ကိုင်ခြင်းဖြင့် ရရှိလာသော အသီးအပွင့် တို့သည် သင်တို့ စားမကုန်သော ရွှေအိုးကြီးပင် ဖြစ်ပေတော့သည် ။ လောဘဆိုသော အကြောင်းအရာကို မသိရှိခဲ့ခြင်းကြောင့် အစ်ကိုဖြစ်သူသည် သင်တို့ဖခင် ပြောကြားသော ရွှေအိုးကြီးအား ရရှိခဲ့ခြင်း ဖြစ်ပေသည်ဟု ဆုံးမလိုက်လေသည်။
ပုံပြင်လေးကို ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ် ။ လူတိုင်းဟာ လောဘ ရှိကြပါတယ် ။ အဲဒီ ဖြစ်ပေါ်လာတဲ့ လောဘကို စဉ်းစားဆင်ခြင် နိုင်သော ကိုယ်ပိုင်ဉာဏ်စွမ်းအားဖြင့် လုပ်ဆောင်နိုင်မယ် ဆိုရင် အောင်မြင်မှုတွေဟာ စောင့်ကြိုနေမှာ မလွဲပါဘူး ။
17/05/2024
အရိုက်မခံရစေနဲ့
အလုပ်မှာ တအား လုပ်မပြပါနဲ့...
🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺
တစ်ခါတုန်းက ရွာတစ်ရွာမှာ သူဆင်းရဲသားတစ်ယောက်ရှိတယ် ။
သူမှာနွားပိန်တစ်ကောင်ပဲရှိတယ်
လယ်လုပ်ရတာနွားနဲ့ အတူရုန်းကန်နေရတယ်။
သိကြားမင်းကသူကိုတစ်နေ့တစ်နေ့ကြည့်ပြီးသနားလာ
တယ်။
သနားပြီးတော့ တဲနားမှာ နွားလားဥဿဖ ကြီး
ယောင်ဆောင်ပြီး နေတယ်။
သူဆင်းရဲအဖိုအိုက တွေ့တော့ချော့ဖမ်းပြီး သူနွားပိန်နဲ့တွဲခိုင်းတော့တာပေါ့ကွယ်။
အဲ့မှာစတွေ့တာပဲ တွဲခိုင်းတော့ နွားပိန်ကမရုန်းနိုင်ဘူး။
လိုက်တောင်တရွတ်ဆွဲနေသေး ၊
နွားလားဥဿဖ သိကြားမင်းလည်းအသကုန်ပြိုင်းတာပေါ့။
တစ်နေ့တစ်နေ့ အားကုန်ရုန်းရတဲ့အပြင် ၊ သူဆင်းရဲအဖိုးအိုက ပါးစပ်က ရေရွတ်ဆဲပြီး ကြိမ်လုံးနဲ့ အသကုန်ရိုက်သေးတယ်။
၃ ၄ ရက်ကြာလာတော့သိကြားမင်းမခံနိုင်တော့ဘူး၊ နွားအသွင်ကနေပြောင်းပြီး အဖိုးကြီးကိုမေးတော့တာပေါ့
ဘာလို့စွတ်ရိုက်စွတ်ဆဲနေတာလည်း ဟိုခင်ဗျားနွားကော
ဆဲပါလားဆိုတော့အဖိုအိုပြောတဲ့စကားကအရမ်း မှတ်သားလောက်တယ် ။
ကျနော်နွားပိန်ကို စွတ်ရိုက်ရင်သေသွားမှာပေါ့ ရုန်းမှမရုန်းနိုင်တာ ၊ဒါသူအတွက်အစွမ်းကုန်ပဲ နွားလားဥဿဖပဲရုန်းနိုင်မှာ ၊
အဲ့တော့ရုန်းအားပိုကောင်းအားသန်တဲ့ကောင်ကို ပဲဖိရိုက်ရပါတယ်လို့ ပြန်ပြောတာပေါ့ ။
သိကြားမင်းလည်းနောင်တအသိတရားရပြီး နတ်ပြည် ပြန်တက်သွားတယ်။
မောင်လေးညီမလေးတို့ လူဘဝ လက်တွေ့ဘဝမှာလည်း
အဲ့လိုပဲ အိမ်တွေ ၊ရုံးတွေ ၊ အလုပ်တွေမှာ အဲ့လိုနွားပိန်
တွေရွိတယ်။
အလုပ်ရှင်က ရုန်းနိုင်မယ်ထင်တဲ့သူ ၊ အားကောင်းတဲ့သူ
ကို ဖိခိုင်း၊ဖိနင်းကြတယ်တဲ့
အာကြောင့် အရမ်းစွတ်မလုပ်ပြနဲ့ အားမကောင်းစေနဲ့တဲ့
ဘဝမှာတစ်ခါတစ်လေ မရုန်းပဲတရွတ်တိုက်ဖို့လည်းလိုတယ် ၊
ဒါမှ အရမ်းရိုက်ခံရတဲ့ ဘေးကလည်းလွတ်မှာ ၊
သိကြားမင်းတောင် ထွက်ပြေးရဖူးတယ်။
Cliquez ici pour réclamer votre Listage Commercial.
Type
Contacter l'entreprise
Site Web
Adresse
Democratic Republic Of The
