JuJu

JuJu

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from JuJu, Beauty, cosmetic & personal care, Mandalay Road, London.

08/07/2023

ပိုက်ဆံ #ငါးသိန်းအုပ်လေး စားပွဲပေါ်မှာ
ကြည့်ရင်းနဲ့ အတွေးတွေ ဝင်မိတယ်..

ဒီ(၅)သိန်း တစ်အုပ်လေး ပိုင်ဆိုင်ဖို့..

တချို့တွေက (၃ )လလောက်
အလုပ်လုပ်ရတယ်...

တချို့က
( ၁ )လလောက်နဲ့ဆို ရတယ်..

တချို့က
( ၁ )ရက်လောက်နဲ့ ရတယ်..

တချို့က
နာရီပိုင်းနဲ့အမျှ ဝင်နေတယ်..

ဪ.....

ဒီ( ၅) သိန်းလေးတစ်အုပ်
မရှိတာနဲ့

တချို့က ဆေးမကုရလို့ အသက်
ဆုံးရှုံးကြရတယ်..

တချို့က ရယူမှုနည်းနည်းနဲ့
အတိုးများစွာပေးပြီး မိသားစုအိမ်လေး
ဆုံးရှုံးကြရတယ်...

တချို့က အချိန်မမှီခဲ့ရလို့
ထားရှိတဲ့ ရည်မှန်းချက်လေးတွေ
ဆုံးရှုံးကြရတယ်..

ဒီ (၅) သိန်းအုပ်လေး..
ပိုင်ဆိုင်ရပြီဆိုရင်လဲ...

တချို့မိသားစု တစ်စုစာ အတွက်
တစ်လစာလောက် သုံးရတယ်...

တချို့အတွက်တော့ စားပွဲဝိုင်း
တစ်ဝိုင်းစာလောက်ပဲ သုံးလိုက်ရတယ်..

တချို့အတွက်ကျတော့ ဖိနပ်လေး
တစ်ရံ ဝယ်လိုက်တာနဲ့ ကုန်သွားတယ်..

ဘာရယ်မဟုတ်ပါဘူး
တွေးမိတာလေးပါ..

ဘဝပေး ညီမျှခြင်းတွေ
မရှိတဲ့ လောကကြီးထဲ
ကိုယ်က ရောက်နေမှတော့
သာတဲ့ဘက် ရောက်အောင်
ကြိုးစားရမှာပဲ မဟုတ်လား...။

Photos from JuJu's post 07/07/2023

ကြိုက်ရာသုံးပဲငံပြာရည်တံဆိပ်များ

06/07/2023

လူကို ''အ''တယ်လို့ မထင်ပါနဲ့ ... ၊

11/04/2023

မိတ်ဆွေတို့ မိုးပျံပူဖောင်းလေးတွေ
ငယ်ငယ်က နှစ်သက်ခဲ့ဖူးကြမှာပါ။

မိုးပျံပူဖောင်း တွေဘာလို့ လေပေါ်ပျံကြလဲ
သိကြပါသလား?

တကယ်တော့ ဟီလီယမ်ဆိုတဲ့ လေထက်ပေါ့တဲ့
ဓာတ်ငွေ့တစ်မျိုးကို ထည့်သွင်းထားလို့ပဲဖြစ်ပါတယ်။

လူတွေရဲ့ ဘဝတွေကလဲ ပူဖောင်းတွေနဲ့တူပါတယ်။
သာမန်ဖြစ်ချင်တဲ့စိတ်က ရိုးရိုး “လေ” နဲ့တူပြီးတော့
ဆန္ဒပြင်းပြပြီး ယုံကြည်မှုရှိတဲ့ စိတ်က “ဟီလီယမ်”ဓာတ်ငွေ့နဲ့တူပါတယ်။

သင့်ရဲ့ ပူပေါင်း နဲ့တူတဲ့ ဘဝကို ဟီလီယမ်နဲ့တူတဲ့
အကောင်းမြင်စိတ်(ယုံကြည်စိတ်) တွေပဲ ထည့်သွင်းစဉ်းစားတဲ့အခါမှာ
သင့်ဘဝအခြေအနေဟာလည်း အမြင့်ကို တဖြည်းဖြည်းနဲ့တက်သွားပါလိမ့်မယ်။

ဒီနေရာမှာ သိထားရမဲ့နောက်တစ်ခုက
သင့်ပူဖောင်းကို မြေပြင်မှာ ချုပ်နှောင်မထားဖို့တော့ လိုပါတယ်။

ဆိုလိုတာက ကြောက်ရွံ့ခြင်း၊ အချိန်ဆွဲခြင်း၊ မပြတ်သားခြင်း
အစရှိတဲ့ မကောင်းတဲ့အကျင့်စရိုက်တွေက သင်အမှန်တကယ်
ရောက်နေရမဲ့ အမြင့်တစ်နေရာကို မရောက်အောင် ချည်နှောင်ထားတာပဲဖြစ်ပါတယ်။

ရိုးရိုးသဘာ၀ လေ ထည့်ပြီး မြေပြင်မှာရှိနေတဲ့
တခြားပူဖေါင်းတွေလို ဟိုပုတ်၊ ဒီပုတ် ပုတ်တာခံမလား…?

ဟီလီယမ်ဓာတ်ငွေ့တွေအပြည့်ဖြည့်ပြီး ဟိုးအမြင့်ကောင်းကင်ထိ
လွတ်လပ်စွာ ပျံသန်းမလားဆိုတာကတော့ ….

ချစ်ခြင်းအားဖြင့်
ပြေခိုင်

20/11/2022
Photos from JuJu's post 18/11/2022

Shwenantaw

18/11/2022
Want your business to be the top-listed Beauty Salon in London?
Click here to claim your Sponsored Listing.

Website

Address


Mandalay Road
London
SW49