Spring Support Store UK
UK-based non-profit supporting humanitarian needs in Myanmar.
22/05/2026
သားသားလေးတို့ သောက်ရင်းသုခုကိုလည်း အားပေးကြပါလို့။
“သောင်ရင်းသုခုမ….တဲ့”
အဲဒီ့အဖွဲ့အကြောင်း နည်းနည်းပြောပြပါမယ်။
သူတို့အားလုံးဟာ သူ_ပုန်တွေ။
သူ_ပုန်ထဲမှာမှ သူ_ပုန်အကြီးစားတွေကနေ သူ_ပုန်ဆိုင်းဆရာ၊ သူ_ပုန်အင်ဂျင်နီယာ၊သူ_ပုန်တယောဆရာ ကနေ သူ_ပုန်ဆရာဝန် အထိပါတယ်။
အဲဒီ့နယ်ပယ်စုံက တခါမှမတွေ့ဖူးကြတဲ့ သူ_ပုန်တွေဟာ နယ်စပ်မှာ လာစုံကြတယ်။
ပြီးတော့ အားလုံးဟာ သောင်ရင်းမြစ်ကို လှေနဲ့တဖုံ ခြေလျင်တနည်း တောတိုးပြီး ကူးလာကြသူတွေ။
အဲတာနဲ့ ‘’သောင်ရင်းသုခုမ’’ ဆိုပြီး ဖြစ်လာတော့တာပါပဲ။
အဲဒီ့ သူ_ပုန်အစုအဝေး ‘’သောင်ရင်းသုခုမ’’ က တဖြည်းဖြည်း တော်_လှန်ရေး ရံပုံငွေရှာဖွေပွဲတွေ တီးလာလိုက်တာ ရေတောင် မရေတွက်နိုင်တော့ဘူး။ အခု သူတို့ ထပ်လုပ်ကြအုံးမယ်တဲ့။
ဘာတဲ့ …. #နှစ်ပါးသဘင်ပြည်တော်ဝင် ဆိုပဲ။ နည်းနည်းတော့ထူးမယ်။ သူတို့ တခါ မှ မလုပ်ဖူးတာတွေကို အနုပညာအရ ဖန်တီးပြီး တော်_လှန်ရေး အရ ရံပုံငွေရှာမှာ ။
ဘယ်အတွက်လဲ ဆိုတော့ ရန်ကုန်တပ်ရင်း (၅၁၀၃) အတွက်။ သူတို့ရဲ့ သူ_ပုန်အနုပညာ ကို လက်မှတ်ဝယ်ပြီး အားပေးလို့ရတ ယ် ။
အဲတာဆို လက်မှတ်ဝယ်သူတွေလဲ သူ_ပုန် အစုအဝေးထဲ ရောက်ရှိပြီး တပ်ရင်းကိုလဲထောက်ပံ့ပြီးသားဖြစ်ပါလိမ့်မယ်။
ကဲ…….
📺 Online Show — Jun 19, 2026
လက်မှတ်ရောင်းရငွေများအားလုံးကို တပ်ရင်း (၅၁၀၃) အတွက် 100% ပြန်လည်လှူဒါန်းသွားမှာဖြစ်ပါတယ်။
“ဇာတ်ပွဲကြည့်ရင်း ထောက်ပို့ပြီးသား” ဖြစ်စေမှာပါ ၊
🎟 Tickets available now
ဝယ်ယူလိုပါက Page Messenger သို့ ဆက်သွယ်နိုင်ပါတယ်။
#နှစ်ပါးသဘင်ပြည်တော်ဝင်
#သောင်းရင်းသုခုမ
#တပ်ရင်း၅၁၀၃
#ဇာတ်သဘင်
#ဇာတ်ပွဲ
21/05/2026
သူငယ်ချင်းလှူချင်လို့ ကိုယ်ကနေတဆင့်ပို့ပေးတာလေး။
19/05/2026
Colorful healthy vegetables salad burmese style.
17/05/2026
ခုတလော ခြေဖနောင့်နာလို့ ဆေးခန်းပြဖို့လည်း appointment က စောင့်ရတုန်း။
ခြေဖဝါးထဲက အရွတ်ယောင်တာနှင့်တူတယ်။
အိမ်ထဲနေလည်း trainerစီးထားရင်ပိုကောင်းတယ်ဆိုလို့ ဆက်လျှောက်ခြေအိတ်ပါအတူတွဲဝတ်တော့ အတော်လေးနာတာသက်သာတယ်။
ဆက်လျှောက်ခြေအိတ် 30£ ဖိုးဝယ်ရင် စားစရာလေးတွေ လက်ဆောင်ထည့်ပေးမယ်နော်။
ရန်ကုန်တပ်ရင်း 5103အတွက်ပါ
16/05/2026
ပဲပြုတ်အိအိချိုချို ဆော်ဒါမပါဘဲပြုတ်ထားတာလေး။
Revo T shirt M ၁ ထည် XL ၁ ထည်ကျန်တာလေး ဝယ်လိုက်ပါလား ပဲပြုတ်လက်ဆောင်ထည့်ပေးချင်လို့။
တော်လှန်ရေးကိစ္စဆို အကြွေးကျန်သလိုဖြစ်နေရင် မပျော်လို့။
15/05/2026
အမှန်တော့ သင် မလှနေတာမဟုတ်ပါဘူး။ ဝနေတာ။
ပိန်အောင်ကြိုးစားဖို့ 2019 ကပုံလေးတွေနှင့် motiပြန်ယူ။
မအလ နှိပ်စက်တာ 2021ကနေခုချိန်အတွင်း အတော်ရင့်သွားလို့ ပိုစိတ်နာတယ်။
ဒင်းတို့မြန်မြန်ချုပ်ငြိမ်းမှဖြစ်မယ်။
ပုံကျန်သေးလို့ ထပ်ထည့် 2018 ကပုံ။
13/05/2026
M ၂ ထည် XL ၁ ထည်ကျန်သေးတယ်။
ဝယ်မယ်ဆို CB please.
၀ယ်မယ်မလား ၀ယ်လိုက်ပါ 🤭
၁ မိနစ်တခါလောက်ပြောင်းနေတဲ့ ရာသီဥတု။
ခုမိုးရွာ မိုးသီးတွေပါကျ ခဏနေ နေတွေပူ။
ပို့စ်တင်နေတုန်း မိုးထပ်ရွာ မိုးသီးတွေနှင့်
08/05/2026
Dinner after gym.
Occasional healthy preparation.
Usual food for work is mostly boiled eggs 🙁
Click here to claim your Sponsored Listing.
