Review by Khin

Review by Khin

Share

My makeovers

05/08/2025

ဘာမှမဖြစ်ပါဘူးလို့ ပခုံးတွန့်ပြီးပြောနိုင်ဖို့
တစ်ခုခုတော့ အသည်းအသန်ဖြစ်ခဲ့ဖူးပါတယ်။
စက်ဘီးပစ်လဲတော့လည်း နာတာပဲ
မေတ္တာပေးလို့ မေတ္တာမရတဲ့အခါလည်း နာတာပဲ
ဘုရားမဟုတ်တော့လည်း
တဖြည်းဖြည်း တည်ဆောက်ယူရတာပေါ့​
ဒဏ်ရာတွေ အချင်းချင်းကို
နှလုံးသားနဲ့ ကြည့်ရတာပေါ့

#ခွန်းညိုသွေး

09/03/2025

မျှော်လင့်ခဲ့တာတွေတဖြုတ်ဖြုတ်ကြွေ...

22/01/2025

ငါထားခဲ့တာဆို​ပေမဲ့ အသံ​လေးကြားချင်လို့ ဒီ​နေ့ဘာ​တွေလုပ်လဲ​ပြောပါဦး .....

13/01/2025

Saw this post where this guy said:

"She deserves better, but can't see her with anybody else, so I became better."

I believe this is what we need more. ❤️

06/01/2025

- What can change in a year?
- Everything.
- Even a person you love?
- Especially the person you love.

🎬"Closer" movie.

06/11/2024

What if we rewrite the stars...

14/08/2024

Shop name- korea food lover ( google map မှာရှိပါသည်)

12/08/2024

How to move on in 100 days
Day-18

- လူတွေက မလိုအပ်တော့ရင်
သိပ်ပြီး သိသာတာ .....

- စကားပြောပုံကအစ
အမူအရာ အဆုံး
အကုန်လုံးက မကျေနပ်ရင်
ကြိုက်သလို ဆုံးဖြတ် ဆိုတဲ့
အနေအထားမျိုး .....

- မလိုချင်တော့
အပြစ်တွေရှာတယ်
ထွက်သွားစေချင်တော့
အပြစ်တွေ တင်တယ် .....

- အရင်က ဘယ်လိုကောင်းပေးခဲ့ ကောင်းပေးခဲ့
လက်ရှိမှာ သူ မလိုအပ်တော့ဘူး .....

- အဲဒီလို မလိုအပ်တော့တာကလည်း
ပိုကောင်းတဲ့သူတွေ့သွားလို့လဲဖြစ်နိုင်တယ် .....
ဒါမှမဟုတ်
ကိုယ့်ကို စိတ်ကုန် စိတ်ပျက်တာလည်း
ဖြစ်နိုင်တယ် .....

- ပြောင်းလဲမှုတွေလို့ ခံစားလာရရင်
သူ့ကို မေးခွန်းတွေ ထုတ်နေမဲ့ အစား
ကိုယ့်စိတ်ကို ဖြေနိုင်ဖို့ပဲ
ကြိုးစားပါ .....

- လောကမှာ ကိုယ့်ကိုယ် မလိုတော့ရင်
ကိုယ်က ဘယ်လောက် ကောင်းပြပြ
ဘယ်လောက်ဖက်တွယ်ထား ဖက်တွယ်ထား
သူ့အတွက် အသုံးမဝင်တော့ပါဘူး .....

- လိုတာထက် ပို မပေးမိဖို့
လိုတာထက်ပိုပြီး အလျှော့မပေးဖို့ .....

#လေးစားစွာဖြင့်ပြန်လည်ကူးယူမျှဝေပေပါသည်

12/08/2024

"တစ်ယောက်ယောက်က ပြောဖူးတယ်
ရထားမှားစီးမိရင် ပထမဆုံးရပ်တဲ့ မှတ်တိုင်မှာ ဆင်းဖြစ်အောင်ပြန်ဆင်းပါတဲ့.....
မင်းကြာကြာလိုက်စီးနေလေလေ စျေးပိုကြီးတဲ့
မင်းရဲ့အိမ်ပြန်ခရီးက မင်းကိုယ်
ပိုပြီးကုန်ကျမှုတွေ များစေလိမ့်မယ်တဲ့....
အမှန်သူပြောချင်တာက
ရထားမှားစီးမိတဲ့အကြောင်း ပြောချင်နေတာ မဟုတ်ပါဘူး....။"

#ငြိမ်း -NMH

07/08/2024

How to move on in 100days
Day-12

ငှက်လွှတ်ရင် ကုသိုလ်ရပြီး ... လက်လွှတ်ရင် ဘာရလဲတဲ့ ... နာကျင်ရမှာပေါ့နော် ... ဒါပေမဲ့ လက်လွှတ်တော့ လွတ်လပ်သွားမှာတော့ အမှန်ပါပဲ ...

ဘဝမှာ ဝေးဝေးနဲ့ မြင့်မြင့်ကို ပျံသန်းချင်ရင်တော့ လေးလံတဲ့ အရာတွေ အားလုံးကိုတော့ လွှတ်ချ ခဲ့ရမှာ ပါပဲ ... ဒါ‌ကြောင့် လွှတ်ချခြင်း ခရီးစဉ် The Journey of Letting go မှာ ...

အတိတ်မှာ ကပ်ငြိနေတဲ့ ကိုယ့်ရဲ့ စိတ်တွေကို Let go လုပ်ပါ ... အတိတ်ဆိုတာ ပြန်သွားပြီး ပြုပြင် ပြောင်းလဲလို့ မရတော့တာမို့ အတိတ်ကို လွှတ်ချပြီး ပစ္စုပ္ပန်ကိုပဲ အာရုံစိုက်ပါ ...

အရာရာ ထိန်းချုပ် Control လုပ်ချင်တဲ့ စိတ်ကို Let go လုပ်ပါ ... ဘဝမှာ ဖြစ်ပျက်သမျှ အရာအားလုံးကို လိုက်ပြီး ထိန်းချုပ်လို့ မရတာမို့ ကိုယ်တတ်နိုင်သလောက်ကိုပဲ အကောင်းဆုံးလုပ်ပြီး Trust the process လုပ်လိုက်ပါ ...

အနာဂါတ်ကို စိုးရိမ် ပူပန်နေတာတွေ Let go လုပ်ပါ ... အနာဂါတ်မှာ ဘာဖြစ်မလဲ ဆိုတာ ဘယ်သူမှ သေသေချာချာ တိတိကျကျ မသိနိုင်တာမို့ ကိုယ့်ရဲ့ စိုးရိမ်ပူပန်စိတ်တွေကို လွှတ်ချပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှု Trust အပြည့်အဝ ထားပါ ...

မျှော်လင့်ချက် Expectation တွေကို Let go လုပ်ပါ ... ကိုယ် မျှော်လင့် ထားသလောက် ကိုယ် ပြန်မရတဲ့ အခါ ကိုယ်ပဲ နာကျင်ရတယ်လေ ... ဒါ့ကြောင့် Expectation တွေကို လျော့ချထားပါ ...

~ Randy

ကိုယ့်ရဲ့ အရာရာ ပြီးပြည့်စုံချင်တဲ့ စိတ်, မှန်ချင်တဲ့ စိတ်ကို Let go လုပ်ပါ ... လောကမှာ ဘယ်အရာကမှ ဘယ်သူကမှ ပြီးပြည့်စုံတယ် ဆိုတာ မရှိသလို မှားတဲ့ အခါတွေ ဆိုတာလဲ ရှိတတ်ပါတယ် ... ဒါ့ကြောင့် Accept yourself ဖြစ်ပြီး လုပ်စရာရှိတာတွေကို ကိုယ်နိုင်သလောက် အကောင်းဆုံးလုပ်ရင်း အသစ် အသစ်တွေကို ဆက်လက် လေ့လာသင်ယူသွားပါ ...

ကိုယ်က အခြားသူတွေကို သုံးသပ် အကဲဖြတ်တာတွေနဲ့ ... အခြားသူတွေက ကိုယ့်ကို သုံးသပ် အကဲဖြတ်တာတွေကို Let go လုပ်ပါ ... လူတိုင်းဟာ ကိုယ်ပိုင် ခရီးလမ်း Own Journey ကို လျှောက်လှမ်း နေကြတာပါ ... ဒါ့ကြောင့် ကိုယ့်ရဲ့ကိုယ်ပိုင် လမ်းကြောင်း Own Path ကိုပဲ အာရုံစိုက် လျှောက်လှမ်းရမှာ ဖြစ်ပါတယ် ...

လူတွေ, အရာဝတ္တုတွေ အပေါ်မှာ စွဲလမ်းနေတဲ့ စိတ်ကို Let go လုပ်ပါ ... လောကမှာ ဘယ်အရာမှ မမြဲသလို ... ရေစက်ပါလို့ ဆုံကြပြီး ရေစက်ကုန်လို့ ခွဲခွာကြရတာချည်းပါပဲ ... ဒါ့ကြောင့် လက်ရှိ အတွေ့အကြုံနဲ့ ချစ်ခြင်း မေတ္တာတရား အပေါ်မှာသာ အာရုံစိုက် Focus ထားပါ ...

ကိုယ့်ကိုယ်ကို သတ်မှတ်ထားတဲ့ ထင်တဲ့ မြင်တဲ့ အမြင်တွေကို Let go လုပ်ပါ ... ကိုယ့်ကိုယ်ကို ကောင်းတာ ဖြစ်စေ, ဆိုးတာ ဖြစ်စေ သတ်မှတ်ချက်တွေက ကိုယ့်ကိုယ်ကို ပြန်ပြောနေတဲ့ Story တွေပါပဲ ... ဒါ့ကြောင့် ပုံပြင် ကန့်သတ်ချက် Limitation တွေကို လွှတ်ချထားပြီး ပစ္စုပ္ပန် တည့်တည့်လေးမှာ အကောင်းဆုံး ပျော်ရွှင်အောင် နေထိုင်ပါ ...

နဲနဲပဲ လွှတ်ချ လွှတ်ချ, များများပဲ လွှတ်ချ လွှတ်ချ Let go လုပ်နိုင်ဖို့က နာကျင် ခံစားရတာမို့ သတ္တိတော့ လိုအပ်ပါတယ် ...

Have A Nice Day! ♥️♥️♥️

#မျိုးသီဟကျော် ~
⭐️ Life & Relationships Coach
⭐️ Healer & Spiritual Mentorn

07/08/2024

အမှန်ပဲ

Want your business to be the top-listed Beauty Salon in Bahan?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon
Bahan