All scripture is inspired by God. ASIG
all scripture is inspired by god
တောလည်ရာ ၂၂:၁၈
ဗာလမ်ကလည်း၊ ဗာလက် မင်းသည်ရွှေငွေနှင့်ပြည့်သောမိမိနန်းတော်ကိုပင်ပေးသော်လည်း ၊ ငါကိုးကွယ်သောဘုရားသခင်ထာဝရဘုရား၏စကားတော်ကို လွန်ကျူး၍ အမှုအကြီးအငယ် တစုံတခုကိုမျှငါမပြုနိုင်။
ထွက်မြောက်ရာ ၂၀:၁၂-၁၃
သင်၏ဘုရားသခင်ထာဝရဘုရားပေးသနားတော်မူသောပြည်၌သင်၏အသက်တာရှည်မည်အကြောင်း၊ သင်၏မိဘကိုရိုသေစွာပြုလော့။
ဆာလံ ၁၁၉:၁၀၅
နှုတ်ကပတ်တော်သည်အကျွန်ပ်ခြေရှေ့မှာမီးခွက်ဖြစ်၍ အကျွန်ပ်လမ်းခရီးကိုလင်းစေပါ၏။
ဆာလံ ၁၁၈:၈-၉
ထာဝရဘုရာ၌ ခိုလှုံခြင်းသည် လူကိုကိုးစားခြင်းထက်သာ၍ ကောင်း၏။ ထာဝရဘုရာ၌ခိုလှုံခြင်းသည် မင်းကိုကိုးစားခြင်းထက်သာ၍ကောင်း၏
17/12/2022
Matthew 6:33
But seek ye first the kingdom of God,and his righteousness ;and all these things shall be added unto you.
17/12/2022
#ခရစ်ယာန်လူငယ်တိုင်းဖတ်သင့်တဲ့စာ
===========================
ထမ်းဘိုးမညီတဲ့ အိမ်ထောင်၊ ရည်းစားဘဝ နှင့် ဝိညာဉ်ထမ်းဘိုးမညီသော ခရစ်ယာန်အိမ်ထောင်ပြသနာ
ထမ်းဘိုးမညီဆိုတာ ခရစ်တော်ကို ယုံကြည်သူ နှင့် မယုံကြည်သူများလက်ထပ်ခြင်းကို ထမ်းဘိုးမညီသော အိမ်ထောင်လို့ခေါ်တယ်။ ယုံကြည်သူနှင့် မယုံကြည်သူရည်းစားထားရင် ထမ်းဘိုးမညီသော ရည်းစားပေါ့။
ခရစ်ယာန်အချင်းချင်းယူပြီး ထမ်းဘိုးမညီတဲ့ အိမ်ထောင်များသည် အမြဲစကားများ၊ရန်ဖြစ်၊ အော်ဆဲ၊ မကောင်းတဲ့စကားမှန်နဲ့ ဂုဏ်သိက္ခာမရှိအောင်ဆဲနေသူဖြစ်နေရင် တစ်ဦး (သို့မဟုတ်) နှစ်ဦးလုံးက ခရစ်တော်အကြောင်းသိပြီး ခရစ်တော်ကို မိမိအသက်တာထဲမှာ အသက်ရှင်ခြင်းခွင့်မပေးလို့ဖြစ်တယ်။ အမြဲနောင်တဖြင့် အပြစ်မဝန်ခံလို့ဖြစ်တယ်။ အတွင်းဝိညာဉ်သည် ခရစ်တော်၌ မလွတ်မြောက်သေးလို့ဖြစ်တယ်။ သန့်ရှင်းသော ဝိညာဉ်တော်၏ မစခြင်းကို လက်မခံခြင်းကြောင့်လည်း ဖြစ်နိုင်ပါစေ။ ခရစ်တော် နှင့် တစ်ဦးချင်းအဆက်သွယ်ပျက်နေလို့ဖြစ်နိုင်ပါတယ်။ ခရစ်တော်၌ ထမ်းဘိုးမညီသော အိမ်ထောင်ကို ခွဲရန် မလိုပါ။ သင့်အားဖြင့် အိမ်ထောင်ရှင်များ၊ ယောကျာ်းပြောင်းလဲရန် ဆက်အစေခံပါ။ ထမ်းဘိုးမညီသော ရည်းစား အဆင့်သာရှိနေလျှင် ဆုတောင်းပြီး ခွဲလိုက်ပါ။ သင်ထမ်းရမည့်ဝန်များလေးနေလို့ဖြစ်တယ်။ ခရစ်ယာန်အချင်းချင်းဝိညာဉ်ထမ်းဘိုးမညီတဲ့ အိမ်ထောင်ဖြစ်နေလျှင် ခရစ်တော်၌ နှစ်ဦးလုံးအပြစ်ဝန်ခံလျှက် တစ်ဦးနှင့် တစ်ဦးတောင်းပန်ပြီး ခွင့်လွတ်ကြပါ။ ကိုယ်တင်း၊ သူတင်းနေလျှင် ခရစ်တော်တည်ဆောက်ထားသော သာယာတဲ့အိမ်ထောင်ကို သင်ပျက်ဆီးနေခြင်းဖြစ်တယ်။ ဘုရားသခင်သည် သင့်အိမ်ထောင်ခွဲ၊ ကွဲရန် အလိုတော်မရှိပါ။
ထမ်းဘိုးမညီသော မေးခွန်းများမှာ
၁။ ခရစ်ယာန်တစ်ဦးဟာ မယုံကြည်သူနှင့် လက်ထပ်လို့ရသလား။
၂ ကော ၆း ၁၄ မယုံကြည်သောသူတို့နှင့်တွဲဘက်၍ ဆန့်ကျင်ဘက်ဖြစ်သော ထမ်းဘိုးကိုမထမ်းကြနှင့်။ တရားသောအမှု သည် မတရားသောအမှုကိုအဘယ်သို့လက်ခံနိုင်မည်နည်း။ အလင်းသည် မှောင်မိုက်နှင့် အဘယ်သို့ဆက်ဆံ နိုင်မည်နည်း။
ပထမဦးစွာ ထမ်းဘိုးဆိုတာ ဘာလဲ။ တိရိစ္ဆာန်နှစ်ကောင်သည် အားအင်ညီတူညီမျှ ထမ်းဘိုးကို အတူပူးပေါင်းထမ်း၍ အလုပ်အတူတူလုပ်ဆောင်ခြင်းကို ဆိုလိုတယ်။ အတူတူမလုပ်လျှင် ထမ်းဘိုးမထမ်းနိုင်၊ မညီပါ။ လိုရာ ပန်းတိုင်မရောက်နို်င်ပါ။ ထိုအရာကို ထမ်းဘိုးမညီဘူးလို့ ခေါ်တယ်။ ယခုခေတ်ဆိုရင် ထမ်းဘိုးဆိုလိုရင်းမှာ ယုံကြည်သူများကို သတိပေးခြင်းလို့ အဓိပ္ပါယ်ဆိုလိုတယ်။ မယုံကြည်သောသူနှင့် တွဲဘက်လျှင် ဆန့်ကျင်ဘက်ဖြစ်သော ထမ်းဘိုးကို ထမ်းနေခြင်းကို ဆိုလိုတယ်။ ထိုအရာသည် ထိမ်းလက်ထပ်ခြင်းကို ဆိုလိုတယ်။
ဤအကြောင်းနဲ့ပတ်သက်လို့ မေးမြန်းကြပါတယ်။ မယုံကြည်သူများနှင့် လက်ထပ်လို့ရသလား။ အတိုဆုံးအဖြေသည် မရပါ။ (NO) ပါ။
၂ ကော ၆း ၁၄ မယုံကြည်သောသူတို့နှင့်တွဲဘက်၍ ဆန့်ကျင်ဘက်ဖြစ်သော ထမ်းဘိုးကိုမထမ်းကြနှင့်။ တရားသောအမှု သည် မတရားသောအမှုကိုအဘယ်သို့လက်ခံနိုင်မည်နည်း။ အလင်းသည် မှောင်မိုက်နှင့် အဘယ်သို့ဆက်ဆံ နိုင်မည်နည်း။ ၁၅ ခရစ်တော်သည် ဗေလျာလနှင့် အဘယ်သို့သင့်တင့်နိုင် မည်နည်း။ ယုံကြည်သောသူသည် မယုံကြည်သောသူနှင့်အတူ အဘယ်အကျိုးအပြစ်ကို ခံရမည်နည်း။ ၁၆ ဘုရားသခင်၏ ဗိမာန်တော်သည် ရုပ်တုတို့နှင့် အဘယ်သို့စပ်ဆိုင်ရမည်နည်း။ ဘုရားသခင်မိန့်တော်မူသည်ကား၊ သူတို့တွင်ငါကျိန်းဝပ်မည်။ သူတို့တွင်လှည့်လည်၍ သူတို့၏ဘုရားသခင်ဖြစ်မည်။ သူတို့သည်လည်း ငါ၏လူဖြစ်ကြ လိမ့်မည်ဟုမိန့်တော်မူသည်နှင့် အညီ၊ သင်တို့သည် အသက်ရှင်တော်မူသော ဘုရားသခင်၏ ဗိမာန်တော်ဖြစ်ကြ၏။
ရှင်ပေါလုကိုယ်တိုင် မညီသော ထမ်းဘိုးကို အလင်း နှင့် မှောင်မိုက်ဖြင့် နှိုင်းယှဉ်ထားတယ်။ ခရစ်တော် နှင့် ဗေလျာလ (စာတန်)က ကို နှိုင်းယှဉ်ထားတယ်။ အသက်ရှင်တော်မူသော ဘုရားသခင်၏ ဗိမာန်တော် (ယုံကြည်သူကိုယ်ခန္ဓာ) နှင့် ရုပ်တုတို့ ဘယ်လို့မှ စေ့စပ်လို့ရဘူး။ မဆိုင်ဘူး။ သမ္မာဟောင်းပရောဖက်အရ ဘုရားပညာတ်တရားကို ယုံကြည်သူများ၏ နှလုံးသားထဲမှာ ရေးထည့်ထားမယ်။ ဆိုလိုရင်း ဘုရားလူများသည် အခြားသောလူများနှင့် မရောရပါ။ သန့်ရှင်းခြင်းရှိရမယ်။
၂။ အိမ်ထောင်ကျပြီးရင် ရုပ်တုဆင်းတုရှေ့ကန်တော့လို့မှာသလား။
ရုပ်တုဆင်းတုရှေ့ကန်တော့ရန် ရှောင်ကြဉ်ရမည်။
ရှင်ပေါလုပြောခဲ့သည်မှာ "မကောင်းသောသူတို့နှင့် ပေါင်းဘော်ခြင်းအားဖြင့် ကောင်းသောအကျင့် ဓလေ့ ယိုယွင်းတတ်၏။" မယုံကြည်သူကို ကန်တော့ခြင်းဟာ ရုပ်တုကို ကန်တော့ခြင်းဖြစ်တယ်။ ဒါဟာ သာမှန်လုပ်တဲ့အလုပ်ဟု အလွှဲမခံယူစေရန် သတိပြုပါ။ သမ္မာကျမ်းသစ်ထဲမှာ ခရစ်ယာန်တစ်ဦးရုပ်တုဆင်းတုများရှေ့မှာ ဦးမချရ၊ မကန်တော့ရလို့ သတိပေးချက်ရှိတယ်။ ရုပ်တိုဆင်းတုဆိုလိုသည်မှာ ဘုရားသခင်ထက် အမြင့်ဆုံးနေရာမှာ ဦးစားထားမှုကို ဆိုလိုတယ်။ မယုံကြည်သူသည် ဘုရားသခင်ကို မယုံကြည်နေသေးသရွေ့ သူ့အတွက် အရာခပ်သိမ်းဟာ ရုပ်တုဆင်းလိုဖြစ်၍ သူ၏ မိတ်သဟာရပြုခြင်းလည်း ရုပ်တုနှင့် မိတ်ဖွဲ့ခြင်းလိုဖြစ်တယ်။
၃။ ထမ်းဘိုးမညီထမ်းရင် ဘာဖြစ်သလဲ။
အကြီးမားဆုံးသော ပြသနာတစ်ခုသည် ယုံကြည်သူတစ်ဦးနှင့် မယုံကြည်သူလက်ထပ်ခြင်းသည် လိင်ပိုင်းဆိုင်မှာ မိတ်ဖွဲ့လာခြင်းဖြစ်တယ်။ သမ္မာကျမ်းစာက ဖော်ပြချက်မှာ မာကု ၁၀း ၈ "ထိုသူနှစ်ယောက်တို့သည် တသား တကိုယ်တည်း ဖြစ်ရလိမ့်မည်။ ထိုကြောင့် လင်မယားတို့သည် နှစ်ဦးမဟုတ် တဦးတည်းဖြစ်၏။"
သင်တို့ကိုယ်ခန္ဓွာသည် ခရစ်တော်၏အင်္ဂါဖြစ်ကြောင်းကို မသိကြသလော။ သို့ဖြစ်လျှင်၊ ခရစ်တော်၏အင်္ဂါကိုယူ၍ ပြည်တန်ဆာ၏ အင်္ဂါဖြစ်စေအပ်သလော။ မဖြစ်စေအပ်။ အဘယ်သို့နည်း။ ပြည်တန်ဆာ၌ မှီဝဲသောသူသည် ထိုပြည်တန်ဆာနှင့် တသားတကိုယ်တည်းဖြစ်ကြောင်းကို မသိကြသလော၊ ထိုသူနှစ်ယောက်တို့သည် တသားတကိုယ်တည်းဖြစ်ရလိမ့်မည်ဟု ကျမ်းစာလာ၏။ ဘုရားသခင်၌ မှီဝဲသောသူသည် ထိုသခင်နှင့် တစိတ်တဝိညာဉ်တည်းဖြစ်၏။ မတရားသောမထုန်ကို ကြဉ်ရှောင်ကြလော့။ လူပြုတတ်သော အခြားဒုစရိုက်ရှိသမျှတို့သည် ကိုယ်ပြင်၌ရှိ၏။ မတရားသောမေထုန်ကို ပြုသောသူမူကား၊ မိမိကိုယ်ကို ပင် ပြစ်မှား၏။ ၁ ကော ၆း ၁၅-၁၈
ယုံကြည်သူသည် ခရစ်တော်၏ အင်္ဂါဖြစ်သောကြောင့် မယုံကြည်သောသူနဲ့ ပေါင်းသင်းဆက်ဆံခြင်းသည် ပေါက်ပြန်ခြင်း၊ မတရားသောမေထုပြုခြင်း၊ ခရစ်တော်၌ သစ္စာပေါက်ပြန်သောသူ၊ ခရစ်တော်ကိုယ် ရောင်းစားသောသူ၊ ပြည်တန်ဆာနှင့် တသားတကိုယ်တည်းဖြစ်ကြောင်းကို ကျမ်းစာက ဖော်ပြထားတယ်။
ရှင်ပေါလုကိုယ်ပြောထားသည်မှာ ၁ကော ၅း ၁၁ "ယခုမူကား ညီအစ်ကိုဟုခေါ်ဝေါ်သော သူသည် မတရား သောမေထုန်၌ မှီဝဲခြင်း၊ လောဘလွန်ကျူးခြင်း၊ ရုပ်တုကိုကိုးကွယ်ခြင်း၊ ဆဲရေးကဲ့ရဲ့ခြင်း၊ သေရည်သေရက်နှင့်ယစ်မူးခြင်း၊ အနိုင်အထက်လုယူခြင်းမှစ၍၊ ထိုသို့သောအမှုကိုပြုသောသူနှင့် မပေါင်းဘော်ရသည်သာမက၊ ထိုသူနှင့်အတူ စားသောက်ခြင်းကိစ္စကိုမျှ မပြုရဟု ငါရေးထား၍ ပညတ်၏။"
၁ ကော ၁၅း ၃၃ "အလွဲမယူကြနှင့်။ မကောင်းသောသူတို့နှင့် ပေါင်းဘော်ခြင်းအားဖြင့် ကောင်းသောအကျင့် ဓလေ့ ယိုယွင်းတတ်၏။ ၃၄ တရားသဖြင့်နိုးကြလော့။"
၄။ မယုံကြည်သူလက်ထပ်ရမလား။
သမ္မာကျမ်းစာက မယုံကြည်သူနှင့် လက်ထပ်ကြောင်းထက် ယုံကြည်သူထိမ်းမြားလက်ထပ်သည့်အကြောင်း အသိအကျပြောထားသည်။ သမ္မာဟောင်းခေတ်တွင် အထူးသဖြင့် ဘုရားသခင်လူမျိုးများကို အခြားသော တိုင်းတပါးသားမိန်းမများနှင့် ထိမ်းမြားလက်ထပ်ခြင်းမပြုရန် တားမြစ်ထားတယ်။
ဧဇရမှတ်စာ ၁၀း ၁၁ "သို့ဖြစ်၍ ဘိုးဘေးတို့၏ ဘုရားသခင် ထာဝရဘုရားအား တောင်းပန်ကြလော့။ အလိုတော်အတိုင်းပြုလျက်၊ ဤပြည်သားတို့နှင့်၎င်း၊ တပါး အမျိုးသားမိန်းမတို့နှင်၎င်း ကွာကြလော့ဟု သူတို့အားဆို၏။"
သမ္မာဟောင်းမှာ ဘုရားသခင်ကို မသိသောအမျိုးအနွယ်နှင့် လက်မထပ်ရန် တားမြစ်ထားတယ်။ သမ္မာသစ်မှာ ရှင်ပေါလုပြောထားသည့်မှာ ၁ ကော ၇း ၃၉ "မိန်းမသည်မိမိခင်ပွန်းမသေမှီ ကာလပတ်လုံးတရားအားဖြင့် ချည်နှောင်လျက်ရှိ၏။ ခင်ပွန်းသေလျှင် မူကား၊ မိမိအလိုအတိုင်း သခင်ဘုရား၌သာ အခြားသောသူ၏ မယားဖြစ်ခြင်းငှါ အခွင့်ရှိ၏။ ၄၀ အခွင့်ရှိသော်လည်း၊ အခြားသောသူ၏ မယားမဖြစ်ဘဲနေလျှင်၊ သာ၍မင်္ဂလာရှိသည်ဟု ငါသဘောရှိ၏။ ငါ၌လည်း ဘုရားသခင်၏ ဝိညာဉ်တော်ရှိတော်မူသည်ဟု ငါစွဲလမ်းခြင်း စိတ်ရှိ၏။"
ခရစ်ယာန်အိမ်ထောင်က တစ်ဦးဆုံးသွားပါက ကျန်တစ်ဦးက လက်ထပ်ချင်လျှင် မယုံကြည်သူကို လက်ထပ်လို့မရဘူး။ ခင်ပွန်းသေလျှင်မူကား၊ မိမိအလိုအတိုင်း သခင်ဘုရား၌သာ အခြားသောသူ၏ မယားဖြစ်ခြင်းငှါ အခွင့်ရှိ၏။ အခြားသောသူတစ်ဦး၏ မယားမဖြစ်နေလျှင် သာ၍ မင်္ဂလာရှိပါတယ်။ ခရစ်ယာန်အိမ်ထောင်တွေ မုဆိုးမဖြစ်နေရင် ယုံကြည်သူနှင့် လက်ထပ်နိုင်တယ်။ နောက်အိမ်ထောင်သည်လည်း ထမ်းဘိုးမညီသော အိမ်ထောင်မဖြစ်သင့်ပါ။
၅။ မယုံကြည်သူနှင့် ရက်ချိတ် (Dating) လုပ်လို့ရသလား။
ဘုရားရှေ့၊လူကွယ်ယာတွင် မလက်ထပ်သောသူ အတူအိပ်လိင်ပိုင်းဆက်ဆံလို့မရပါ။ မယုံကြည်သူက ယုံကြည်သူကို date လုပ်တာ အနောက်တိုင်းအမြင်ဖြင့် ကြည့်ရင် ပြသနာမရှိဘူး။ သို့သော် ဝိညာဉ်ရေးရာဘုရားအမြင်တော့ အကြီးမားဆုံးသော ပြသာနာတစ်ခုပါ။ ယေရှုဝိညာဉ်ကျိန်းဝပ်သောသူ နှင့် စာတန်ဝိညာဉ်ဆိုးအုပ်စိုးသောသူ အတူနေလို့မရဘူး။ ယနေ့ခေတ်ဆိုရင် Date ရက်ချိတ်ချင်လို့ လေသံက အမှုတော်ဆောင်ချင်လို့ "Missionary Dating" လုပ်တာပါတဲ့။ ကိုယ့်သွေးသာဆန္ဒကြောင့် ယေရှုကို မရောင်းစားသင့်ဘူး။ ဒီအိမ်ထောင်တွေ ကွဲတာများပါတယ်။ ရည်းစားဘဝမှာ မယုံကြည်သူနှင့် date လုပ်ပြီး၊ သူ့အားဖြင့် ယုံကြည်ပြောင်းလဲမယ်လို့ ကိုယ့်ဘက်ပါအောင် လုပ်ယူပြီး အိမ်ထောင်ပြုရင် အိမ်ထောင်မှာ ပြသနာအများကြီးရှိပါတယ်။ Date လုပ်ခြင်းသည် ယုံကြည်သူဖြစ်စေ၊ မယုံကြည်သူနှင့် ဖြစ်စေ မလုပ်သင့်ပါ။ သင့်ကိုယ်ခန္ဓာသည် အသက်ရှင်သော ဘုရားသခင်၏ ဗိမာန်ဖြစ်တယ်။ Date လုပ်ရမည့်အရာမဟုတ်ပါ။ လုပ်နေရင် ရပ်တန်းက ရပ်ပြီး နောင်တဖြင့် ယေရှုခရစ်တော်၌ ဝန်ခံပါ။ ၁ ကော ၇း ၁၆ အချင်းမိန်းမ၊ သင်သည် ကိုယ်ခင်ပွန်းကို ကယ်တင်မည်၊ မကယ်တင်မည်ကို အဘယ်သို့သိသနည်း။ အချင်းယောက်ျား၊ သင်သည် ကိုယ်ခင်ပွန်းကို ကယ်တင်မည်၊ မကယ်တင်မည်ကို အဘယ် သို့သိသနည်း။
၆။ ထမ်းဘိုးမညီလို့ အိမ်ထောင်ခွဲရမှာလား။
အိမ်ထောင်ဖြစ်ပြီးမှ ခွဲလို့မရဘူး။ သင်သာလျှင် သင့်အိမ်ထောင်ထဲမှာ အကောင်းဆုံးဆက်ကပ်ခြင်းဖြင့် ဘုရားသခင်၏ မေတ္တာပြသရမည်။ ခက်ခဲပေါင်းများစွာ ကျော်ဖြတ်ရသော်လည်း ဘုရားသခင်၏ တန်ခိုးတော်သည် သင့်ကိုစောင့်မလိမ့်မယ်။ ကယ်တင်ရှင်အကြောင်းကို လက်တွဲဘက်အိမ်ထောင်ကို ပြောပြရမည့် တာဝန်ရှိတယ်။ ရုပ်တုဆင်းရှေ့မှာ ရေလောင်း၊ လူလူချင်းကန်တော့ပြီး ရာထူး၊ဂုဏ်မက်မောလို့ ကန်တော့လို့ မရဘူး။ ယုံကြည်သူထံမှ မယုံကြည်သူပြောင်းလဲပါစေ။ ယုံကြည်သူလည်း ငါ့အကြိုက်ပဲ လုပ်ရမယ်လို့ စိတ်ဓာတ်မရှိစေရန် နှင့် စိတ်နှလုံးနှိမ့်ချခြင်းဖြင့် ဘုရားသခင်၏ အလင်းကိုဖော်ပြသင့်တယ်။ ကလေးရှိလာလျှင် ကယ်တင်ရှင်ကို မိတ်ဆက်ပေးရန် သင့်တာဝန်ဖြစ်တယ်။ ယေရှုခရစ်တော်နှင့် သင့်သားသမီးများကို မမိတ်ဆက်ပေး၊ မခေါ်ဆောင်ခဲ့လျှင် ဝိညာဉ်ပျောက်ဆုံးရာကို သင့်ဆွဲဆောင်နေသူဖြစ်လ်ိမ့်မယ်။
၇။ မယုံကြည်သူကို လက်ထပ်ပြီး ကွာရှင်းလို့ ရသလား။
ကနဦးအသင်းတော်တွေမှာ မယုံကြည်သူများကို လက်ထပ်ခြင်းဖြင့် နောက်ပိုင်းမှာ ယုံကြည်ပြောင်းလဲသောသူများစွာရှိပါတယ်။ ရှင်ပေါလုသည် ယုံကြည်သူ နှင့် မယုံကြည်လက်ထပ်ပြီး ထိုအိမ်ထောင်က မယုံကြည်သူများကွဲချင်လျှင်၊ ကွာရှင်းချင်လျှင် ၁ ကော ၇း ၁၅ "သို့သော်လည်း မယုံကြည်သောသူသည် ကွာသွားလိုလျှင် ကွာသွားစေ။ ထိုသို့ပြုလျှင် တပည့်တော်သည် ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ၊ ချည်နှောင်ခြင်းမရှိ။ ငါတို့သည် အသင့်အတင့် နေစေခြင်းငှါ ဘုရားသခင်၏ ပညတ်တော်ရှိ၏။" သတိထားရမည့်အချက်က "မယုံကြည်သူကိုကွာရှင်းပြီး ယုံကြည်သူကို ပြန်ယူရင် မှားတယ်။" ထမ်းဘိုးမညီသော အိမ်ထောင်မှာ မယုံကြည်သူက အရင်ခွဲရင် ကွာပေးလိုက်ပါ။ သို့သော် ချည်နှောင်ခြင်းမရှိရပါ။ ကွာရှင်းပြီးရင် သင်သည် နောက်ထပ်ယောကျာ်း၊ မိန်းမကို လက်ထပ်ပေါင်းသင်းလို့မရပါ။ လင်မသေမှီတိုင်အောင် သစ္စာရှိဖြင့် နေပါ။ လင်သေလျှင် လင်ဝတ်နှင့် လွတ်၏။ အခြားသူနှင့် အိမ်ထောင်ပြုနိုင်တယ်။ သို့သော် ထမ်းဘိုးမညီသော အိမ်ထောင်မှာ တစ်ဦးက လင်ငယ်နေသူ၊ နောက်မီးလင်းသူ (သို့) ခရစ်ယာန်တို့တွင် သူတစ်ပါးလင်ယောက်ျားနှင့် ဖောက်ပြန်သူဖြစ်နေလျှင် ကွာရှင်းလို့မရသေးပါ။ အရင်ဦးဆုံး နှစ်ဦးညိုနှိုင်းရမယ်။ နောင်တဖြင့် ဝန်ခံသင့်တယ်။ ထမ်းဘိုးမညီတဲ့ အိမ်ထောင်ကို သမ္မာဆရာလည်း ခွဲလို့မရပါ။ ရောမ ၇း ၂ "ဥပမာကား၊ လင်ရှိသောမိန်းမသည် လင်မသေမှီတိုင်အောင်၊ ပညတ်တရားအားဖြင့် လင်၌ချည်နှောင်လျက်ရှိ၏။ လင်သေလျှင်မူကား လင်ဝတ်နှင့်လွတ်၏။ ၃ ထိုကြောင့်၊ မိမိလင်မသေမှီအခြား သော သူ၏မယားဖြစ်လျှင်၊ မျောက်မထားသောမိန်းမဟု ခေါ်ထိုက်၏။ လင်သေလျှင်မူကား၊ ထိုတရား နှင့်လွတ်သည်ဖြစ်၍၊ အခြားသောသူ၏ မယားဖြစ်သော်လည်း၊ မျောက်မထားသောမိန်းမဟု ခေါ်စရာ အကြောင်းမရှိ"
၁ ကော ၇း ၁၀ "ခင်ပွန်းရှိသောသူတို့ကိုလည်း၊ ငါပညတ်သည်သာမက၊ သခင်ဘုရားပညတ်တော်မူသည်ကား၊ မယားသည် မိမိခင်ပွန်းကို မစွန့်ပစ်စေနှင့်။ ၁၁ စွန့်ပစ်လျှင် မိမိခင်ပွန်းမရှိဘဲနေစေ။ သို့မဟုတ်လျှင်၊ ခင်ပွန်းဟောင်း ထံသို့ပြန်၍ အသင့်အတင့်နေစေ၊ ယောက်ျားသည်လည်း မိမိမယားနှင့် မကွာစေနှင့်။ ၁၂ ကြွင်းသောသူတို့ကို သခင်ဘုရားသည် ကိုယ်တိုင်မပညတ်ဘဲ၊ ငါပညတ်သည်ကား၊ တစုံတယောက်သော ညီအစ်ကိုသည် မယုံကြည်သော မယားရှိ၍၊ ထိုမယားသည် မိမိခင်ပွန်းနှင့် နေခြင်းငှါအလိုရှိလျှင် မကွာစေနှင့်။
၁၃ ထိုနည်းတူ မိန်းမသည်လည်း၊ မယုံကြည်သော ခင်ပွန်းရှိ၍၊ ထိုခင်ပွန်းသည် မိမိမယားနှင့် နေခြင်းငှါ အလိုရှိလျှင် မကွာစေနှင့်။" မယုံကြည်သောသူ မယား၊ ခင်ပွန်းရှိနေလျှင် သူသည်ဆက်နေချင်စိတ်အလိုရှိလျှင် မကွာစေနဲ့။
၈။ အိမ်ထောင်ဖြစ်ပြီး ယောကျာ်း၊ မိန်းမ လိင်မဆက်ဆံဘဲနေရင် ရသလား။
အတိုဆုံးအဖြေက မရဘူး။ အောက်ပါကျမ်းချက်ကို ဖတ်ပါ။
"သင်တို့သည် ငါ့ထံသို့ပေးလိုက်သောစာ၌ ပါသောအရာမှာ၊ ယောက်ျားသည် မိန်းမနှင့်မဆက်ဆံဘဲနေလျှင်၊ ကောင်းသော်လည်း၊ မတရားသောမေထုန်နှင့် ကင်းလွတ်မည်အကြောင်း၊ ယောက်ျားတိုင်း မိမိမယားရှိစေလော့။ မိန်းမတိုင်း မိမိလင်ရှိစေလော့။ ယောက်ျားသည် ဆက်ဆံခြင်းဝတ်ကို မိမိမယားအားပြုစေလော့။ ထိုနည်းတူ၊ မိန်းမသည်လည်း ဆက်ဆံခြင်းဝတ်ကို မိမိလင်အားပြုစေလော့။ မိန်းမသည် မိမိကိုယ်ကိုမပိုင်၊ လင်သည်ပိုင်၏။ ထိုနည်းတူယောက်ျားသည်လည်း မိမိကိုယ်ကိုမပိုင်၊ မယားသည်ပိုင်၏။ အချင်းချင်းခင်ပွန်းဝတ်ကို မပယ်မရှောင် ကြနှင့်။ ထိုသို့ဆိုသော်၊ ဆုတောင်းခြင်းဝတ်ကိုပြုရသောအခွင့် ရှိစေခြင်းငှါ၊ သဘောတူ၍ ခင်ပွန်းဝတ်ကို ခဏမျှ မရှောင်ရဟု မဆိုလို။ ထိုသို့ရှောင်လျှင်၊ ကိုယ်ကိုမချုပ်တည်းနိုင်သောအားဖြင့် စာတန်သည် အပြစ်သို့သွေးဆောင် ရသောအခွင့် မရှိစေခြင်းငှါ၊ နောက်တဖန်အတူနေကြလော့။" ကောရိ န္တု သြဝါဒစာပဌမစောင် ၇း ၁၉
အိမ်ထောင်မှာ လိင်ပိုင်းမဆက်ဆံပဲနေလျှင် မတရားသောမေထုန်ဝင်လာမယ်။ ယောကျာ်း နှင့် မိန်းသည်လည်း ဆက်ဆံခြင်းဝတ်ကို ပြုရမယ်။ အိမ်ထောင်မှာ လိင်ပိုင်းကို အင်မတန်ပွင့်လင်းသင့်တယ်။ အိမ်ထောင်မှာ မယားက ဆုတောင်းခြင်းဝတ်ပြုခြင်းမှာသာ အချိန်ကုန်ပြီး၊ မိမိခင်ပွန်းဝတ်ကို ဆက်ဆံခြင်းမှာ ရှောင်လို့မရဘူး။ ရှောင်နေလျှင် ခင်ပွန်းသည် ကိုယ်ကိုမချုပ်တည်းနိုင်လို့ အခြားအပြစ်သို့သွေးဆောင်ရန် စာတန်အလုပ်လုပ်နိုင်ပါ တယ်။ လိင်ပိုင်းမှာ လင်မယား နှစ်ဦးသဘောမတူပဲ ကိုယ့်လိုအင်ဆန္ဒကို ဦးစားပေးပြည့်စေရန် အတင်းအဓမ္မမဆက်ဆံသင့်ပါ။ သင့်ဦးနှောက်ဟာ လူသားချင်းစာနာထောက်စိတ်နှလုံးသားကို ဘုရားသခင်ထည့်ထားပေးတယ်။
၉။ မယုံကြည်သူနှင့် ရည်းစားထားလို့ရသလား။
အတိုဆုံးအဖြေက မရပါ။ ဒါပေမဲ့ ကိုယ့်အသွေးသားဆန္ဒဦးစားပေးတတ်ရင် ယုံကြည်သူ နှင့် မယုံကြည်သူကို မခွဲခြားတော့ဘူး။ ထိုသူများ၏ ဝိညာဉ်ရေးရာသည် ကျဆင်းနိုင်သော လမ်းစရှိတယ်။ ဥပမာ-ခရစ်ယာန်တစ်ဦး မယုံကြည်သူ ရည်းစားတယ်။ အချစ်ကြောင့် သူပြောတိုင်းအကုန်လုပ်မယ်။ နှုတ်ကပတ်တော်နဲ့ ညီမညီမသိလောက်အောင် လုပ်နိုင်တယ်။ နောက်ဆုံးတော့ သူအားဖြင့် ပြောင်းလဲလုပ်မယ်ဆိုပြီး မယုံကြည်သူနှင့် လက်ထပ်ပြီး ရန်ကုန်ပြန်၍ အိမ်ထောင်အခြေကျနေထိုင်ပြီး သူတို့သားသမီးတွေ အကုန်မယုံကြည်ဖြစ်နေတဲ့ တိုင်းရင်းသားရဲဘော်ဟောင်းတွေ အများကြီးရှိပါတယ်။ တစ်သက်လုံး နောင်တနဲ့ စိတ်နှလုံးကြေကွဲနေတဲ့ သူများရှိပါတယ်။ ဖြစ်ရပ်မှန်တစ်ခုပါပြောပြမယ်။ ယုံကြည်သူမိန်းကလေးတစ်ဦးက မယုံကြည်သူတစ်ဦးကို ရည်းစားတယ်။ သူတို့က ရည်းစားဘဝတုန်းက တစ်ခါမှ ဘုရားကျောင်းမတက်တော့ဘူး။ တစ်ရက် သူတို့နှစ်ယောက်တည်းနေတဲ့အချိန်မှာ ယုံကြည်သူက သူ့ရည်းစားမယုံကြည်သူကို လန်းကြည့်တော့ သူ့အထဲက ရုပ်ဆိုးဆိုးအဘွားကြီးတစ်ဦးထွက်လာပြီး သူ့ကိုအင်မတန်စိတ်ဆိုးတဲ့ ပုံစံနဲ့ကြည့်ပြီး ကြည့်တယ်။ တစ်ခါတည်း လန့်ပြီး အော်လိုက်တော့ ဘာတစ်ခုမှ မရှိတော့ဘူး။ မယုံကြည်သူတိုင်းကိုယ်ထဲမှာ ကိုယ်စောင့်နတ် (သို့) သူ့ကို လိုက်ကြိုက်နေတဲ့ အစောင့်နတ်ရှိပါတယ်။ ယုံကြည်သူနဲ့ တွဲပြီး ရည်းစားထားရင် မမြင်နိုင်တဲ့ နတ်ဆိုးဝိညာဉ်ဆိုးများက သင့်ကိုမုန်းတီး၍ အချိန်တိုင်း တိုက်ခိုက်လိမ့်မယ်။ သင်သည်လည်း ယုံကြည်ခြင်းမရှိလျှင် ပါသွားအုံးမယ်။ ထို့ကြောင့် မယုံကြည်သူနှင့် ရည်းစားမထားသင့်ပါ။ ထားခြင်းဖြင့် သင့်အသင်သာ ဝိညာဉ်ရေးရာကျဆင်းနိုင်လို့ပါ။ ယေရှုဝိညာဉ်ရှိပြီးသား နှင့် နတ်ဆိုးဝိညာဉ်အတူ သွားလို့မရပါ။ ၂ ကော ၆း ၁၆ ဘုရားသခင်၏ ဗိမာန်တော်သည် ရုပ်တုတို့နှင့် အဘယ်သို့စပ်ဆိုင်ရမည်နည်း။ ဘုရားသခင်မိန့်တော်မူသည်ကား၊ သူတို့တွင်ငါကျိန်းဝပ်မည်။ သူတို့တွင်လှည့်လည်၍ သူတို့၏ဘုရားသခင်ဖြစ်မည်။ သူတို့သည်လည်း ငါ၏လူဖြစ်ကြ လိမ့်မည်ဟုမိန့်တော်မူသည်နှင့် အညီ၊ သင်တို့သည် အသက်ရှင်တော်မူသော ဘုရားသခင်၏ ဗိမာန်တော်ဖြစ်ကြ၏။
ယောဇကျေလ ၃၇း ၂၇ ငါ၏ ဗိမာန်တော်သည်လည်း သူတို့၌ရှိ၍၊ ငါသည် သူတို့၏ ဘုရားသခင်ဖြစ်မည်။ သူတို့သည် လည်း ငါ၏ လူဖြစ်ကြလိမ့်မည်။
၁၀။ ထမ်းဘိုးမညီသော အိမ်ထောင်ပြုရင် အပြစ်ဖြစ်သလား။
အတိုဆုံးအဖြေက Yes အပြစ်ဖြစ်ပါတယ်။ မယုံကြည်သူကို လက်ထပ်ရင် အပြစ်ပါ။ ၂ ကော ၆း၁၄" မယုံကြည်သောသူတို့နှင့်တွဲဘက်၍ ဆန့်ကျင်ဘက်ဖြစ်သော ထမ်းဘိုးကိုမထမ်းကြနှင့်။ တရားသောအမှုသည် မတရားသောအမှုကိုအဘယ်သို့လက်ခံနိုင်မည်နည်း။ အလင်းသည် မှောင်မိုက်နှင့် အဘယ်သို့ဆက်ဆံ နိုင်မည်နည်း။ ၁၅ ခရစ်တော်သည် ဗေလျာလ (နတ်ဆိုးဝိညာဉ်) နှင့် အဘယ်သို့သင့်တင့်နိုင်မည်နည်း။ ယုံကြည်သောသူသည် မယုံကြည်သောသူနှင့်အတူ အဘယ်အကျိုးအပြစ်ကို ခံရမည်နည်း။" ဘုရားသခင်ကို ငြင်းဆန်သောသူနှင့် လက်တွဲအဖော်မဖြစ်သင့်ပါ။ သင်၏ ဝိညာဉ်ရေးရာရင့်ကျက်စေရန် သင့်ဘဝလက်တွဲအဖော်က အရေးကြီးဖြစ်တယ်။
ယုံကြည်သူအိမ်ထောင်သည် ကိုယ်ခန္ဓာ၊ ယုံကြည်ခြင်းနှင့် ဝိညာဉ်တစ်ထပ်တည်းကျရမယ်။
အတိုချုပ်မှာ
သမ္မာကျမ်းစာက မညီသော ထမ်းဘိုးမထမ်းရန် အရှင်းလင်းဆုံးဖော်ပြထားတယ်။ ယုံကြည်သူနှင့် မယုံကြည်သူ လက်မထပ်ရန် အရှင်းဆုံးဖော်ပြထားတယ်။ မညီသော ထမ်းဘိုးထမ်းလျှင် ရင်မောစရာ၊ ပြသနာများစွာ ရင်ဆိုင်နိုင်တယ်။ မယုံကြည်သူနှင့် Date ရက်ချိတ်ပြီး လိင်မဆက်ဆံရ။ ပြသနာ၏ အစဖြစ်တယ်။ ထမ်းဘိုးမညီသော အိမ်ထောင်ဖြစ်နေလျှင် မကွာရသင့်ပါ။ မယုံကြည်သူပြောင်းလဲစေရန် သင်မှာ တာဝန်ရှိတယ်။ မယုံကြည်သူကိုယ်တိုင်ကွာရှင်းချင်လျှင် ကွာနိုင်ပါတယ်။ သို့သော် နောက်ထပ် အိမ်ထောင်မပြုသင့်ပါ။ သင်၏ အကြံစည်ဖြင့် ထမ်းဘိုးမညီသော အိမ်ထောင်ကို မကွာရှင်းရပါ။ သမ္မာဆရာကိုယ်တိုင် မညီသော ထမ်းဘိုးကို လက်ထပ်ပေးလို့မရပါ။ ကွာရှင်းလို့မရပါ။
မာကု ၁၀း ၉ ဘုရားသခင်တွဲဘက်၍ ထမ်းဘိုး တင်တော်မူသောအရာကို လူမခွဲမခွါစေနှင့်ဟု မိန့်တော်မူ၏။
အိမ်ထောင်ပြုခြင်းသည် တစ်သားတစ်ကိုယ်တည်းခရစ်တော်၌ ဖြစ်တယ်။
ကိုယ့်ကိုမေးမြန်းရန် မေးခွန်းအချို့များ
၁။ ဘာကြောင့် မယုံကြည်သူကို သင်လက်ထပ်ချင်ရသလဲ။?
၂။ ဘာကြောင့် မယုံကြည်သူကို ရည်းစားထားချင်နေသလဲ။
၃။ ဘာကြောင့် မညီသော ထမ်းဘိုးကို ထမ်းချင်နေသလဲ။
၄။ ဘာကြောင့် မညီသော ထမ်းဘိုးဖြစ်နေလျှင် ကွာရှင်းချင်သလဲ။
၅။ ဘာကြောင့် ခရစ်ယာန်အိမ်ထောင်မှာ ဝိညာဉ်ချင်းထမ်းဘိုးမညီနေသလဲ။
၆။ ယုံကြည်သူထဲမှာ ယေရှုခရစ်တော်၏ ဝိညာဉ် (သန့်ရှင်းသော ဝိညာဉ်တော်) ရှိသာသိရဲလား။
၇။ မယုံကြည်သူမှာ ရုပ်တုဆင်းတုဝိညာဉ်ဆိုးရှိတာ မသိဘူးလား။
မှတ်ချက်။ ဝိညာဉ်ရေးရာအမြင်ဖြင့် ဖတ်ပါ။ ခွန်အားယူပါ။ မည်သူ့အိမ်ထောင်ကိုမှ ပြိုပျက်ချင်စိတ်မပါပဲ ဝိညာဉ်ရေးရာစာဖြစ်တယ်။ ဤစာစောင်အားဖြင့် ခရစ်တော်၌ အိမ်ထောင်များ တည်မြဲခိုင်ခံ့ပါစေ။ ပျော်ရွှင်နိုင်ပါစေ။
May God Bless you All !!
Mozart Thang
https://m.facebook.com/story.php?story_fbid=443052163030904&id=100019783715431
Click here to claim your Sponsored Listing.
Category
Website
Address
Aizawl
040050
