Robert Poems
Positive thinking is good for our brain.
အချစ်ဆိုတာက ဆုံးမတက်သူကို ခရုစိုက်ပါ
တော်တော်များများက မြင်ရတဲ့
“ ရိတ်သိမ်းခြင်း “ ကိုပိုစိတ်ဝင်စားတတ်ကြတယ်
တကယ်တော့ မမြင်ရတဲ့
“ စိုက်ပျိုးခြင်း “ ဆိုတာ မရှိလို့မှ မရတာ…
လူဆိုတာ အခက်ခဲ့တွေအများကြီးရှိတဲ့ကြားက ခံစားရင်း ကျော်ဖြစ်ရင်းနဲ့ ဘဝကို တည်ဆောက်ကျနေတာပါ..
ကိုယ်ချင်းစာ တရားဆိုတာ ခံစားပေးပေးတက်တဲ့ နှလုံးသားရှိမှသာလျှင် ဖြစ်ပေါလာတာမျိုးပါ...
ဘဝဆိုတာ တည်ဆောက်ဖို့ ခက်ခဲ့တယ်
ပျက်စီးဖို့ဆိုက ခဏလေးပါပဲ...
လူပဲလေ
********
တစ်ခါတလေ စိတ်ဓာတ်ကျတတ်တာပေါ့
ဒါပေမယ့် အဆိုးပြီးရင် အကောင်းတွေလာမှာပါဆိုပြီးပြန်အားတင်းရတယ်။
လူပဲလေ တစ်ခါတလေ ပေါက်ကွဲမိတာပေါ့
ဒါပေမယ့် ဒါဟာမှန်ကန်တဲ့ဖြေရှင်းနည်းမဟုတ်ဘူးလို့ ကိုယ့်ကိုယ်ကိုယ်ပြန်သတိပေးမိတယ်။
လူပဲလေ တစ်ခါတလေ သတိရမိတာပေါ့
ဒါပေမယ့် ဖြစ်ချင်တာထက် ဖြစ်သင့်တာကိုဦးစားပေးရတဲ့အခါတွေရှိတတ်တာပေါ့။
လူပဲ တစ်ခါတလေ အမှားလုပ်မိတာရှိမှာပေါ့
ဒါကို နောင်တရမနေဘဲ အဲ့ဒီလိုအမှားမျိုးနောက်ထပ်မမှားအောင် ဂရုစိုက်ရမှာပေါ့။
လူပဲ တစ်ခါတလေ စိတ်ညစ်တတ်တာပေါ့
ဒါပေမယ့် ကိုယ့်ဘဝပျက်စီးစေတဲ့အရာမျိုး မလုပ်မိအောင်သတိထားရမယ်။
မွန်းကျပ်သမျှကို
only me ပဲ ထားပါတယ် ။
ကိုယ့်ဒုက္ခနဲ့ကိုယ် အိုစာတယ် ။
ကိုယ့်စိတ္တဇနဲ့ ကိုယ် ငိုပါတယ် ။
စိတ်အဆင်မပြေတာတွေလည်း မျိုသိပ်တယ် ။
ကြိတ်ငိုတာတွေလည်း ဖြေသိမ့်တယ် ။
ကိုယ့်မှာ ကိုယ်ပဲရှိပါတယ် ။ ။
02/05/2024
💛ရင်ခွင့်သံအစ 💛
ပျံတက်သွားတဲ့ မိုးပျံပူဖောင်းလေးကို
ငေးမိတယ်။
ကိုယ့်လက်ကို ရုန်းကန်ဖယ်ရှား
အဲဒီ ကောင်းကင်ကျယ်ကြီးထဲ
မင်းဘယ်အချိန်ထိ ပျော်နိုင်မှာလဲ
ညီမလေး။
အခြေအနေနဲ့ အချိန်အခါအရ
ရဲရင့်ပြခဲ့ရပေမယ်ဆိုရင်
နေသားတကျ မဖြစ်တဲ့ ရင်ခွင်က
တိုးတိုးတိတ်တိတ်ကလေး ရင်ဖွင့်ဖို့ရန် လိုက်ရှာနေမိတယ်။
တစ်ယောက်တည်း ဆောင်းရတဲ့
ထီးက ပိုလုံခြုံပေမယ့်
စိုရွှဲနေတဲ့ ရင်ဘတ်ကို လူမြင်မခံ
ချင်လို့ ထီးလေးကို ကိုယ်ပိတ်ပစ်
လိုက်ပြီ။
လိုအပ်တာထက် ပိုရွာနေတဲ့ မိုးက
ကိုယ့်တစ်ကိုယ်လုံးကို ရွှဲရွှဲစိုစေပေမယ့်
နှလုံးသားထဲက မင်းနာမည်လေးကို
ဘေးမသီ ရန်မခစေဖို့ ကိုယ်ကာရန်
ထားတယ် ညီမလေး။
လမ်းကြုံရင်သာ ဝင်ကြည့်လှည့်ပါ
ခိုဝင်ခဲ့ဖူးတဲ့ရင်ခွင်မှာ ပွင့်တဲ့ကဗျာမှန်သမျှ
မင်းနာမည်နဲ့ချည်းပဲ ဆိုတာကို
အံ့သြမှင်တက်စွာနဲ့ မင်းတွေ့မြင်ရမှာပါ
ညီမလေး။
02/05/2024
တကယ်ချစ်တဲ့သူနဲ့
တန်ဖိုးထားတဲ့သူ
တစ်ထပ်ထဲ ကျသွားတဲ့အခါ
ကိုယ့်ဘေးနား ဘယ်သူမှမရှိရင်တောင်
သူတစ်ယောက်ထဲရှိရင်
လုံလောက်ပြီ။
28/04/2024
. ပေါင်းဖော်အပ်တဲ့
သူငယ်ချင်းကောင်း ( ၄ ) မျိုး
➖➖➖➖➖➖➖➖➖➖➖➖➖➖
၁ ။ ကူညီတတ်တဲ့ သူငယ်ချင်း
သင် ထိခိုက် ၊ နာကျင် နေချိန်မှာ ကာကွယ်
ပေးတယ် ။ သင် ကြောက်နေချိန်မှာ လုံခြုံ ၊
နွေးထွေးမှု ပေးတယ် ။ သင် ဘယ်လို အခက်
အခဲမျိုး နဲ့ ကြုံနေချိန်ဖြစ်ပါစေ ၊ ငါ ပြန်ရဖို့
မမျှော်ကိုးပဲ အမြဲအကူညီပေး တတ်တယ် ။
၂ ။ မြဲမြံတဲ့သူငယ်ချင်း
သင့် လျှို့ဝှက်ချက်တွေ ကို ၊ သူ့ရဲ့ ကိုယ်ပိုင်
လျို့ဝှက်ချက်တွေ လိုပဲ လုံခြုံအောင် ထိန်းသိမ်း
ပေးတယ် ။ သင် ဆင်းရဲ ၊ ဒုက္ခ နဲ့ ကြုံနေချိန်
မှာလည်း သင့်ကို မနှိမ့်ချဘူး ၊ စွန့်ခွာမသွားဘူး ။
သင့်ဘဝရဲ့ အနိမ့်အမြင့် ၊ အတက်အကျ
တိုင်းကို သင် နဲ့ အတူ ရင်ဆိုင် ၊ ဖြတ်သန်း
ပေးတတ်တယ် ။
၃ ။ အကြံဉာဏ် ပေးတတ်တဲ့ သူငယ်ချင်း
သင် မကောင်းတာတွေလုပ်တဲ့အခါ
တားမြစ်ပြီး ၊ ကောင်းတာတွေလုပ်ဖို့
အကြံဉာဏ်ပေးတတ်တယ် ။
သင် သိသင့်တဲ့အရာတွေကို ပြောပြသလို ၊
သင် သွားသင့်တဲ့နေရာကို လမ်းညွှန်ပြသ
ပေးတယ်။
သင့်အပေါ် ဆရာသမားတစ်ယောက်လို၊
မိဘလိုမျိုး ချစ်ခြင်းမေတ္တာ ၊ ကြင်နာမှု
တွေ နဲ့ စိတ်ရှည်ရှည် သင်ကြားပေးတတ်သူ
ဖြစ်ပါတယ်။
၄ ။ စာနာထောက်ထား ၊
ကြင်နာတတ်တဲ့ သူငယ်ချင်း
သင် ကံဆိုးနေတဲ့အခါ ၊ မပျော်ရွှင်ပဲ ခံစား
ပေးတတ်ပြီး ၊ သင် ကံကောင်းနေတဲ့အခါ
ကျေနပ် ၊ ဝမ်းသာ ပေးတတ်တယ် ။
တခြားသူတွေက သင့် အကြောင်း မကောင်း
ပြောနေတဲ့အခါ ကာကွယ်ပေးပြီး ၊
သင့်ရဲ့ ကောင်းကွက်တွေကို
ပြောပေး တတ်တယ် ။
သင့် အတွက် ချစ်ခြင်းမေတ္တာ ၊
ချီးမွမ်းစကားတွေနဲ့ ပျော်ရွှင်မှုတွေပဲပေးပြီး ၊
သင့်ခက်ခဲတဲ့ အချိန်တိုင်း သင့်လက်ကိုတွဲပြီး
ဖြတ်သန်းတတ်တယ် ။
အကြိုက်ဆုံးစကားစုတစ်ချို့
🐋ငါးကြီးကြီး လိုချင်ရင်
ပင်လယ်ထဲကို သွားပါ ။
ဒါပေမယ့် •••
မုန်တိုင်းတော့ ရှိပါလိမ့်မယ် ။
🐦 ဘဝကို ကြက်တူရွေးလို မနေဘဲ
🦅 သိန်းငှက်လို ကျင့်ကြံပါ
🐦 ကြက်တူရွေးက စကားတတ်ပေမဲ့
မြင့်မပျံနိူင်ဘူး
🦅 သိန်းငှက်က နူတ်ဆိတ်ပေမဲ့
မိုးထိအောင် ပျံနိူင်တယ် ။
🚣♂️ ကြိုးစားတဲ့ လူတိုင်းက •••
မအောင်မြင်ပါဘူး
ဒါပေမယ့် •••
အောင်မြင်နေတဲ့ သူတိုင်းက •••
ကြိုးစားခဲ့ကြပါတယ် ။
🚶 လမ်းပျောက်နေလို့
စိတ်ဓာတ်မကျပါနဲ့ •••
ကိုယ်လျှောက်မယ့် လမ်းက
ကိုယ်တိုင်ဘဲ ဖောက်ရမှာပါ ။
🔹 လူ့ သက်တမ်းက •••
အကန့်သတ်ရှိတာ မှန်ပါတယ်
ဒါပေမဲ့ သင့်ကြိုးစားမှု့ ရလဒ်ကတော့ အကန့်သတ် မရှိပါဘူး ။
အစိတ်စိတ် ကွဲနေတဲ့
ဖန်ကွဲစက ပြောတယ် ဖြစ်ပြီးမှ
နောင်တရနေရင် အလကားဘဲ ။
🖊️ဘောပင်က ပြောတယ်
မှင်ကုန်ရင် လွင့်ပစ်လိုက်ပါတဲ့
မင်းအတွက် အသုံးမဝင်တာကို
သိမ်းမထားပါနဲ့တဲ့
တံခါးပေါက်က ပြောတယ် •••
ငါ့ကို ဖွင့်ပီး
မင်းအောင်မြင်မှု့ လမ်းကြောင်းကို
ရောက်အောင် သွားတဲ့ ။
💡 မီးသီးကပြောတယ် •••
ဘဝကို တောက်ပအောင် လုပ်ပါတဲ့ ။
ပြတင်းပေါက်က မြင်ရတဲ့
လမင်းက ပြောတယ်
ရည်မှန်းချက်ကို မြင့်မြင့်ထားတဲ့
📆 ပြက္ခဒိန်ကပြောတယ်
ကုန်လွန်သွားတဲ့ ရက်စွဲတွေက
နောက်ပြန်လှည့်လို့ မရဘူး
📙 စာအုပ်တွေကပြောတယ်
ဗဟုသုတကို ဝယ်လို့မရဘူး
ဖတ်ပြီး မှတ်လို့ဘဲ ရတယ် ။
🗡️ ဓားတစ်လက်က ပြောတယ်
မသုံးဘဲထားရင်
တုံးသွား လိမ့်မယ်တဲ့ ••
⌚ နာရီလေးက ပြောတယ် •••
အချိန်ဆိုတာနောက်ပြန်မရနိူင်ဘူး။
🥛 ရေသန့်ဘူးက ပြောတယ်
စိတ်ကိုကြည်လင်အောင်ထား
ဘဝကို သန့်ရှင်းအောင်နေတဲ့ ။
💵 ပိုက်ဆံလေးက ပြောတယ် •••
များများ သုံးချင်ရင်များများရှာတဲ့။
သနား/ခင်လို့ ကူညီပေး သလို
သူတို့လည်း သနား/ခင်လို့ ပြန်လုပ်ပေးတာပဲ ရှိတယ်....
မရှိလည်း နေနိုင်ကြမယ့်သူတွေပါ
မာန်မတက်ပါနဲ့ အလေးနက်မထားပေးတဲ့ အကျင့်မျိုးကို ပြင်ပါ...
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Address
Tlangnuam
Aizawl
