Wai Yan

Wai Yan

Condividi

Informazioni di contatto, mappa e indicazioni stradali, modulo di contatto, orari di apertura, servizi, valutazioni, foto, video e annunci di Wai Yan, Bellezza, cosmetici e cura del corpo, Milan.

10/10/2021

ဂျက်မာရဲ့ အကြံဥာဏ် (၆)ချက်
═════════════════

၁။ ပိုက်ဆံသုံးရတာအဆင်ပြေပါတယ်၊
ဒါပေမယ့်ပိုက်ဆံ ရှာရတာမလွယ်ကူဘူး၊
လေပြင်းတိုက်ခတ်တာက မင်းကို ပိုက်ဆံ
မပေးရဘူးဆိုတာ မင်းသိထားရမယ်။

၂။ မင်းနှိုင်းယှဉ်လို့ရတယ် ဒါပေမယ့်
ပိုက်ဆံတော့ မဟုတ်ဘူး၊ ဗဟုသုတ၊
အသိပညာ၊ အသိဥာဏ်၊ အမြင်းအားရုံကို
နှိုင်းယှဉ်ရင် အဲတာ မင်းရဲ့ချမ်းသားမှုပဲ။

၃။မင်းမိဘတွေနဲ့ တစ်သက်လုံး အတူနေရမှာ
မဟုတ်ဘူး၊ ဒါကြောင့် တစ်ယောက်တည်း
နေထိုင်တတ်ဖို့ သင်ယူရမယ်။

၄။ ငါ့တို့က မင်းကို အကြံဥာဏ်ပေးဖို့
အကောင်းဆုံး ကြိုးစားထားပါတယ်။
ဒါပေမယ့် မင်းလိုချင်တဲ့ အရာတွေကို
မင်းကိုယ်တိုင် ဖန်တီးယူရမယ်။

၅။ မင်း ကြိုးစားလုပ်ဆောင်နေကြောင်းကို
ဘယ်တော့မှ ဟန်ဆောင်မပြပါနဲ့ ...
အဆုံးသတ်မှာ မင်းသရုပ်ဆောင်နေတာကို
အကောင်းအထည့် ဖော်ပေးမှာ မဟုတ်ဘူး။

၆။ မင်းမိဘတွေလို အသက်မွေးဝမ်းကြောင်ပြုဖို့
အတင်းအကျပ် ဖိအားပေးတာထက် အနာဂတ်မှာ
မင်းမှာရွေးချယ်မှုတွေ ပိုရှိအောင် သင်ယူရမယ်။။ ။

✍ကိုစိုးနိူင်မင်း (လက်ပံစုရွာ)
ဆီလျော်အောင် ဘာသာပြန်သည်။

Credit Photo

08/10/2021

စီးပွားရေးသမားဆိုတာ
~~~~~~~~~~~~~~~~

လူငယ်တွေမေးကြတယ် ဘာလုပ်စားရမလဲ။ဘာမှလုပ်စားစရာ မရှိဘူးတဲ့။ရုတ်တရက် ကြည့်လိုက်ရင်မှန်သလိုပါပဲ။ဒီလောက် ကျပ်တည်းနေတဲ့ ခေတ်ကြီးမှာ လုပ်စားစရာအလွန်နည်းပါးနေသလိုပါပဲ။
ဒါပေမဲ့ ဆာရစ်ချတ်ဘရင်ဆန်ပြောသလို စိတ်ကို
ပြောင်းကြည့် လိုက်ရင် အလုပ်အကိုင် အခွင့်အလမ်း တွေမြင်တွေ့ ပါလိမ့်မယ်။သူကဘာပြောသလဲ။ လုပ်ငန်းတခု လုပ်တယ်ဆိုတာအရေးကြီး ဆုံးက လူတွေရဲ့ အခက်အခဲပြသနာတွေကို ဖြေရှင်းခြင်း ပါပဲတဲ့။

လူတွေမှာ အခက်အခဲ ပြသနာတွေ မရှိကြဘူးလား။ သိပ်ရှိ ကြသလို နေ့စဉ် ပိုပို ပြီးတောင်တိုးလာနေတယ်။သူတို့ ရဲ့ ပြသနာကိုဖြေရှင်းပေးတဲ့ အလုပ်လုပ် ရင် မကောင်းဘူးလား။ ရာသီဥတု ပူလာပြီ။ လူတွေပူလောင်အိုက်စပ်နေတယ်။ လူတွေ လမ်းမှာကားကြပ်တယ်။ ငါ ဘယ်လိုဖြေရှင်းပေးရင် ကောင်းမလဲ။ဒီရပ်ကွက် ကုန်ပစ္စည်း စုံစုံ လင်လင် မရဘူး။အဲဒီပစ္စည်း ကို တခြား စီကနေ ယူရောင်း ရင်မကောင်း ဘူး လား။ရပ်ကွက် မှာမီးအား နည်းတယ် မီးအားမြှင့်တင်စက် ရောင်းပေးရင် ကောင်းမလား။လူတွေရဲ့ ပြဿနာ တွေ ကိုများများသိလေလုပ်စရာတွေ အများကြီး ရှိတယ်ဆိုတာ သိလာ ပါလိမ့်မယ်။

ဒါတွေဟာ စီးပွားရေးသမားတွေရဲ့ အမြင် ပါ။သူတို့ဟာ ခက်တာ မခက်တာ၊ ဖြစ်နိုင်တာမဖြစ်နိုင်တာ ကို အရင် မစဉ်စားဘဲ လူတွေရဲ့ အခက်အခဲ ကို ဖြေရှင်းပေးချင်တဲ့ဆန္ဒ ကပထမ၊ထိုက်သင့်တဲ့ အကျိုး အမြတ် ကို ယူဖို့က ဒုတိယဦးစားပေးတတ်ကြသူတွေပါ။

မျှဝေလိုသော်အတွေးများ(၂)စာအုပ်မှပြန်လည်ကူး
တင်ခြင်းဖြစ်ပါသည်။

ဖတ်ရှုသူတယောက်စီတိုင်းကိုကျေးဇူးအထူးတင်ရှိပါ

08/10/2021

မင်းဒုက္ခရောက်နေတာတောင်
မကူညီရကောင်းလား လို့ ဒေါသမထွက်ပါနဲ့။
ဘယ်သူကမှ မင်းကိုကူညီဖို့ တာဝန်ရှိမနေပါဘူး။

မင်းရဲ့အခက်အခဲတွေ အကြပ်အတည်းတွေကို
အလိုက်တသိနဲ့ နားမလည်ရကောင်းလား လို့
အပြစ်မတင်ချင်ပါနဲ့။

ဘယ်သူကမှ မင်းကိုနားလည်ပေးဖို့
လူလာဖြစ်နေကြတာ မဟုတ်ဘူး။

မင်းအထီးကျန်တယ် အဖော်မပြုရကောင်းလား လို့
မနာကြည်းလိုက်ပါနဲ့။ မင်းလျှောက်နေတဲ့လမ်းမှာ
မိသားစုကောင်း/မိတ်ဆွေရင်း/အဖော်မွန်စစ်
ပါချင် ပါလာမယ်။ မပါချင် မပါဘူး။

လမ်းခုလတ်က လှည့်ထွက်သွားတာလည်း
ဖြစ်ချင်ဖြစ်မယ်။ သေချာတာက ကိုယ်သွားချင်တဲ့လမ်း
ကိုယ်တိုင်ဆုံးအောင် ဆက်လျှောက်ရမှာပဲ။

ဂရုစိုက်မယ့်သူရှိရင် ဂရုစိုက်ခံလိုက်။
ဘယ်သူမှ မရှိဘူးလား ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်။
ချစ်ပေးမယ့်သူရှိရင် အချစ်ခံလိုက်။
မချစ်တော့ဘူးလား လွတ်လပ်ခွင့်ပေးလိုက်။

သူတစ်ပါးစိတ်နှလုံးအိမ်ထဲမှာ
နေရာတစ်ခုရဖို့ဆိုတာမင်းတောင်းဆိုလို့ မရဘူး။
တစ်ဖက်ကပေးသလောက်ပဲ မင်းနေရမယ်။

ကျေနပ်တာ မနပ်တာ မင်းကိစ္စပါ။
ဘယ်သူကမှ မင်းခံစားချက်ကို
မေးနေမှာမဟုတ်ဘူး။

ဒါတွေဟာ သမရိုးကျဖြစ်စဉ်တွေလေ။
ထွေထွေထူးထူး ကြေကွဲမနေနဲ့။

ကိုယ့်ကိုကိုယ်မှ စိတ်ချမ်းသာအောင်မထားရင်
ဘယ်သူကမှ မင်းစိတ်ချမ်းသာအောင်
ထားနိုင်မှာမဟုတ်ဘူးနော်။

Vuoi che la tua azienda sia il Salone Di Bellezza più quotato a Milan?
Clicca qui per richiedere la tua inserzione sponsorizzata.

Sito Web

Indirizzo


Milan
20121